Comparing the Myanmar Constitution

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၃မျိုးကို နှိုင်းယှဉ်ခြင်း | Comparative Constitutions Project

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၃မျိုးကို နှိုင်းယှဉ်ခြင်း

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၃မျိုးကို နှိုင်းယှဉ်ခြင်း

 
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)

နိဒါန်း

နယ်စပ်ဒေသများနှင့် ကရင်နီနယ်များအပါ အဝင် မြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ် သော ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ် သော မြန်မာနိုင်ငံကို အခိုင်အခံ့ အညီအညွတ်တည် ထောင်ရန် သန္ဒိဋ္ဌာန်ချ၍၎င်း။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောက ပလ တရားများကို အခြေပြုကာ၊ လူ သတ္တဝါခပ် သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့ အောင်ထိန်းသိမ်းရန် သန္ဒိဋ္ဌာန်ချ၍ ၎င်း။ လူမှု ဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတ မှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ် စွာတွေးကြံ နိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသား ဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ် လပ်စွာကိုး ကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရား ကျောင်းကန်စ သည်တို့သို့ သွားလာ ဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပညာရှာမီးနိုင်မှု ၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုမူ ဆောင်ရွက်နိုင်မှု၊ အဆင့်အ တန်းညီမျှမှု၊ အခွင့် အလမ်း ညီမျှမှု၊ တရားဥပဒေ အရာတွင် ညီမျှမှု တို့ကို နိုင်ငံသားအားလုံးရရှိခံ စားနိုင်စေခြင်းငှာ အခိုင်အမာ ခံဝန်ပြုရန် သန္ဒိဋ္ဌာန်ချ၍၎င်း၊ မြန်မာ သက္ကရာဇ် ၁၉၀၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ ( ခရစ်တော် သက္ကရာဇ် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ နှစ်ဆယ့် လေးရက်နေ့) တွင် ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကျွန်ုပ်တို့၏ တိုင်းပြည်ပြုလွှတ်တော်၌ ကျွန်ုပ်တို့ သည် လက်ခံ၍ ဥပဒေအဖြစ် အတည်ပြု ပီးလျှင် ကျွန်ုပ်တို့အား နှင်းအပ်လိုက်သည်။

အခန်း ၁ နိုင်ငံဖွဲ့စည်းပုံ

မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင် သမ္မတ နိုင်ငံဖြစ်သည်။ ထိုနိုင်ငံကို ပြည်ထောင်စု မြန်မာ နိုင်ငံဟု ခေါ်ရမည်။

မြန်မာတစ်နိုင်ငံလုံးသည် ပြည်ထောင်စု မြန်မာ နိုင်ငံတွင်ပါဝင်ရမည် (က) ယခင်ကမြန်မာပြည်ဘုရင်ခံမှတဆင့် ဗြိတိသျှ ဘုရင်းမင်းမြတ် စီရင်အုပ်ချုပ်တော်မူခဲ့သော နယ် မြေအားလုံးနှင့် (ခ) ကရင်နီနယ်မြေများပါဝင်သည့်

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာ သည် နိုင်ငံသားတို့၌ တည်သည်။

ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီ ရင်မှုအာဏာအားလုံးကို နိုင်ငံသားတို့ထံမှ ခံယူ၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ခန့် အပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ သို့တည်းမ ဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များ၏ လုပ်ငန်းအဖွဲ့ များနှင့် အရာရှိများကသော်၎င်း ထိုအဖွဲ့များနှင့်အ ရာရှိများ၏ အခွင့်အာဏာအရ သော်၎င်း၊ နိုင်ငံ သားတို့၏ ကိုယ်စား သုံးစွဲ နိုင်ရမည်။

ပဒေသရာဇ်ရှမ်းပြည်နယ်စုဟူ၍ ယခင်က ခေါ်တွင် ခဲ့သောနယ်မြေများနှင့် ဝနယ်များသည် ပြည် ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအ ဖွဲ့ ဝင်တစ်ခုအဖြစ်ဖြင့် ပါဝင်ရမည်။

မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်များဟူ၍ ယခင်က ခေါ်တွင်ခဲ့သောနယ်မြေများကို ပြည်ထောင်စု မြန် မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် တစ်ခု အဖြစ် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် “ကချင်ပြည်နယ်” ဟုခေါ်ရ မည်။

ကန္တာရဝတီ၊ ဘောလခဲနှင့် ကယ်ဖိုးကြီးတို့ ပါဝင် သည့်ကရင်နီနယ်များဟု ယခင်ကခေါ်တွင် ခဲ့သော နယ်မြေများကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း တွင် ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ် ဖွဲ့စည်းရ မည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှ နောင်အဖို့ တွင် “ကရင်ပြည်နယ်”ဟု ခေါ်ရမည်။

