International IDEA
ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းပုံနှိပ်ထုတ်ဝေခြင်း

ခေါင်းစဉ်များ

Filter selection ()

No publications available with the selected filter.

အသားပေးရွေးချယ်ထားသောစာရွက်စာတမ်းများ

View more

International IDEA က ထုတ်ဝေထားသည့် ဒေသန္တရဒီမိုကရေစီ စာအုပ်ကို ဖတ်လွယ်၊ မှတ်လွယ်ပုံစံဖြင့် ရယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုပါသည်။ မသန်စွမ်းသူများအပါအဝင် မည်သူမဆို ဒေသန္တရဒီမိုကရေစီအကြောင်း လွယ်လင့်တကူ နားလည်နိုင်စေရန်ရည်ရွယ်ကာ ဤဖတ်လွယ်၊မှတ်လွယ် စာအုပ်ငယ်ကို ‌ရေးသားပြုစုထားခြင်းဖြစ်ပါသည်။ ဤစာအုပ်ငယ်ကို လူတိုင်းလက်လှမ်းမီဖတ်ရှုနိုင်စေရန် အတွက် စကားလုံးအသုံးအနှုန်းများကို ရိုးရိုးရှင်းရှင်းဖြင့် တိုတိုတုတ်တုတ် ရေးသားထားပြီး ရုပ်ပုံများလည်း ထည့်သွင်းထားပါသည်။ ဤစာအုပ်ငယ်တွင် ဒေသန္တရဒီမိုကရေစီဆိုတာ ဘာလဲ၊ ပြည်သူလူထုအတွက် ဘယ်လိုအရေးပါသလဲ၊  ဒေသန္တရဒီမိုကရေစီရဲ့ အားသာချက်နှင့် အားနည်းချက်၊  ဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲမှာ ဒေသန္တရဒီမိုကရေစီကို ဘယ်လိုထည့်သွင်းဖော်ပြနိုင်လဲ စသည်တို့ကို ရှင်းပြထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့သည် မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ စစ်တပ်က ရွေးကောက်ပွဲမသမာမှုများရှိသည်ဟု ဇာတ်ကြောင်းဆင် လိမ်လည်အကြောင်းပြကာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကို နာမည်ဖျက်ခဲ့သည်။ “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” သည် ရွေးကောက်ပွဲမသမာမှု လုပ်ကြံဇာတ်ကြောင်းကို တွင်တွင်ပြောဆိုလျက်ရှိပြီး ရွေးကောက်ပွဲအသစ် ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။ ထိုသို့ကျင်းပရန်အတွက် ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီဥပဒေများ ပြုပြင်ပြောင်းလဲခြင်း၊ ရွေး‌ကောက်ပွဲစနစ်အသစ် ဖော်ဆောင်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းအသစ်ဖန်တီးရန် တိကျမှန်ကန်မှုမရှိသော သန်းခေါင်စာရင်းကောက်ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်။

မြန်မာ့ဒီမိုကရေစီအင်အားစုများသည် စစ်အုပ်ချုပ်ရေးကို ဆက်လက်တွန်းလှန်လျက်ရှိပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံတော် တည်ဆောက်ရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံမူဘောင် ပြန်လည်သတ်မှတ်ရေးတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။

ဤအခြေအနေတွင် မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်၊ ၎င်းရွေးကောက်ပွဲစနစ်၏ အားသာချက်၊ အားနည်းချက်များ၊ ရွေးကောက်ပွဲပုံစံနှင့်သက်ဆိုင်သည့် မေးခွန်းများ၊ စစ်တပ်၏ လုပ်ကြံဇာတ်ကြောင်းနှင့် ၎င်းတို့ရွေးကောက်ပွဲအစီအစဥ်၏ သက်ရောက်လာနိုင်မှုများကို တန်ပြန်တုံ့ပြန်ရာတွင် အထောက်အကူပြုနိုင်သည့် ကြားကာလလွှတ်တော်၏ အခန်းကဏ္ဍကို စဥ်းစားရန် အချိန်ကောင်းဖြစ်သည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံတွင် သက်ဆိုးရှည်နေသည့် နိုင်ငံရေးအကျပ်အတည်းကို နားလည်နိုင်ရန်အတွက်  ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားလူမျိုးစုအရေးတို့ကို သိရှိရန်အရေးကြီးပါသည်။

အများပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ကြိုးပမ်းရာတွင်လည်း ယင်းတို့သည်ပင် အဓိကအကြောင်းအချက်များ ဖြစ်ပါသည်။ လူမှုရေးနှင့် နိုင်ငံရေး လိုလားချက်များအပေါ် ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားအရေးတို့က မည်သို့ သက်ရောက်မှုရှိကြောင်း ပိုမို၍ သိရှိနားလည်နိုင်ရန် နိုင်ငံရေးစနစ်များနှင့် အဖွဲ့အစည်းများကို နိုင်ငံသားများ၏ ရှုမြင်ပုံများ၊ မူဝါဒဆိုင်ရာ လိုလားချက်များနှင့် နိုင်ငံရေးသဘောထားများကိုလည်းကောင်း၊ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် အတူတကွ ရပ်တည်နေထိုင်ကြရသူများနှင့် မိမိတို့အကြား ဆက်စပ်ပုံကို မည်သို့ ရှုမြင်ကြောင်းကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစေနိုင်သည့် စနစ်တကျကောက်ယူထားသော အချက်အလက်များ ရှိရန် လိုအပ်ပါသည်။

ယနေ့ မြန်မာနိုင်ငံမှာ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည့် အခြေအနေဖြစ်ပြီး အများပါဝင်လျက် စဉ်ဆက်မပြတ် ရေရှည် တည်တံ့နိုင်သည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်ကြိုးပမ်းနေချိန်ဖြစ်၍ ယင်းသို့သော အချက်အလက်များမှာ အထူးသဖြင့် အရေးကြီးပါသည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) တွင် ဖော်ပြထားသော လမ်းပြမြေပုံနှင့်အညီ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရာတွင် ဦးဆောင်ရန် ဖြစ်ပါသည်။ ထိုရေးဆွဲ‌ရေးလုပ်ငန်းစဉ်တွင် NUCC ကို

ထောက်ကူရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင်ပြင်ဆင်ရေးမူကြမ်းကို NUCC ထံ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တင်ပြခဲ့ပါသည်။ ဤကြိုတင်ပြင်ဆင်ရေးမူကြမ်းကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ပြည်သူ့ ညီလာခံသို့ တင်သွင်းသည့် NUG ၏ အစီရင်ခံစာတွင် ထည့်သွင်းတင်ပြထားပြီး အများပြည်သူသိရှိစေရန် ထုတ်ပြန်ခဲ့ပါသည်။ ဤကြိုတင်ပြင်ဆင်ရေးမူကြမ်းသည် FDC တွင်ဖော်ပြထားသည့် အခြေခံမူများနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲ‌ရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDCC) က ၂၀၀၈ ခုနှစ်တွင် ရေးဆွဲပြီး ၂၀၁၆ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) အပေါ်အခြေခံပါသည်။

FDC အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အပြီးသတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောတူညီမှုမရသေးခင်အချိန်ကာလအတွင်း အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်တာများကို လမ်းညွှန်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင်ပြင်ဆင်ရေးမူကြမ်းကို (မြန်မာဘာသာဖြင့် စာမျက်နှာ ၄၆ မှ ၁၂၇ နှင့် အင်္ဂလိပ်ဘာသာဖြင့် စာမျက်နှာ ၁၃၀ မှ ၂၀၄ ထိ) ဤတွင် ဖတ်ရှုနိုင်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤဖတ်ရှုလွယ်စာစောင်တွင် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (PWD) များ အကျုံးဝင်ပါဝင်မှုရှိစေရေး မဟာဗျူဟာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဆဲ အကူးအပြောင်း လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက် လေ့လာဆွေးနွေးထားပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့် ယင်းနောက်ပိုင်း မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုအခက်အခဲများကို မသန်စွမ်းသူများအား ပံ့ပိုးမှုပေးရာတွင် ကြားကာလအစိုးရအဖွဲ့အစည်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများနှင့်တကွ အလေးပေးဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ကြားကာလအစိုးရအဖွဲ့အစည်းများတွင် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှု မည်မျှရှိကြောင်းနှင့် မသန်စွမ်းသူများရေးရာဆိုင်ရာ နိုင်ငံတကာ ဥပဒေမူဘောင်ကို ထောက်ရှုလျက် မသန်စွမ်းသူများ ပါဝင်ရေးနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) တွင် မည်သို့ ဖော်ပြထားကြောင်း လေ့လာဆန်းစစ်ထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၁၉ ခုနှစ် စစ်တမ်းကောက်ယူချက်တစ်ရပ်အရ မြန်မာနိုင်ငံလူဦးရေ ၅၄.၃၈ သန်းအနက် ၁၂.၈ % (ခန့်မှန်း ၅.၉ သန်း) သည် မသန်စွမ်းသူများဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့ (International IDEA) အတွက် ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်တွင် မသန်စွမ်းသူများသည် ပြည်သူလူထုအတွင်း ဖယ်ကြဉ်ခံရမှု အများဆုံး လူအုပ်စုဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ မသန်စွမ်းသူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိခိုက်သူများတွင် အပါအဝင်ဖြစ်ပြီး အခွင့်အရေးများ ဆုံးရှုံးမှု၊ ပညာရေးဆုံးရှုံးမှု၊ ကျန်းမာရေးထိခိုက်ပျက်ပြားမှု၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လျော့နည်းကျဆင်းမှုတို့ကို ကြုံတွေ့ရလျက်ရှိပါသည်။

ဤမူဝါဒစာတမ်းတိုတွင် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (PWD) များ အကျုံးဝင်ပါဝင်မှုရှိစေရေး မဟာဗျူဟာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဆဲ အကူးအပြောင်း လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက် လေ့လာဆွေးနွေးထားပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့် ယင်းနောက်ပိုင်း မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုအခက်အခဲများကို မသန်စွမ်းသူများအား ပံ့ပိုးမှုပေးရာတွင် ကြားကာလအစိုးရအဖွဲ့အစည်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများနှင့်တကွ အလေးပေးဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ကြားကာလအစိုးရအဖွဲ့အစည်းများတွင် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှု မည်မျှရှိကြောင်းနှင့် မသန်စွမ်းသူများရေးရာဆိုင်ရာ နိုင်ငံတကာ ဥပဒေမူဘောင်ကို ထောက်ရှုလျက် မသန်စွမ်းသူများ ပါဝင်ရေးနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) တွင် မည်သို့ ဖော်ပြထားကြောင်း လေ့လာဆန်းစစ်ထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤစာတမ်းတွင် ဆူဒန် ဒီမိုကရေစီအကူးအပြောင်းအစီအစဉ် (၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ်) အတွင်း မတူကွဲပြားမှု စီမံခန့်ခွဲရေးကို လေ့လာဆန်းစစ်ထားပါသည်။ 'မတူကွဲပြားမှု စီမံခန့်ခွဲရေး' အယူအဆကို အဓိကအားဖြင့် ဥပဒေပြု လုပ်ငန်းစဉ်အတွက် အသုံးပြုခြင်း ဖြစ်ပါသည်။ လူအုပ်စုအသီးသီး၏ ပထဝီနယ်မြေအလိုက်၊ ယဉ်ကျေးမှုများအလိုက်၊ တိုင်းရင်းသားလူမျိုးများအလိုက်၊ ဘာသာစကားများအလိုက် မတူကွဲပြားမှုကို အုပ်ချုပ်စီမံရာတွင် ဆူဒန်သည် မဟာဗျူဟာမြောက် အမျိုးသားစီမံကိန်းကို ထင်ဟပ်လျက် ဥပဒေအများအပြားကို နိုင်ငံတကာ မူများနှင့်အညီ ပြဋ္ဌာန်းပြီး မတူကွဲပြားမှုကို စီမံခန့်ခွဲပါသည်။ 

ဤစာတမ်းတွင် တည်ဆဲဆူဒန်ဥပဒေကို ဆန်းစစ်လျက် အမျိုးသား အကူးအပြောင်း လုပ်ငန်းစဉ်စာတမ်းများနှင့် ဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တည်ဆဲဆူဒန်ဥပဒေ၏ အတူယှဉ်တွဲနေထိုင်မှုကို စီမံအုပ်ချုပ်သည့် အခန်းကဏ္ဍ၊ လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးသည့် အခန်းကဏ္ဍ၊ လူ့အခွင့်အရေးများကို လိုက်နာကျင့်သုံးရေး အခန်းကဏ္ဍတို့ကို လေ့လာတင်ပြထားပါသည်။ မတူကွဲပြားမှုကို ငြိမ်းချမ်းစွာ စီမံခန့်ခွဲရာတွင် ဆူဒန်သည် လစ်ဟာချက်များစွာ ရှိကြောင်းပေါ်လွင်စေသည့် အညွှန်းကိန်းအချို့ကို စာရေးသူက စဉ်းစားသုံးသပ်ဖော်ပြထားပါသည်။ 

မတူကွဲပြားမှု လက်ရှိအခြေအနေ၊ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ပြည်တွင်းဥပဒေများကို ဆန်းစစ်လေ့လာခြင်းဖြင့် မတူကွဲပြားမှု စီမံခန့်ခွဲရေး ပထမခြေလှမ်း ဆောင်ရွက်နိုင်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။ ထို့နောက် ဖော်ထုတ်ရရှိသော လစ်ဟာချက်များကို ဖြေရှင်းရန် ဆူဒန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းများအပေါ် အခြေပြု၍ မတူကွဲပြားမှု စီမံခန့်ခွဲရေးနှင့် တန်းတူညီမျှရေးကို ရှေးရှုလျက် ဥပဒေပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ရေးဆွဲရမည်ဖြစ်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှ ၆ ရက်တွင် International IDEA က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ဒီမိုကရေစီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ ၃၀ ဦးကို စုစည်းလျက် ပထမအကြိမ် အာရှ-ပစိဖိတ်ဒေသ ဒီမိုကရေစီ အလားအလာ ဖိုရမ်ဆွေးနွေးပွဲ (Democracy in Asia and the Pacific Outlook Forum) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ နိုင်ငံ ၁၂ နိုင်ငံမှ အဖွဲ့အစည်း ၂၃ ဖွဲ့ကို ကိုယ်စားပြုလျက် တက်ရောက်လာကြသူများသည် အကြောင်းအရာအလိုက် ဆွေးနွေးပွဲ ၇ ချိန် အတွင်း အာရှ-ပစိဖိတ်ဒေသ ဒီမိုကရေစီဆိုင်ရာ အဓိက အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။ 

ယင်းဆွေးနွေးပွဲအချိန်များတွင် ဆွေးနွေးမည့်အကြောင်းအရာများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကျွမ်းကျင်သူအချို့နှင့် တိုင်ပင်ဆွေးနွေးခြင်းများ၊ တွေ့ဆုံမေးမြန်းခြင်းများ ကြိုတင် ပြုလုပ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးများ၊ ဒေသအဆင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတု အပြောင်းအလဲ၊ တရုတ်နိုင်ငံ၊ သတင်းအချက်အလက်အလွဲအမှားများဖြန့်ချိခြင်း၊ ရွေးကောက်ပွဲဖြင့် တက်လာသော အာဏာရှင်စနစ်နှင့် စစ်ရေးလွှမ်းမိုးမှု၊ နိုင်ငံရေးနှင့် ပတ်သက်သည့် ငွေကြေးကိစ္စ ဟူသော အကြောင်းအရာများဖြင့် ဆွေးနွေးပွဲချိန်များ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ဒီမိုကရေစီ လက်ရှိအခြေအနေကို သုံးသပ်လျက် လာမည့်နှစ်တွင် အဆုံးအဖြတ်ပေးနိုင်သည့် အကြောင်းအချက်များကို ကြိုတင်ခန့်မှန်းခဲ့ပါသည်။

အနှစ်ချုပ်ကြည့်ရန်

"မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ၏နယ်မြေအခင်းအကျင်းအား ပုံဖော်ကြည့်ခြင်း - မြန်မာနိုင်ငံ ဒေသအဆင့်အုပ်ချုပ်ရေး နယ်မြေများ၏ သမိုင်းအကျဉ်းနှင့် ထိုဒေသများရှိ တိုင်းရင်းသားမျိုးနွယ်စုများအကြောင်း" သည် မြန်မာနိုင်ငံဒေသအဆင့် အုပ်ချုပ်ရေးနယ်မြေများရှိ တိုင်းရင်းသားမျိုးနွယ်စုများ ဖွဲ့စည်းတည်ရှိပုံအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ရှိခဲ့သည့် အုပ်ချုပ်ရေးနယ်မြေများပေါ်ပေါက်လာပုံသမိုင်းကြောင်းအား ဆန်းစစ်ရင်း လေ့လာတင်ပြထားပါသည်။

၂၀၁၉ ထွေအုပ်ဌာန(GAD) မြို့နယ် အစီရင်ခံစာများပေါ် အခြေပြု၍ မြန်မာ့တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက် များ၏ အကန့်အသတ်၊ အားနည်းချက်များကို ကျော်လွှားပြီး မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော တိုင်းရင်းသား ဖွဲ့စည်းပုံအပေါ် နားလည်လာစေရေး အားထုတ်ရာတွင် ၎င်းတို့ကို အသုံးချပုံနှင့် ပတ်သက်၍ ဆွေးနွေးထားပါသည်။ ဤလေ့လာချက်တွင် ဒေသခွဲတစ်ခုစီတိုင်း၌ တိုင်းရင်းသားမျိုးနွယ်စု ပျံ့နှံ့နေထိုင်မှုကို ဖော်ပြထားပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော တိုင်းရင်းသား မျိုးနွယ်စု ဖွဲ့စည်းပုံအပေါ် အလေးပေးလေ့လာကာ မြို့နယ်အဆင့်အထိ မြန်မာ့တိုင်းရင်းသားမျိုးနွယ်စု  စုံလင်ကွဲပြားမှုကို မီးမောင်းထိုးပြထားပါသည်။ ထို့အတူ ဤအစီရင်ခံစာတွင် မြန်မာ့အုပ်ချုပ်ရေးနယ်မြေများ ဖြစ်ပေါ် ပြောင်းလဲလာပုံကို လေ့လာဆန်းစစ်ပြီး လက်ရှိ ရှိရင်းစွဲပုံစံကို ကျော်လွန်၍ မြန်မာ့ဖက်ဒရယ်နယ်မြေများကို ပုံဖော်ကြည့်၍ ရနိုင်မည့် အလားအလာကိုလည်း အလေးပေး ဖော်ပြထားပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျ တရားဝင် အသိအမှတ်ပြုခံရသော နိုင်ငံရေးဇတ်ကောင်များ အတွက်သာမက မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံပံ့ပိုးသော နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ  ဒေသအဆင့်နယ်မြေ တစ်ခုစီ၌ မြန်မာ့တိုင်းရင်းသားမျိုးနွယ်စု စုံလင်ကွဲပြားမှု နှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်စွာ နားလည်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာစစ်တပ်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲသည် မသမာမှုရှိသည်ဟူသော စွပ်စွဲချက်များဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုသည် တရားမျှတမှန်ကန်ကြောင်း အကြောင်းပြရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)သည် ရွေးကောက်ပွဲ မသမာမှုဇာတ်ကြောင်းကို မှန်ကန်သည်ဟု ထင်မြင်စေလိုပြီး ရွေးကောက်ပွဲသစ်များအတွက် ရွေးကောက်ပွဲဆိုင်ရာနှင့် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေများတွင် ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ စနစ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းကို မွမ်းမံပြင်ဆင်ခြင်းတို့ အပါအဝင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု အခိုင်အမာ ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် အချို့က နိုင်ငံတွင်းတွင် ကျန်ရှိနေပြီး အချို့က နိုင်ငံရပ်ခြားသို့ တိမ်းရှောင်နေရသော ဒီမိုကရေစီလိုလားသည့် အင်အားစုများက အကြမ်းမဖက်အာဏာဖီဆန်ခြင်းနှင့် စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်ခြင်းတို့ကို ပံ့ပိုးကူညီနေသည်သာမက အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံတော်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်တစ်ရပ်ကို ပြန်လည်စီစဉ်ရေးဆွဲရန် ကြိုးပမ်းနေကြသည်။ ဤအခင်းအကျင်းတွင် စစ်တပ်၏ ပြဿနာဇာတ်ကြောင်းကို တန်ပြန်ရာတွင် အထောက်အကူ ဖြစ်စေမည့် ရွေးကောက်ပွဲဒီဇိုင်းဆိုင်ရာ မေးခွန်းများကို ဤလုပ်ငန်းစဉ်၏ အစောပိုင်းအဆင့်၌ စုစည်းထားသင့်ပါသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက ရှိခဲ့သော ရွေးကောက်ပွဲဆိုင်ရာ သမိုင်းကြောင်းနှင့် ဆက်လက်ဖြစ်ပွားနေဆဲ နိုင်ငံရေးအကျပ်အတည်းတို့၏ နောက်ခံအခြေအနေကို ထောက်ရှု၍ ဤမူဝါဒစာတမ်းတွင် အားလုံးမဲပေးပိုင်ခွင့်နှင့် ရွေးကောက်ပွဲအငြင်းပွားမှုများ ဖြေရှင်းခြင်းတို့အတွက် ရှင်းလင်းပြတ်သားသော မူဘောင်တစ်ရပ် အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်အကျဉ်းချုပ်၊ ရွေးကောက်ပွဲစနစ် ရွေးချယ်မှု၊ ရွေးကောက်ပွဲ စီမံခန့်ခွဲမှု၊ မဲဆန္ဒရှင် မှတ်ပုံတင်ခြင်း စသော ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေဒီဇိုင်း၏ အခင်းအကျင်းရှိ ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားရမည့် အဓိကနယ်ပယ်များကို အကျဉ်းချုုံး၍ ဖော်ပြထားပါသည်။

တတိယအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူအမျိုးသမီးများနှင့် နှီးနှောဆွေးနွေးပွဲသို့ တက်ရောက်သူများသည် ဗဟုဝါဒ တရားဥပဒေစနစ်အတွက်သော်လည်းကောင်း၊ ဓလေ့ထုံးတမ်း/ဘာသာရေးစနစ်များနှင့်   ဂျန်ဒါတန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး  အာမခံချက်များအကြားရှိ တင်းမာမှုများကို ပြေလည်အောင်ဖြေရှင်းရာတွင်လည်းကောင်း အသုံးပြုသည့်  နှိုင်းယှဉ်လေ့လာနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ချဉ်းကပ်နည်းဒီဇိုင်းများကို စူးစမ်းလေ့လာခဲ့ကြသည်။ ဆွေးနွေးမှုများတွင် နည်းပညာဆိုင်ရာ အရေးကိစ္စများသာမက  ဂျန်ဒါတန်းတူညီမျှမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအာမခံချက်များကို  အကောင်အထည်ဖော်ရာ၌ ကြုံတွေ့ရသည့်  အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကိုလည်း ဆွေးနွေးခဲ့ကြပြီး   သဟဇာတဖြစ်စေရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် စွမ်းရည်မြှင့်တင်ရေးတို့အတွက် ဆန်းသစ်သော ချဉ်းကပ်နည်းများကိုလည်း စူးစမ်းလေ့လာခဲ့ကြပါသည်။

အနှစ်ချုပ်ကြည့်ရန်

ပဋိပက္ခအလွန် နောက်ခံအခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတည်ဆောက်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းသည် အလွန်အမင်း ရှုပ်ထွေးခက်ခဲပါသည်။

အကြမ်းဖက်ထိပ်တိုက်တွေ့ဆုံမှုများတွင် ပါဝင်လျက်ရှိသူများသည် အနည်းဆုံးအနေဖြင့် သဘောတရားအရ ပဋိပက္ခအလွန် နိုင်ငံတော်ကို (ပြန်လည်)မူဘောင်ကွပ်သတ်မှတ်၍ (ပြန်လည်)တည်ဆောက်ရန် တာဝန်ရှိပါသည်။ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး ရည်မှန်းချက်များ အထမြောက်စေရန် နည်းလမ်းတစ်ရပ်အဖြစ် အသုံးချခြင်း မပြုရန်အလို့ငှာ တိုက်တွန်းနားချရန် ကြိုးပမ်းသည့် ‘နိုင်ငံရေး ညှိနှိုင်းသဘောတူညီမှု’ အသွင်သဏ္ဌာန်တစ်ရပ်ကို ကိုယ်စားပြုသည်။

ဤစာတမ်းသည်  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၄-၅ ရက်နေ့တွင် အီဒင်ဘာ့ဂ်တက္ကသိုလ်ဟောင်း၌ ကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို မှတ်တမ်းတင်ပြုစုရေးသားထားခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲကို International IDEA ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အီဒင်ဘာ့ဂ်စင်တာနှင့် အီဒင်ဘာ့ဂ်တက္ကသိုလ်၏ ကမ္ဘာလုံးဆိုင်ရာတရားမျှတမှုအကယ်ဒမီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ဤအလုပ်ရုံဆွေးနွေးပွဲသည် ပဋိပက္ခအလွန် နောက်ခံအခြေအနေများအတွင်း ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲရေးလုပ်ငန်းစဥ်၊ ဒီဇိုင်းပုံစံတို့နှင့် စပ်လျဥ်းပြီး ပညာရပ်စာပေများနှင့် မူဝါဒများအကြား လစ်ဟာချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ကမကထပြုဆောင်ရွက်သည့် ပထမခြေလှမ်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေခဲ့ကြသည့် အတွေ့အကြုံများနှင့် ဗဟုသုတအချက်အလက်များအပေါ် အခြေခံကာ နောက်ဆက်တွဲအနေဖြင့် International IDEA သည် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေများ - ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းနှင့် ဒီမိုကရေစီတည်ဆောက်ရေးနည်းလမ်းများအမည်ရ မူဝါဒစာတမ်းတစ်စောင်ကို ‌ရေးသားထုတ်ဝေထားပါသည်။  

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းသည် ထိလွယ်ရှလွယ် အခြေအနေများအတွင်းနှင့် ပဋိပက္ခအပြီး နိုင်ငံရေးဖြေရှင်းချက်အသစ်တစ်ခု ရရှိရေးတွင် အဓိကကျသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် လုပ်ငန်းစဉ်၌ ပါဝင်သူများက အခြေခံဥပဒေအသစ်တစ်ခုနှင့် ပတ်သက်၍ သဘောမတူနိုင်ခြင်း (သို့မဟုတ်) အပြီးသတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခွင့်မပြု(သို့မဟုတ်) အတည်မပြုခြင်းတို့ကြောင့် အခါအားလျော်စွာ မအောင်မမြင် ဖြစ်တတ်သည်။ မအောင်မြင်ခြင်းက ယာယီသာဖြစ်နိုင်ပြီး လုပ်ငန်းစဉ်ကို ကာလတစ်ခုပြီးသည့်နောက် ပြန်လည်စတင်နိုင်စေကာမူ ကုန်ကျစရိတ်မှာ ကြီးမားနိုင်ပါသည်။ အဓိကကျသော ပြုပြင်ပြောင်းလဲမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် (သို့မဟုတ်) ပြင်ဆင်တည်းဖြတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအား လက်ခံအတည်ပြုခြင်းအပေါ်၌ မူတည်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါက စေ့စပ်ဆွေးနွေးမှုများပြုရာတွင် ကြန့်ကြာမှု ဖြစ်စေနိုင်ပြီး ပဋိပက္ခကို ပြန်လည်ပေါ်ပေါက်စေနိုင်ပါသည်။

ဤစာတမ်းတွင် ကျရှုံးခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းတရားများနှင့် ကျရှုံးခြင်းကို တားဆီးရန်(သို့မဟုတ်) ၎င်းအား အခြေခံ၍ ဆက်လက် အကောင်အထည်ဖော်ရန် နည်းလမ်းများအကြောင်းကို ဆွေးနွေးထားပါသည်။ ဤစာတမ်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ကျင်းပခဲ့သော " ပဋိပက္ခလွန်ကာလ အခြေခံဥပဒေ ရေးဆွဲခြင်း ဆိုင်ရာ နဝမအကြိမ် အီဒင်ဘာ့ဂျ် ဆွေးနွေးပွဲ( Ninth Edinburgh Dialogue on Post-Conflict Constitution- Building) ပေါ်အခြေခံ၍ ရေးသားပြုစုထားပါသည်။

​​​

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တရားမ၀င်စစ်အစိုးရ၊ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) နဲ့ တရားမဝင်ဖွဲ့စည်းထားတဲ့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်” တို့သည် ရွေးကောက်ပွဲဟုခေါ်တဲ့ အတုအယောင်ရွေးကောက်ပွဲအစီအစဥ်ကို ပြုလုပ်ရန် စီစဉ်နေသည်။ International IDEA ၏ မြန်မာနိုင်ငံအစီအစဉ်တာဝန်ခံဖြစ်သော Dr. Marcus Brand မှ စစ်တပ်၏ အစီအစဉ်သည် အဘယ်ကြောင့်တရားမ၀င်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့တုံ့ပြန်သင့်ကြောင်းကို ဆွေးနွေးထားသည်။

Dr. Marcus Brand သည် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် Frontier Myanmar ၏ တံခါးပိတ် ဆွေးနွေးပွဲတွင် “စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်များကို စိစစ်ခြင်း” တွင် ဟောပြောသူတစ်ယောက်ဖြစ်သည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် - အများပါဝင်‌သော ဖက်ဒရယ်ဒီမိုက‌ရေစီဆိုင်ရာ အားလုံးသ‌ဘောတူညီမှုသို့‌ရှေးရှုခြင်း စာတမ်းသည် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သမိုင်းကြောင်းနှင့် လမ်းကြောင်းများကို လေ့လာထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အဓိကသက်ဆိုင်သူအချို့၏ ရပ်တည်ချက်များကို ဆန်းစစ်သုံးသပ်ထားပါသည်။ (အဓိက သက်ဆိုင်သူများ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရှိသည့်) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆုံမှတ်ဖြစ်သော နယ်ပယ်ကဏ္ဍများ  နှင့် (သဘောတူညီမှုများ ကွဲပြားသည့်) ခြားနားမှတ်ကို ဖော်ထုတ်သတ်မှတ်ထားပြီး အဓိကသက်ဆိုင်သူများ နှုတ်ဆိတ်နေလေ့ရှိပြီး ပိုမိုအာရုံစိုက်ရန်လိုအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နယ်ပယ်ကဏ္ဍများကိုလည်း ဖော်ထုတ်လေ့လာထားပါသည်။ ဤစာတမ်းထုတ်ဝေမှုသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းလမ်းကျစွာ တရားဝင်မှုရှိသော နိုင်ငံရေးသက်ဆိုင်လှုပ်ရှားသူများအပြင် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံသည့် နိုင်ငံတကာအသိုက်အဝန်းအား အလားအလာရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရွေးချယ်မှုများအကြောင်း ပိုမိုနားလည်သဘောပေါက်စေရန် ပံ့ပိုးပေးပါသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုသွေဖည်၍ တစ်နှစ်တာ“အရေးပေါ်အခြေအနေ” ကြေညာကာ နိုင်ငံတော်အာဏာအားလုံးကို ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါနိုင်ငံရေး အကျပ်အတည်းနှင့် အသွင်ပြောင်းလဲခြင်းတစ်‌ရွေ့ရွေ့ဖြစ်ပေါ်နေချိန်တွင်  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟု အမည်တွင်သည့် တော်လှန်ရေး၏ အကျယ်ပြန့်ဆုံးအမျိုးသား ညီညွတ်ရေးအင်အားစုသည် ဧပြီလတွင် ပဋိညာဉ်အသစ်အား အတည်ပြုထုတ်ပြန်ခဲ့သည်။ ပဋိညာဉ်ကိုထုတ်ပြန်ကြေညာလိုက်ခြင်းသည် စစ်အာဏာသိမ်းမှုအပေါ် မြန်မာနိုင်ငံ၏ ဆန့်ကျင်ခုခံမှုနှင့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် ခြေလှမ်းသစ်တစ်ရပ် လှမ်းလိုက်ခြင်းဖြစ်သည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုသည် ပြင်ဆင်တည်းဖြတ်ထားသော ပဋိညာဉ်ပါ အဓိကပြဋ္ဌာန်းချက်များကို လေ့လာ၍  အဓိကအချက်များကို ထောက်ပြပြီး သက်ဆိုင်သောနေရာများတွင် အချို့အရေးကိစ္စများအား မည်သို့ချဥ်းကပ်ဖြေရှင်းထားကြောင်း မေးခွန်းများထုတ်ထားပါသည်။ ဤစာတမ်းတိုကို အဓိကအခန်းသုံးခန်းဖြင့် ဖွဲ့စည်းထားသည်။ အခန်း ၁ တွင် ပဋိညာဉ် ရေးဆွဲ၊ပြင်ဆင်ခြင်းလုပ်ငန်းစဉ်အကျဉ်းချုပ်ကို ဖော်ပြထားပြီး အခန်း ၂ တွင် ပဋိညာဉ်၏ နိုင်ငံရေးရည်ရွယ်ချက်နှင့် ဥပဒေသဘောသဘာဝကို လေ့လာ၍ အခန်း ၃ တွင် ပဋိညာဉ်ပါ အကြောင်းအရာများကို အဓိကထားဖော်ပြထားပါသည်။ ထို့ပြင် ကြားကာလအဖွဲ့အစည်းများ၏ (အထူးသဖြင့် NUCC ၏) ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးရန်အတွက် ဥပဒေနှင့်နိုင်ငံရေးဆိုင်ရာ စဉ်းစားရမည့်အချက်များကိုလည်း ဤစာတမ်းတိုတွင် အလေးပေးဖော်ပြထားပါသည်။

ဤစာတမ်းတိုသည် မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် စိတ်ဝင်စားသော၊  ပါဝင်ဆောင်ရွက်နေသော အဓိကပါဝင်ပတ်သက်သူများအနေဖြင့် ဤပဋိညာဉ်၏ရည်ရွယ်ချက်၊ အစပြုဖြစ်ပေါ်လာပုံနှင့် ပါဝင်သည့်အကြောင်းအရာများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန်အတွက် ရည်ရွယ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၌ အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်သည် ၎င်းတို့အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုရှိကြောင်း အငြင်းအခုံပြုကာ ၎င်းကိုယ်၎င်း နိုင်ငံတော်၏ တရားဝင်အစိုးရအဖြစ် ပုံဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုကို ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းရုန်းကန်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာသည် အင်္ဂါရပ်တစ်ခုမျှသာ ဖြစ်သော်လည်း စစ်တပ်၏ အာဏာသိမ်းမှုသည် အဘယ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဘဲ ရလဒ်အနေဖြင့် စစ်အာဏာရှင်အစိုးရနှင့် ၎င်း၏ လုပ်ရပ်များ၊ ဆုံးဖြတ်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာမတည်ကြောင်းကို ဆွေးနွေးဖော်ပြရန် အရေးကြီးပေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ပိုမို ကောင်းမွန်စွာ နားလည်သိမြင်နိုင်စေရန် ရည်ရွယ်၍ ဤစာတမ်းတိုကို ရေးဆွဲပြုစုထားပါသည်။ စစ်အာဏာရှင်အစိုးရ၏ ၎င်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှုရှိသည်ဟူသော အဆိုကို မမှန်ကန်ကြောင်း နိုင်ငံအတွင်းရှိ ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးအတွက် ပါဝင်လှုပ်ရှားနေသည့် အကျိုးသက်ဆိုင်သူများအနေဖြင့် စနစ်တကျ ထောက်ပြဖြေရှင်းနိုင်ရန်အတွက် အထောက်အကူပေးရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ် ဆန်းစစ်သုံးသပ်ခြင်းကို ဆောင်ရွက်ဖော်ပြထားသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး - အထွေထွေ

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများကြွယ်ဝကာ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ များပြားစုံလင်ရာ ဒေသတစ်ခုဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရပြီး ပြည်ပအထောက်အပံ့များမပါဘဲ ၎င်း၏ဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ရန်အတွက် ပြည့်စုံမှုအနည်းဆုံးဖြစ်သည့် နိုင်ငံများအနက်မှ တစ်နိုင်ငံလည်း ဖြစ်သည်။ သဘာဝသယံဇာတများအား စီမံခန့်ခွဲသည့်နည်းဟန်သည် မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် အဓိကကျသည့် အခန်းကဏ္ဍမှ အမြဲပါဝင်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့အောင် မည်သို့စီမံခန့်ခွဲရမည် ဟူသည့်အချက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် အဓိကကျသော ပုစ္ဆာတစ်ရပ်ဖြစ်သည်။

ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာပြည်သူလူထုသည် ဆန္ဒထုတ်ဖော်ခြင်း၊ ‘ပြည်သူ့ကာကွယ်ရေးတပ်မတော်’ နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်လျက် လက်နက်ကိုင်တော်လှန်ခြင်းတို့ဖြင့် စစ်တပ်ကိုဆန့်ကျင်၍ ဆော်စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းလှုပ်ရှားဆောင်ရွက်သူအုပ်စုများနှင့် ၎င်းတို့နှင့်ဆက်စပ်နေသော ဖက်ဒရယ်အဆင့် ကြားကာလစီမံအုပ်ချုပ်ရေးအင်စတီကျူးရှင်းများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ညှိနှိုင်းဆောင်ရွက်ရန် နိုင်ငံရေးမူဘောင်တစ်ရပ်ကို ချမှတ်ရေးဆွဲလျက်ရှိသည်။

ဤမူဝါဒစာတမ်းတွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာစီမံအုပ်ချုပ်မှုအခက်အခဲများ အကြောင်းကို ခြုံငုံသုံးသပ်ထားပါသည်။ ထို့ပြင် အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေ
မူဘောင်မှ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမျှတမှုကို ရယူနိုင်စေခြင်း နှင့် ရာသီဥတုပြောင်းလဲမှုအား ဖြေရှင်းခြင်းတို့အတွက် မည်သို့အာမခံချက်ပေးနိုင်ကြောင်းကို နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် အလေ့အထကောင်းများ၊ ဖြစ်ရပ်နှိုင်းယှဉ်လေ့လာချက်များဖြင့် ထည့်သွင်းစဥ်းစားဖွယ်အချက်များကို တင်ပြထားသည်။ နောက်ဆုံးတွင် မူဝါဒအရ ရွေးချယ်ဆောင်ရွက်နိုင်သည့်အချက်များ နှင့် အကြံပြုချက်များကို ဖော်ပြထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးကြစို့ စာအုပ်ငယ်ကို လူငယ်ပရိသတ်များနှင့် ကျွမ်းကျင်ပညာရှင်မဟုတ်သော စာဖတ်သူများအနေဖြင့် နားလည်ရန်ခက်ခဲလှသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားများကို ပေါ့ပေါ့ပါးပါးနှင့် စိတ်၀င်စားဖွယ်ရာကောင်းသော နည်းလမ်းဖြင့် ဖတ်ရှုလေ့လာနိုင်စေရန် တင်ပြထားပါသည်။ လူငယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို နားလည်စေရန်နှင့် ထိုမှတဆင့် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ ပြည့်ပြည့်၀၀ အဓိပ္ပါယ်ရှိရှိ ပါ၀င်မှုကို ဖော်ဆောင်ရန် ရည်ရွယ်ကာ ဤကာတွန်းစာအုပ်အား ရေးသားပြုစုခဲ့ခြင်းဖြစ်ပါသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ” အစရှိသည့် အဓိကကျသော မေးခွန်းများ၏ အဖြေများကို ရှင်းလင်းတင်ပြနိုင်ရန် ကြွကြွရွရွရုပ်ပုံများ၊ လက်တွေ့ပတ်ဝန်းကျင်နှင့်ဆက်စပ်နိုင်သော ဇာတ်ကောင်များနှင့် နားလည်ရလွယ်ကူသော စကားလုံးများ အသုံးပြုကာ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးကြစို့” ကာတွန်းစာအုပ်ကို သရုပ်ဖော်ထားပါသည်။

ဤကာတွန်းစာအုပ်သည် လူငယ်၊ လူကြီးမကျန် စိတ်၀င်တစား ဖတ်ရှုနိုင်သော အသိပညာပေး စာအုပ်ဖြစ်သည့်အားလျော်စွာ လူငယ်ပညာရေးစင်တာများ၏ သင်ရိုးညွှန်းတမ်းများတွင်သာမက ပြည်သူ့နီတိပညာရပ်များ ပို့ချပေးနေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများမှလည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ စာဖတ်ပရိသတ်များအတွက် ရည်ရွယ်ရေးထားသည့်အတွက် ကာတွန်းဇာတ်ကောင်များ၊ ဆွေးနွေးသည့်အကြောင်းအရာများကို မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ရေးသားထားပါသည်။ မြန်မာနိုင်ငံအတွက် ပြင်ဆင်ရေးသားထားခြင်းဖြစ်သော်လည်း ဤကာတွန်းစာအုပ်တွင် ပါဝင်သောအကြောင်းအရာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍ သင်ကြားမှု၊ သင်ယူမှုများကို စိတ်ပါ၀င်စားသော ကမ္ဘာအရပ်ရပ်မှ စာဖတ်သူများအတွက်လည်း သင့်လျော်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

နိုင်ငံများသည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို လွတ်လပ်သောတိုင်းပြည်သစ်ထူထောင်ချိန်၊ အာဏာရှင်အစိုးရကျဆုံးသွားချိန် (သို့မဟုတ်) အကြမ်းဖက်ပဋိပက္ခချုပ်ငြိမ်းသွားချိန်ကဲ့သို့ အရေးပါသည့် နိုင်ငံရေးဖြစ်စဉ်ကြီးများ ဖြစ်ပေါ်ပြီးနောက် လုပ်ဆောင်လေ့ရှိသည်။

ထိုသို့အရေးပါသည့်အချိန်အခါ၌ သိသာထင်ရှားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းသည် အရင်းအနှီးကြီးမားသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။  အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မတူညီသည့် အစုအဖွဲ့များအကြား ပြည်သူ့အာဏာနှင့် အရင်းအမြစ်များ ကျင့်သုံးရေးကို သတ်မှတ်ပြဋ္ဌာန်းပေးရသည့်အတွက် ပြောင်းလဲရန် ခက်ခဲသောကြောင့်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးတွင် သဘောထားကွဲလွဲသည့် အကြောင်းအရာများအပေါ်တွင် သဘောမတူညီမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ ယင်းကိစ္စရပ်များအပေါ် သဘောတူညီမှုမရရှိပါက ဆွေးနွေးမှုများ ရှေ့မတိုးနောက်မဆုတ် တစ်ဆို့သည့်အခြေအနေသို့လည်း ရောက်ရှိစေနိုင်ပါသည်။ ထို့သို့တစ်ဆို့မှုများ အချိန်ကြာမြင့်လာသောအခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခုလုံးအား နှောက်နှေးနိုင်စေခြင်း (သို့မဟုတ်) လမ်းကြောင်းလွဲချော်သည်အထိ ဖြစ်စေနိုင်ပါသည်။ ဤသို့သော အခြေအနေတွင် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်သည့် အစုအဖွဲ့များမှ သဘောထားကွဲလွဲမှုများကို ကျော်လွှားရန်နှင့် ဖြစ်ပေါ်နေသည့် ရှေ့မတိုးနောက်မဆုတ်တစ်ဆို့နေမှုများကို ဖြေရှင်းရန် အထောက်အကူဖြစ်စေမည့် ဆွဲဆောင်မှုရှိသော ညှိနှိုင်းမှုများ ဖန်တီးရန် အကြံပြုရပါလိမ့်မည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာတမ်းတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် ဒီမိုကရက်တစ်နိုင်ငံရေး ပတ်ဝန်းကျင်အခင်းအကျင်းဖြင့် ဆောင်ရွက်ရသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် ရှေ့မတိုးနောက်မဆုတ် တစ်ဆို့နေမှုကို ဖြန်ဖြေရန် နည်းဗျူဟာများနှင့် ယန္ဒရားများကို အဓိကထားဆွေးနွေးထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

