Building Federal Democracy Myanmar

#footer{visibility:hidden;height:0px} #newsletter{visibility:hidden;height:0px} #block-myamnarlanguagepublicationsenglishversion h2 {height:0;color:white;} article .row-title h1 { visibility:hidden; height:0px; } .btn-group, .btn-group-vertical { position: relative; display: inline-block; vertical-align: middle; visibility: hidden; } #search-container #search-form .gsc-control-searchbox-only { width: 19em; visibility: hidden; } #block-myconstitutionmyanmarmenu-menu h2, #block-myconstitutionmyanmarmenu-menu .h2 { font-size: 0px; visibility: hidden; } h2#block-myconstitutionmyanmarmenu-menu { height: 0px; font-size: 0px; visibility: hidden; } .block-myconstitutionmyanmarmenu-menu ul { list-style-type: none; margin: 0; padding: 0; overflow: hidden; background-color: #333333; } .nav > li { float: left; } .nav > li > a { position: relative; display: block; padding: 10px 15px; color: black; font-size: 20px; } h2, h3 { color: #025da9; }

MyConstitution

 

ကျွန်ုပ်တို့စီမံကိန်းအကြောင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နှင့် လူဇင်ဘတ် တို့မှ ရန်ပုံငွေပံ့ပိုးထားသော မြန်မာနိုင်ငံရှိ International IDEA ၏ MyConstitution အစီအစဥ်ဒုတိယပိုင်း (၂၀၁၈-၂၀၂၂) ပြီးမြောက်ခဲ့ပါသည်။ MyConstitution အင်တာနက်စာမျက်နှာရှိ ဖတ်ရှုလေ့လာစရာ အရင်းအမြစ်များအား ဆက်လက်ရရှိနိုင်စေရန်နှင့် International IDEA ၏ ၂၀၂၃-၂၀၂၄ အစီအစဉ်သစ်အရ မြန်မာ့ဒီမိုကရေစီရေးကို ဆက်လက်ပံ့ပိုးနိုင်စေရန်အတွက် MyConstitution အင်တာနက်စာမျက်နှာအား ဆက်လက်ထားရှိမည်ဖြစ်သည်။

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အစီအစဥ်အသစ် (၂၀၂၃-၂၀၂၅) အားဖြင့် International IDEA သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီပြန်လည်ထူထောင်ရေးတွင် ပါဝင်ကူညီရန် ရည်မှန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အသစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ သဘောတူညီခြင်းနှင့် ပြင်ဆင်ခြင်းတို့တွင် မြန်မာနိုင်ငံမှ တရားဝင်မှုရှိသော ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်သူများအား ပံ့ပိုးကူညီခြင်း၊ အဆင့်တိုင်းတွင် အားလုံးပါဝင်မှုရှိပြီး အများပါဝင်နိုင်သော အုပ်ချုပ်ရေးစနစ် သေချာမှုရှိစေရန် ထိရောက်ပြီး တာဝန်ခံမှုရှိသော အင်စတီကျူးရှင်းများ ဖွဲ့စည်းတည်ထောင်ခြင်းတို့တွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ အဓိကထား ကူညီပံ့ပိုးပေးသွားမည့် ကဏ္ဍများတွင် အောက်ပါတို့ ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနှင့် အုပ်ချုပ်ရေး

  • အာဏာသိမ်းမှုအလွန် အသွင်ကူးပြောင်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းတို့နှင့် သက်ဆိုင်သော ဆက်စေ့စပ်ညှိနှိုင်းမှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား အလုပ်ရုံဆွေးနွေးပွဲများ/သင်တန်းများ/အချင်းချင်းနှီးနှောဖလှယ်ခြင်းများ/ဆွေးနွေးမှု/လမ်းညွှန်သင်ပြပေးခြင်း တို့ဖြင့် လိုအပ်ချက်နှင့်တောင်းဆိုချက်အပေါ် အခြေခံသည့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြံပြုချက်များ ပံ့ပိုးကူညီခြင်း။

  • အာဏာသိမ်းပြီးနောက် အကူးအပြောင်းကာလအတွင်း မဟာဗျူဟာနှင့် မူဝါဒများချမှတ်ခြင်းများတွင် အသိပညာ အထောက်အကူပြုရန်နှင့် ကမ္ဘာတစ်ဝှမ်းမှ နှိုင်းယှဉ်လေ့လာမှုအတွေ့အကြုံများကို အခြေခံသည့် သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ အ‌ခြေအနေနှင့် လိုက်လျောညီထွေမှုရှိစွာ လေ့လာသင်ယူခြင်းနှင့်  စွမ်းရည်မြှင့်တင်ခြင်း။

  • ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အားလုံးပါဝင်မှုရှိရေးတို့အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးရန် လုံခြုံသောအခင်းအကျင်းများနှင့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

  • ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အုပ်ချုပ်ရေးနှင့် အားလုံးပါဝင်မှုရှိရေး စသည့်အကြောင်းအရာများနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများ၊ အချက်အလက်များနှင့် သုတေသနလေ့လာချက်များ ပံ့ပိုးကူညီခြင်း။

  • ကောင်းမွန်စွာချမှတ်ရေးဆွဲထားသော  ဆန်းစစ်လေ့လာရေးနည်းလမ်းများကို ကျင့်သုံးနိုင်ရန် အထောက်အပံ့များနှင့်လက်တွေ့လမ်းညွှန်ကိရိယာများပံ့ပိုးပေးခြင်း တို့ဖြစ်ပါသည်။