ပုဒ်မ ၁၈၀ ရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်ဘဲ၊ ပြည်ထောင်စုမြန်မာနိုင်ငံရှိ ကျန်နယ်မြေအားလုံး နှင့် သက်ဆိုင်သော ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ် မှုအာဏာ၊ တရားစီရင်ရေးအာဏာအားလုံးကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ လုပ်ငန်းအဖွဲများ နှင့် အရာရှိများကသာလျှင်သော်၎င်း၊ ထိုအဖွဲ့ များနှင့် အရာရှိများ၏ အခွင့်အာဏာရသော်၎င်း၊ သုံးစွဲနိုင် ရမည်။

အခန်း(၂) မူလအခွင့်အရေးများ

“နိုင်ငံတော်”ဟူသောစကား၏ အဓိပ္ပာယ် ရှင်း လင်းချက်

ဤအခန်းနှင့် အခန်း ၃၊ အခန်း ၄ တို့တွင် “နိုင်ငံ တော်” ဟူသော စကား၏ ဆိုလိုရင်းမှာ ရှေ့ နောက်စကားတို့၏ အဓိပ္ပာယ်ကိုထောက်၍ ပြည် ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာ ကိုသော်၎င်း ဥပဒေပြုမှုအခွင့် အာဏာကိုသော်၎င်း ဆိုလိုသည်။

နိုင်ငံသားဖြစ်မှု

၁၀ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံ သားဟူ၍ တစ်မျိုးတည်းသာရှိရမည်။ ဆိုလိုရင်း မှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီးအခြားမရှိရ၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍သာ ရှိရမည်။

၁၁ (က) မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ် သော သို့တည်းမဟုတ် ဖြစ်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်၎င်း၊ (ခ) မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ် သော သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများ အနက် အနည်းဆုံးတစ်ဦးမှ ပြည်ထောင်စုနိုင်ငံ တွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်းသည်၎င်း၊ (ဂ) ပြည်ထောင်စုနိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့ တည်းမဟုတ် ဤအခြေခံဥပဒေစတင်အတည် ပြုသည့်နေ့တွင် အသက်ရှင်နေသည်ဖြစ်ပါက တိုင်းရင်းသားအဖြစ်ကိုရယူခွင့်ရှိသော မိဘနှစ်ပါး မှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာ ဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်း သည်၎င်း၊ (ဃ) ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပြန့်ရာနယ်မြေ တစ်ခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍ ဤအခြေခံ ဥပဒေစတင်အာဏာတည်သည့်နေ့မှ အထက်၊ သို့ တည်းမဟုတ် ၁၉၄၂ ခု၊ ဇန္နာဝါရီလ ၁ ရက်နေ့ မှ အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သောကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်းနေထိုင် ခဲ့ဘူးပြီးလျှင် ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့ သော အာဏာပိုင်နက်အတွင်းနေထိုင်ခဲ့ဘူး ပြီး လျှင် ပြည်ထောင်စုနိုင်ငံအတွင်းတွင် ထာဝစဉ်နေ ထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍ ထို့ပြင်တရား ဥပဒေ ဖြင့်သတ်မှတ်သော အချိန်အတွင်းတွင် ထိုသို့သတ် မှတ်သောနည်းလမ်းနှင့်အညီ ပြည်ထောင်စုနိုင်ငံ သားအဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်း သည်၎င်း ပြည်ထောင်စု မြန်မာ နိုင်ငံသားဖြစ်ရ မည်။

၁၂ နိုင်ငံသားဖြစ်ခြင်းသဘော၊ နိုင်ငံခြားသား ဖြစ် ခြင်းသဘောတို့နှင့်စပ်လျဉ်း၍ လျော်ကန်သင့် မြတ်သည်ဟု ထင်မြင်သည့်အတိုင်း တရား ဥပဒေ များကို ပြုနိုင်သော ပါလီမန်၏အာဏာ သည် ပုဒ် မ ၁၁ ရှိပြဋ္ဌာန်းချက်အောက် ယုတ်လျော့ ခြင်းမ ဖြစ်ရ၊ ထို့ပြင် ထိုကဲ့သို့သော တရားဥပဒေ တစ်ခုခု သည် ပုဒ်မ ၁၁ တွင် မပါဝင်သေးသော လူအမျိုးအ စားများကို နိုင်ငံသားအဖြစ် လက်ခံ ရန်သော်၎င်း ပြဋ္ဌာန်းနိုင်သည်။

ညီမျှမှုအခွင့်အရေးများ

၁၃ ဇာတိမရွေး၊ကိုးကွယ်ရာဘာသာမရွေး၊ယောက်ျား မိန်းမမရွေး၊ လူမျိုးမရွေး နိုင်ငံသားဟူသမျှသည် နိုင်ငံတော်တရားဥပဒေအရာတွင် အညီအမျှသာ ဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံသားတစ်ဦးနှင့် တစ် ဦးကို သို့တည်းမဟုတ် နိုင်ငံသား လူတန်းစား တ စားနှင့်တစားကို တဖက်သတ်သဘောအတိုင်း ခွဲ ခြားခြင်းမပြုရ။

