Diversity Management in Sudan's Democratic Transitional Arrangements
ဤစာတမ်းတွင် ဆူဒန် ဒီမိုကရေစီအကူးအပြောင်းအစီအစဉ် (၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ်) အတွင်း မတူကွဲပြားမှု စီမံခန့်ခွဲရေးကို လေ့လာဆန်းစစ်ထားပါသည်။ 'မတူကွဲပြားမှု စီမံခန့်ခွဲရေး' အယူအဆကို အဓိကအားဖြင့် ဥပဒေပြု လုပ်ငန်းစဉ်အတွက် အသုံးပြုခြင်း ဖြစ်ပါသည်။ လူအုပ်စုအသီးသီး၏ ပထဝီနယ်မြေအလိုက်၊ ယဉ်ကျေးမှုများအလိုက်၊ တိုင်းရင်းသားလူမျိုးများအလိုက်၊ ဘာသာစကားများအလိုက် မတူကွဲပြားမှုကို အုပ်ချုပ်စီမံရာတွင် ဆူဒန်သည် မဟာဗျူဟာမြောက် အမျိုးသားစီမံကိန်းကို ထင်ဟပ်လျက် ဥပဒေအများအပြားကို နိုင်ငံတကာ မူများနှင့်အညီ ပြဋ္ဌာန်းပြီး မတူကွဲပြားမှုကို စီမံခန့်ခွဲပါသည်။
ဤစာတမ်းတွင် တည်ဆဲဆူဒန်ဥပဒေကို ဆန်းစစ်လျက် အမျိုးသား အကူးအပြောင်း လုပ်ငန်းစဉ်စာတမ်းများနှင့် ဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တည်ဆဲဆူဒန်ဥပဒေ၏ အတူယှဉ်တွဲနေထိုင်မှုကို စီမံအုပ်ချုပ်သည့် အခန်းကဏ္ဍ၊ လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးသည့် အခန်းကဏ္ဍ၊ လူ့အခွင့်အရေးများကို လိုက်နာကျင့်သုံးရေး အခန်းကဏ္ဍတို့ကို လေ့လာတင်ပြထားပါသည်။ မတူကွဲပြားမှုကို ငြိမ်းချမ်းစွာ စီမံခန့်ခွဲရာတွင် ဆူဒန်သည် လစ်ဟာချက်များစွာ ရှိကြောင်းပေါ်လွင်စေသည့် အညွှန်းကိန်းအချို့ကို စာရေးသူက စဉ်းစားသုံးသပ်ဖော်ပြထားပါသည်။
မတူကွဲပြားမှု လက်ရှိအခြေအနေ၊ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ပြည်တွင်းဥပဒေများကို ဆန်းစစ်လေ့လာခြင်းဖြင့် မတူကွဲပြားမှု စီမံခန့်ခွဲရေး ပထမခြေလှမ်း ဆောင်ရွက်နိုင်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။ ထို့နောက် ဖော်ထုတ်ရရှိသော လစ်ဟာချက်များကို ဖြေရှင်းရန် ဆူဒန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းများအပေါ် အခြေပြု၍ မတူကွဲပြားမှု စီမံခန့်ခွဲရေးနှင့် တန်းတူညီမျှရေးကို ရှေးရှုလျက် ဥပဒေပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ရေးဆွဲရမည်ဖြစ်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။
This technical paper explores and analyses diversity management in Sudan’s democratic transition arrangement (2019–2021). It primarily utilizes the concept of ‘diversity management’ for legislative practice. To administer geographical, multicultural, multi-ethnic and multilingual population diversity, Sudan has passed, in accordance with international principles, many laws to manage diversity in a way that reflects strategic national planning.
The paper analyses existing Sudanese legislation in light of its role in administering coexistence, protecting minorities’ rights and observing human rights as enshrined in national transitional documents and laws. It reflects on some indicators that reveal that Sudan has many gaps in managing diversity peacefully. There is no definite and well-defined set of measures that constitute diversity management.
The paper concludes that the first step towards diversity management might be to analyse national laws regarding the present state and effects of diversity. Consequently, to address the identified gaps, the author concludes that Sudan must develop a law reform strategy in the interest of diversity management and equality based on international standards.
Comments/Questions?