မျက်မှောက်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ ထုံးစံအားဖြင့် ဘာသာစကားအတွက် ပြဋ္ဌာန်းချက်အမျိုးမျိုး ထည့်သွင်းထားပါသည်။ ၎င်းတို့သည် ရုံးသုံးဘာသာစကား တစ်မျိုးထက်ပိုသော ဘာသာစကားများကို မတူညီသော ဥပဒေအဆင့်များထားကာ ရွေးချယ်သတ်မှတ်ထားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် များသောအားဖြင့် လူနည်းစုဘာသာစကားများအတွက် ဘာသာစကားဆိုင်ရာ အခွင့်အရေးများကိုလည်း ဖန်တီးပေးနိုင်ကာ လူအုပ်စုများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ၎င်းတို့၏ မူလဘာသာစကားဖြင့် ဆက်သွယ်ပိုင်ခွင့်၊ ထိုဘာသာစကားဖြင့် အစိုးရထံမှ ဝန်ဆောင်မှုရပိုင်ခွင့်တို့ ပေးပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ဥပဒေပြဋ္ဌာန်းရေးနှင့် တရားစီရင်ရေးတို့တွင် အသုံးပြုရမည့် ဘာသာစကားကိုလည်း ရွေးချယ်သတ်မှတ်နိုင်ပါသည်။ အဆင့်စုံ အုပ်ချုပ်ရေးစနစ်များ၌ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အစိုးရအဖွဲ့အသီးသီးအတွက် ရုံးသုံးဘာသာစကား(များ) ရွေးချယ်အသုံးပြုနိုင်သည့်အာဏာ အပ်နှင်းနိုင်ပါသည်။

ဤစာတမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေဒီဇိုင်းရှိ ဘာသာစကားအခန်းကဏ္ဍ၊ ထည့်သွင်းစဉ်းစားစရာ အဓိကအချက်များ၊ ဘာသာစကားစုံနိုင်ငံများ၌ ပေါ်ပေါက်လာနိုင်သော ဂယက်ရိုက်ခတ်မှုများနှင့် စိန်ခေါ်မှုများတို့ကို ဖြေရှင်းပေးပါသည်။ ဘာသာစကားနှင့်ဆိုင်သော အဆိုအမျိုးမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စအဖြစ် ဆွေးနွေးထားသည့်အပြင် ထိုအဆိုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက (သို့) မဖြေရှင်းနိုင်ပါက ပေါ်ပေါက်လာနိုင်သည့် အကျိုးဆက်များအကြောင်းကိုလည်း ဆွေးနွေးထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

မျက်မှောက်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ကျင့်သုံးခြင်းတွင် ပြည်သူလူထု ပါဝင်ဆောင်ရွက်ခြင်းသည် အဓိကအင်္ဂါရပ်တစ်ခုအဖြစ် ပါဝင်သည်။ တက်ကြွထိရောက်စွာ ပါဝင်ဆောင်ရွက်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစွာရှိပြီး ဒီမိုကရေစီနှင့်စပ်လျဉ်းသည့် တစ်ဦးချင်းစီ၏ အမူအကျင့်နှင့် သဘောထားများကို မွမ်းမံမြှင့်တင်ခြင်းမှသည် အုပ်ချုပ်ရေးအလွှာရှိ နိုင်ငံရေးအာဏာလွှမ်းမိုးသူများ၏ ညှိနှိုင်းမှုဟန်ချက်ကို မွမ်းမံခြင်းအထိ အကျိုးသက်ရောက်နိုင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာကို ပိုမိုကောင်းမွန်စေရန် မြှင့်တင်ခြင်းနှင့် အကျိုးဆက်ရလဒ်များကို ပိုမိုခိုင်မာစေခြင်းဖြင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်ဟု သတ်မှတ်ထားသည်။ သို့ရာတွင် ဤရလဒ်များကို ပြည်သူလူထု ပါဝင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ရရှိနိုင်ခြင်း ရှိ၊ မရှိနှင့် မည်သို့ရရှိနိုင်မည်တို့ကိုမူ ကောင်းစွာနားလည်နိုင်ခြင်း မရှိသေးပေ။ ပြည်သူလူထု ပါဝင်ဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ကျင့်သုံးခြင်းနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့်သိရှိသည်ဟု ယူဆထားသည့် အချက်များကို သီအိုရီအရသာ ဖော်ထုတ်ထားခြင်းဖြစ်သည်။ တူညီသော လုပ်ငန်းစဉ်များဟူ၍ မရှိသည့်နည်းတူ ‘ပါဝင်ဆောင်ရွက်မှုရှိသော လုပ်ငန်းစဉ်’ တွင် မည်သည့်အချက်များ ပါဝင်သည်ကိုလည်း ဘုံသဘောတူညီထားသည့် အနက်ဖွင့်ဆိုချက် မရှိပေ။

သို့ရာတွင် ဆုံးဖြတ်ချက်ချမှတ်သူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၌ ပြည်သူလူထု ပါဝင်ဆောင်ရွက်ခြင်းသည် မည်သို့မည်ပုံရှိပြီး မည်သည့်အကြောင်းကြောင့် မည်သည့်အချိန်၌ လုပ်ဆောင်အသုံးချရမည်နည်း ဆိုသည့် အဓိကမေးခွန်းကို အခိုင်အမာဖြေဆိုနိုင်ရမည်ဖြစ်သည်။ 

ဤစာစောင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ကျင့်သုံးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၌ ပြည်သူလူထု ပါဝင်ဆောင်ရွက်ခြင်း၏ သဏ္ဍာန်နှင့် လုပ်ဆောင်ချက်များကို (မည်သည့်ပါဝင်ဆောင်ရွက်မှုကို မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်မည်) ရှင်းလင်းဖော်ပြထားပြီး ပြည်သူလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများအပါအဝင် လုပ်ငန်းစဉ်၏ ဟန်ချက်များအပေါ် မည်သို့လွှမ်းမိုးသက်ရောက်ကြောင်းကိုလည်း (ပါဝင်ဆောင်ရွက်ခြင်း၏ အကြောင်းရင်း) ထည့်သွင်းသုံးသပ်ထားသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၌ အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်သည် ၎င်းတို့အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုရှိကြောင်း အငြင်းအခုံပြုကာ ၎င်းကိုယ်၎င်း နိုင်ငံတော်၏ တရားဝင်အစိုးရအဖြစ် ပုံဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုကို ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းရုန်းကန်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာသည် အင်္ဂါရပ်တစ်ခုမျှသာ ဖြစ်သော်လည်း စစ်တပ်၏ အာဏာသိမ်းမှုသည် အဘယ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဘဲ ရလဒ်အနေဖြင့် စစ်အာဏာရှင်အစိုးရနှင့် ၎င်း၏ လုပ်ရပ်များ၊ ဆုံးဖြတ်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာမတည်ကြောင်းကို ဆွေးနွေးဖော်ပြရန် အရေးကြီးပေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ပိုမို ကောင်းမွန်စွာ နားလည်သိမြင်နိုင်စေရန် ရည်ရွယ်၍ ဤစာတမ်းတိုကို ရေးဆွဲပြုစုထားပါသည်။ စစ်အာဏာရှင်အစိုးရ၏ ၎င်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှုရှိသည်ဟူသော အဆိုကို မမှန်ကန်ကြောင်း နိုင်ငံအတွင်းရှိ ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးအတွက် ပါဝင်လှုပ်ရှားနေသည့် အကျိုးသက်ဆိုင်သူများအနေဖြင့် စနစ်တကျ ထောက်ပြဖြေရှင်းနိုင်ရန်အတွက် အထောက်အကူပေးရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ် ဆန်းစစ်သုံးသပ်ခြင်းကို ဆောင်ရွက်ဖော်ပြထားသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုသွေဖည်၍ တစ်နှစ်တာ“အရေးပေါ်အခြေအနေ” ကြေညာကာ နိုင်ငံတော်အာဏာအားလုံးကို ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါနိုင်ငံရေး အကျပ်အတည်းနှင့် အသွင်ပြောင်းလဲခြင်းတစ်‌ရွေ့ရွေ့ဖြစ်ပေါ်နေချိန်တွင်  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟု အမည်တွင်သည့် တော်လှန်ရေး၏ အကျယ်ပြန့်ဆုံးအမျိုးသား ညီညွတ်ရေးအင်အားစုသည် ဧပြီလတွင် ပဋိညာဉ်အသစ်အား အတည်ပြုထုတ်ပြန်ခဲ့သည်။ ပဋိညာဉ်ကိုထုတ်ပြန်ကြေညာလိုက်ခြင်းသည် စစ်အာဏာသိမ်းမှုအပေါ် မြန်မာနိုင်ငံ၏ ဆန့်ကျင်ခုခံမှုနှင့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် ခြေလှမ်းသစ်တစ်ရပ် လှမ်းလိုက်ခြင်းဖြစ်သည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုသည် ပြင်ဆင်တည်းဖြတ်ထားသော ပဋိညာဉ်ပါ အဓိကပြဋ္ဌာန်းချက်များကို လေ့လာ၍  အဓိကအချက်များကို ထောက်ပြပြီး သက်ဆိုင်သောနေရာများတွင် အချို့အရေးကိစ္စများအား မည်သို့ချဥ်းကပ်ဖြေရှင်းထားကြောင်း မေးခွန်းများထုတ်ထားပါသည်။ ဤစာတမ်းတိုကို အဓိကအခန်းသုံးခန်းဖြင့် ဖွဲ့စည်းထားသည်။ အခန်း ၁ တွင် ပဋိညာဉ် ရေးဆွဲ၊ပြင်ဆင်ခြင်းလုပ်ငန်းစဉ်အကျဉ်းချုပ်ကို ဖော်ပြထားပြီး အခန်း ၂ တွင် ပဋိညာဉ်၏ နိုင်ငံရေးရည်ရွယ်ချက်နှင့် ဥပဒေသဘောသဘာဝကို လေ့လာ၍ အခန်း ၃ တွင် ပဋိညာဉ်ပါ အကြောင်းအရာများကို အဓိကထားဖော်ပြထားပါသည်။ ထို့ပြင် ကြားကာလအဖွဲ့အစည်းများ၏ (အထူးသဖြင့် NUCC ၏) ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးရန်အတွက် ဥပဒေနှင့်နိုင်ငံရေးဆိုင်ရာ စဉ်းစားရမည့်အချက်များကိုလည်း ဤစာတမ်းတိုတွင် အလေးပေးဖော်ပြထားပါသည်။

ဤစာတမ်းတိုသည် မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် စိတ်ဝင်စားသော၊  ပါဝင်ဆောင်ရွက်နေသော အဓိကပါဝင်ပတ်သက်သူများအနေဖြင့် ဤပဋိညာဉ်၏ရည်ရွယ်ချက်၊ အစပြုဖြစ်ပေါ်လာပုံနှင့် ပါဝင်သည့်အကြောင်းအရာများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန်အတွက် ရည်ရွယ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် - အများပါဝင်‌သော ဖက်ဒရယ်ဒီမိုက‌ရေစီဆိုင်ရာ အားလုံးသ‌ဘောတူညီမှုသို့‌ရှေးရှုခြင်း စာတမ်းသည် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သမိုင်းကြောင်းနှင့် လမ်းကြောင်းများကို လေ့လာထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အဓိကသက်ဆိုင်သူအချို့၏ ရပ်တည်ချက်များကို ဆန်းစစ်သုံးသပ်ထားပါသည်။ (အဓိက သက်ဆိုင်သူများ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရှိသည့်) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆုံမှတ်ဖြစ်သော နယ်ပယ်ကဏ္ဍများ  နှင့် (သဘောတူညီမှုများ ကွဲပြားသည့်) ခြားနားမှတ်ကို ဖော်ထုတ်သတ်မှတ်ထားပြီး အဓိကသက်ဆိုင်သူများ နှုတ်ဆိတ်နေလေ့ရှိပြီး ပိုမိုအာရုံစိုက်ရန်လိုအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နယ်ပယ်ကဏ္ဍများကိုလည်း ဖော်ထုတ်လေ့လာထားပါသည်။ ဤစာတမ်းထုတ်ဝေမှုသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းလမ်းကျစွာ တရားဝင်မှုရှိသော နိုင်ငံရေးသက်ဆိုင်လှုပ်ရှားသူများအပြင် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံသည့် နိုင်ငံတကာအသိုက်အဝန်းအား အလားအလာရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရွေးချယ်မှုများအကြောင်း ပိုမိုနားလည်သဘောပေါက်စေရန် ပံ့ပိုးပေးပါသည်။

အနှစ်ချုပ်ကြည့်ရန်

နိုင်ငံအတွင်း တရားမဝင် စစ်အာဏာရှင်အုပ်စု အုပ်စိုးနေချိန်၊ စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့်တည်ဆောက်ရေးအတွက် ကြားကာလအစိုးရအဖွဲ့များက ကြိုးပမ်းဆောင်ရွက်နေချိန် လက်ရှိကြားကာလမြန်မာနိုင်ငံတွင် ကြားကာလ ရွေးကောက်ပွဲကော်မရှင် (EMB) ဖွဲ့စည်းခြင်းသည် (အစိုးရနှင့် ဥပဒေပြုလွှတ်တော်ဖွဲ့စည်းခြင်းသကဲ့သို့) ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီရန် ချက်ချင်းလိုအပ်သည့် အရေးကြီးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အကူးအပြောင်းကာလများနှင့် ပဋိပက္ခကာလများအတွင်း ရွေးကောက်ပွဲကော်မရှင်များ (EMBs) ကို မည်သို့မည်ပုံ ထူထောင်သင့်သည်ဆိုသည့် စံသတ်မှတ်ချက်များ မရှိပါ။ သို့သော်လည်း မြန်မာနိုင်ငံရှိ အဓိက ကြားကာလအစိုးရအဖွဲ့များ အနေဖြင့် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများမှ သင်ခန်းစာများအပေါ်အခြေခံသည့် အနာဂတ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံကို သဘောတူရန် အရေးကြီးပါသည်။

ထိုလုပ်ငန်းစဉ်အား အထောက်အကူပြုရန်အလို့ငှာ တရားဝင်ကြားကာလရွေးကောက်ပွဲကော်မရှင်တစ်ခုဖွဲ့စည်းတည်ထောင်မှုနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံကြားကာလအစိုးရအဖွဲ့အစည်းများ (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ အဓိကထည့်သွင်းစဉ်းစားရမည့်အချက်များကို ဤစာတမ်းတွင် ဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိကြားကာလ နှင့် နောင်အကူးအပြောင်းကာလအတွင်း ကြားကာလရွေးကောက်ပွဲကော်မရှင်ကဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကိုလည်း ဤစာတမ်းတွင်ဖော်ပြထားသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းသည် ထိလွယ်ရှလွယ် အခြေအနေများအတွင်းနှင့် ပဋိပက္ခအပြီး နိုင်ငံရေးဖြေရှင်းချက်အသစ်တစ်ခု ရရှိရေးတွင် အဓိကကျသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် လုပ်ငန်းစဉ်၌ ပါဝင်သူများက အခြေခံဥပဒေအသစ်တစ်ခုနှင့် ပတ်သက်၍ သဘောမတူနိုင်ခြင်း (သို့မဟုတ်) အပြီးသတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခွင့်မပြု(သို့မဟုတ်) အတည်မပြုခြင်းတို့ကြောင့် အခါအားလျော်စွာ မအောင်မမြင် ဖြစ်တတ်သည်။ မအောင်မြင်ခြင်းက ယာယီသာဖြစ်နိုင်ပြီး လုပ်ငန်းစဉ်ကို ကာလတစ်ခုပြီးသည့်နောက် ပြန်လည်စတင်နိုင်စေကာမူ ကုန်ကျစရိတ်မှာ ကြီးမားနိုင်ပါသည်။ အဓိကကျသော ပြုပြင်ပြောင်းလဲမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် (သို့မဟုတ်) ပြင်ဆင်တည်းဖြတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအား လက်ခံအတည်ပြုခြင်းအပေါ်၌ မူတည်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါက စေ့စပ်ဆွေးနွေးမှုများပြုရာတွင် ကြန့်ကြာမှု ဖြစ်စေနိုင်ပြီး ပဋိပက္ခကို ပြန်လည်ပေါ်ပေါက်စေနိုင်ပါသည်။

ဤစာတမ်းတွင် ကျရှုံးခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းတရားများနှင့် ကျရှုံးခြင်းကို တားဆီးရန်(သို့မဟုတ်) ၎င်းအား အခြေခံ၍ ဆက်လက် အကောင်အထည်ဖော်ရန် နည်းလမ်းများအကြောင်းကို ဆွေးနွေးထားပါသည်။ ဤစာတမ်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ကျင်းပခဲ့သော " ပဋိပက္ခလွန်ကာလ အခြေခံဥပဒေ ရေးဆွဲခြင်း ဆိုင်ရာ နဝမအကြိမ် အီဒင်ဘာ့ဂျ် ဆွေးနွေးပွဲ( Ninth Edinburgh Dialogue on Post-Conflict Constitution- Building) ပေါ်အခြေခံ၍ ရေးသားပြုစုထားပါသည်။

​​​

အနှစ်ချုပ်ကြည့်ရန်

အကြမ်းဖက် ပဋိပက္ခ အဆုံးသတ်ခြင်းသည် ကြီးမားခက်ခဲသော လုပ်ငန်းစဉ်တွင် ပါဝင်သော အသွင်ကူးပြောင်း ခြင်း၏ အခက်ခဲဆုံးအပိုင်းဖြစ်သည်။ ပါဝင်သောအုပ်စုများသည် ထိုအဆင့်တွင် အကူအညီနှစ်မျိုးကို လိုအပ် သည်။ ၎င်းတို့သည် စေ့စပ်ညှိနှိုင်းမှုများကို လွယ်ကူချောမွေ့စေမည့် ထိရောက်မှုနှင့် ဆီလျှော်မှု အရှိဆုံး တွေ့ဆုံ ဆွေးနွေးမှုလုပ်ငန်းစဉ်ကို ကိုယ်တိုင်အသုံးပြုနိုင်ရန်လိုအပ်ပြီး ထို့နောက်တွင် ထိရောက်၍ မှန်ကန်သော ဒီမိုကရေစီနည်းကျသည့် တည်ဆောက်ပုံများ၊ နိုင်ငံရေး အင်စတီကျူးရှင်းများကို နေရာချထားခြင်းအားဖြင့် ရေ ရှည်တည်တံ့မည့် အဖြေရှာမှုကို အောင်မြင်စွာ ညှိနှိုင်းရန် လိုအပ်သည်။

ဤလက်စွဲစာအုပ်သည် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပဋိပက္ခနွံထဲမှ ရုန်းထွက်နေသည့် တိုင်းပြည်များတွင် ငြ်မ်းချမ်းရေးကို မည်သို့ အကျိုးဆောင်မည်ဟူသော လက်တွေ့လုပ်ဆောင်နိုင်မည့် အကြံဉာဏ်ကို ဖြည့်ဆည်း ပေးသည့်အပြင် ဒီမိုကရေစီကို တည်ဆောက်ရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် ကြိုးစားသည့်အချိန် တွင် စေ့စပ်ညှိနှိုင်းသူများအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း ချပြထားသည်။ အာဏာမျှဝေမှု ပုံသေနည်း များ၊ ဖက်ဒရယ်မူနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ မေးခွန်းများ၊ လူနည်းစုရပိုင်ခွင့်အတွက် ရွေးချယ်စရာ နည်း လမ်းများ၊ အခြေခံဥပဒေဆိုင်ရာ အကာအကွယ်များနှင့် အခြားအချက်များစွာအပါအဝင် ဒီမိုကရေစီနည်းကျ လုပ်ဆောင်နိုင်မည့် နည်းလမ်းများအပေါ် စေ့စပ်သေချာစွာ ခြုံငုံလေ့လာခြင်းများပါဝင်သည်။

ဤလက်စွဲစာအုပ်သည် ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ ဖီဂျီ၊ မြောက်အိုင်ယာလန်၊ ဂွါတီမာလာ၊ သီရိလင်္ကာ၊ ပါပူဝါနယူးဂီနီနှင့် တောင်အာဖရိကအပါအဝင် တိုင်းပြည်များတွင် အမှန်တကယ် စေ့စပ်ညှိနှိုင်း၍ အဖြေရှာခဲ့မှု များကိုလည်း လေ့လာဆန်းစစ်ထားသည်။ နိုင်ငံတကာကျွမ်းကျင်သူများနှင့် အတွေ့အကြုံရင့် စေ့စပ်ညှိနှိုင်းသူ များ ပါဝင်ရေးသားထားသော ဤလက်စွဲစာအုပ်သည် ဖြစ်ရပ်လေ့လာမှုများ၊ အကြောင်းအရာအကျဉ်းချုပ်များ၊ လက်တွေ့နမူနာများပါဝင်သည့် အလွယ်တကူ ကိုးကားနိုင်သော လမ်းညွှန်အဖြစ် အသုံးပြုနိုင်ရန် ရေးသားထားပါ သည်။

အနှစ်ချုပ်ကြည့်ရန်

This Overview presents International IDEA’s State of Democracy (SoD) Assessment Framework.

It is a comprehensive framework and it uses an approach where assessments are led and owned by local actors. It moves away from the practice of ranking democratic performance and making external judgements. It combines a commitment to the principles of democracy, mediating values, and search questions that look beyond the formal existence of democratic institutions, and focuses, more importantly, on their performance.

The Overview links assessment to reform and in doing so, highlights achievements and challenges as well as lessons learnt from previous assessment experiences.