၁၄ ပြည်သူ့ဝန်ထမ်းဆိုင်ရာရာထူးတို့၌၎င်း အလုပ် လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်းဝယ်မှု၊ စီးပွားရှာမှု၊ အတတ်ပညာနှင့် အသက်မွေးမှုတို့၌၎င်း နိုင်ငံသား အားလုံးသည် ညီမျှသောအခွင့်အလမ်းအားလုံးကို ရရှိရမည်။

၁၅ မိန်းမများသည် တူညီသောအလုပ်အတွက် ယောက်ျားတို့ရသော လခမျိုးကို ရနိုင်ရမည်။

လွတ်လပ်မှု အခွင့်အရေးများ

၁၆ တရားဥပဒေအရမဟုတ်လျှင် မည်သည့်နိုင်ငံသား မျှ မိမိ၏လွတ်လပ်ခွင့်ကို ရုပ်သိမ်းခြင်းမခံစေရ။ မိမိ၏နေအိမ်အတွင်းသို့ အဝင်ခံရခြင်း ပစ္စည်း အသိမ်းခံရခြင်း မရှိစေရ။

၁၇ တရားဥပဒေနှင့်၎င်း ငြိမ်ဝပ်ပိပြားရေးနှင့်၎င်း ပြည်သူ့ကိုယ်ကျင့်တရားနှင့်၎င်း မဆန့်ကျင်လျှင် နိုင်ငံသားများသည် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲနိုင်ရမည်- (က) မိမိတို့၏ယုံကြည်ချက်၊ ထင်မြင်ချက်တို့ကို လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သော အခွင့်အရေး။ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးနိုင်သော အ ခွင့်အရေး။ (ဂ) အသင်းများနှင့် အသင်းအဖွဲ့များကို ဖွဲ့စည်းနိုင် သော အခွင့်အရေး။ သို့ရာတွင် ရည်ရွယ်ချက်ဖြင့် သော်၎င်း၊ ဆောင်ရွက်မှုဖြင့်သော်၎င်း ဤအခြေခံ ဥပဒေကို ပျက်ပြားစေရန် ကြံရွယ်သော သို့တည်း မဟုတ် ပျက်ပြားမည့်အကြောင်း ဖြစ်ပေါ်စေသော အသင်း၊ အသင်းအစုအဖွဲ့နှင့် အစည်းအရုံးမျိုးကို မူ တားမြစ်သည်။ (ဃ) ပြည်ထောင်စုနိုင်ငံအတွင်းတွင် မည်သည့်နေရာ၌ မဆို နေထိုင်အခြေစိုက်နိုင်သော၊ ပစ္စည်းရယူပိုင် ဆိုင်နိုင်သော၊ အလုပ်လုပ်ကိုင်နိုင်သော၊ ကုန်သွယ် ရောင်းဝယ်နိုင်သော၊ အတတ်ပညာဖြင့် အသက် မွေးနိုင်သော အခွင့်အရေး။

၁၈ ပြည်ထောင်စုနိုင်ငံ တရားဥပဒေ၏ စည်းမျဉ်း သတ်မှတ်ချက်ကိုလိုက်နာ၍ ပြည်ထောင်စု အဖွဲ့ ဝင်များတွင် ကူးသန်းရောင်းဝယ်ခြင်း၊ ကူးလူး ဆက်ဆံခြင်းတို့သည် လွတ်လပ်ရမည်၊
ခြွင်းချက်။ သို့ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်တို့ သည် ငြိမ်ဝပ် ပိပြားရေးအတွက်သော်၎င်း၊ ပြည် သူကိုယ်ကျင့် တရားအတွက်သော်၎င်း၊ လျော်ကန် သင့်မြတ်သော ချုပ်ချယ်စည်းကမ်း များကို တရား ဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။

၁၉ (က) လူအရောင်းအဝယ်ပြုခြင်း (ခ) တရားဥပဒေအရ အပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ်ကိုထမ်းဆောင်ခိုင်းခြင်းမှတပါး နိုင် ထက်စီးနင်းခိုင်းခြင်းနှင့် အလိုဆန္ဒမရဘဲ ကျေးကျွန်သဖွယ်ခိုင်းခြင်းတို့ကို တားမြစ်သည်။ ရှင်းလင်းချက် ဇာတိအားဖြင့်သော်၎င်း၊ လူမျိုးအားဖြင့်သော်၎င်း၊ ကိုးကွယ်ရာဘာသာအားဖြင့်သော်၎င်း၊ လူတန်းစားအားဖြင့်သော်၎င်း၊ ခွဲခြားခြင်းမပြုဘဲ၊ ပြည်သူအကျိုးငှာ မလုပ်မနေရသော အလုပ်မျိုးကို လုပ်စေရန် နိုင်ငံတော်၏ တာဝန်ချထားခြင်းကို မကြား ဤပုဒ်မ မရှိစကားကြောင့် အတားအဆီး မရှိစေရ။