အားလုံးပါဝင်မှုရှိသော နိုင်ငံ‌ရေးပါဝင်ဆောင်ရွက်မှု တိုးမြှင့်ခြင်း

  • ပြည်သူ့နီတိပညာရေးနှင့် ဒီမိုကရေစီကို အဓိကထားကာ ပညာရေးဝန်ကြီးဌာနများနှင့် ပညာရေးအဖွဲ့အစည်းများအတွက် ကြားကာလပညာရေးနှင့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးကူညီခြင်း။

  • ပြည်သူ့နီတိနှင့် ဒီမိုကရေစီ အသိပညာရေးဆိုင်ရာ လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အချင်းချင်း နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်း။

အားလုံးပါဝင်မှု နှင့် ကွဲပြားစုံလင်မှု

  • အနာဂတ်မြန်မာနိုင်ငံ၏ ဖက်ဒရယ်အုပ်ချုပ်ရေးအစီအမံ၊ ရွေးကောက်ပွဲစနစ်နှင့် အခွင့်အရေးများ တိုးတက်မြှင့်တင်ပေးသည့် ဆောင်ရွက်ချက်များအပါအဝင် လူ့အခွင့်အရေးအကာအကွယ်‌ပေးရေးယန္တရားများတည်ဆောက်ရာတွင် အားလုံးပါဝင်မှုရှိသော ဒီဇိုင်းပုံစံအကြောင်း ဆွေးနွေးနိုင်စေရန် ကြားကာလအင်စတီကျူးရှင်းများနှင့် အခွင့်အလမ်းအားနည်းသော အစုအဖွဲ့များ၏ ကိုယ်စားပြုများအကြား ဆွေးနွေးပွဲများ ပံ့ပိုးပေးခြင်း။  
  • အချက်အလက်များ စုဆောင်းခြင်း၊ စိစစ်သုံးသပ်ခြင်းအကြောင်း အသိပညာပေးရန်နှင့် ထိုစုဆောင်းထားသော အချက်အလက်များအား အခွင့်အလမ်းအားနည်းသော အစုအဖွဲ့များ၏ အကျိုးအတွက် အကောင်အထည်ဖော်နိုင်စေရန် ထိုအစုအဖွဲ့များနှင့် ကြားကာလအင်စတီကျူးရှင်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အကြံပြုချက်များပံ့ပိုးကူညီခြင်း။
  • အားလုံးပါဝင်မှုရှိပြီး စစ်မှန်သော ရွေးကောက်ပွဲများအပါအဝင် လူတစ်ဦးချင်းနှင့် စုပေါင်းလူ့အခွင့်အရေးများကို အကာအကွယ်ပေးကြောင်း သေချာစေသည့် အသွင်ကူးပြောင်းရေးနှင့် အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထိရောက်သော ယန္တရားများ သို့မဟုတ် အမှီအခိုကင်းသော အင်စတီကျူးရှင်းများကို သတ်မှတ်နိုင်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အကြံပြုချက်များ ပံ့ပိုးကူညီခြင်း။

  • ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော အုပ်ချုပ်မှုအစီအစဥ်များအပါအဝင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ပါ၀င်သည့် ယန္တရားများ သို့မဟုတ် အဖွဲ့အစည်းများကို ဒီဇိုင်းရေးဆွဲရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အကြံပြုချက်များ ပံ့ပိုးကူညီခြင်း။

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဥ်သည် မြန်မာနိုင်ငံရှိ ကြားကာလနှင့် အသွင်ကူးပြောင်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ (ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်) လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာ၊ ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) အပါအဝင် မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ သက်ဆိုင်သူအများအပြားအတွက် ရည်ရွယ်ပါသည်။

International IDEA မြန်မာ အကြောင်း

ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာအကူအညီပေးရေးနိုင်ငံတကာအဖွဲ့အစည်း (International IDEA) သည်   မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာအားကောင်းလာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် စီမံအုပ်ချုပ်ရေးတို့တွင် ကူညီထောက်ပံ့ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီရေးဆိုင်ရာသက်ဆိုင်သူများနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။ International  IDEA သည် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရုံးစတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုကိုတုံ့ပြန်သောအားဖြင့် ရန်ကုန်နှင့် နေပြည်တော်မြို့များရှိရုံးများကို ယာယီပိတ်ထားပြီး ဒီမိုကရေစီအကူအညီအထောက်အပံ့များကို နိုင်ငံပြင်ပမှ ပံ့ပိုးပေးလျှက်ရှိသည်။

ဆက်သွယ်ရန်

Nathalie Ebead
ယာယီမြန်မာအစီအစဉ်အကြီးအကဲနှင့် အစီအစဉ်မန်နေဂျာ

N.Ebead@idea.int

 

Email: myanmar@idea.int
https://www.idea.int/our-work/where-we-work/asia-pacific/myanmar  

 

Supported by:


Finland
Luxembourg
Norway
Sweden

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဥ်ကို အောက်ပါတို့မှ ကူညီပံ့ပိုးထားသည်။

Donor

ဤစာမျက်နှာရှိအကြောင်းအရာများသည် International IDEA နှင့်သာ သက်ဆိုင်ပြီး International IDEA ၏ အဖွဲ့ဝင်နိုင်ငံများနှင့်အလှူရှင်နိုင်ငံများ၏ ရှုမြင်ပုံများကို ကိုယ်စားပြုခြင်းမရှိပါ။