About MM
ကျွန်ုပ်တို့ စီမံကိန်းအကြောင်း
MyConstitution စီမံကိန်းသည် မြန်မာနိုင်ငံရှိမိတ်ဖက်များနှင့် လက်တွဲကာ အခြေခံဥပဒေတည်ဆောက်ခြင်းနှင့်ပက်သက်ပြီး အသိပညာများ ပိုမိုတိုးမြင့်အားကောင်းလာစေရန် လုပ်ဆောင်လျှက်ရှိသည်။ စီမံကိန်း၏ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် ပြည်တွင်းဖြစ်ဖြစ်သော၊ အသိပညာကြွယ်ဝသော၊ အားလုံးပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ယဉ်ကျေးမှု တစ်ရပ်ဖော်ဆောင်ရန် ဖြစ်သည်။ ထို့သို့ လုပ်ဆောင်ရာတွင် အောက်ဖော်ပြပါ အထောက်အပံ့များ ပံ့ပိုးပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းနှင့် သက်ဆိုင်သော စေ့စပ်ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း စသည့် လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများအတွက် တောင်းဆိုချက်အပေါ်အခြေခံသည့် အကြံပြုချက်များကို ပညာရှင်များမှ ပံ့ပိုးခြင်း ။
- မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်ချက်များပေါ်တွင် အခြေခံသည့် သိသင့်သိထိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို လေ့လာခြင်း ။
- ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်သော ကိစ္စရပ်များနှင့်ပက်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း ။
- ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများ၊ သတင်းအချက်အလက်များကို မြန်မာနှင့်အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း ။
- မြန်မာနိုင်ငံ၏အခြေအနေနှင့်လိုက်လျောညီထွေရှိစေသည့် ကောင်းမွန်စွာ ရေးဆွဲထားသော အကဲဖြတ်မှုနည်းလမ်းများကို ကျင့်သုံးနိုင်ရန် အထောက်အပံ့များ နှင့် လက်တွေ့လမ်းညွှန်ကိရိယာများ ပံ့ပိုးပေးခြင်း တို့ဖြစ်ပါသည်။
MyConstitution စီမံကိန်းကို International IDEA မြန်မာက အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။ ဤစီမံကိန်းကို နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ နှင့် လူဇင်ဘာ့ခ်နိုင်ငံအစိုးရတို့မှ ကူညီပံ့ပိုးပေးထားပါသည်။
International IDEA မြန်မာ အကြောင်း
ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (International IDEA) သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပိုမိုအားကောင်းလာစေရန်၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် အဓိက ကူညီပံ့ပိုးရန်၊ လွှတ်တော်တွင်း ဒီမိုကရက်တစ်စံနှုန်းဖြင့် စိစစ်မှုများကို ပံ့ပိုးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။ International IDEA ကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းက အစပြုခဲ့ကာ ယနေ့ တွင် ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ရုံးခန်းဖွင့်လှစ်ထားရှိပါသည်။
ဆက်သွယ်ရန်Amanda Cats-Baril
နော်ဂျက်နက် တွဲဖက်အစီအစဥ်အရာရှိ n.janet@idea.int
International IDEA မြန်မာ အမှတ် ၆၈ ဘီ၊ ဆရာစံလမ်း ၁၁၂၀၁၊ ဗဟန်းမြို့နယ် ရန်ကုန်၊ မြန်မာ ဖုန်း +၉၅ ၉ ၂၆၃၁၂ ၈၁၀၄ အီးမေးလ် - myconstitution@idea.int |
|
အောက်ပါတို့မှ ကူညီပံ့ပိုးပေးထားပါသည်။ |
Comments/Questions?