ဘာသာ သာသနာရေး ဆိုင်ရာ အခွင့်အရေးများ

၂၀ ငြိမ်ဝပ်ပိပြားရေးသော်၎င်း၊ ပြည်သူ့ကိုယ်ကျင့် တ ရားနှင့်သော်၎င်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော် ၎င်း၊ ထို့အပြင် ဤအခန်းရှိအခြား ပြဋ္ဌာန်း ချက်တို့ နှင့်၎င်း မဆန့်ကျင်လျှင် လူခပ်သိမ်း တို့သည် သာ သနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့် အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင် သောအခွင့်အရေးတို့ကို အညီအမျှရရှိရမည်။ ရှင်းလင်းချက် ၁။ ဘာသာရေးဆိုင်ရာ ကိုးကွယ်တည်ဆောက်မှုနှင့် ဆက်စပ်နေစေကာမူ ထိုသို့ဆက်စပ်နေသော စီး ပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးနှင့် အခြား လောကီရေးဆောင်ရွက်မှုတို့ကို အထက်ပါ အရေး တွင် မပါဝင်စေရ။ ရှင်းလင်းချက် ၂။ ဤပုဒ်မတွင် ထိုသို့ လွတ်လပ်သော အခွင့်အရေး များကို ပေးထားသော်လည်း၊ ပြည်သူ့အကျိုးကိစ္စ ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ တရား ဥပဒေပြုခြင်းကို မတားမြစ်ရ။

၂၁ ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင် ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ် သည်ဟု ပြည်ထောင်စုနိုင်ငံတော်ကအသိအမှတ်ပြု သည်။ နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခ ရစ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသ နာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤအခြေ ခ့ဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိ ကြသော ကိုးကွယ်ရာ ဘာသာအချို့ဟူ၍ အသိအ မှတ်ပြုသည်။ နိုင်ငံတော်သည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုကို သော်၎င်း ယုံကြည်မှုကိုသော်၎င်း အကြောင်းပြု၍ မည်သူ့ကိုမျှ သက်ဆိုင်ရာအခွင့်အရေး ချို့ငဲ့စေ ခြင်း၊ ခွဲခြားခြင်းကိုမပြုရ။ နိုင်ငံရေးကိစ္စအလို့ငှာ ကိုးကွယ်ရာဘာသာကို အ လွဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့် သော် ၎င်း၊ တဖက်နှင့်တဖက် တဂိုဏ်းနှင့်တဂိုဏ်း မုန်း တီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတို့ ပေါ် ပေါက်လာစေရန် ရည်ရွယ်သော သို့တည်း မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူ သည် ဤအခြေခံဥပဒေနှင့်ဆန့်ကျင် သည်။ ထိုအ ပြုအမူမျိုးအတွက် အပြစ်ဒဏ်ပေးနိုင် အောင် တရားဥပဒေပြုနိုင်သည်။

ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများ

၂၂ နိုင်ငံတော်ပညာသင်ကျောင်းများသို့ ဝင်ခွင့်ပြုရန် ကိစ္စနှင့်စပ်လျဉ်း၍ ကိုးကွယ်ရာဘာသာ၊ လူမျိုး၊ ဘာသာစကား တို့ကိုအကြောင်းပြုကာ မည်သည့် လူနည်းစုကိုမျှ ခွဲခြားတားမြစ်ခြင်းမပြုရ၊ မည် သည့်ကိုးကွယ်ရာ ဘာသာသင်ခန်းစာကိုမျှ လည်း ထိုလူနည်းစုအားအတင်းအကြပ် လိုက်နာ သင်ယူ စေရန် ပညတ်ခြင်းမပြုရ။

