Building Federal Democracy Myanmar
ကျွန်ုပ်တို့စီမံကိန်းအကြောင်း
နော်ဝေး၊ ဖင်လန်နှင့် လူဇင်ဘတ်တို့မှ ရန်ပုံငွေထောက်ပံ့သော မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဉ် (၂၀၂၃-၂၀၂၅) သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးပါသည်။
ဤအစီအစဉ်သည် နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နှင့် လူဇင်ဘတ်တို့မှ ရန်ပုံငွေထောက်ပံ့ခဲ့ပြီး၊ မြန်မာနိုင်ငံတွင်ရှိသော International IDEA ၏ အစီအစဥ်ဖြစ်သည့် MyConstitution အစီအစဉ် (၂၀၁၈-၂၀၂၂) ဒုတိယပိုင်း၏ အောင်မြင်မှုများအပေါ် အခြေခံ၍ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဤစီမံကိန်းအင်တာနက်စာမျက်နှာကို မြန်မာပြည်သူများ၊ မြန်မာနိုင်ငံနှင့် ဒီမိုကရေစီအကြောင်း လေ့လာလိုသူအားလုံးအတွက်အရင်းအမြစ်များ ဆက်လက်ရရှိနိုင်စေရန် ဆက်လက်ထားရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဉ် (၂၀၂၃-၂၀၂၅) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံရှိ တရားဝင်မှုရှိသော ဒီမိုကရေစီအင်အားစုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်အသစ် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊သဘောတူညီခြင်း၊ အကောင်အထည်ဖော်ရန် ပြင်ဆင်ခြင်းနှင့် အဆင့်အားလုံးတွင် အားလုံးပါဝင်မှုရှိရေးနှင့် ပါဝင်ဆောင်ရွက်မှုရှိသော အုပ်ချုပ်မှုကို သေချာစေသည့် ထိရောက်ပြီး တာဝန်ခံမှုရှိသော အဖွဲ့အစည်းများဖွဲ့စည်းခြင်းဖြင့် စစ်မှန်သောဒီမိုကရေစီကိုပြန်လည်ထူထောင်ရာတို့တွင် ကူညီထောက်ပံ့မှုဆောင်ရွက်ခဲ့သည်။ အဓိကပံ့ပိုးမှုများတွင် အောက်ပါနယ်ပယ်များ ပါဝင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနှင့် အုပ်ချုပ်ရေး
- အာဏာသိမ်းမှုအလွန် အသွင်ကူးပြောင်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းတို့နှင့် သက်ဆိုင်သော ဆက်စေ့စပ်ညှိနှိုင်းမှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား အလုပ်ရုံဆွေးနွေးပွဲများ/သင်တန်းများ/အချင်းချင်းနှီးနှောဖလှယ်ခြင်းများ/ဆွေးနွေးမှု/လမ်းညွှန်သင်ပြပေးခြင်း တို့ဖြင့် လိုအပ်ချက်နှင့်တောင်းဆိုချက်အပေါ် အခြေခံသည့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြံပြုချက်များ ပံ့ပိုးကူညီခြင်း။
- အာဏာသိမ်းပြီးနောက် အကူးအပြောင်းကာလအတွင်း မဟာဗျူဟာနှင့် မူဝါဒများချမှတ်ခြင်းများတွင် အသိပညာ အထောက်အကူပြုရန်နှင့် ကမ္ဘာတစ်ဝှမ်းမှ နှိုင်းယှဉ်လေ့လာမှုအတွေ့အကြုံများကို အခြေခံသည့် သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိစွာ လေ့လာသင်ယူခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း။
- ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အားလုံးပါဝင်မှုရှိရေးတို့အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးရန် လုံခြုံသောအခင်းအကျင်းများနှင့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
- ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အုပ်ချုပ်ရေးနှင့် အားလုံးပါဝင်မှုရှိရေး စသည့်အကြောင်းအရာများနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများ၊ အချက်အလက်များနှင့် သုတေသနလေ့လာချက်များ ပံ့ပိုးကူညီခြင်း။
- ကောင်းမွန်စွာချမှတ်ရေးဆွဲထားသော ဆန်းစစ်လေ့လာရေးနည်းလမ်းများကို ကျင့်သုံးနိုင်ရန် အထောက်အပံ့များနှင့်လက်တွေ့လမ်းညွှန်ကိရိယာများပံ့ပိုးပေးခြင်း တို့ဖြစ်ပါသည်။
အားလုံးပါဝင်မှုရှိသော နိုင်ငံရေးပါဝင်ဆောင်ရွက်မှု တိုးမြှင့်ခြင်း
- ပြည်သူ့နီတိပညာရေးနှင့် ဒီမိုကရေစီကို အဓိကထားကာ ပညာရေးဝန်ကြီးဌာနများနှင့် ပညာရေးအဖွဲ့အစည်းများအတွက် ကြားကာလပညာရေးနှင့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးကူညီခြင်း။