အနှစ်ချုပ်ကြည့်ရန်

တိုက်ရိုက်ဒီမိုကရေစီသည် အဆိုပြုထားသော အခြေခံဥပဒေ ပြင်ဆင်ချက်၊ ဥပဒေ၊ သဘောတူစာချုပ် သို့မဟုတ် မူဝါဒဆုံးဖြတ်ချက် စသည်တို့အပေါ် လူထုအား တိုက်ရိုက်မဲပေးခွင့် ရစေနိုင်မည့် စည်းမျဉ်းစည်းကမ်းများ၊ အင်စ တီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များကို ဖေါ်ပြသည်။ ဤပဏာမသင်ပုန်းကြီးတွင် ဖေါ်ပြထားသော တိုက်ရိုက်ဒီမို ကရေစီ၏ အရေးကြီးဆုံးပုံစံများမှာ လူထုဆန္ဒခံယူပွဲများနှင့် နိုင်ငံသားများက လက်မှတ်ရေးထိုး တောင်းဆိုခြင်း များဖြစ်သည်။

တိုက်ရိုက်ဒီမိုကရေစီသည် ကိုယ်စားပြု ပါတီနိုင်ငံရေးပုံစံတွင် ပါဝင်ခြင်းမရှိသော သို့မဟုတ် အကျုံးဝင်နေသော အရေးကြီးကိစ္စရပ်များအပေါ် လူထုအား မဲပေးခွင့် ရရှိစေနိုင်သည်။ လူကြိုက်များသော လူများစု ဆုံးဖြတ်ချက် များသည် ကိုယ်စားပြုမှု ဖြစ်စဉ်များကို ကျော်လွန်ကာ ပုံပျက်သွားနိုင်ခြင်းနှင့် အလွှာတစ်ခုအတွက်သာ ရပ်တည်မှုဖြစ်ပေါ်လာနိုင်သည့် အလားအလာများပေါ်ပေါက်လာနိုင်ချေရှိသည်။

International IDEA ၏ အခြေခံဥပဒေတည်ဆောက်ရေး ပဏာမသင်ပုန်းကြီးသည် နိုင်ငံသားများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအား မှန်ကန် သော အခြေခံဥပဒေဆိုင်ရာ ရွေးချယ်မှုများ ပြုလုပ်နိုင်စေရန် အကူအညီပေးခြင်းအားဖြင့် နိုင်ငံတွင်း အခြေခံ ဥပဒေ တည်ဆောက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေး သားထားသည်။

ထို့အပြင် အစိုးရများအကြားဖွဲ့စည်းထားသော အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် အခြားပြင်ပမှ ပါဝင်နေသူများကို ဒေသန္တရ အဆင့် ဆုံးဖြတ်ချက်ချမှတ်သူများအား အချက်အလက်များကောင်းစွာ ပေးခြင်းနှင့် အခြေအနေကိုက်ညီမှုရှိ သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် လမ်းညွှန်မှုလည်းပေးပါသည်။

အနှစ်ချုပ်ကြည့်ရန်

This Constitution Brief provides basic information about the nature and functions of constitutions and is intended for use by constitution-makers and other democratic actors and stakeholders in Myanmar.

အနှစ်ချုပ်ကြည့်ရန်

ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ခြင်းသည် မည်သည့်ဒီမိုကရေစီနိုင်ငံတွက်မဆို အရေးကြီးဆုံးသော အင်စတီ ကျူးရှင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ဖြစ်ရပ်အားလုံးနီးပါးတွင် ရွေးကောက်ပွဲစနစ်တစ်ခုကို ရွေးချယ် ခြင်းသည် သက်ဆိုင်ရာနိုင်ငံ၏အနာဂါတ်နိုင်ငံရေးဘဝအပေါ်တွင် ကြီးမားသောသက်ရောက်မှုရှိပြီး ရွေးကောက် ပွဲစနစ်များကို ရွေးချယ်လိုက်သည်နှင့်တပြိုင်နက် ထိုစနစ်များကပေးသော မက်လုံးများအပေါ် နိုင်ငံရေးအကျိုး စီးပွားများက စုစည်းကာတုန့်ပြန်သောကြောင့် စနစ်များသည် များသောအားဖြင့် အထိုက်အလျှောက် တသမတ် တည်း ရှိနေတတ်သည်။ ရွေးချယ်မှုများတွင် ခန့်မှန်းထားသော သက်ရောက်မှုများအပြင် ကြိုတင်မှန်းဆနိုင်ခြင်း မရှိသည့် အကျိုးဆက်များလည်း ရှိနိုင်သည်။

ရွေးကောက်ပွဲစနစ်များသည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဆိုင်ရာနှင့် အင်စတီကျူးရှင်းဆိုင်ရာ မူဘောင်များအ ပေါ်တွင်လည်း အရေးပါသော သက်ရောက်မှုများ ရှိနိုင်သည်။ ၎င်းတို့၏ ရေးဆွဲထားပုံနှင့် သက်ရောက်မှုများ သည် အခြေခံဥပဒေ၏ အတွင်းနှင့် အပြင်ရှိ အခြားဖွဲ့စည်းတည်ဆောက်ထားပုံများ အပေါ်တွင်လည်း ကြီးမားစွာ တည်မှီနေသည်။ အောင်မြင်သော ရွေးကောက်ပွဲစနစ်၏ ပုံစံသည် နိုင်ငံရေးအင်စတီကျူးရှင်းများ၏ မူဘောင်ကို တစ်ခုလုံးအနေနှင့် လေ့လာခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းမူဘောင်၏ အစိတ်အပိုင်းတစ်ခုကို ပြောင်းလဲ ခြင်းသည် အခြားအင်စတီကျူးရှင်းများ လုပ်ဆောင်နေပုံနည်းလမ်းကို ပြင်ဆင်ချိန်ညှိမှုများ လုပ်ပေးရခြင်းများကို ဖြစ်စေနိုင်သည်။

ဤလက်စွဲစာအုပ်သည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသုံးပြုနေသော ရွေးကောက်ပွဲစနစ်များအပေါ် ကျယ် ကျယ်ပြန့်ပြန့် ခြုံငုံလေ့လာထားမှုကို ဖော်ပြထားပြီး ဖြစ်ရပ်လေ့လာမှု ၁၈ ခုနှင့် ရွေးကောက်ပွဲစနစ်အမျိုးမျိုးကို အသုံးပြုနေသော မြေပုံကိုလည်း ထည့်သွင်းထားသည်။ ထို့အပြင် မတူသော ရွေးကောက်ပွဲစနစ်များ၏ အားသာချက်နှင့် အားနည်းချက်များကို ဆွေးနွေးထားပြီး  ရွေးကောက်ပွဲစနစ်တစ်ခုကို ပြင်ဆင်မွမ်းမံခြင်းနှင့် ရေးဆွဲခြင်း ပြုလုပ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဆွေးနွေးထားသည်။

အနှစ်ချုပ်ကြည့်ရန်

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။

အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

အနှစ်ချုပ်ကြည့်ရန်

Burmese translation of the Constutution Building Primer on  Constitutional Amendment Procedures. 

အနှစ်ချုပ်ကြည့်ရန်

ဒေသန္တရဒီမိုကရေစီစနစ်ဟူသည် အများအားဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် (ရွေးကောက် တင်မြှောက်ခံရသည့် သူများသာမက) မြို့တော်ဝန်များ၊ အတိုင်ပင်ခံများ၊ အခြားဒေသတွင်း အစိုးရအာဏာပိုင်များမှတဆင့် မြို့ကြီးများ၊ မြို့ငယ်များ၊ ကျေးရွာများက ဒီမိုကရေစီစနစ်ဖြင့် လုပ်ပိုင်ခွင့်အာဏာများကျင့်သုံးခြင်း ဖြစ်သည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။ အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။

နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

ယခု ပြန်လည်ပြင်ဆင်ထုတ်ဝေထားသည့် စာအုပ်ကို အောက်တိုဘာလ ၂၀၁၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

အနှစ်ချုပ်ကြည့်ရန်

သယံဇာတကြွယ်ဝမှုကြောင့် “သယံဇာတ ကျိန်စာသင့်ခြင်း” ဟု သမုတ်ကြသည့် စိန်ခေါ်မှုများ ကြုံတွေ့ရတက်သည်။ နိုင်ငံရေးပါတီများမှ ကောင်းမွန်ရှင်းလင်းတိကျသော မူဝါဒရပ်တည်ချက်များ ထားရှိဖော်ဆောင်ပါက ၎င်းစိန်ခေါ်မှုများ ကျော်လွှားရန် တစ်တောင့်တစ်နေရာမှ အကူအညီ ဖြစ်စေနိုင်ပါသည်။

နိုင်ငံတွင်းရှိ သယံဇာတများကို ရေရှည်အကျိုးမျှော်ကိုး၍ ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုတာဝန်ခံမှုရှိစွာ စီမံအုပ်ချုပ်မှုရှိအောင် ဆော်ဆောင်ရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အရေးပါပါသည်။

The International Institute for Democracy and Electoral Assistance (International IDEA) and the Natural Resource Governance Institute (NRGI) အဖွဲ့အစည်းတို့ ပြုလုပ်ခဲ့သော သုတေသန လေ့လာမှုတွင် နိုင်ငံရေးဖြစ်စဉ်၌ လွတ်လပ်စွာ တန်းတူပါဝင်ခွင့် ရှိပါက သယံဇာတကဏ္ဍတွင်လည်း ခိုင်မာအားကောင်းသော ဥပဒေများ၊ အဖွဲ့အစည်းများနှင့် ကျင့်ထုံများရှိကြပြီး နိုင်ငံသားအကျိုးအတွက် ရရှိလာသည့် အခွန်ဘဏ္ဍာငွေများကို သုံးစွဲမှုရှိကြောင်း တွေ့ရှိရပါသည်။

ဤလမ်းညွှန်စာအုပ် ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်သည် သယံဇာတ စီမံအုပ်ချုပ်မှုကဏ္ဍတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ဆန်းစစ်လေ့လာရန်ဖြစ်ပြီး၊ နိုင်ငံရေးနှင့် သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒရပ်တည်ချက်များ ရေးဆွဲရာတွင် အကူအညီဖြစ်စေရန် ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်စာအုပ်ကို ၂၀၁၅ - ၂၀၁၆ ခုနှစ် ဂါနာနိုင်ငံရှိ နိုင်ငံရေးပါတီများအား သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒရပ်တည်ချက်မာျး ပေါ်ထွက်လာအောင် ကူညီထောက်ပံ့ပေးခဲ့သည့် အတွေ့အကြုံအပေါ် အခြေခံ၍ ပြုစုရေးသားထားသည်။ ထို့ပြင် နိုင်ငံပေါင်း ၆ နိုင်ငံမှ သယံဇာတ စီမံအုပ်ချုပ်မှုတွင် နိုင်ငံရေးပါတီများ၏ ပါဝင်ပက်သက်မှုများကို နမူနာ လေ့လာနိုင်ရန်အတွက် ထည့်သွင်းထားပါသည်။

ဤလမ်းညွှန်စာအုပ်ကို International IDEA နှင့် NRGI အဖွဲ့တို့ ပူပေါင်းထုတ်ဝေခြင်းဖြစ်ပါသည်။ အဖွဲ့နှစ်ဖွဲ့စလုံးသည် နိုင်ငံရေးပါတီများအား အချက်အလက်အခြေပြု သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် အကူအညီပေးနိုင်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေအများစုသည် သာမန်ဥပဒေပြဌာန်းမှုဖြင့် ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်နိုင်သော (အဆင့်မြင့်ဥပဒေတွင် ဖော်ပြထားသည့်) နိုင်ငံတော်၏ အခြေခံမူများ၊ အစိုးရ၏ ဖွဲ့စည်းပုံနှင့် အစိုးရ ယန္တရားများ၊ နိုင်ငံသားများ၏ အခြေခံကျသည့် လူ့အခွင့်အရေးများကို သတ်မှတ်ဖော်ပြကြသည်။ အဆိုပါ အဆင့်မြင့် ဥပဒေကိုပင် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ရည်ညွှန်းသတ်မှတ်လေ့ရှိပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် အကြောင်းအရာများ၊ သဘောသဘာဝများနှင့် ၎င်းတို့နှင့် အခြားသော တရားဥပဒေနှင့် နိုင်ငံ့ရေးရာစီမံခန့်ခွဲမှုများအကြားဆက်စပ်မှုသည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြား သိသိသာသာ ကွဲပြားမှုရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ ပြီးပြည့်စုံသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိပါ။ သို့ုသော် ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံထားသည့် ဖွဲ့စည်းပံ အခြေခံဥပဒေ၏ အဓိပ္ပါယ်သတ်မှတ်ချက်တွင် အောက်ပါလက္ခဏာရပ်များ ပါဝင်နိုင်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

နိုင်ငံတကာဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးတွင် ပိုမိုထည့်သွင်းစဉ်းစားလာရသည့် သင့်လျော်သောအချက်တစ်ချက်ဖြစ်လာသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် နိုင်ငံတကာဥပဒေ၏ ပြည်တွင်းဥပဒေအပေါ် အကျိုးသက်ရောက်မှုကို ပြဋ္ဌာန်းခြင်းက အထောက်အကူဖြစ်စေပါသည်။ အကယ်၍ နိုင်ငံတကာဥပဒေအားလုံး သို့မဟုတ် အချို့သည် အလိုအလျောက် အကျိုးသက်ရောက်ပါက ပြည်တွင်းဥပဒေအဆင့်များတွင် ၎င်းနိုင်ငံတကာဥပဒေသည် မည်သည့်အဆင့်မှ ရပ်တည်မည်နည်းဆိုသည့်အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြခြင်းက အထောက်အကူဖြစ်စေပါသည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုကို မြန်မာနိုင်ငံအတွက်အသုံးပြုရန် ကနဦးရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေများ၏ သဘောသဘာဝကို ရှင်းပြရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းနှင့် ဆက်စပ်ပုံကိုလေ့လာရန်ဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲစဉ်နှင့် သိသိသာသာပြင်ဆင်မှုများ လုပ်ဆောင်ချိန်တွင် မေးလေ့ရှိသော နိုင်ငံတကာဥပဒေဆိုင်ရာအောက်ပါ အဓိကမေးခွန်းလေးခုကို ရှင်းလင်းထားပါသည်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် ပြည်တွင်းဥပဒေစနစ်တွင် နိုင်ငံတကာဥပဒေနှင့်ပြည်တွင်းဥပဒေများအကြား ဆက်စပ်မှုကိုဖော်ပြသင့်သလား။ ဖော်ပြသင့်ပါက ရွေးချယ်စရာတွေက ဘာတွေလဲ။
  • နိုင်ငံတော်သည် နိုင်ငံတကာဥပဒေ၏ ကတိကဝတ်များ စည်းနှောင်မှုရှိစေရန် မည်သို့ဆောင်ရွက်ကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် သီးခြားဖော်ပြသင့်ပါသလား။
  • အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖော်ပြချက်အပေါ် နိုင်ငံတကာဥပဒေ၏ အကျိုးသက်ရောက်မှုရှိပါက ဘာတွေလဲ။
  • အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်မှုလုပ်ငန်းစဉ်အပေါ် နိုင်ငံတကာဥပဒေ၏ အကျိုးသက်ရောက်မှုရှိပါက ဘာတွေလဲ။
အနှစ်ချုပ်ကြည့်ရန်

လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများသည် လူတစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု နှင့် ချမ်းမြေ့သုခများကို ကာကွယ်ပေးသည်။ ထိုသို့ကာကွယ်ပေးရာတွင် နိုင်ငံတော်မှ ကမကထပြုသော ပညာရေး၊ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု၊ နေအိမ်အဆောက်အအုံ၊ သင့်တင်မျှတသောလုပ်အားခ၊ ကောင်းမွန်သည့်အလုပ်အကိုင် ပတ်ဝန်းကျင်နှင့် အခြားသော လူမှုရေးကောင်းကျိုးများကို ရရှိခံစားစေခြင်းဖြင့် အာမခံပေးသည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ဤစာတမ်းတစ်ခုချင်းစီသည် နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများမဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာခေါင်းစဉ်များအလိုက်မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထားသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

အနှစ်ချုပ်ကြည့်ရန်

ဤစာတမ်းတွင် ထိန်းညှိခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ လွတ်လပ်သော အင်စတီကျူးရှင်းများအကြောင်းကို ဆွေးနွေးတင်ပြထားပါသည်။ ထိုအင်စတီကျူးရှင်းများမှာ နိုင်ငံရေးအရ ဘက်လိုက်မှုမရှိဘဲ၊ အစိုးရ၏ မဏ္ဍိုင်ကြီး (၃) ရပ် မှ လွတ်လပ်သည့် အများဆိုင်အင်စတီကျူးရှင်းများဖြစ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်အတွက် သမာဓိတည်ဆောက်ရန်နှင့် လိုအပ်သည့်အရည်အသွေးနှင့် တည်တံ့ခိုင်မြဲမှုကိုပေးရန်တို့ဖြစ်သည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ဤစာတမ်းတစ်ခုချင်းစီသည် နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများမဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာခေါင်းစဉ်များအလိုက်မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထားသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

အနှစ်ချုပ်ကြည့်ရန်

နိုင်ငံရေးဆိုင်ရာပြေလည်မှုလုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲစနစ်ဒီဇိုင်းသည် အခရာကျသည့် အခန်းကဏ္ဍတစ်ခုအဖြစ်လုပ်ဆောင်သည်။ သို့သော်၄င်းသည် အသွင်ကူးပြောင်းမှုများရှိနိုင်ငံရေး ပါဝင်သူများနှင့် အချို့သောအတိုင်းအတာတစ်ခုအထိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအသိုင်းအဝိုင်း ကိုယ်တိုင်ပင် အကျွမ်းဝင်မှုအကန့်အသတ် မကြာခဏရှိနေသော ကမ္ဘာကြီးတစ်ခုဖြစ်သည်။

ဤစာတမ်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄-၅ ရက်တွင် ဗြိတိန်နိုင်ငံ၊ Edinburgh မြို့၌ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက်ပဋိပက္ခအလွန်ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းဆိုင်ရာ Edinburgh စကားဝိုင်းတွင် စာရေးသူတင်ပြခဲ့သောတင်ပြချက်ကို အခြေခံထားရေးသားထားခြင်း ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအသွင် ကူးပြောင်းမှုတစ်ရပ်၏အချိန်၊ အဆင့်များနှင့် ရှေ့နောက်အစီအစဉ်သတ်မှတ်မှုများ သည် ရွေးကောက်ပွဲစနစ်ရွေးချယ်မှုနှင့် သက်ဆိုင်သည်ဟု ထင်မှတ်ရသော်လည်း လက်ရှိအချိန်တွင် ၄င်းတို့အကြားရှိ ခိုင်မာသည့်ဆက်စပ်မှု မတွေ့သေးပါ။

အနှစ်ချုပ်ကြည့်ရန်

ကန့်သတ်မှုဆိုင်ရာပြဋ္ဌာန်းချက်တစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားသောအခွင့်အရေးများကို ဒီမိုကရေစီနည်းကျ လျော်ကန်သောရည်ရွယ်ချက်များအတွက် အတိုင်းအတာတစ်ခုအထိ တစ်စိတ်တစ်ပိုင်း ကန့်သတ်ခြင်းဖြစ်သည်။ ကန့်သတ်မှုဆိုင်ရာပြဋ္ဌာန်းချက်သည် ရည်ရွယ်ချက်ကြောင့်ဖြစ်စေ၊ သဘောသဘာဝကြောင့်ဖြစ်စေ၊ အတိုင်းအတာကြောင့်ဖြစ်စေ ဒီမိုကရေစီကိုအန္တရာယ်ဖြစ်စေနိုင်သော အခွင့်အရေးများအပေါ် အလွန်အကျွံကန့်သတ်ချက်များအား တားမြစ်ရန်လည်းကြိုးပမ်းသည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ဤစာတမ်းတစ်ခုချင်းစီသည် နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများမဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာခေါင်းစဉ်များအလိုက်မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထားသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်အကြောင်းအရာများသည် နိုင်ငံတစ်ခုကို စီမံခန့်ခွဲနိုင်မည့် ပုံစံများကို သတ်မှတ်ပြဋ္ဌာန်းပေးခြင်း၊ ရပိုင်ခွင့်များကို အာမခံပေးခြင်း၊ ယင်းဥပဒေများ သက်ရောက်အာဏာတည်ရေးအတွက် နည်းစနစ်များကိုဖော်ပြပေးခြင်းသာမက နိုင်ငံ၏အနာဂါတ်ကိုလည်း ပုံဖော်ပေးသည်။ များသောအားဖြင့် ပဋိပက္ခအလွန်တွင် ထွက်ပေါ်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေများသည် သရုပ်လက္ခဏာကို အခြေခံသောအုပ်စုများ၊ ပဋိပက္ခတွင် ပါဝင်ခဲ့သော အုပ်စုဟောင်းများ၊ နိုင်ငံရေးဆိုင်ရာနှင့် စစ်ဖက်ဆိုင်ရာတို့မှ အဓိကသက်ဆိုင်သူများနှင့် နိုင်ငံတကာမှအဓိကကျသော ပါဝင်သက်ရောက်သူများအပါအဝင် အင်အားစုများစွာအကြား ပြိုင်ဆိုင်မှုများ နှင့် စေ့စပ်ညှိနှိုင်းသဘောတူညီမှုများ၏ ရလဒ်များ ဖြစ်နေလေ့ရှိသည်။ ဤလက်တွေ့လမ်းညွှန်စာအုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေတည်ဆောက်ခြင်းကို နားလည်စေရန် မရှိမဖြစ် လိုအပ်သော အခြေခံအချက်များကို ဖော်ပြပေးပါသည်။ ထို့ပြင် ဤလမ်းညွှန်စာအုပ်သည် အခြေခံဥပဒေများကို မည်သို့ရေးဆွဲခဲ့ကြသည်၊ ဒီမိုကရေစီတန်ဖိုးများကို မည်ကဲ့သို့ အစပြုကာ အခြေတည်အောင် ထည့်သွင်းခဲ့ကြသည်ဟူသော ကျယ်ပြန့်သည့် နမူနာအမျိုးမျိုးကို ထည့်သွင်းဖော်ပြထားပါသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း လက်တွေ့လမ်းညွှန်စာအုပ်တွင် အခန်း ၇ ခန်း ပါဝင်သည်။ ယင်းတွင် မိတ်ဆက်နိဒါန်း (အခန်း ၁)၊ အခြေခံမူများနှင့် အပြန်အလှန်ချိတ်ဆက်နေသော အကြောင်းအရာများ (အခန်း၂)၊ လူ့အခွင့်အရေးဆိုင်ရာ ဓလေ့ထုံးတမ်းများ တည်ဆောက်ခြင်း (အခန်း ၃)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးတို့၏ ဒီဇိုင်းပုံစံ (အခန်း ၄၊ ၅ နှင့် ၆) နှင့် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေတည်ဆောက်ခြင်းနှင့်စပ်လျဥ်း၍ ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော အစိုးရပုံစံများ (အခန်း ၇) တို့ပါဝင်သည်။ ဤအခန်းတစ်ခုချင်းစီကို အောက်ပါ မာတိကာဇယားတွင် ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက်စာတမ်း တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးပါသောအပြောင်းအလဲများ လုပ်ဆောင်နိုင်ရေးအတွက် အခြေခံဥပဒေအသစ်ရေးဆွဲခြင်းနှင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်းအကြား ရွေးချယ်မှုကို လေ့လာဆန်းစစ်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း၏ အစောပိုင်းအဆင့်များ၌ ထွက်ပေါ်လာသော ဤရွေးချယ်မှုများသည် အခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဥ်အပေါ် သက်ရောက်နိုင်မှုရှိပြီး တရားဝင်မှုရှိသော အပြောင်းအလဲတစ်ရပ်အဖြစ် လူအများလက်ခံနိုင်စေရန်အတွက်လည်း အရေးပါမှုရှိသည်။ အခြေခံဥပဒေအသစ်ရေးဆွဲခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်းအကြား ရွေးချယ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း၏ အောင်မြင်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည်။

