Myanmar's Environment and Climate Change Challenges

Submitted by Naw Janet on Mon, 11/28/2022 - 19:48
Document Image
Hide on English
Off
Hide on Myanmar
Off
Myanmar Publications
Title English
Myanmar's Environment and Climate Change Challenges
Title Myanmar
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများ
Highlight publication
Off
Document Image Myanmar
Myanmar Summary

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများကြွယ်ဝကာ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ များပြားစုံလင်ရာ ဒေသတစ်ခုဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရပြီး ပြည်ပအထောက်အပံ့များမပါဘဲ ၎င်း၏ဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ရန်အတွက် ပြည့်စုံမှုအနည်းဆုံးဖြစ်သည့် နိုင်ငံများအနက်မှ တစ်နိုင်ငံလည်း ဖြစ်သည်။ သဘာဝသယံဇာတများအား စီမံခန့်ခွဲသည့်နည်းဟန်သည် မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် အဓိကကျသည့် အခန်းကဏ္ဍမှ အမြဲပါဝင်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့အောင် မည်သို့စီမံခန့်ခွဲရမည် ဟူသည့်အချက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် အဓိကကျသော ပုစ္ဆာတစ်ရပ်ဖြစ်သည်။

ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာပြည်သူလူထုသည် ဆန္ဒထုတ်ဖော်ခြင်း၊ ‘ပြည်သူ့ကာကွယ်ရေးတပ်မတော်’ နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်လျက် လက်နက်ကိုင်တော်လှန်ခြင်းတို့ဖြင့် စစ်တပ်ကိုဆန့်ကျင်၍ ဆော်စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းလှုပ်ရှားဆောင်ရွက်သူအုပ်စုများနှင့် ၎င်းတို့နှင့်ဆက်စပ်နေသော ဖက်ဒရယ်အဆင့် ကြားကာလစီမံအုပ်ချုပ်ရေးအင်စတီကျူးရှင်းများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ညှိနှိုင်းဆောင်ရွက်ရန် နိုင်ငံရေးမူဘောင်တစ်ရပ်ကို ချမှတ်ရေးဆွဲလျက်ရှိသည်။

ဤမူဝါဒစာတမ်းတွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာစီမံအုပ်ချုပ်မှုအခက်အခဲများ အကြောင်းကို ခြုံငုံသုံးသပ်ထားပါသည်။ ထို့ပြင် အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်မှ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမျှတမှုကို ရယူနိုင်စေခြင်း နှင့် ရာသီဥတုပြောင်းလဲမှုအား ဖြေရှင်းခြင်းတို့အတွက် မည်သို့အာမခံချက်ပေးနိုင်ကြောင်းကို နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် အလေ့အထကောင်းများ၊ ဖြစ်ရပ်နှိုင်းယှဉ်လေ့လာချက်များဖြင့် ထည့်သွင်းစဥ်းစားဖွယ်အချက်များကို တင်ပြထားသည်။ နောက်ဆုံးတွင် မူဝါဒအရ ရွေးချယ်ဆောင်ရွက်နိုင်သည့်အချက်များ နှင့် အကြံပြုချက်များကို ဖော်ပြထားပါသည်။

English Summary

Myanmar is rich in natural resources and a global biodiversity hotspot. Myanmar is also one of the countries worst affected by climate change and one of the least equipped to improve its resilience without external support. How to manage natural resources has always been at the heart of Myanmar’s history and learning how to manage economic development sustainably became a central question of Myanmar’s democratic transition.

Since the February coup, the people of Myanmar have been mobilizing against the military through protest and an armed resistance led by ‘People’s Defence Forces’ and ethnic resistance organizations. These groups of actors and their associated federal-level interim governance institutions are developing a political framework to negotiate both an interim constitution and a permanent constitution for the future Federal Democratic Union of Myanmar.

This Policy Paper provides an overview of Myanmar’s environment- and climate-related governance challenges. It also identifies key considerations on how a future constitutional framework could guarantee environmental protection, protect biodiversity, promote access to justice and address climate change, informed by international good practices and comparative case studies.

Order
95