စီးပွားရေးဆိုင်ရာ အခွင့်အရေးများ

၂၃ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်ဘဲ စီး ပွားရေးကိစ္စများတွင် ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် ကိုယ် ပိုင်လုပ်ကိုင်တီထွင်နိုင်ခွင့်တို့ ရှိရမည်ဟု နိုင်ငံ တော်က အခိုင်အမာ ခံဝန်ပြုသည်။ ကိုယ်ပိုင်ပစ္စည်းအသုံးချနိုင်သော အခွင့်အရေးကို ပြည်သူ့အကျိုးပျက်စီးနစ်နာအောင် မည်သူမျှ အ သုံးမပြုရ။ စျေးနှုန်းများကိုချုပ်ကိုင်ရန်သော်၎င်း၊ အရောင်း အဝယ်တို့ကို လက်ဝါးကြီးအုပ်ရန်သော်၎င်း၊ ဖွဲ့ စည်းသော သို့တည်းမဟုတ် နိုင်ငံတော်၏ စီးပွား ရေး ပျက်စီးရာပျက်စီးကြောင်းဖြစ်သော ကာတယ် အဖွဲ့များ၊ ဆင်ဒီကိတ်အဖွဲ့များ၊ ထရတ် အဖွဲ့များ အစရှိသော ကိုယ်ပိုင်လက်ဝါးကြီးအုပ် အဖွဲ့များ မရှိရ။ နိုင်ငံတော်က ပြည်သူ့အကျိုးအတွက်လိုအပ်ပါက ပိုင်ရှင်အား မည်ကဲ့သို့သော ကိစ္စမျိုးတွင် မည်မျှ လျှော်ကြေးပေးရမည်ဟု ပြဋ္ဌာန်းထားသော တရား ဥပဒေနှင့်အညီသာလျှင် ကိုယ်ပိုင်ပစ္စည်းကို ကန့် သတ်ချုပ်ချယ်နိုင်သည်။ သို့တည်းမဟုတ် သိမ်းပိုက်နိုင်သည်။ တဆက်တည်းဖြစ်သော အထက်ပါပုဒ်မခွဲရှိ စည်း ကမ်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်သူ့ အကျိုး အတွက် လိုအပ်ပါက နိုင်ငံ၏စီးပွားရေးနှင့် သက် ဆိုင်သော လုပ်ငန်းအမျိုးမျိုးကိုသော်၎င်း တစ်ဦး တည်းပိုင် လုပ်ငန်းများကိုသော်၎င်း နိုင်ငံတော် သည် တရားဥပဒေပြဋ္ဌာန်း၍ နိုင်ငံပိုင်ပြုနိုင်သည်။ သို့တည်းမဟုတ် နိုင်ငံတော်အတွက် သိမ်းယူနိုင် သည်။

ရာဇဝတ်ဥပဒေဆိုင်ရာ အခွင့်အရေးများ

၂၄ ပြစ်မှုတစ်ခုကိုပြုသည့်အခါက အတည်ဖြစ် နေ သော တရားဥပဒေကို ကျူးလွန်သည့်အတွက် မှ တပါး မည်သူ့ကိုမျှ ပြစ်မှု ထင်ရှားမစီရင်ရ။ ထို့ပြင် ပြစ်မှုကို ပြုသည့်အခါက အတည်ဖြစ်နေ သော တ ရားဥပဒေအရ ပေးနိုင်သောအပြစ်ဒဏ် ထက်ပို၍ ကြီးလေးသောအပြစ်ဒဏ်အားလည်း မည်သူ့ အား မျှမပေးရ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သောအခွင့်အရေးများ

၂၅ ဤအခန်း၌ပေးအပ်ထားသော အခွင့်အရေး တခုခု ကို ရယူရန် တရားလွှတ်တော်ချုပ်အား သက်ဆိုင် ရာ နည်းဖြင့် လျှောက်ထား၍ ရယူပိုင်ခွင့်ရှိရမည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အခြားတရားရုံးများအား နှင်းအပ်ထားသော အာဏာများကိုမထိခိုက်စေဘဲ ဤအခန်း၌ ပေးအပ်ထားသော ဤအခွင့်အရေးနှင့် သင့်လျော်သည့်ရှေ့တော်သွင်းစာချွန်တော်အမိန့် (Harbeas Corpus)၊ အာဏာပေး စာချွန်တော် အမိန့် (Mandamus)၊ တားမြစ်သော စာချွန်တော် အမိန့်(Prohibition)၊ အာဏာပိုင်မေးစာချွန်တော် အမိန့်(Quo Warranto)၊ အမှုခေါ်စာချွန်တော် အ မိန့်(Certiorari)၊ ထိုစာချွန်တော်အမိန့်များ၏ သ ဘောမျိုးပါသော အမိန့်များကိုထုတ်ရန် တရား လွှတ်တော်ချုပ်၌ အာဏာရှိရမည်။ စစ်ဖြစ်သောအခါ၌သော်၎င်း၊ တိုင်းတပါးကထိပါး တိုက်ခိုက်လာသောအခါ၌သော်၎င်း၊ ပုန်ကန်သော အခါ၌သော်၎င်း၊ ဆူပူထကြွသောအခါ၌သော်၎င်း၊ အထူးအရေးတကြိးဖြစ်လာသောအခါ၌သော်၎င်း၊ ပြည်သူ့လုံခြုံမှုအတွက် လိုအပ်သည့်ကိစ္စမှတပါး ဤကာကွယ်ခွင့်၊ ရယူခွင့်များကို ရပ်ဆိုင်းထား ခြင်းမပြုရ။