အနှစ်ချုပ်ကြည့်ရန်

ပြည်သူလူထုတိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်သည် ၂၁ ရာစုအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရာ၌ အသုံးပြုသည့် လုပ်ဆောင်ချက်အားလုံးနီးပါး၏ အင်္ဂါရပ်တစ်ခု ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက်စာတမ်း တွင် ပြည်သူလူထုတိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ မတူကွဲပြားသော ပုံစံ ၃ မျိုး ဖြစ်သော ဆွေးနွေးတိုင်ပင်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့အား ဆန်းစစ်သုံးသပ်ထားသလို အလုံးစုံပါဝင်နိုင်သော၊ အဓိပ္ပါယ်ပြည့်ဝသော ပြည်သူလူထု တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်အား အားပေးမြှင့်တင်သည့် နည်းလမ်းများအား သတ်မှတ်ဖော်ထုတ်ထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဖက်ဒရယ်စနစ်နှင့်ဗဟိုချုပ်ကိုင်မှုအာဏာလျော့ချခြင်း

View more

International IDEA က ထုတ်ဝေထားသည့် ဒေသန္တရဒီမိုကရေစီ စာအုပ်ကို ဖတ်လွယ်၊ မှတ်လွယ်ပုံစံဖြင့် ရယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုပါသည်။ မသန်စွမ်းသူများအပါအဝင် မည်သူမဆို ဒေသန္တရဒီမိုကရေစီအကြောင်း လွယ်လင့်တကူ နားလည်နိုင်စေရန်ရည်ရွယ်ကာ ဤဖတ်လွယ်၊မှတ်လွယ် စာအုပ်ငယ်ကို ‌ရေးသားပြုစုထားခြင်းဖြစ်ပါသည်။ ဤစာအုပ်ငယ်ကို လူတိုင်းလက်လှမ်းမီဖတ်ရှုနိုင်စေရန် အတွက် စကားလုံးအသုံးအနှုန်းများကို ရိုးရိုးရှင်းရှင်းဖြင့် တိုတိုတုတ်တုတ် ရေးသားထားပြီး ရုပ်ပုံများလည်း ထည့်သွင်းထားပါသည်။ ဤစာအုပ်ငယ်တွင် ဒေသန္တရဒီမိုကရေစီဆိုတာ ဘာလဲ၊ ပြည်သူလူထုအတွက် ဘယ်လိုအရေးပါသလဲ၊  ဒေသန္တရဒီမိုကရေစီရဲ့ အားသာချက်နှင့် အားနည်းချက်၊  ဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲမှာ ဒေသန္တရဒီမိုကရေစီကို ဘယ်လိုထည့်သွင်းဖော်ပြနိုင်လဲ စသည်တို့ကို ရှင်းပြထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဖက်ဒရယ်စနစ်သည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဆင့်အသီးသီးကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးသည့် အခြေခံဥပဒေဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်ပါသည်။ တိုင်းပြည်၏ ပြည်နယ်/ဒေသခွဲများ (ဥပမာ - ပြည်နယ်၊ တိုင်း၊ စီရင်စု၊ ဒေသခွဲ(Länders) ဒေသစိတ်နယ်မြေ(Cantons) စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိသော နယ်နမိတ်ထင်ထင်ရှားရှား သတ်မှတ်ထားသည့် နယ်မြေ၊ဒေသများ)ကို အချို့သော မူဝါဒနယ်ပယ်များတွင် အတိုင်းအတာတစ်ခုထိ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်(သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန် အာမခံချက်ပေးခြင်းဖြစ်သည်။

ဖက်ဒရယ်စနစ်၏ အခြားသော အဓိကအစိတ်အပိုင်းတစ်ရပ်မှာ အတူတကွပူးပေါင်းအုပ်ချုပ်ခြင်းဖြစ်သည်။ အတူတကွပူးပေါင်းအုပ်ချုပ်ခြင်းဆိုသည်မှာ ပြည်နယ်/ဒေသခွဲများသည် ဖက်ဒရယ်အဆင့်၊ သို့မဟုတ် ဗဟို(ပြည်ထောင်စု)အဆင့်တွင် ဆုံးဖြတ်ချက်များချမှတ်ရာ၌လည်း ကိုယ်စားပြုခွင့်၊ ပါဝင်ခွင့်ရခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု အများစုတွင် ထိုသို့ပူးပေါင်းအုပ်ချုပ်ခြင်းကို ဖက်ဒရယ်(ပြည်ထောင်စု) အဆင့်၌ ဥပဒေပြုလွှတ်တော်နှစ်ရပ်ထားရှိခြင်း ( ဥပဒေပြုလွှတ်တော်ကို လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားခြင်း) ဖြင့် ဖော်ဆောင်လေ့ရှိကြပြီး ထိုလွှတ်တော်နှစ်ရပ်အနက် ပြည်သူ့ (အောက်)လွှတ်တော်က ပြည်သူများကို ကိုယ်စားပြုကာ အမျိုးသား (အထက်) လွှတ်တော်က ပြည်နယ်၊ဒေသများကို တစ်နည်း၊ တစ်ဖုံအားဖြင့် ကိုယ်စားပြုသည်။ ဖက်ဒရယ်ပြည်ထောင်စု အားလုံးနီးပါးတွင် ဥပဒေပြုလွှတ်တော်နှစ်ရပ်ရှိကြသော်လည်း အမျိုးသား (အထက်) လွှတ်တော်၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ သိသိသာသာ ကွဲပြားမှုရှိရာ ဖက်ဒရယ်စနစ်တစ်ခုလုံး အတိုင်းအတာတွင်  အမျိုးသား(အထက်)လွှတ်တော်၏ အခန်းကဏ္ဍမှာ မတူညီကြသည်ကို တွေ့နိုင်သည်။

အနာဂတ်ဖက်ဒရယ်စနစ်ပုံစံနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရာတွင် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးသော ပါဝင် ပတ်သက်သူများအနေနှင့် အတူတကွပူးပေါင်းအုပ်ချုပ်မှု ပေါ်ပေါက်စေရေးအတွက် အထက်လွှတ်တော်၏ ဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ သဘောတူညီမှု ရရှိရန်လိုအပ်ပြီး ကွဲပြားခြားနားသော အခြေခံဥပဒေဒီဇိုင်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားထားရန် လိုအပ်သည်။ ဤစာတမ်းတွင် အဓိကထား ထည့်သွင်းစဉ်းစားရမည့် နည်းလမ်းများကို အလေးပေးဖော်ပြထားကာ ထိုမတူညီသော နည်းလမ်းအမျိုးမျိုးနှင့် ပတ်သက်ပြီး နှိုင်းယှဉ်လေ့လာဆန်းမှုအပေါ်အခြေခံထားသည့် ခြုံငုံသုံးသပ်ချက်တစ်ရပ်ကိုလည်း ဖော်ပြထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

အခြေခံဥပဒေဆိုင်ရာ စာတမ်းတိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ပုံမှ အပ်နှင်းထားသော အများပြည်သူ ဆိုင်ရာအာဏာနှင့်စပ်လျဉ်းသည့် အစီအစဉ် အခင်းအကျင်းများနှင့် ဖော်ပြပေးထားပါသည်။ အများပြည်သူနှင့် သက်ဆိုင်သည့် အရင်းအမြစ်များနှင့် အာဏာကို ခွဲဝေနေရာချထားရာတွင် ဖြစ်စေ၊ လုပ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်အမှတ်လက္ခဏာ တို့ကို အသိအမှတ်ပြုလက်ခံရာတွင် ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြောင်းလဲ လုပ်ဆောင်ရခြင်းများရှိပါသည်။ ယင်းသို့ ပြောင်းလဲလုပ်ဆောင်ရာတွင် နယ်မြေအပိုင်းအခြားများကို စီမံအုပ်ချုပ်ခြင်းနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအစဉ်များသည် လူ့အဖွဲ့အစည်းအား ပြောင်းလဲဖွဲ့စည်းတည်ဆောက်ခြင်း၊ ပဋိပက္ခမှ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းတွင် အတိမ်းအစောင်းမခံနိုင်လောက်အောင် အရေးကြီးလှပါသည်။

အနှစ်ချုပ်ကြည့်ရန်

အခြေခံဥပဒေဆိုင်ရာ စာတမ်းတိုတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ်သက်သည့် အဓိက အယူအဆများနှင့် ယင်းတို့၏ အချိန်နှင့်အမျှ ဆင့်ကဲပြောင်းလဲလာခဲ့ပုံကို မိတ်ဆက်ဖော်ပြထားပြီး နှိုင်းယှဉ်ဖော်ပြထားသော အခြေခံဥပဒေဆိုင်ရာ ကျင့်သုံးမှုများမှ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သက်ဆိုင်သည့် အမျိုးမျိုးသော ချဉ်းကပ်ပုံနည်းလမ်းများအပေါ် စစ်တမ်းကောက်ယူမှုတစ်ခုကို ဖော်ပြပေးထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

Federalism is a constitutional mechanism for dividing power between different levels of government, such that federated units can enjoy constitutionally guaranteed autonomy over certain policy areas while sharing power in accordance over other policy areas.

International IDEA’s Constitution-Building Primers are designed to assist in-country constitution-building or constitutional-reform processes by helping citizens, political parties, civil society organisations, public officials, and members of constituent assemblies make wise constitutional choices.

They also provide guidance for staff of intergovernmental organizations and other external actors working to provide well-informed, context-relevant support to local decision-makers.

အနှစ်ချုပ်ကြည့်ရန်

ဤအခြေခံဥပဒေဆိုင်ရာစာတမ်းတိုတွင် ခွဲထွက်ခြင်းနှင့် စပ်လျဉ်း၍ ကမ္ဘာပေါ်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် မည်သို့လုပ်ဆောင်ပုံ၊ ချဉ်းကပ်ပုံများကို ခြုံငုံဖော်ပြထားသည်။ ခွဲထွက်ခြင်းကိစ္စနှင့် စပ်လျဉ်းပြီး အဓိက ရွေးချယ်ဖွယ်ပုံစံများဖြစ်သော ခွဲထွက်ခြင်းနှင့်ပက်သက်၍ ခွင့်ပြုခြင်း၊ တားမြစ်ခြင်း နှင့် နှုတ်ဆိတ်နေခြင်း စသည်တို့အကြောင်း ဆွေးနွေးထားသည်။

အနှစ်ချုပ်ကြည့်ရန်

ဖက်ဒရယ်နိုင်ငံ တစ်နိုင်ငံတွင် အစိုးရအဆင့် ၂ ဆင့် အနည်းဆုံးပါဝင်ပြီး၊ တစ်ဆင့်ချင်းစီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ပေးထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတိုင်းအတာ ကိုယ်စီ ရှိကြသည်။ ဖက်ဒရယ်စနစ်တစ်ရပ် ကျင့်သုံးသော အစိုးရအုပ်ချုပ်သည့် နိုင်ငံများတွင် အဆိုပါ အဆင့်များကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေသည့် နည်းလမ်းအသွယ်သွယ်သည် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များအပေါ်  သက်ရောက်မှုရှိသည်။ ဤစာတမ်းတိုသည် အခက်ခဲနက်နဲဆုံးသော မေးခွန်းများထွက်ပေါ်လာလေ့ရှိသည့် ဥပဒေပြုရေးအာဏာ ခွဲဝေသတ်မှတ်ခြင်း နှင့်စပ်လျဉ်းပြီး အသားပေး ဆွေးနွေးထားသည်။

အနှစ်ချုပ်ကြည့်ရန်

ဤပေါ်လစီအနှစ်ချုပ်သည် (IDEA) မှ ၂၀၀၃ ခုနှစ်တွင်ထုတ်ဝေခဲ့သော ‘အကြမ်းဖက်ပဋိပက္ခလွန် ပြန်လည်ရင်ကြားစေ့ရေး’ လက်စွဲစာအုပ်မှ အဓိကကျသော အချက်အလက်များကို စုစည်းတင်ပြထားပေသည်။ အတိတ်ကာလအကြမ်းဖက်မှုများ၏ နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် သင့်လျော်သောလုပ်ငန်းစဉ်တရပ် ပေါ်ပေါက်ရေးသို့ ဦးတည်မည့် ပေါ်လစီများဆိုင်ရာ အဓိကကြောင်းအရာများကို တင်ပြထားပြီး အချို့သော ဖြစ်ရပ်မှန်ဇာတ်လမ်းများနှင့်ထောက်ခံဆွေးနွေးချက်များကို ချန်လှပ်ထားခဲ့ပါသည်။  

အနှစ်ချုပ်ကြည့်ရန်

ဖက်ဒရယ်စနစ်တွင် သို့မဟုတ် အာဏာလွှဲပြောင်းအပ်နှင်းခြင်းစနစ်တွင် ပြည်သူ့အာဏာကို စီမံခန့်ခွဲမှုပါဝင်သည်။ သို့မှသာ အနည်းဆုံး အစိုးရအဆင့်နှစ်ဆင့်ရှိသော အစိုးရယန္တရားသည် တုံ့ပြန်မှုအားကောင်းမည်ဖြစ်ပြီး ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၅ နိုင်ငံနှင့် အထက်တွင် မတူကွဲပြားသည့် ဖက်ဒရယ်စနစ်အမျိုးမျိုးကို ကျင့်သုံးကြသည်။ ဖက်ဒရယ်စနစ်မကျင့်သုံးသော အခြားသောနိုင်ငံများတွင် နယ်မြေတစ်ခုအတွက် သီးသန့် သို့မဟုတ် နိုင်ငံနှင့်အဝှမ်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်အစီအမံထားရှိကာ အာဏာလွှဲပြောင်းအပ်နှင်းခြင်းကဲ့သို့သော နည်းလမ်းများဖြင့် လုပ်ဆောင်ကြသည်။ ဘာကြောင့် ဗဟိုချုပ်ကိုင်မှုစနစ်မှ ဖက်ဒရယ် သို့မဟုတ် အာဏာလွှဲပြောင်းအပ်နှင်းခြင်းစနစ်သို့ ပြောင်းလဲခြင်းမှန်သမျှသည် သိသာသော အပြောင်းအလဲတစ်ရပ် ဖြစ်ကြောင်းကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက်စာတမ်း တွင်  ရှင်းလင်း ဖော်ပြထားသည်။ ထိုကဲ့သို့သော အပြောင်းအလဲများတွင် ပေါ်ပေါက်တတ်သော စိန်ခေါ်မှုများ နှင့် ထိုစိန်ခေါ်မှုများအား ရင်စိန်ဖြေရှင်းရန် နည်းလမ်းများကိုလည်း အကြံပြုတင်ပြထားသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက် သည် ပြည်နယ်ဒေသတစ်ခုအပေါ် အခြားဒေသများနှင့် မတူကွဲပြားခြားနားစွာ ကိုင်တွယ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သို့မဟုတ် ဥပဒေရေးရာ အစီအမံများမှထွက်ပေါ်လာသော မေးခွန်းများကို ဆွေးနွေးထားသည်။

ဤသို့ မတူကွဲပြားခြားနားစွာ ကိုယ်တွယ်မှုကို တစ်ခါတစ်ရံတွင် ''ဘက်မညီ/အချိုးမညီမှုပုံစံ'' ဟု ဖော်ပြထားသည်။ အချိုးမညီမှုပုံစံသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများ၏ လက္ခဏာတစ်ခုဖြစ်သည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက် မှ ကောက်နှုတ်ထားသည့် အချိုးမညီမှုဥပမာများတွင် အိန္ဒိယနိုင်ငံမှ ဂျမ်မူ နှင့် ကက်ရှမီးယား၊ အင်ဒိုနီးရှားနိုင်ငံမှ အာချေး၊ ဖိလစ်ပိုင်နိုင်ငံမှ ဘန်စမိုရိုဒေသ၊ ပါပူဝါနယူးဂီနီရှိ ဘူဂန်ဗေးလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မလေးရှားရှိ ဆာဗား နှင့် ဆာရာဝက်ခ် ဒေသ၊ တိမောလာစ်တီ ရှိ Oecusse ဒေသအရေးတို့ ပါဝင်သည်။

အာရှနှင့် ပစိဖိတ်ဒေသတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းဆိုင်ရာ မဲလ်ဘုန်းဖိုရမ် သည် Constitution Transformation Network (ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကွန်ရက်) နှင့် International IDEA တို့ ပူးပေါင်းစီစဥ်လုပ်ဆောင်သော စင်မြင့်တစ်ခုဖြစ်သည်။ ၎င်းသည် ဒေသတစ်ဝှမ်းရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းဆိုင်ရာ ပညာရှင်များနှင့် လက်တွေ့လုပ်ဆောင်သူများအား အတူတကွစုဝေးကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့်နားလည်နိုင်စေရန် အရေးကြီးသည့် အကြောင်းအရာများအပေါ် အတွေးအမြင်များ မျှဝေဖလှယ်နိုင်စေရန် ရည်ရွယ်သည်။

ဤစာစဥ်များသည် မဲလ်ဘုန်းဖိုရမ်တွင် ဆွေးနွေးခဲ့သော အတွေးအမြင်များကို လွယ်လင့်တကူလက်လှမ်းမီသိရှိနိုင်စေရန် လက်တွေ့အခြေပြုနည်းလမ်းဖြင့် ထည့်သွင်းဆွေးနွေးထားသည်။

အနှစ်ချုပ်ကြည့်ရန်

တရားစီရင်ရေး

This Constitution Brief provides a basic guide to constitutional courts and the issues that they raise in constitution-building processes, and is intended for use by constitution-makers and other democratic actors and stakeholders in Myanmar.

အနှစ်ချုပ်ကြည့်ရန်

ဖက်ဒရယ်စနစ်အားလုံးရှိ တရားရေးစနစ်တွင် အကျုံးဝင်သော အထွေထွေအခြေခံမူများရှိသော်လည်း ဖက်ဒရယ်စနစ် အမျိုးမျိုးရှိ တရားစီရင်ရေးကဏ္ဍကို ဖွဲ့စည်းရာတွင် နည်းလမ်းအမျိုးမျိုးနှင့် ထိုသို့တည်ဆောက်ရာတွင် အာဏာနှင့် လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်သော မတူညီသည့်နည်းလမ်းများရှိသည်။ နည်းလမ်း တစ်ခုချင်းစီကို စဉ်းစားသုံးသပ် ဆုံးဖြတ်ချက်ချမှတ်ရာတွင်၊ အမျိုးမျိုးသော ပြဿနာကိစ္စရပ်များစွာဖြင့် ကြုံတွေ့နိုင်သည်။

မတူညီသော အတွေ့အကြုံများကို နှိုင်းယှဉ်လေ့လာခြင်းဖြင့် သတင်းအချက် အလက်နှင့် အသိပညာများ ပေးစွမ်းနိုင်သော်လည်း အပြီးသတ်ရွေးချယ်ရေးသည် ဖက်ဒရယ် တိုင်းပြည်တစ်ခုချင်းစီ၏ ဦးစားပေးအရာများနှင့် ရေခံမြေခံအနေအထားများအပေါ် မူတည်သည်။

ဤအကျဉ်းချုပ်သည် တရားစီရင်ရေးမဏ္ဍိုင်အား မည်သို့ဖွဲ့စည်းသင့်သည် ဆိုသည့် ကိစ္စရပ် အပေါ်မဆွေးနွေးမီ ဖက်ဒရယ်စနစ်တစ်ခုရှိ အုပ်ချုပ်မှုပုံစံများနှင့် ပက်သက်ပြီး သမားရိုးကျဝိသေသများနှင့် အဓိကလက္ခဏာများအား အကြမ်းဖျဉ်းပုံဖော်ခြင်းဖြင့် မိတ်ဆက်တင်ပြထားသည်။ ဖက်ဒရယ်စနစ်ရှိ တရားစီရင်ရေးမဏ္ဍိုင် ဖွဲ့စည်းရာတွင် ထည့်သွင်းစဉ်းစားရန် စပ်ဆက်မှုရှိသော မေးခွန်းနှစ်ခုကို ဤစာတမ်းမှ ဖော်ထုတ်ဆွေးနွေးထားပါသည်။ တရားရုံးများ၏ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်စနစ်တစ်ခုအတွင်းရှိ သတ်မှတ်ပေးထားသော လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေသင့်/ မသင့် နှင့် (အကယ်၍ ခွဲဝေခဲ့လျှင် မည်သို့ခွဲဝေမည်) ဆိုသည့် အချက်များကို အခြေခံကျကျ ဆွေးနွေးထားသည်။

အနှစ်ချုပ်ကြည့်ရန်

ဤစာတမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးသည့် ဒီမိုကရေစီစနစ်ရှိ တရားသူကြီးများ၏ရာထူးသက်တမ်း၊ အထူးကင်းလွတ်ခွင့်များ စည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို့အားရာထူးမှ ထုတ်ပယ်ခြင်းတို့အပေါ် အုပ်စိုးသည့်နည်းဥပဒေများကို ထည့်သွင်းဆွေးနွေးထားသည်။ အထူးသဖြင့် တရားရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် သမာသမတ်ရှိမှု၊ တရားရေးဆိုင်ရာ တုံ့ပြန်ဖြေရှင်းခြင်းနှင့် တာဝန်ခံမှုတို့အကြား ဟန်ချက်ညီမျှတစေမည့် နည်းလမ်းအထွေထွေကို ဆွေးနွေးတင်ပြထားသည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။ အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။

နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

ယခု ပြန်လည်ပြင်ဆင်ထုတ်ဝေထားသည့် စာအုပ်ကို အောက်တိုဘာလ ၂၀၁၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤပဏာမအခြေခံတွင် အခြေခံဥပဒေအရ ဒီမိုကရေစီနိုင်ငံများတွင် တရားသူကြီးရာထူးခန့်အပ်မှုများအတွက် အသုံးပြုသည့်စနစ်များကို ဖေါ်ပြထားသည်။

