ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (အွန်လိုင်းသင်တန်း)

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (အွန်လိုင်းသင်တန်း)

ဤအွန်လိုင်းသင်တန်းကို ဤလင့်ခ် ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း မှတဆင့်ဝင်ရောက်ပြီး အခုပဲစတင်လိုက်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏ အခြေခံအချက်များအကြောင်း အင်တိုက်အားတိုက် ကိုယ်တိုင်လေ့လာသင်ယူသွားရမည့် အခမဲ့အွန်လိုင်းသင်တန်းဖြစ်ပါသည်။ ဤသင်တန်းသည် သင်ယူသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်၍ အဓိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့် နှိုင်းယှဉ်လေ့လာမှုများကို မိတ်ဆက်ပေးရန်ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်လေ့လာမှု၊ ပေါ်ပေါ်က်လာပုံ သမိုင်းကြောင်းနှင့် ပြုစုရေးဆွဲမှုဆိုင်ရာ ပညာရပ်နယ်ပယ်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ အထင်ကရ မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်များ၏ အသိပညာများကို ပေါင်းစပ်ထည့်သွင်းထားပါသည်။ ဤသင်တန်းသည် ပဋိပက္ခနှင့်ပဋိပက္ခလွန်အခြေအနေ သို့မဟုတ် အသွင်ကူးပြောင်းရေးအခြေအနေနှင့် မတူကွဲပြားသော တိုင်းရင်းသားမျာစွာရှိသည့် နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး၏ အခန်း ကဏ္ဍကို အလေးပေးထားပြီး မြန်မာနိုင်ငံအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်သော ဖွဲ့အစည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စများကို ထည့်သွင်းထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းကို အခန်း (၆) ခန်းဖြစ်သော -

  • အခန်း ၁ - ဒီမိုကရေစီစနစ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အခြေခံအချက်များ
  • အခန်း ၂ - အခြေခံကျသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီဇိုင်းရွေးချယ်မှုများ
  • အခန်း ၃ - ကြားကာလအုပ်ချုပ်မှုအစီအမံများ
  • အခန်း ၄ - ဖက်ဒရယ်စနစ်
  • အခန်း ၅ - လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး
  • အခန်း ၆ - အခွင့်အရေးများနှင့်တရားစီရင်ရေး တို့ဖြင့်ဖွဲ့စည်းထားသည်။

ကိုယ်တိုင်လေ့လာသင်ယူရမည့် အခန်းတစ်ခုချင်းစီတွင် ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏ ကြိုတင်ရိုက်ကူး ထားသော ဗီဒီယိုတင်ပြချက်များ၊ အဓိကအယူအဆများကို နားလည်မှုရှိ၊မရှိ စစ်ဆေးမည့် ဉာဏ်စမ်းမေးခွန်းများနှင့် ဆန္ဒအလျောက် လေ့လာနိုင်သည့် စာအုပ်စာတမ်းများ ပါဝင်ပါသည်။ တင်ပြချက်များ၊ စာအုပ်စာတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ရယူကြည့်ရှုနိုင်ပါသည်။

အခန်းတစ်ခုစီကို ပြီးဆုံးရန်အတွက် (ဆန္ဒအလျောက်ဖတ်ရှုလေ့လာနိုင်သည့် စာရွက်စာတမ်းများဖတ်ရှုချိန် မပါလျှင်) ခန့်မှန်းကြာချိန် ၅ နာရီခန့်ဖြစ်ပါသည်။ အခန်းအားလုံးကို ပြီးဆုံးပြီး ဉာဏ်စမ်းမေးခွန်းများအားလုံးကို ဖြေဆိုအောင်မြင်သော သင်ယူသူများသည် သင်တန်းပြီးဆုံး အောင်လက်မှတ်ကို ရရှိပါမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (လမ်းညွှန်မှုပုံစံသင်တန်း)

International IDEA ၏ MyConstitution အစီအစဉ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း၏ လမ်းညွှန်မှုပုံစံ သင်တန်းတက်ရောက်ရန်အတွက် ဖိတ်ခေါ်အပ်ပါသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း လမ်းညွှန်မှုပုံစံသင်တန်းဆိုတာ ဘာလဲ။