၂၆ နိုင်ငံခြားများနှင့်ဆက်ဆံရာတွင် နိုင်ငံသားတိုင်း သည် ပြည်ထောင်စုနိုင်ငံ၏ အတွင်း အပ နှစ်ဌာန လုံး၌ ပြည်ထောင်စုနိုင်ငံ၏ ကာကွယ်စောင့် ရှောက်မှုကို တောင်းဆိုနိုင်ရမည်။

၂၇ တိုင်းတပါးက ထိပါးတိုက်ခိုက်ခြင်း၊ ပုန်ကန်ခြင်း၊ ဆူပူထကြွခြင်း၊ အထူးအရေးတကြီးဖြစ်ခြင်းတို့ ပေါ်ပေါက်သည့်အခါများမှတပါး၊ နိုင်ငံသားတစ် ဦး၏ တရားစွဲဆိုပိုင်ခွင့်ရှိသော နစ်နာချက်အ တွက်၊ ထိုနိုင်ငံသားအား၊ တရားဥပဒေဖြင့် သတ် မှတ်ထားသော ကာကွယ်နိုင်ခွင့်၊ ရယူနိုင်ခွင့်တို့ကို မပေးဘဲ မနေရ။

၂၈ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် သို့တည်းမဟုတ် ငြိမ်ဝပ်ပိပြားရေးအတွက် ထားရှိသော တပ်ဖွဲ့ဝင် များသည် မိမိတို့၏တာဝန်ဝတ္တရားများကို ကျေ ပွန်စွာဆောင်ရွက်နိုင်စေခြင်းငှာ၎င်း၊ ထို့အပြင် စည်းကမ်းသေဝပ်မှုရှိစေခြင်းငှာ၎င်း၊ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများကို မည်၍ မည်မျှ ကန့်သတ်ချုပ်ချယ်ထားရမည်ဟူ၍ သို့ တည်းမဟုတ် မည်၍မည်မျှ ဖျက်သိမ်းရမည် ဟူ၍ ပါလီမန်က တရားဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။

၂၉ ပါလီမန်သည် ဤအခန်းရှိပြဋ္ဌာန်းချက်များကို အ တည်ဖြစ်စေရန်၊ လိုအပ်သော ဥပဒေများကို ပြုရ မည်။ တဖန်ဤအခန်းတွင် ပြစ်မှုကျူးလွန်ရာ ရောက်သည်ဟုဖော်ပြထားသော်လည်း အပြစ်ဒဏ် ပေးပိုင်ခွင့်မရှိခဲ့သေးသော ပြစ်မှုများအတွက် အ ပြစ်ဒဏ်ပေးရန်လည်း ဥပဒေများကို ပြုရမည်။

အခန်း ၃ တောင်သူလယ်သမားများနှင့် အလုပ်သမားများ အတွက် နိုင်ငံတော်၏ တာဝန်ဝတ္တရားများ

၃၀ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။ ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်မဆန့် ကျင်စေဘဲ၊ မြေယာပိုင်ခွင့်စနစ်များကို စည်းမျဉ်း တကျဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း၊ နိုင်ငံတော်၌ အခွင့်အရေး ရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကို မဆို ပြန်လည်သိမ်းယူပြီးလျှင် ထိုမြေယာကို စု ပေါင်းစိုက်ပျိုးရေးအတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်စီးစားသမား များအတွက်ဖြစ်စေ ဝေငှပေးရန် အခွင့်အရေးရှိ ရမည်။ မည်သည့်အခြေခံစံနစ်နှင့်မျှ မြေယာအမြောက် အ များပိုင်ဆိုင်ခွင့်မရှိစေရ၊ တဦးတည်းပိုင် ဖြစ်သော မြေယာ၏ အများဆုံးမြေဧက အရေအတွက်ကို အ ကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေ ဖြင့် သတ်မှတ်ရမည်။

၃၁ စီးပွားရေး၌ သူတပါးကိုနစ်နာစေ၍ ကိုယ်ကျိုးရှာ ခြင်းမှ ကာစီးစေရေးအတွက် မိမိတို့အချင်းချင်း ပေါင်းသင်းဖွဲ့စည်းနိုင်ကြစေရန် အလုပ်သမားများ အား နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာ ဆောင် ရွက်ချက်ဖြင့်၎င်း အခြားဆောင်ရွက်ချက် များဖြင့်၎င်း ကူညီနိုင်သည်။
အလုပ်သမားများအား စည်းရုံးပိုင်ခွင့်ပေးစေရန် ၎င်း နှစ်စဉ်အားလုပ်ရက်များအရ ခွင့်ရှိအောင်စီမံ စေရန်၎င်း အလုပ်ခွင်၏ အခြေအနေကို ကောင်း မွန်အောင်ပြုစေရန်၎င်း ရည်ရွယ်၍ နိုင်ငံတော် သည် ဥပဒေပြုပေးခြင်းဖြင့် အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရ မည်။ ထို့အပြင် အ ကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း၊ နေခင်းထိုင် ခင်းနှင့် ထောက်ပံ့မှုအာမခံစနစ် တို့အတွက် စီမံ ချက်များကို အားပေးခြင်းဖြင့်၎င်း ကာကွယ် စောင့်ရှောက်ရမည်။