အလုပ်အကိုင်သက်တမ်းတလျှောက် တရားသူကြီးလုပ်ကိုင်လာသူများ၊ လွတ်လပ်သော ကော်မရှင်က ခန့်အပ်မှု များနှင့် လွှတ်တော်နှင့် အစိုးရအကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုဖြင့် ခန့်အပ်ခြင်း သို့မဟုတ် ကိုယ် စားပြုမှုအရ ခန့်အပ်မှုများ အပါအဝင် အသုံးများသော ခန့်အပ်မှုစနစ် အမျိုးမျိုးကို ဆွေးနွေးထားသည်။

International IDEA ၏ အခြေခံဥပဒေ တည်ဆောက်ခြင်း ပဏာမအခြေခံများသည် နိုင်ငံသားများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအား မှန်ကန်သော အခြေခံဥပဒေဆိုင်ရာ ရွေးချယ်မှုများပြုလုပ်နိုင်စေရန် အကူအညီပေးခြင်းအားဖြင့် ပြည်တွင်း အ ခြေခံဥပဒေတည်ဆောက်ခြင်း သို့မဟုတ် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အထောက် အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

အစိုးရစနစ်များ (အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအာဏာများ)

ဤစာတမ်းတွင် ပါလီမန် ဒီမိုကရေစီစနစ်တွင် အစိုးရအား ရွေးချယ်ခြင်း၊ ဖယ်ရှားခြင်းပြုလုပ်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ယန္တရားများကို ဆွေးနွေးထားပါသည်။ ပါလီမန် ဒီမိုကရေစီစနစ်တွင် အစိုးရများကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ပေ။ ၄င်းတို့ကို တိုက်ရိုက်မဟုတ်သောနည်း သို့မဟုတ် လွှတ်တော်မှတစ်ဆင့် ရွေးကောက်တင်မြှောက်ပြီး ၄င်းတို့သည် လွှတ်တော်ကို တာဝန်ယူ၊တာဝန်ခံရသည်။ လွှတ်တော်၏ အယုံအကြည်မရလျှင် အစိုးရရာထူးမှ ဖယ်ရှားခံရနိုင်သည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ဤစာတမ်းတစ်ခုချင်းစီသည် နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများမဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာခေါင်းစဉ်များအလိုက်မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထားသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

အနှစ်ချုပ်ကြည့်ရန်

လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြုခြင်းဟူသည် ဥပဒေပြုရေးအာဏာကို လွှတ်တော်နှစ်ရပ်ကြားခွဲဝေအသုံးပြုသည့် စနစ်ဖြစ်သည်။ ဥပဒေပြုလွှတ်တော်နှစ်ရပ်ထားရှိခြင်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရများကို ကိုယ်စားပြုနိုင်သည်၊ စိစစ်ရေးနှင့် ပြန်လည်သုံးသပ်ရေး ကျွမ်းကျင်ပညာရှင်အစုအဖွဲ့အဖြစ်လည်း တာဝန်ယူဆောင်ရွက်နိုင်သည်၊ အောက်လွှတ်တော်၏အာဏာကို ဒီမိုကရေစီနည်းဖြင့် ထပ်ဆောင်းထိန်းကျောင်းနိုင်သည်၊ လူမှုစီးပွားရေးဆိုင်ရာ အကျိုးစီးပွားအထွေထွေ သို့မဟုတ် လူမျိုးနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းကွဲပြားသော လူနည်းစုများအတွက် ကိုယ်စားပြုမှုကိုလည်း ဆောင်ကျဉ်းပေးနိုင်သည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။

အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။

နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

ယခု ပြန်လည်ပြင်ဆင်ထုတ်ဝေထားသည့် စာအုပ်ကို အောက်တိုဘာလ ၂၀၁၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုတွင် အစိုးရ၏ ကွဲပြားခြားနားသည့်စနစ်များအလိုက် ဝန်ကြီးများခန့်အပ်ခြင်းအကြောင်းကို ဆွေးနွေးထားပါသည်။

ဝန်ကြီးများသည် ဥပဒေပြုလွှတ်တော်တွင် ရာထူးတာဝန်ထမ်းဆောင် ခွင့် ရှိမရှိဆိုသည့် မေးခွန်းအပေါ် အဓိကထားဆွေးနွေးထားပါသည်။ မြန်မာနိုင်ငံ၏ ရေခံမြေခံလိုအပ်ချက်ပေါ်မူတည်၍ သီးသန့်ရည်ညွှန်း ရေးသားထားခြင်းဖြစ်ပါသည်။

 ဤဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုသည် (က) နိုင်ငံတော်အဆင့် ဝန်ကြီးများခန့်အပ်ခြင်း (ခ) ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများခန့်အပ်ခြင်းများ ကို လေ့လာထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

အုပ်ချုပ်ရေးပိုင်းနှင့် မဆိုင်သော သမ္မတသည် လူထုအား ကိုယ်စားပြုသည့် ကဏ္ဍကို ထမ်းဆောင်သော်လည်း အုပ်ချုပ်ရေး သို့မဟုတ် မူဝါဒချမှတ်မှု အာဏာကို ကျင့်သုံးခြင်းမပြုသူ နိုင်ငံ၏ သင်္ကေတမြောက် ခေါင်းဆောင် ဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးပိုင်းနှင့် မဆိုင်သော သမ္မတသည် အခြေခံဥပဒေဆိုင်ရာ ခုံသမာဓိလူကြီး သို့မ ဟုတ် အာမခံချက်ပေးသူအဖြစ် သမားရိုးကျ မဟုတ်သော နိုင်ငံရေးအရ ကြားဝင်ဆောင်ရွက်မှုတွင် ဆင်ခြင်စဉ်း စား၍ ကျင့်သုံးနိုင်သော အာဏာအချို့ရှိသည်။

International IDEA ၏ အခြေခံဥပဒေ တည်ဆောက်ခြင်း ပဏာမအခြေခံများသည် နိုင်ငံသားများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအား မှန်ကန် သော အခြေခံဥပဒေဆိုင်ရာ ရွေးချယ်မှုများ ပြုလုပ်နိုင်စေရန် အကူအညီပေးခြင်းအားဖြင့် ပြည်တွင်း အခြေခံဥပ ဒေ တည်ဆောက်ခြင်း သို့မဟုတ် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်။

အနှစ်ချုပ်ကြည့်ရန်

ပဋိပက္ခလွန်ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း

View more

ဂျူဘာငြိမ်းချမ်းရေးသဘောတူစာချုပ် (Juba Peace Agreement) (JPA) ကို ၂၀၂၀ခုနှစ် အောက်တိုဘာလ ရက်တွင် ဆူဒန်အစိုးရနှင့် ဆူဒန် တော်လှန်ရေးတပ်ဦး (Sudan Revolutionary Front) (SRF) အမည်ရှိ လက်နက်ကိုင်လှုပ်ရှားမှု အုပ်စုများနှင့် နိုင်ငံရေးအုပ်စုများ ညွန့်ပေါင်းအဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ဘက်တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးတစ်စိတ်တစ်ဒေသ အောင်မြင်မှုရရှိခဲ့ပါသည်။ ယုံကြည်မှုတည်ဆောက်ရေးနှင့် နိုင်ငံရေးသဘောတူညီမှု၊ ညှိနှိုင်းဆွေးနွေးမှုတို့ ပေါ်ပေါက်နိုင်သည့် အခြေအနေကောင်းများ ဖန်တီးရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင်အမျိုးသား ကွန်ဂရက်ပါတီ (National Congress Party) (NCP) ခေါင်းဆောင် သမ္မတ အိုမာအယ်ဘာရှီရ် (Omar al-Bashir) အာဏာရှင်အစိုးရ ပြုတ်ကျသွားပြီးနောက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယင်းအခြေအနေကောင်းများ လိုအပ်သည်ဟု အသိအမှတ်ပြုကြပါသည်။

JPA တွင် တန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှု မပြုရေး၊ အရပ်ဘက် ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံတော် တည်ထောင်ရေး၊ ပဋိပက္ခကြောင့် ထိခိုက်သော နယ်မြေဒေသများတွင် တန်းတူရေး အထူးစီမံဆောင်ရွက်ချက် (affirmative action) နှင့် အကူးအပြောင်းကာလ တရားမျှတမှု (transitional justice) အပါအဝင် ဒီမိုကရေစီ မူ အများအပြားကို အလေးအနက် ဖော်ပြထားပါသည်။

ဤစာတမ်းတွင် ကောက်နှုတ်သုံးသပ်သည်မှာ ဒီမိုကရေစီ အကူးအပြောင်း လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးနှင့် JPA အောင်မြင်မှု ရရှိရေး အစီအမံများ မူဘောင်အတွင်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်သည့် လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အကူးအပြောင်း လုပ်ငန်းစဉ် တို့ကို သီးခြားစီမဟုတ်ဘဲ တစ်ခုနှင့် တစ်ခု ဖြည့်ဘက်ဖြစ်စေလျက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းစဉ် နှစ်ရပ်လုံး အောင်မြင်မှုရရှိပါမည်။

အနှစ်ချုပ်ကြည့်ရန်

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အခြားသော တိုင်းဒေသကြီး/ပြည်နယ် ဥပဒေများအပေါ် လွှမ်းမိုးပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် နိုင်ငံရေးအာဏာကို ကန့်သတ်ခြင်း၊ စုဖွဲ့ခြင်းများ ဆောင်ရွက်သည့် စာဖြင့်ရေးသားထားသော ဥပဒေအစီအမံများ ဖြစ်သည်ဟု ယေဘုယျ နားလည်သဘောပေါက်ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ မူလပထမ ရည်မှန်းချက်များမှာ တိုင်းဒေသကြီး/ပြည်နယ်၏ အုပ်ချုပ်မှုစနစ်ကို အတိအလင်း သတ်မှတ်ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်၏ ပိုင်နက်နယ်မြေ အတွင်း နိုင်ငံသားများ၏ အခွင့်အရေးများကို ပြဋ္ဌာန်းပေးလေ့ ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အဆင့် နိုင်ငံရေးအသိုက်အဝန်းကို သတ်မှတ်ခြင်း၊ ကိုယ်ပိုင်စရိုက်လက္ခဏာကို သတ်မှတ်ပြဋ္ဌာန်း ခြင်းများလည်း ရှိပါသည်။ တဖန် တိုင်းဒေသကြီး/ပြည်နယ်များကို နိုင်ငံတော်တွင် စုဖွဲ့ပါဝင်သည့် နယ်မြေဒေသအလိုက် သတ်မှတ်ထားသော အစိတ်အပိုင်းများအဖြစ်လည်း သတ်မှတ်နိုင်ပါသည်။

ဤမူဝါဒစာတမ်းတွင် ဖက်ဒရယ်နိုင်ငံများနှင့် တစ်ပြည်ထောင်နိုင်ငံများ (သို့မဟုတ် ဖက်ဒရယ် စနစ်ကို ရောစပ်ကျင့်သုံးသော နိုင်ငံများ) ရှိ ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက် ရောက်မှုရှိသည့် နယ်မြေဒေသများတွင် စစ်အေးတိုက်ပွဲပြီးနောက် ၁၉၉၁ ခုနှစ်မှ စတင်၍ ပြဋ္ဌာန်း ထားရှိကြသည့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာဖော်ပြ ထားပါသည်။ ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက်ရောက်မှုရှိသည့် နယ်မြေဒေသ များတွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းသည့် လုပ်ငန်းစဉ်၊ စီစဉ်ရေးဆွဲပုံတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ဖြေရှင်း ချက်နှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့် လုပ်ငန်းစဉ်တွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မူဝါဒ စာအုပ်စာတမ်းများ၊ ပညာရပ်စာအုပ်စာတမ်းများ၏ လစ်ဟာချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

အကြမ်းဖက် ပဋိပက္ခများတွင် ဆွေးနွေးညှိနှိုင်း၍ရရှိလာသော သဘောတူညီချက်များသည် လွန်ဆွဲ လျက်ရှိသော ဇာတ်ဆောင်များအကြား လူအများလိုလားထောက်ပံ့သော နိုင်ငံရေးဖြေရှင်းချက်သစ်ရရှိ စေရန် ကြိုးပမ်းဆောင်ရွက်စေမည် ဖြစ်သည်။ ထိုသဘောတူညီချက်များတွင် အပစ်အခက်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေး သဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအစဉ်များ အသေးစိတ်ရေးဆွဲထား သော စာရွက်စာတမ်းများ အစရှိသည်တို့ ပါဝင်သည်။ ဤသို့ဖြင့် ရရှိလာသော နိုင်ငံရေးဖြေရှင်းချက်များသည် နိုင်ငံ သို့မဟုတ် တိုင်းဒေသကြီးကို ပဋိပက္ခအခြေအနေမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကတိကဝတ်များဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေး နှင့် တရားဥပဒေစိုးမိုးမှုရှိသောအခြေအနေသို့ တွန်းပို့စေနိုင်သည်။

ရှေ့နောက်စီစဉ်ဆောင်ရွက်ခြင်းနှင့် ဆွေးနွေးညှိနှိုင်း၍ရရှိလာသော သဘောတူညီချက်များ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုသည် အကြောင်းအချက်အချို့ပေါ်မူတည်ပါသည်။ ၎င်းတို့မှာ နိုင်ငံရေးဖြေရှင်းချက် ရရှိရန် တောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ် ကွဲပြားမှုများ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ များသည် မည်သည့်အချိန်တွင် (မည်သို့ နည်းလမ်းများဖြင့်) နိုင်ငံရေးဖြေရှင်းချက် အဖြစ်သို့ ဖော်ဆောင် ပေးနိုင်ခဲ့သနည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေချမှတ်ခြင်းသည် မည်သည့်အချိန်တွင် (မည်သည့်အတွက်ကြောင့်) နိုင်ငံရေးဖြေရှင်းချက် လုပ်ငန်းစဉ်နှင့် ကွဲပြားသွားသနည်း၊ ထိုကွဲပြားသွားခြင်း၏ အကျိုးရလဒ်များ အစသည် တို့ ဖြစ်ပါသည်။

ဤမူဝါဒစာတမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ပညာရပ် ဆိုင်ရာ စာပေလိုအပ်ချက်ကို ဖြည့်စီးပေးရန် ရည်ရွယ်သည်။ တည်ရှိပြီးသော ပညာရပ်ဆိုင်ရာစာပေများသည် ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ဖွဲ့စည်းပုံအခြေခံဆိုင်ရာစီမံချက်များ၏ အပြန်အလှန်ဆက်ဆံရေး သက်ရောက်ချက်များကို ဖော်ပြချက်အသားပေးနှင့် စံတန်းဖိုးအသားပေးများ ဖြစ်ကြသည်။ ဤစာတမ်းသည် ငြိမ်းချမ်းရေးအပေးအယူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီမံချက်များအား ရှေ့နောက်စီစဉ်ခြင်းများကို လေ့လာသုံးသပ်တင်ပြထားပြီး မည်သည့်အချိန်နှင့် (မည်သည့်အတွက်ကြောင့်) ရှေ့နောက်စီစဉ်ဆောင်ရွက် ခြင်းများသည် ကြောင်းကျိုးညီညွတ်သော ပုံစံများကို တစ်သတ်မှတ်တည်း လိုက်နာခြင်းမရှိကြောင်း၊ အမြှော် အမြင်ရှိ၍ လက်တွေ့ကျသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားမူဘောင်များ၏ ရှုပ်ထွေးနက်နဲမှု များကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်သည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းလုပ်ငန်းစဉ်များသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖြစ်စဉ် နှင့် နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်နှစ်ခုစလုံးတွင် အရေးပါအရာကျသော အစိတ်အပိုင်းအဖြစ် ပို၍ရှုမြင်ခြင်း ခံလာရသည်။ ပဋိပက္ခအလွန် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းလုပ်ငန်းစဉ်သည် ပြည်သူ့အာဏာ နှင့် အရင်းအမြစ်များကို လက်လှမ်းမီရရှိနိုင်ရေးအတွက် ဆွေးနွေးရာတွင် လိုအပ်ပါသည်။ ရလဒ်အနေဖြင့် ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပို၍အများပါဝင်သော နိုင်ငံဖြစ်အောင် လည်ပတ်စေနိုင်မည် ဖြစ်ပါသည်။ လူမှုရေး၊ နိင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အုပ်စုများကိုလည်း ပိုမိုတုံ့ပြန်ဖြေရှင်းနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရေရှည်တည်တံ့မှုနှင့် ပဋိပက္ခဖြစ်ပွားမှုမှ ကာကွယ်မှုတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သူက ရေးဆွဲသနည်း။ ၎င်းတို့ကို မည်သို့ခန့်အပ်သနည်း။ ဖြစ်စဉ် တစ်ခုလုံး တရားဝင်မှုနှင့် နိုင်ငံရေးမူဘောင်အသစ်၏ အကြောင်းအရာနှင့် အောင်မြင်မှုကို တိုင်းတာဆုံးဖြတ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် အဆိုပါမေးခွန်းများသည် စဉ်းစားရမည့် အရေးပါသော မေးခွန်းများဖြစ်သည်။

ယခုမူဝါဒစာတမ်းသည် ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပဋိပက္ခအလွန် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း လုပ်ငန်းစဉ် ၃၇ ခုတွင် တွေ့ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့ (CMB) အမျိုးအစားများနှင့် ၎င်းအမျိုးအစားများ ရွေးချယ်ပုံကို လေ့လာသုံးသပ် ဖော်ပြထားပါသည်။ ထို့အပြင် ပဋိပက္ခအလွန်အခင်းအကျင်းမျိုး၌ CMB အမျိုး အစားများ ရွေးချယ်မှုအကြိမ်အရေအတွက်နှင့် ပိုမိုကျယ်ပြန့်သော ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ငန်းစဉ်နှင့် ဒီဇိုင်းပုံစံများသည် ရွေးချယ်လိုက်သော CMB အမျိုးအစားအပေါ်သက်ရောက်မှု ရှိမရှိဆိုသည့် အချက်ကို လည်း အဓိကထား သုံးသပ်လေ့လာထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤ မူဝါဒစာတမ်းသည် ပဋိပက္ခဒဏ်ခံရသောနိုင်ငံများရှိ ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ပုံစံ၊ လုပ်ငန်းစဉ်တို့နှင့်ပတ်သတ်၍ ရေးသားထားသော ပညာရပ်ဆိုင်ရာစာပေများနှင့် မူဝါဒများအကြား သိသာထင်ရှားသည့်ကွာဟချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ပါသည်။

ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ငြိမ်းချမ်းရေးသဘောတူညီမှု၊ ကြားဖြတ်အစီအမံတို့နှင့် မတူသည့်အချက်မှာ ၎င်း၏အားသာချက်သည် တရားဥပဒေအရ အာဏာတည်ရှိမှုဖြစ်ကြောင်း ဤစာတမ်းတွင် အခိုင်အမာဆိုထားပါသည်။ ၁၉၉၀ ခုနှစ်အလွန်ကာလရှိ ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ရေးဆွဲဖွဲ့စည်းပုံနှင့် ကျယ်ပြန့်သောငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းစဉ်များ မတူကွဲပြားမှုကို အဓိကထား လေ့လာဆန်းစစ်ထားပါသည်။

ဤစာတမ်း၏ အဓိကသုံးသပ်ချက်အနက် တစ်ခုမှာ နိုင်ငံအခြေအနေ၊ ရွေးချယ်သောလုပ်ငန်းစဉ်နှင့် ပုံစံအကြား ဆက်စပ်မှုတို့သည် နိုင်ငံအလိုက်ကွဲပြားမှုများရှိသော်ငြားလည်း အများသဘောတူညီလက်ခံမှုရရှိစေရန် ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အချိန် သို့မဟုတ် အခွင့်အလမ်းကို ပေးအပ်ခြင်းဖြင့် အထောက်အကူပြုနိုင်စွမ်းရှိပါသည်။ ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အများပါဝင်မှုရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ယဉ်ကျေးမှုတစ်ခုဖြစ်ပေါ်လာစေရန် အထောက်အပံ့ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သတ်၍ ရှေ့နောက်အစီအစဉ်သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုဖြေရှင်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်များ အကောင်အထည်ဖော်ရန် အဓိကအဖွဲ့အစည်းများကို အားကောင်းခိုင်မာစေခြင်းတို့ကို ဆောက်ရွက်ပေးနိုင်သည့် အလားအလာရှိပါသည်။

အနှစ်ချုပ်ကြည့်ရန်

ပြည်တွင်းပဋိပက္ခအပြီး ဖြစ်ပွားမှုများပြားလာသော နိုင်ငံရေးအကူးအပြောင်းဖြစ်စဉ်တွင် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးအား လေ့လာစရာ နှင့် ကြားဖြတ်ဆောင်ရွက်ခြင်း နယ်ပယ်အဖြစ်  ပို၍အာရုံစိုက်လာကြောင်းတွေ့ရသည်။

သို့သော် ထိုနယ်ပယ်နှစ်ခုအကြားရှိ အပြန်အလှန်နှီးနွယ်ပတ်သတ်မှုသည်  ထိုနယ်ပယ်တို့၏ သီးခြား နှင့် ဘုံတူရည်ရွယ်ချက်များကို မည်သို့အထောက်အကူပြုနိုင်ကြောင်း နားလည်သိရှိရန် အားထုတ်မှုနည်းပါးကြသည်။ ဤမူဝါဒစာတမ်းသည် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြားရှိ ပေါင်းစည်းမှုအားအကြောင်း ကောင်းစွာနားလည်မှုကို မြှင့်တင်၍ အဓိကပန်းတိုင်ဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းရာ၌  ထိုနယ်ပယ်ရှိ ဆုံးဖြတ်ချက်ချမှတ်သူများ နှင့် ပညာရှင်များအား  အကူးအပြောင်းဆိုင်ရာ တရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးတို့၏ အားသာချက်များကို အကောင်းဆုံးဖြစ်စေဖို့  နည်းလမ်းများထည့်သွင်းစဉ်းစားရန် တွန်းအားပေးပါသည်။