လမ်းညွှန်မှုပုံစံသင်တန်းတွင် မိမိကိုယ်တိုင်သင်ယူရမည့် သင်ခန်းစာအခန်းများနှင့် အွန်လိုင်းမှတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပညာရှင်များနှင့်တိုက်ရိုက်ဆွေးနွေး ပို့ချချက်များ ပါဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ သင်တန်းသည် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဆိုင်ရာ အင်တိုက်အားတိုက် ကြိုးပမ်း အားထုတ်ရန်လိုအပ်သော အွန်လိုင်းသင်တန်းတစ်ခုဖြစ်ပါသည်။ ဤသင်တန်းသည် သင်ယူသူများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဒီဇိုင်းများနှင့် ပတ်သက်သော အဓိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့်နှိုင်းယှဉ်လေ့လာသည့် နည်းစနစ်တို့ကို မိတ်ဆက်သင်ကြား ပေးရန်ရည်ရွယ်သည်။ ဤသင်တန်းတွင် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှိုင်းယှဉ်လေ့လာမှု၊ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် ပြုစုရေးဆွဲမှုဆိုင်ရာ ပညာရပ်နယ်ပယ်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှအထင်ကရ မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်များ၏ အသိပညာများကို ပေါင်းစပ်ထည့်သွင်း ထားပါသည်။ ဤသင်တန်းတွင် ပဋိပက္ခ၊ ပဋိပက္ခလွန် သို့မဟုတ် အသွင်ကူးပြောင်းမှု အခင်းအကျင်းများတွင် သာမက မတူကွဲပြားပြီးတိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း၏ အခန်းကဏ္ဍကို အလေးပေး ထားပြီး မြန်မာနိုင်ငံအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စများကို ထည့်သွင်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းကို အခန်းခြောက်ခန်းဖြင့် ဖွဲ့စည်းထားသည်-

 အခန်း ၁ - ဒီမိုကရေစီစနစ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အခြေခံအချက်များ

အခန်း ၂ - အခြေခံကျသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီဇိုင်းရွေးချယ်မှုများ

အခန်း ၃ - ကြားကာလအုပ်ချုပ်မှုအစီအမံများ

အခန်း ၄ - ဖက်ဒရယ်စနစ်

အခန်း ၅ - လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး

အခန်း ၆ - အခွင့်အရေးများနှင့်တရားစီရင်ရေး

 

 

One pager of CA

လိုအပ်ချက်တွေက ဘာတွေလဲ။
ရွေးချယ်ခံရသော တက်ရောက်သူများအနေဖြင့် မိမိကိုယ်တိုင်လေ့လာသင်ယူသွားရမည့်သင်ခန်းစာများကို (TalentLMS ပလက် ဖောင်း၌) သင်ယူပြီးဆုံးရန်လိုအပ်ပြီး အပတ်စဥ်စီစဉ်ဆောင်ရွက်သော တိုက်ရိုက်ဆွေးနွေး ပို့ချချက်များ (Zoom ဖြင့်) ကိုလည်း ပါဝင်တက်ရောက်ရန်လိုအပ်သည်။ တိုက်ရိုက်ပို့ချချက်အပါအဝင် အပတ်စဉ် အခန်းတစ်ခုစီအတွက် ခန့်မှန်းကြာမြင့်ချိန်မှာ ခုနှစ်နာရီဖြစ်သည်။

တက်ရောက်ရန်အတွက် ဘယ်လိုစာရင်းပေးသွင်းရမလဲ။
ဤလမ်းညွှန်သင်တန်းကိုတက်ရောက်ရန် စိတ်ဝင်စားပါက အောက်ဖော်ပြပါ လင့်ခ်ကိုနှိပ်၍ လိုအပ်သော အချက်အလက်များဖြည့်သွင်းပြီး မိမိအဆင်ပြေမည့်အချိန်ပေါ်မူတည်၍ မိမိတက်ရောက်လိုသော သင်တန်း အမှတ်စဉ်ကိုရွေးချယ်ပေးပါ။ MyConstitution အနေဖြင့် အတည်ပြုချက်နှင့်လိုအပ်သောသတင်းအချက်အလက် များကို သင်တန်းမစတင်မီ အီးမေးလ်မှတဆင့်ပေးပို့ပါမည်။

စာရင်းသွင်းရန်လင့်ခ်. (စာရင်းသွင်းမှု ပြီးဆုံးပြီဖြစ်ပါသည်။) 

ဤသင်တန်းသည် အခမဲ့သင်တန်းဖြစ်ပြီး MyConstitution အနေဖြင့် ရွေးချယ်ခံရသော ပါဝင်တက်ရောက်သူများ အတွက် အင်တာနက်ခ ပံ့ပိုးပေးမည်ဖြစ်ပါသည်။

 

 

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဥ်ကို အောက်ပါတို့မှ ကူညီပံ့ပိုးထားသည်။

Finland