Local Democracy - Easy Read Version
International IDEA က ထုတ်ဝေထားသည့် ဒေသန္တရဒီမိုကရေစီ စာအုပ်ကို ဖတ်လွယ်၊ မှတ်လွယ်ပုံစံဖြင့် ရယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုပါသည်။ မသန်စွမ်းသူများအပါအဝင် မည်သူမဆို ဒေသန္တရဒီမိုကရေစီအကြောင်း လွယ်လင့်တကူ နားလည်နိုင်စေရန်ရည်ရွယ်ကာ ဤဖတ်လွယ်၊မှတ်လွယ် စာအုပ်ငယ်ကို ရေးသားပြုစုထားခြင်းဖြစ်ပါသည်။ ဤစာအုပ်ငယ်ကို လူတိုင်းလက်လှမ်းမီဖတ်ရှုနိုင်စေရန် အတွက် စကားလုံးအသုံးအနှုန်းများကို ရိုးရိုးရှင်းရှင်းဖြင့် တိုတိုတုတ်တုတ် ရေးသားထားပြီး ရုပ်ပုံများလည်း ထည့်သွင်းထားပါသည်။ ဤစာအုပ်ငယ်တွင် ဒေသန္တရဒီမိုကရေစီဆိုတာ ဘာလဲ၊ ပြည်သူလူထုအတွက် ဘယ်လိုအရေးပါသလဲ၊ ဒေသန္တရဒီမိုကရေစီရဲ့ အားသာချက်နှင့် အားနည်းချက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲမှာ ဒေသန္တရဒီမိုကရေစီကို ဘယ်လိုထည့်သွင်းဖော်ပြနိုင်လဲ စသည်တို့ကို ရှင်းပြထားပါသည်။
International IDEA Myanmar is happy to announce that our publication on local democracy is now available in easy-read version. This easy-read booklet is designed to make the topic easier to understand for anyone, especially for persons with disabilities. It uses simple language in short sentences and pictures in accessible format. This booklet explains what local democracy is, what it means for the public, what its strengths and weaknesses are and how to include local democracy in constitutions.