အခန်း(၅) နိုင်ငံတော်၏ဝါဒရည်ညွှန်းချက်များ

၃၂ ဤအခန်းတွင် ဖော်ပြထားသောမူများကို နိုင်ငံ တော်အတွက် ယေဘုယျလမ်းညွှန်သဖွယ် ရည် ရွယ်သည်။ နိုင်ငံတော်သည်ဥပဒေပြုရာ၌၎င်း၊ အုပ် ချုပ်ရာ၌၎င်း ထိုမူများနှင့်အညီ ဆောင်ရွက်ရန် အ လေးဂရုပြုရမည်။ သို့ရာတွင် ထိုသို့ ဆောင်ရွက် စေရန် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင် ခွင့် မရှိစေရ။

၃၃ နိုင်ငံသားတိုင်း အောက်ပါအခွင့်အရေးများကို ရရှိ ခံစားနိုင်ရန် နိုင်ငံတော်သည် ဝါဒထားရှိ၍ ထိုဝါဒ အတိုင်းရှေ့ရှု ဆောင်ရွက်ရမည်- (က) အလုပ်လုပ်ပိုင်ခွင့် (ခ) အိုမင်းမစွမ်းဖြစ်နိုင်သောအခါ၌သော်၎င်း၊ နာဖျား မကျန်းဖြစ်သောအခါ၌သော်၎င်း၊ အလုပ်လုပ်ခြင်း ငှာ မစွမ်းဆောင်နိုင်သောအခါ၌၎င်း၊ အထောက် အပံ့ရနိုင်သော အခွင့်အရေး။ (ဂ) အနားယူခွင့်၊ အားလပ်ခွင့်ရနိုင်သောအခွင့်အရေး။ (ဃ) ပညာသင်ကြားနိုင်သောအခွင့်အရေး။
အထူးအားဖြင့် နိုင်ငံတော်သည် အခလွှတ်မသင်မ နေရမူလတန်းပညာသင်ကြားရေးအတွက် ပြဋ္ဌာန်း ချက်များကို ပြုရမည်။

၃၄ နိုင်ငံတော်သည် ငယ်ရွယ်သူများကို အထူးဂရုပြု၍ ထိုသူတို့၏ ပညာသင်ကြားရေးကို အားပေးရမည်။

၃၅ နိုင်ငံတော်သည် အင်အားနည်း၍ တိုးတက်မှုတွင် နောက်ကျသော နိုင်ငံသားစုများ၏ ပညာရေးနှင့် စီးပွားရေးကို အထူးဂရုပြု၍အားပေးရမည်။ ထို့ ပြင် လူမှုဆက်ဆံရေး မတရားမှု၎င်း၊ သူတပါး ကို နစ်နာစေ၍ ကိုယ်ကျိုးရှားမှု၎င်း၊ ထိုသူတို့ ကင်း လွတ်စေရန် နိုင်ငံတော်က ကာကွယ်စောင့်ရှောက် ပေးရမည်။

၃၆ ပြည်သူ့နေထိုင်ရေး အဆင့်အတန်းမြှင့်တင်မှုနှင့် ပြည်သူကျန်းမာရေးကောင်းမွန်တိုးတက်မှုတို့သည် နိုင်ငံတော်၏ အဓိကတာဝန်ဝတ္တရားတခု ဖြစ်ရမည်။

၃၇ နိုင်ငံတော်သည် အလုပ်သမားတို့၏ ခွန်အားနှင့် ကျန်းမာရေးတို့ကို ထိခိုက်ခြင်းမဖြစ်စေရန်၎င်း၊ ကလေးသူငယ်နုနယ်သောအရွယ်ကို ထိုခိုက်ခြင်း မဖြစ်စေရန်၎င်း၊ ထို့အပြင် ထိုသူတို့သည် မိမိတို့၏ ကျားမ ဘဝ၊ အသက်၊ ခွန်အားတို့နှင့် မသင့်မ လျော်သော အသက်မွေးမှု အလုပ်အကိုင်တွင် စီး ပွားရေးချို့တဲ့မှုကြောင့် မနေသာဘဲ ဝင်ရောက်လုပ် ကိုင်ရခြင်းမရှိစေရန်၎င်း ယုံကြည် စိတ်ချရအောင် စီမံရမည်။ နိုင်ငံတော်သည် စီးပွားရေးနှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့များ ကလေးထိန်းဌာနများကို ဖွင့် လှစ်ခြင်းအားဖြင့် သားသည်အမေနှင့် ကလေးတို့ ၏ အကျိုးကိုစောင့်ရှောက်ရန် ထို့ပြင်မီးမဖွားမီနှင့် မီးဖွားပြီးကာလများအတွက် လုပ်ခနှင့်နားခွင့်ရရန် အခွင့်အရေးကို အခစားလုပ်ကိုင်နေသောမိခင်တို့ ရရှိခံစားနိုင်စေရန် ဝါဒထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှုဆောင်ရွက်ရမည်။