ဤစာတမ်းသည် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့၏ ဖြစ်နိုင်သော ပေါင်းစည်းစွမ်းအားကို သရုပ်ပြရှင်းလင်းပြီး ထိုလုပ်ငန်းစဉ်နှစ်ရပ်အား ပေါင်းစည်းခြင်းမှ တွဲပါလာနိုင်သည့် စိန်ခေါ်မှုများကိုလည်း အသေးစိတ်ဖော်ပြပါသည်။  ပုံစံများ သို့မဟုတ် အဖြေများ တိတိကျကျ အကြံမပြုဘဲ  ဤစာတမ်းသည် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ငန်းစဉ်များအား တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေသည်ဟု မမြင်ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြုသည်ဟု ရှုမြင်ခြင်း၏ အရေးပါပုံကို ဖော်ပြပါသည်။ လုပ်ငန်းစဉ်တစ်ရပ်မှ ၎င်းကိုယ်တိုင်အား မြှင့်တင်နိုင်ရန် မည်သည်များလုပ်ဆောင်နိုင်သည် ဆိုသည့်အချက်အပြင်  သီးခြားရပ်တည်မှုများကိုချိုးဖျက်၍ အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်များအကြားရှိ သိမ်မွေ့သည့် အပြန်အလှန်နှီးနွယ်ပတ်သတ်မှုများကိုလေ့လာခြင်းသည်  အကူးအပြောင်းဖြစ်စဉ်တွင်ကြုံတွေ့ ရသည့် အဓိကစိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်သည်ဆိုသည့် နည်းလမ်းများကိုပါ  နားလည်မှု အားကောင်းစေသည်။

အနှစ်ချုပ်ကြည့်ရန်

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့သည် သဘောသဘာဝအားဖြင့် အပြန်အလှန် ချိတ်ဆက်မှု ရှိပါသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးပွဲစင်မြင့်သည်ပင် အရပ်ဖက်နှင့် လုံခြုံရေးကဏ္ဍ အဖွဲ့အစည်းများအကြား ဆက်စပ်ပုံ အပြောင်းအလဲများ ပြုလုပ်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အရေးပါသော ဆွေးနွေးပွဲစင်မြင့်တစ်ရပ် ဖြစ်နိုင်ပါသည်။

ယင်းနက်နဲရှုပ်ထွေးသော အကူးအပြောင်းများကို ဖြတ်သန်းကျော်လွှားရာတွင် အထောက်အပံ့အဖြစ် အကြံပေးများနှင့် ဆုံးဖြတ်ချက်ချမှတ်သူများကို ပံ့ပိုးမှုပေးရန် ရည်ရွယ်ချက်ဖြင့် ဤမူဝါဒစာတမ်းကို ပြုစုထားပါသည်။ စာတမ်းတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအကြား ဆက်စပ်ပုံကို အဓိကဆွေးနွေးတင်ပြထားပါသည်။ သာမန်အားဖြင့် SSR နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးတို့ကို သီးခြားကိစ္စရပ်များအဖြစ် ရှုမြင်ကြသော်လည်း လက်တွေ့တွင် အပြန်အလှန် ချိတ်ဆက်မှုမှာ အထူးနက်ရှိုင်းများပြားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထွဋ်အထိပ်ပြုသည့် ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရန်မှာ လုံခြုံရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းအပေါ် မူတည်ပါသည်။ စစ်ဖက်အုပ်ချုပ်မှု၊ ပြည်တွင်းစစ်၊ အာဏာရှင်အစိုးရအုပ်ချုပ်မှုတို့မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း ပြုလုပ်သော နိုင်ငံများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) လုပ်ငန်းစဉ်များ ပေါင်းဆုံမိလေ့ရှိပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လက်နက်ကိုင်တပ်ဖွဲ့များပါဝင်စေခြင်းသည် ထူးခြားသိသာသော အရေးကိစ္စရပ်များစွာကို ဖြစ်ပေါ်စေပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက်စာတမ်း အမှတ်စဥ် (၅) သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် လက်နက်ကိုင်တပ်ဖွဲ့များကို ပါဝင်စေရခြင်းအတွက် အခြေခံအကြောင်းရင်းများ၊ ၄င်း၏စိန်ခေါ်မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ၄င်းတို့ပါဝင်မှုကိုအထောက်အကူပြုနိုင်မည့် ယန္တရားများကို လေ့လာဆန်းစစ်ထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ငြိမ်းချမ်းရေးသဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရအပြောင်းအလဲဆိုင်ရာ လုပ်ငန်းစဉ်များကို စီမံခန့်ခွဲရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာအစီအမံများကို ‘ပေါင်းကူးတံတား’ အဖြစ်အသုံးချကာ ပဋိပက္ခအပြီး လူမှုအဖွဲ့အစည်းအဖြစ်သို့ ကူးပြောင်းရန်အတွက် ဆောင်ရွက်လေ့ရှိသည်။ ကြားကာလ စီမံအုပ်ချုပ်မှုဆိုင်ရာ အစီအမံများကို အောက်တွင်ဖော်ပြထားသည့်အတိုင်းအသုံးချပါက ထိုသို့အသွင်ကူးပြောင်းခြင်းဖြစ်သည်။

အနှစ်ချုပ်ကြည့်ရန်

ဤစာတမ်းတိုကို ပြုစုရခြင်း၏ နောက်ခံအကြောင်းရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၎င်းအခြေခံဥပဒေအရ ကျင်းပခဲ့သော ရွေးကောက်ပွဲများကို လျစ်လျူရှု၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခြင်းအကြောင်းအရာ ဖြစ်သည်။ နိုင်ငံတကာ အသိုက်အဝန်းက ဤစစ်အာဏာသိမ်းမှုသည်  တရားဝင်မှုမရှိဟု သတ်မှတ်ခဲ့ကြပြီး အာဏာသိမ်းမှု၏ အကျိုးဆက်အနေဖြင့် အားကောင်းသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးနှင့် ဆန္ဒပြလှုပ်ရှားမှုများ  ပေါ်ထွက်လာခဲ့ကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များက ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းရန် ရည်ရွယ်၍ ကြားကာလအင်စတီကျူးရှင်းများကို ဖွဲ့စည်းခဲ့ကြသည်။ စစ်တပ်ကလည်း ၎င်းတို့၏ အာဏာသိမ်းမှုအလွန် အုပ်ချုပ်သည့်အစိုးရကို ‘ယာယီအစိုးရ’ အဖြစ် မကြာမီက ပြန်လည်ပြောင်းလဲသုံးနှုန်းခဲ့သည်။ 

အကြပ်အတည်းပြဿနာကို ဖြေရှင်းလွန်မြောက်နိုင်မည့် နည်းလမ်းတစ်ရပ်အဖြစ် အသုံးချလေ့ရှိသော ကြားကာလစီမံအုပ်ချုပ်မှု အစီအမံများ၏ အခြေခံမူများနှင့် အမျိုးမျိုးသော ဆောင်ရွက်ကျင့်သုံးမှုများအနက် အချို့ကို ဤစာတမ်းတိုတွင် တင်ပြထားသည်။ ပေါ်ပေါက်လာလေ့ရှိသည့် ဖြေရှင်းရန်လိုအပ်သော အဓိကပြဿနာများနှင့် နိုင်ငံတကာအသိုက်အဝန်းက ပါဝင်ဆောင်ရွက်ခဲ့သည့် အခန်းကဏ္ဍ အမျိုးအစားများ အပါအဝင် ကြားကာလစီမံအုပ်ချုပ်မှု အစီအမံများအား ဒီဇိုင်းရေးဆွဲခြင်းကိုနိုင်ငံတကာတွင်ဖြစ်ပွားခဲ့သော အတွေ့အကြုံများနှင့် နှိုင်းယှဉ် တင်ပြထားပြီး မြန်မာနိုင်ငံအခြေအနေနှင့် အထူးသင့်လျော်မှုရှိသည်ဟု သတ်မှတ်နိုင်သော အရေးပြဿနာရပ်များကို အလေးပေးဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ရှေ့ဆက်ရမည့်ခရီးလမ်းကို နိုင်ငံတွင်းမှ သက်ဆိုင်ရာ ပါဝင်ပတ်သတ်သူများအားလုံး၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်လျှောက်လှမ်းရမည်ဖြစ်သည့်အလျောက် ဤစာတမ်းတိုကို ၎င်းခရီးလမ်းအတွက် တိုက်ရိုက်အကြံပေးမှုအဖြစ် ရည်ရွယ်ပြုစုထားခြင်း မဟုတ်ပေ။ ဆွေးနွေးညှိနှိုင်းမှုအတွက် အထောက်အကူပေးနိုင်ရန် ရည်ရွယ်ပြုစုထားခြင်းဖြစ်ကာ စာတမ်းတို၏ အဆုံးတွင် ဤရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ပေါ်ထွက်လာသည့် မေးခွန်းအချို့ကို ဖော်ပြထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ပဋိပက္ခအလွန် နောက်ခံအခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတည်ဆောက်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းသည် အလွန်အမင်း ရှုပ်ထွေးခက်ခဲပါသည်။

အကြမ်းဖက်ထိပ်တိုက်တွေ့ဆုံမှုများတွင် ပါဝင်လျက်ရှိသူများသည် အနည်းဆုံးအနေဖြင့် သဘောတရားအရ ပဋိပက္ခအလွန် နိုင်ငံတော်ကို (ပြန်လည်)မူဘောင်ကွပ်သတ်မှတ်၍ (ပြန်လည်)တည်ဆောက်ရန် တာဝန်ရှိပါသည်။ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး ရည်မှန်းချက်များ အထမြောက်စေရန် နည်းလမ်းတစ်ရပ်အဖြစ် အသုံးချခြင်း မပြုရန်အလို့ငှာ တိုက်တွန်းနားချရန် ကြိုးပမ်းသည့် ‘နိုင်ငံရေး ညှိနှိုင်းသဘောတူညီမှု’ အသွင်သဏ္ဌာန်တစ်ရပ်ကို ကိုယ်စားပြုသည်။

ဤစာတမ်းသည်  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၄-၅ ရက်နေ့တွင် အီဒင်ဘာ့ဂ်တက္ကသိုလ်ဟောင်း၌ ကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို မှတ်တမ်းတင်ပြုစုရေးသားထားခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲကို International IDEA ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အီဒင်ဘာ့ဂ်စင်တာနှင့် အီဒင်ဘာ့ဂ်တက္ကသိုလ်၏ ကမ္ဘာလုံးဆိုင်ရာတရားမျှတမှုအကယ်ဒမီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ဤအလုပ်ရုံဆွေးနွေးပွဲသည် ပဋိပက္ခအလွန် နောက်ခံအခြေအနေများအတွင်း ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲရေးလုပ်ငန်းစဥ်၊ ဒီဇိုင်းပုံစံတို့နှင့် စပ်လျဥ်းပြီး ပညာရပ်စာပေများနှင့် မူဝါဒများအကြား လစ်ဟာချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ကမကထပြုဆောင်ရွက်သည့် ပထမခြေလှမ်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေခဲ့ကြသည့် အတွေ့အကြုံများနှင့် ဗဟုသုတအချက်အလက်များအပေါ် အခြေခံကာ နောက်ဆက်တွဲအနေဖြင့် International IDEA သည် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေများ - ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းနှင့် ဒီမိုကရေစီတည်ဆောက်ရေးနည်းလမ်းများအမည်ရ မူဝါဒစာတမ်းတစ်စောင်ကို ‌ရေးသားထုတ်ဝေထားပါသည်။  

အနှစ်ချုပ်ကြည့်ရန်

မတူကွဲပြားမှုနှင့်ဖယ်ကျဉ်ခံလူအုပ်စုများ

View more

မြန်မာနိုင်ငံတွင် သက်ဆိုးရှည်နေသည့် နိုင်ငံရေးအကျပ်အတည်းကို နားလည်နိုင်ရန်အတွက်  ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားလူမျိုးစုအရေးတို့ကို သိရှိရန်အရေးကြီးပါသည်။

အများပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ကြိုးပမ်းရာတွင်လည်း ယင်းတို့သည်ပင် အဓိကအကြောင်းအချက်များ ဖြစ်ပါသည်။ လူမှုရေးနှင့် နိုင်ငံရေး လိုလားချက်များအပေါ် ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားအရေးတို့က မည်သို့ သက်ရောက်မှုရှိကြောင်း ပိုမို၍ သိရှိနားလည်နိုင်ရန် နိုင်ငံရေးစနစ်များနှင့် အဖွဲ့အစည်းများကို နိုင်ငံသားများ၏ ရှုမြင်ပုံများ၊ မူဝါဒဆိုင်ရာ လိုလားချက်များနှင့် နိုင်ငံရေးသဘောထားများကိုလည်းကောင်း၊ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် အတူတကွ ရပ်တည်နေထိုင်ကြရသူများနှင့် မိမိတို့အကြား ဆက်စပ်ပုံကို မည်သို့ ရှုမြင်ကြောင်းကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစေနိုင်သည့် စနစ်တကျကောက်ယူထားသော အချက်အလက်များ ရှိရန် လိုအပ်ပါသည်။

ယနေ့ မြန်မာနိုင်ငံမှာ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည့် အခြေအနေဖြစ်ပြီး အများပါဝင်လျက် စဉ်ဆက်မပြတ် ရေရှည် တည်တံ့နိုင်သည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်ကြိုးပမ်းနေချိန်ဖြစ်၍ ယင်းသို့သော အချက်အလက်များမှာ အထူးသဖြင့် အရေးကြီးပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤဖတ်ရှုလွယ်စာစောင်တွင် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (PWD) များ အကျုံးဝင်ပါဝင်မှုရှိစေရေး မဟာဗျူဟာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဆဲ အကူးအပြောင်း လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက် လေ့လာဆွေးနွေးထားပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့် ယင်းနောက်ပိုင်း မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုအခက်အခဲများကို မသန်စွမ်းသူများအား ပံ့ပိုးမှုပေးရာတွင် ကြားကာလအစိုးရအဖွဲ့အစည်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများနှင့်တကွ အလေးပေးဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ကြားကာလအစိုးရအဖွဲ့အစည်းများတွင် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှု မည်မျှရှိကြောင်းနှင့် မသန်စွမ်းသူများရေးရာဆိုင်ရာ နိုင်ငံတကာ ဥပဒေမူဘောင်ကို ထောက်ရှုလျက် မသန်စွမ်းသူများ ပါဝင်ရေးနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) တွင် မည်သို့ ဖော်ပြထားကြောင်း လေ့လာဆန်းစစ်ထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

၂၀၁၉ ခုနှစ် စစ်တမ်းကောက်ယူချက်တစ်ရပ်အရ မြန်မာနိုင်ငံလူဦးရေ ၅၄.၃၈ သန်းအနက် ၁၂.၈ % (ခန့်မှန်း ၅.၉ သန်း) သည် မသန်စွမ်းသူများဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့ (International IDEA) အတွက် ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်တွင် မသန်စွမ်းသူများသည် ပြည်သူလူထုအတွင်း ဖယ်ကြဉ်ခံရမှု အများဆုံး လူအုပ်စုဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ မသန်စွမ်းသူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိခိုက်သူများတွင် အပါအဝင်ဖြစ်ပြီး အခွင့်အရေးများ ဆုံးရှုံးမှု၊ ပညာရေးဆုံးရှုံးမှု၊ ကျန်းမာရေးထိခိုက်ပျက်ပြားမှု၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လျော့နည်းကျဆင်းမှုတို့ကို ကြုံတွေ့ရလျက်ရှိပါသည်။

ဤမူဝါဒစာတမ်းတိုတွင် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (PWD) များ အကျုံးဝင်ပါဝင်မှုရှိစေရေး မဟာဗျူဟာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဆဲ အကူးအပြောင်း လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက် လေ့လာဆွေးနွေးထားပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့် ယင်းနောက်ပိုင်း မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုအခက်အခဲများကို မသန်စွမ်းသူများအား ပံ့ပိုးမှုပေးရာတွင် ကြားကာလအစိုးရအဖွဲ့အစည်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများနှင့်တကွ အလေးပေးဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ကြားကာလအစိုးရအဖွဲ့အစည်းများတွင် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှု မည်မျှရှိကြောင်းနှင့် မသန်စွမ်းသူများရေးရာဆိုင်ရာ နိုင်ငံတကာ ဥပဒေမူဘောင်ကို ထောက်ရှုလျက် မသန်စွမ်းသူများ ပါဝင်ရေးနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) တွင် မည်သို့ ဖော်ပြထားကြောင်း လေ့လာဆန်းစစ်ထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤစာတမ်းတွင် ဆူဒန် ဒီမိုကရေစီအကူးအပြောင်းအစီအစဉ် (၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ်) အတွင်း မတူကွဲပြားမှု စီမံခန့်ခွဲရေးကို လေ့လာဆန်းစစ်ထားပါသည်။ 'မတူကွဲပြားမှု စီမံခန့်ခွဲရေး' အယူအဆကို အဓိကအားဖြင့် ဥပဒေပြု လုပ်ငန်းစဉ်အတွက် အသုံးပြုခြင်း ဖြစ်ပါသည်။ လူအုပ်စုအသီးသီး၏ ပထဝီနယ်မြေအလိုက်၊ ယဉ်ကျေးမှုများအလိုက်၊ တိုင်းရင်းသားလူမျိုးများအလိုက်၊ ဘာသာစကားများအလိုက် မတူကွဲပြားမှုကို အုပ်ချုပ်စီမံရာတွင် ဆူဒန်သည် မဟာဗျူဟာမြောက် အမျိုးသားစီမံကိန်းကို ထင်ဟပ်လျက် ဥပဒေအများအပြားကို နိုင်ငံတကာ မူများနှင့်အညီ ပြဋ္ဌာန်းပြီး မတူကွဲပြားမှုကို စီမံခန့်ခွဲပါသည်။ 

ဤစာတမ်းတွင် တည်ဆဲဆူဒန်ဥပဒေကို ဆန်းစစ်လျက် အမျိုးသား အကူးအပြောင်း လုပ်ငန်းစဉ်စာတမ်းများနှင့် ဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တည်ဆဲဆူဒန်ဥပဒေ၏ အတူယှဉ်တွဲနေထိုင်မှုကို စီမံအုပ်ချုပ်သည့် အခန်းကဏ္ဍ၊ လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးသည့် အခန်းကဏ္ဍ၊ လူ့အခွင့်အရေးများကို လိုက်နာကျင့်သုံးရေး အခန်းကဏ္ဍတို့ကို လေ့လာတင်ပြထားပါသည်။ မတူကွဲပြားမှုကို ငြိမ်းချမ်းစွာ စီမံခန့်ခွဲရာတွင် ဆူဒန်သည် လစ်ဟာချက်များစွာ ရှိကြောင်းပေါ်လွင်စေသည့် အညွှန်းကိန်းအချို့ကို စာရေးသူက စဉ်းစားသုံးသပ်ဖော်ပြထားပါသည်။ 

မတူကွဲပြားမှု လက်ရှိအခြေအနေ၊ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ပြည်တွင်းဥပဒေများကို ဆန်းစစ်လေ့လာခြင်းဖြင့် မတူကွဲပြားမှု စီမံခန့်ခွဲရေး ပထမခြေလှမ်း ဆောင်ရွက်နိုင်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။ ထို့နောက် ဖော်ထုတ်ရရှိသော လစ်ဟာချက်များကို ဖြေရှင်းရန် ဆူဒန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းများအပေါ် အခြေပြု၍ မတူကွဲပြားမှု စီမံခန့်ခွဲရေးနှင့် တန်းတူညီမျှရေးကို ရှေးရှုလျက် ဥပဒေပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ရေးဆွဲရမည်ဖြစ်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။

အနှစ်ချုပ်ကြည့်ရန်

"မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ၏နယ်မြေအခင်းအကျင်းအား ပုံဖော်ကြည့်ခြင်း - မြန်မာနိုင်ငံ ဒေသအဆင့်အုပ်ချုပ်ရေး နယ်မြေများ၏ သမိုင်းအကျဉ်းနှင့် ထိုဒေသများရှိ တိုင်းရင်းသားမျိုးနွယ်စုများအကြောင်း" သည် မြန်မာနိုင်ငံဒေသအဆင့် အုပ်ချုပ်ရေးနယ်မြေများရှိ တိုင်းရင်းသားမျိုးနွယ်စုများ ဖွဲ့စည်းတည်ရှိပုံအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ရှိခဲ့သည့် အုပ်ချုပ်ရေးနယ်မြေများပေါ်ပေါက်လာပုံသမိုင်းကြောင်းအား ဆန်းစစ်ရင်း လေ့လာတင်ပြထားပါသည်။

၂၀၁၉ ထွေအုပ်ဌာန(GAD) မြို့နယ် အစီရင်ခံစာများပေါ် အခြေပြု၍ မြန်မာ့တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက် များ၏ အကန့်အသတ်၊ အားနည်းချက်များကို ကျော်လွှားပြီး မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော တိုင်းရင်းသား ဖွဲ့စည်းပုံအပေါ် နားလည်လာစေရေး အားထုတ်ရာတွင် ၎င်းတို့ကို အသုံးချပုံနှင့် ပတ်သက်၍ ဆွေးနွေးထားပါသည်။ ဤလေ့လာချက်တွင် ဒေသခွဲတစ်ခုစီတိုင်း၌ တိုင်းရင်းသားမျိုးနွယ်စု ပျံ့နှံ့နေထိုင်မှုကို ဖော်ပြထားပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော တိုင်းရင်းသား မျိုးနွယ်စု ဖွဲ့စည်းပုံအပေါ် အလေးပေးလေ့လာကာ မြို့နယ်အဆင့်အထိ မြန်မာ့တိုင်းရင်းသားမျိုးနွယ်စု  စုံလင်ကွဲပြားမှုကို မီးမောင်းထိုးပြထားပါသည်။ ထို့အတူ ဤအစီရင်ခံစာတွင် မြန်မာ့အုပ်ချုပ်ရေးနယ်မြေများ ဖြစ်ပေါ် ပြောင်းလဲလာပုံကို လေ့လာဆန်းစစ်ပြီး လက်ရှိ ရှိရင်းစွဲပုံစံကို ကျော်လွန်၍ မြန်မာ့ဖက်ဒရယ်နယ်မြေများကို ပုံဖော်ကြည့်၍ ရနိုင်မည့် အလားအလာကိုလည်း အလေးပေး ဖော်ပြထားပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျ တရားဝင် အသိအမှတ်ပြုခံရသော နိုင်ငံရေးဇတ်ကောင်များ အတွက်သာမက မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံပံ့ပိုးသော နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ  ဒေသအဆင့်နယ်မြေ တစ်ခုစီ၌ မြန်မာ့တိုင်းရင်းသားမျိုးနွယ်စု စုံလင်ကွဲပြားမှု နှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်စွာ နားလည်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံတွင် အမျိုးသမီးများ တန်းတူညီမျှမှု ရှိ‌ရေး ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေဆိုင်ရာ စည်းရုံးလှုံ့‌ဆော်သူများ အ‌နေဖြင့် အများပြည်သူအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင်လည်း‌ကောင်း၊ အများပြည်သူအတွက် တာဝန်ထမ်း‌ဆောင်သည့် အဖွဲ့အစည်းများတွင်လည်း‌ကောင်း အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှုနှင့် အဓိပ္ပါယ်ရှိစွာ ပါဝင်‌ဆောင်ရွက်နိုင်မှုကို မည်ကဲ့သို့တိုးမြှင့်နိုင်‌ကြောင်း ‌ဤစာတမ်းတွင် လေ့လာတင်ပြထားပါသည်။ နိုင်ငံအသီးသီးတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေများဖြင့် ဤအ‌ကြောင်းအရာကို မည်သို့ ရည်ရွယ်ချက်ထားရှိ‌ဆောင်ရွက်ကြ‌ကြောင်း၊ မိမိတို့၏ စည်းရုံးလှုံ့‌ဆော်‌ရေး မဟာဗျူဟာများအတွက် မည်သည်တို့ကို သင်ခန်းစာယူနိုင်‌ကြောင်း ‌လေ့လာတင်ပြထားပါသည်။