- ပြည်သူ့နီတိနှင့် ဒီမိုကရေစီ အသိပညာရေးဆိုင်ရာ လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အချင်းချင်း နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်း။
အားလုံးပါဝင်မှု နှင့် ကွဲပြားစုံလင်မှု
- အနာဂတ်မြန်မာနိုင်ငံ၏ ဖက်ဒရယ်အုပ်ချုပ်ရေးအစီအမံ၊ ရွေးကောက်ပွဲစနစ်နှင့် အခွင့်အရေးများ တိုးတက်မြှင့်တင်ပေးသည့် ဆောင်ရွက်ချက်များအပါအဝင် လူ့အခွင့်အရေးအကာအကွယ်ပေးရေးယန္တရားများတည်ဆောက်ရာတွင် အားလုံးပါဝင်မှုရှိသော ဒီဇိုင်းပုံစံအကြောင်း ဆွေးနွေးနိုင်စေရန် ကြားကာလအင်စတီကျူးရှင်းများနှင့် အခွင့်အလမ်းအားနည်းသော အစုအဖွဲ့များ၏ ကိုယ်စားပြုများအကြား ဆွေးနွေးပွဲများ ပံ့ပိုးပေးခြင်း။
- အချက်အလက်များ စုဆောင်းခြင်း၊ စိစစ်သုံးသပ်ခြင်းအကြောင်း အသိပညာပေးရန်နှင့် ထိုစုဆောင်းထားသော အချက်အလက်များအား အခွင့်အလမ်းအားနည်းသော အစုအဖွဲ့များ၏ အကျိုးအတွက် အကောင်အထည်ဖော်နိုင်စေရန် ထိုအစုအဖွဲ့များနှင့် ကြားကာလအင်စတီကျူးရှင်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အကြံပြုချက်များပံ့ပိုးကူညီခြင်း။
- အားလုံးပါဝင်မှုရှိပြီး စစ်မှန်သော ရွေးကောက်ပွဲများအပါအဝင် လူတစ်ဦးချင်းနှင့် စုပေါင်းလူ့အခွင့်အရေးများကို အကာအကွယ်ပေးကြောင်း သေချာစေသည့် အသွင်ကူးပြောင်းရေးနှင့် အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထိရောက်သော ယန္တရားများ သို့မဟုတ် အမှီအခိုကင်းသော အင်စတီကျူးရှင်းများကို သတ်မှတ်နိုင်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အကြံပြုချက်များ ပံ့ပိုးကူညီခြင်း။
- ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော အုပ်ချုပ်မှုအစီအစဥ်များအပါအဝင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ပါ၀င်သည့် ယန္တရားများ သို့မဟုတ် အဖွဲ့အစည်းများကို ဒီဇိုင်းရေးဆွဲရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အကြံပြုချက်များ ပံ့ပိုးကူညီခြင်း။
မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဥ်သည် မြန်မာနိုင်ငံရှိ ကြားကာလနှင့် အသွင်ကူးပြောင်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ (ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်) လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာ၊ ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) အပါအဝင် မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ သက်ဆိုင်သူအများအပြားအတွက် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
International IDEA မြန်မာ အကြောင်း
ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာအကူအညီပေးရေးနိုင်ငံတကာအဖွဲ့အစည်း (International IDEA) သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာအားကောင်းလာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်း၊နိုင်ငံတည်ဆောက်ရေးနှင့် စီမံအုပ်ချုပ်ရေးတို့တွင် ကူညီထောက်ပံ့ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီရေးဆိုင်ရာသက်ဆိုင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ International IDEA သည် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရုံးစတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုကိုတုံ့ပြန်သောအားဖြင့် ရန်ကုန်နှင့် နေပြည်တော်မြို့များရှိရုံးများကို ယာယီပိတ်ထားပြီး ဒီမိုကရေစီအကူအညီအထောက်အပံ့များကို နိုင်ငံပြင်ပမှ ပံ့ပိုးပေးခဲ့သည်။
ဆက်သွယ်ရန်
Leena Rikkilä-Tamang
အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှုး
https://www.idea.int/our-work/where-we-work/asia-pacific/myanmar