စာတမ်းလေးစောင်ပါဝင်သည့် စာစဉ်တွင် ဤစာတမ်းမှာ တစ်‌စောင်အပါဝင်ဖြစ်ပြီး စာစဉ်ပါ အခြား စာတမ်းများမှာ  စာတမ်း အမှတ် ၁  ဂျန်ဒါတန်းတူညီမျှမှုအတွက် ထိ‌ရောက်စွာ စည်းရုံးလှုံ့‌ဆော်‌ရေး လမ်းညွှန် (A Guide to Being an Effective Advocate for Gender Equality)စာတမ်း အမှတ် ၃ မြန်မာနိုင်ငံတွင် ဂျန်ဒါအ‌ခြေပြု အကြမ်းဖက်မှုကို တားဆီးခြင်း( Preventing Gender-Based Violence in Myanmar)  နှင့် စာတမ်း အမှတ် ၄ - အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုရှိရေးနှင့် ဂျန်ဒါ တန်းတူညီမျှရေး (Inclusion and Gender Equality in Post-Coup Myanmar) တို့ဖြစ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

မြန်မာနိုင်ငံတွင် ဂျန်ဒါအ‌ခြေပြု အကြမ်းဖက်မှုကို၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်းနှင့် ဥပဒေအရ အကာအကွယ်ပေးထားခြင်းမရှိဘဲ မည်သို့ ဖြေရှင်းဆောင်ရွက်ကြောင်း လေ့လာတင်ပြထားပါသည်။

စာတမ်းလေးစောင်ပါဝင်သည့် စာစဉ်တွင် ဤစာတမ်းမှာ တစ်‌စောင်အပါဝင်ဖြစ်ပြီး စာစဉ်ပါ အခြား စာတမ်းများမှာ  စာတမ်း အမှတ် ၁ ဂျန်ဒါတန်းတူညီမျှမှုအတွက် ထိ‌ရောက်စွာ စည်းရုံးလှုံ့‌ဆော်‌ရေး လမ်းညွှန်( A Guide to Being an Effective Advocate for Gender Equality) စာတမ်း အမှတ် ၂ အနှစ်သာရပိုင်းတန်းတူညီမျှမှုနှင့် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု (Substantive Equality and Women’s Representation in Public Institutions) နှင့် စာတမ်း အမှတ် ၄ - အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုရှိရေးနှင့် ဂျန်ဒါ တန်းတူညီမျှရေး (Inclusion and Gender Equality in Post-Coup Myanmar) တို့ဖြစ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ဤစာတမ်းငယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အားလုံးပါဝင်မှုရှိရေး မဟာဗျူဟာများကို လေ့လာတင်ပြထားပါသည်။ စာတမ်းငယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှ ဒီမိုကရေစီ ဘက်တော်သားများ၏ အခန်းကဏ္ဍနှင့် တောင်းဆိုမှုများ အပါအဝင် မြန်မာနိုင်ငံရှိ ဂျန်ဒါ တန်းတူညီမျှရေးနှင့် အားလုံးပါဝင်မှုရှိရေးတို့နှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများကို အထူးပြု တင်ပြထားပါသည်။ ထို့အပြင်လည်း တရားဝင်မှုရှိသော ကြားဖြတ်အစိုးရ၏ အဖွဲ့အစည်း ယန္တရားများ မည်မျှအတိုင်းအတာအထိ ကျယ်ပြန့်စုံလင်မှုရှိပြီး၊ မွမ်းမံပြီးဖြစ်သော ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်တွင် ဂျန်ဒါရေးရာ၊ အားလုံးပါဝင်မှုရှိရေးတို့နှင့် ပတ်သက်၍ မည်သို့ ပြောကြားထားသည်ကို ဆန်းစစ်လေ့လာထားပါသည်။

ဤစာတမ်းငယ်သည် စာစဉ်လေးတွဲထုတ်ဝေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဖြစ်သည့် စာတမ်း အမှတ် ၁ ဂျန်ဒါတန်းတူညီမျှမှုအတွက် ထိရောက်စွာ စည်းရုံးလှုံ့ဆော်ရေးလမ်းညွှန် (A Guide to Being an Effective Advocate for Gender Equality)  ၊ အမှတ် ၂ အနှစ်သာရပိုင်းတန်းတူညီမျှမှုနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု (Substantive Equality and Women’s Representation in Public Institutions) ၊ အမှတ် ၃ မြန်မာနိုင်ငံတွင် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို တားဆီးခြင်း (Preventing Gender-Based Violence in Myanmar) တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီက ရေးသားခဲ့ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ကျား/မ တန်းတူညီမျှရေးသည် ဒီမိုကရေစီနှင့် တရားမျှတမှုရှိသော လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး International IDEA သည် အမျိုးသမီးများကို လုပ်ပိုင်ခွင့်ရရှိရန် မြှင့်တင်ပေးသော ဒီမိုကရေစီလုပ်ငန်းစဉ်များကို ပံ့ပိုးရန် သံဓိဌာန်ချထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းလုပ်ငန်း စဉ်သည် အမျိုးသမီးများနှင့် ကျား/မ တန်းတူညီမျှရေးကို အရေးဆိုနေသူများအား ဒီမိုကရေစီအင်စတီကျူးရှင်းများအတွက် မူဘောင်ချမှတ်ရာတွင် ပါဝင်ဆောင်ရွက်ရန် သာမန်ထက်ထူးကဲသော အခွင့်အလမ်းကို ပေးသည်။

အမျိုးသမီးများ သာတူညီမျှမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန်းစစ်ချက်သည် အသုံးပြုသူများအား အမျိုးသမီး များအတွက် စစ်မှန်သော တန်းတူညီမျှရေးရှုဒေါင့်မှ အခြေခံဥပဒေ သို့မဟုတ် အခြေခံဥပဒေမူကြမ်းကို ဆန်းစစ် ရာ၌ အထောက်အကူပြုသည်။ ဤဆန်းစစ်ချက်တွင် မေးခွန်းများ၊ တိုတိုတုတ်တုတ်ရှင်းလင်းချက်များနှင့် ကမ္ဘာ တစ်လွှားမှ အခြေခံဥပဒေများ၏ ပြဌာန်းချက်နမူနာများကို အသုံးပြုခြင်းအားဖြင့် အမျိုးသမီးများ၏ အခွင့်အရေး နှင့် ကျား/မ တန်းတူညီမျှရေးတို့အပေါ် သက်ရောက်မှုရှိမည့် အရေးကြီးဆုံး အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးခြင်းမှတဆင့် လမ်းညွှန်မှုပေးသည်။

ဤဆန်းစစ်ချက်သည် ကျား/မ တန်းတူညီမျှရေးကို အရေးဆိုသူများနှင့် အမျိုးသမီးများ၏ အခြေခံဥပဒေ ရပိုင်ခွင့် ဟူသောခေါင်းစဉ်အောက်တွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ဖြစ်စေ၊ အခြေခံဥပဒေရေးဆွဲသူ များအနေဖြင့်ဖြစ်စေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်များအဖြစ်ဖြစ်စေ သို့မဟုတ် သက်ဆိုင်သူတစ်ဦးချင်း အနေဖြင့်ဖြစ်စေ၊ ပထမဆုံးအကြိမ် ပါဝင်ဆောင်ရွက်နေသူများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ကျား/မ တန်းတူညီမျှရေးသည် ဒီမိုကရေစီနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အသွေးအပေါ် သက်ရောက်မှုရှိသော ကြောင့် ဤဆန်းစစ်ချက်သည် အမျိုးသားများနှင့် အမျိုးသမီးများ နှစ်မျိုးစလုံးအတွက် ရင်းမြစ်ဖြစ်သည်။

အနှစ်ချုပ်ကြည့်ရန်

အာဖရိကတိုက်တွင် အများပါဝင်သော နိုင်ငံရေးပါဝင်ဆောင်ရွက်မှုနှင့် ကိုယ်စားပြုမှု မြှင့်တင်ရာ၌ တိုးတက်မှုများစွာ ရရှိခဲ့ပြီး အမျိုးသမီးများ၊ လူငယ်များနှင့် မသန်စွမ်းသူများအတွက် အများဆုံး အကျိုးဖြစ်ထွန်းခဲ့ပါသည်။ ဤအစီရင်ခံစာတွင် အာဖရိကတိုက် အများပါဝင်မှုနှင့် ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အလားအလာများနှင့် စိန်ခေါ်မှုအခက်အခဲများကို ရှင်းလင်းဖော်ပြထားပါသည်။

အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု ပုံစံအားလုံး ပပျောက်စေရေး သဘောတူစာချုပ်၊ အာဖရိကလူငယ်ပဋိညာဉ်၊ ဒီမိုကရေစီ ရွေးကောက်ပွဲများနှင့် အုပ်ချုပ်မှု ဆိုင်ရာ အာဖရိကပဋိညာဉ်တို့ ကဲ့သို့သော ကမ္ဘာ့အဆင့်နှင့် ဒေသအဆင့် စံနှုန်းမူဘောင်များကို (အနည်းနှင့်အများ) ပြည်တွင်းဥပဒေများအတွင်း ပေါင်းစည်းထည့်သွင်း ကျင့်သုံးမှုကြောင့် အာဖရိကတိုက် တစ်ဝန်း အများပါဝင်သော နိုင်ငံရေးပါဝင်ဆောင်ရွက်မှုအတွက် အင်တိုက်အားတိုက် ကြိုးပမ်းမှုများ မြင့်တက်လာပါသည်။ သို့ရာတွင် တိုးတက်ပြုပြင်ပြောင်းလဲရေး (progressive) ဥပဒေမူဘောင်များ ဖြစ်ထွန်းပေါ်ပေါက်လျက် ဒုက္ခသည်များ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှုနှင့် ကိုယ်စားပြုမှု တိုးတက်မြင့်မားလာရေး ကြိုးပမ်းမှုများမှာမူ အားနည်းနေပါသေးသည်။ နိုင်ငံရေးတွင် အများပါဝင် ဆောင်ရွက်ရေးနှင့် ကိုယ်စားပြုမှုကို အဟန့်အတားပြုနေသည့် အတားအဆီးများကို ဖယ်ရှားနိုင်ရန် မျိုးဆက်အများ နယ်ပယ်ကဏ္ဍအများ ပြိုင်တူပါဝင်ရေး အဓိကထားလျက် တွန်းအားပေးဆောင်ရွက်မှုများ အားကောင်းစေရန် လိုအပ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

တတိယအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူအမျိုးသမီးများနှင့် နှီးနှောဆွေးနွေးပွဲသို့ တက်ရောက်သူများသည် ဗဟုဝါဒ တရားဥပဒေစနစ်အတွက်သော်လည်းကောင်း၊ ဓလေ့ထုံးတမ်း/ဘာသာရေးစနစ်များနှင့်   ဂျန်ဒါတန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး  အာမခံချက်များအကြားရှိ တင်းမာမှုများကို ပြေလည်အောင်ဖြေရှင်းရာတွင်လည်းကောင်း အသုံးပြုသည့်  နှိုင်းယှဉ်လေ့လာနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ချဉ်းကပ်နည်းဒီဇိုင်းများကို စူးစမ်းလေ့လာခဲ့ကြသည်။ ဆွေးနွေးမှုများတွင် နည်းပညာဆိုင်ရာ အရေးကိစ္စများသာမက  ဂျန်ဒါတန်းတူညီမျှမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအာမခံချက်များကို  အကောင်အထည်ဖော်ရာ၌ ကြုံတွေ့ရသည့်  အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကိုလည်း ဆွေးနွေးခဲ့ကြပြီး   သဟဇာတဖြစ်စေရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် စွမ်းရည်မြှင့်တင်ရေးတို့အတွက် ဆန်းသစ်သော ချဉ်းကပ်နည်းများကိုလည်း စူးစမ်းလေ့လာခဲ့ကြပါသည်။

အနှစ်ချုပ်ကြည့်ရန်

အ‌ရေးပါ‌သော နိုင်ငံ‌ရေး လုပ်ငန်းစဉ်များဖြစ်သည့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးခြင်း၊ ‌ရွေး‌ကောက်ပွဲများ၊ လွှတ်‌တော် သက်တမ်းများ၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြုပြင်‌ပြောင်းလဲ‌ရေး သို့မဟုတ် အခြား ဆုံးဖြတ်ချက် ချမှတ်သည့် ပုံစံများ စသည့် မည့်သည့် လုပ်ငန်းစဉ်တွင်မဆို အများပြည်သူဆိုင်ရာ နယ်ပယ်တွင် ဂျန်ဒါတန်းတူညီမျှမှု မရှိခြင်းကို ‌ထောက်ပြကန့်ကွက်နိုင်ပါသည်။ ‌  မြန်မာနိုင်ငံတွင်  ဂျန်ဒါတန်းတူညီမျှမှု နှင့် အမျိုးသမီးများ၏ အခွင့်အ‌ရေးများအတွက် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ မည်သို့ ထိ‌ရောက်စွာ စည်းရုံးလှုံ့‌ဆော်နိုင်‌ကြောင်း ဤစာတမ်း၌ ‌လေ့လာတင်ပြထားပါသည်။

စာတမ်းလေးစောင်ပါဝင်သည့် စာစဉ်တွင် ဤစာတမ်းမှာ တစ်‌စောင်အပါဝင်ဖြစ်ပြီး စာစဉ်ပါ အခြားစာတမ်းများမှာ  စာတမ်းအမှတ် ၂ - အနှစ်သာရပိုင်း တန်းတူညီမျှမှုနှင့် အများပြည်သူအတွက် တာဝန်ထမ်း‌ဆောင်သည့် အဖွဲ့အစည်းများတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု (Substantive Equality and Women’s Representation in Public Institutions) ၊ စာတမ်း အမှတ် ၃ - မြန်မာနိုင်ငံတွင် ဂျန်ဒါအ‌ခြေပြု အကြမ်းဖက်မှုကို တားဆီးခြင်း (Preventing Gender-Based Violence in Myanmar) နှင့် စာတမ်းအမှတ် ၄ - အာဏာသိမ်းဖြစ်စဥ်‌နောက်ပိုင်း မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုရှိရေးနှင့် ဂျန်ဒါတန်းတူညီမျှရေး (Inclusion and Gender Equality in Post-Coup Myanmar) တို့ဖြစ်သည်။

အနှစ်ချုပ်ကြည့်ရန်

အခြေခံဥပဒေပါ ဌာနေတိုင်းရင်းသားများ ရပိုင်ခွင့်ကို ဆန်းစစ်လေ့လာနည်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေဆိုင်ရာ မွမ်းမံပြင်ဆင်ချက်တို့ကို ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများရှုထောင့်မှ သရုပ်ခွဲလေ့လာမည့်သူများအတွက် အသုံးဝင်မည့် စာအုပ်ဖြစ်ပါသည်။ မေးခွန်းစဥ်များ၊ အတိုချုပ်ရှင်းပြချက်များအပြင် နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေများမှ ပြဋ္ဌာန်းချက်များကို သာဓက အသုံးပြုထားသည့်အတွက် ဤစာအုပ်ကို အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းစာသား၏ အသုံးအနှုန်းနှင့် ပြဋ္ဌာန်းချက်များတွင် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို မည်မျှခိုင်ခိုင်မာမာ ထင်ဟပ်ဖော်ပြထားသည်ကို ဆန်းစစ်လေ့လာနိုင်ကြမည်ဖြစ်ပါသည်။

အနှစ်ချုပ်ကြည့်ရန်

ပဋိပက္ခမှ ရုန်းထွက်လာသည့် တိုင်းရင်းသားလူမျိုးကွဲပြားသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်အား ပဋိပက္ခကျော်လွှားရေး နည်းလမ်းအဖြစ် အသုံးများလာကြသည်။ သို့သော် လူမျိုးစုတစ်စုအား လူများစုဖြစ်စေရန် မဲဆန္ဒနယ်မြေ နယ်နိမိတ်များ ရေးဆွဲသောအခါ ထိုနယ်နိမိတ်အတွင်းရှိ လူနည်းစုလူမျိုးများမှာ ဘေးဖယ်ထားခံရခြင်း၊ အခွင့်အရေး တန်းတူညီမျှမှုမရခြင်း၊ ဖိနှိပ်ခံရခြင်းများကို စိုးရိမ်လာကြသည်။

ယခုဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုသည် တိုင်းရင်းသားလူနည်းစုများအတွင်းရှိ လူနည်းစုလူမျိုးများ၏ အခက်အခဲများကို ဖြေရှင်းရာတွင်အသုံးပြုသည့် လုပ်ငန်းစဉ်ယန္တရားအမျိုးမျိုး၊ နည်းလမ်းများနှင့် ပတ်သက်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ကျင့်သုံးမှုစနစ်ကို ဆန်းစစ်ထားသည်။ တနည်းအားဖြင့်ဆိုသော် ဤစာတမ်းတိုသည် ပြည်နယ်များ/တိုင်းဒေသကြီးများ/ဒေသများအတွင်းရှိ လူနည်းစုလူမျိုးများအား အကာအကွယ်ပေးရန် ရည်ညွှန်းထားခြင်းဖြစ်ပြီး တိုင်းရင်းသားလူနည်းစုများအားလုံးကို ခြုံငုံ၍ အကာအကွယ်ပေးသည့် အကြောင်းအရာအား ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါ။

အနှစ်ချုပ်ကြည့်ရန်

ပဋိပက္ခ၊ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနှင့် ဒီမိုကရေစီဖော်ဆောင်မှုတို့တွင် ခွဲခြားဆက်ဆံခံထားရသော ရပ်ရွာလူထု အတွင်းမှ အမျိုးသမီးများသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သနည်း။ လက်နက်ကိုင်ပဋိပက္ခ၌ အမျိုးသမီးများ ပါဝင်မှု၏ နောက်ကွယ်တွင် မည်သည့် အချက်များ ရှိနေသနည်း။ ငြိမ်းချမ်းရေးတည်ဆောက်မှုလှုပ်ရှားမှုများတွင် အမျိုးသမီးများ ပါဝင်ခြင်းနှင့် မပါဝင်ခြင်း၏ အကျိုးဆက်များက အဘယ်နည်း။

၎င်းမေးခွန်းများသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှအမျိုးသမီးများ တွင် လေ့လာထားသော မေးခွန်းအချို့ ဖြစ်သည်။

ယခုရေးသားထားသည်မှာ စာတမ်း၏ နိဒါန်း၊ မြန်မာနိုင်ငံအကြောင်း၊ သုံးသပ်ချက် စသည့်အခန်းများကို မြန်မာ ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။ ၎င်းသည် ပြည်နယ်တစ်ခုအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေးတည်ဆောက် မှုများအပေါ် အမျိုးသမီးများ၏ သက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားပြီး အနာဂါတ် ငြိမ်းချမ်းရေးနှင့် ဒီမို ကရေစီတည်ဆောက်ရေးအစပြုမှုများ၌ အပစ်ပယ်ခံအမျိုးသမီးများပါဝင်ရေးကို ဖြစ်ပေါ်လာစေရန် နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပုဂ္ဂိုလ်များ အကောင်အထည်ဖေါ်နိုင်မည့် အကြံပြုချက်များကို ထည့်သွင်းသုံးသပ်ထားသည်။

အနှစ်ချုပ်ကြည့်ရန်

အခြား

View more

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တရားမ၀င်စစ်အစိုးရ၊ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) နဲ့ တရားမဝင်ဖွဲ့စည်းထားတဲ့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်” တို့သည် ရွေးကောက်ပွဲဟုခေါ်တဲ့ အတုအယောင်ရွေးကောက်ပွဲအစီအစဥ်ကို ပြုလုပ်ရန် စီစဉ်နေသည်။ International IDEA ၏ မြန်မာနိုင်ငံအစီအစဉ်တာဝန်ခံဖြစ်သော Dr. Marcus Brand မှ စစ်တပ်၏ အစီအစဉ်သည် အဘယ်ကြောင့်တရားမ၀င်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့တုံ့ပြန်သင့်ကြောင်းကို ဆွေးနွေးထားသည်။

Dr. Marcus Brand သည် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် Frontier Myanmar ၏ တံခါးပိတ် ဆွေးနွေးပွဲတွင် “စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်များကို စိစစ်ခြင်း” တွင် ဟောပြောသူတစ်ယောက်ဖြစ်သည်။

အနှစ်ချုပ်ကြည့်ရန်
Back to top

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဥ်ကို အောက်ပါတို့မှ ကူညီပံ့ပိုးထားသည်။

Donor

ဤစာမျက်နှာရှိအကြောင်းအရာများသည် International IDEA နှင့်သာ သက်ဆိုင်ပြီး International IDEA ၏ အဖွဲ့ဝင်နိုင်ငံများနှင့်အလှူရှင်နိုင်ငံများ၏ ရှုမြင်ပုံများကို ကိုယ်စားပြုခြင်းမရှိပါ။