၃၈ နိုင်ငံတော်သည် ကျန်းမာရေးဝန်ထမ်းအဖွဲ့များ၊ ဆေးရုံများ၊ အထူးဆေးရုံများ၊ သူနာပြုရုံများ၊ န လံထဆေးရုံများနှင့် အခြားကျန်းမာရေးရုံများကို တည်ထောင်ကြီးကြပ်၍ အုပ်ချုပ်ပေးခြင်းဖြင့် ပြည်သူ့ကျန်းမာရေးကို ကောင်းသည်ထက် ကောင်းအောင် ဆောင်ရွက်ရမည်။

၃၉ ပြည်သူ့ကျန်းမာရေးနှင့်တကွ လုပ်ရည်စွမ်းအားကို တိုးတက်စေရန်၎င်း နိုင်ငံတော်ကာကွယ်ရေးစွမ်း အားကို ပြည့်တင်းစေရန်၎င်း၊ နိုင်ငံတော်သည် ပြည်သူများအတွက် အထူးအားဖြင့် လူငယ်များ အတွက် ကာယလေပညာသင်ကြားရေးကို အထူး ဂရုပြု၍ ဆောင်ရွက်ရမည်။

၄၀ နိုင်ငံတော်သည် မသန်မစွမ်းဖြစ်လာသော စစ်မှုထမ်းဟောင်းများအား၊ သင့်တင့်လျောက်ပတ် စွာ နေထိုင်စားသေက်နိုင်စေရန်၎င်း၊ အသက်မွေး ပညာကို အခလွတ်သင်ယူနိုင်စေရန်၎င်း စီမံ ဆောင်ရွက်ရမည်။ နိုင်ငံတော်သည် ကျဆုံးသော စစ်သားများ၏ ကလေးများနှင့် စစ်ကြောင့် မိဘမဲ့ ဖြစ်ရသော ကလေးများကို အထူးဂရုပြု၍ ကြည့်ရှု စောင့်ရှောက်ရမည်။

၄၁ နိုင်ငံ၏ ဓနအင်အားကိုတိုးတက်စေရန်၎င်း၊ ပြည် သူ့ပစ္စည်းဥစ္စာအင်အားကို ကောင်းသည်ထက် ကောင်းစေရန်၎င်း၊ ပြည်သူ့ယဉ်ကျေးမှုအဆင့် အတန်းမြင့်တက်လာစေရန်၎င်း၊ ပြည်ထောင်စု နိုင်ငံ၏ လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန် ၎င်း၊ နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို ကြီးမား လာ စေရန်၎င်း ရည်ရွယ်၍ ပြည်ထောင်စုနိုင်ငံ၏ စီးပွားဆိုင်ရာစီမံကိန်းများကို ပြုရမည်။

၄၂ ကိုယ်ကျိုးအမြတ်အစွန်းအတွက် မဟုတ်ဘဲ လုပ် ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်း အဖွဲ့ အစည်းများအား ပစ္စည်းငွေကြေး အထောက် အပံ့ ပေးရန် နိုင်ငံတော်တွင်ဝါဒထားရှိ၍ ထိုဝါဒ အ တိုင်းရှေ့ရှုဆောင်ရွက်ရမည်။ သမဝါယမ အစည်း အရုံးများနှင့်အလားတူ စီးပွားရေး အစည်း အရုံး များအား ပိုမိုအခွင့်အရေးပေးရမည်။

၄၃ ဝိဇ္ဇာပညာနှင့် သိပ္ပံပညာများ၊ သုတေသနနှင့်ယဉ် ကျေးမှုအဖွဲ့အစည်းများ၊ ထို့အပြင်ပါဠိနှင့်သက္ကဋ သင်ကြားရေးတို့ကို နိုင်ငံတော်ကထောက်ပံ့ စောင့်ရှောက်ရမည်။

၄၄ ပြည်သူသုံးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကသော်၎င်း၊ ဒေသန္တရအဖွဲ့များကသော် ၎င်း ပြည်သူတို့၏ သမဝါယမအစည်းအရုံးများက သော်၎င်း တည်ထောင်လုပ်ကိုင်စေရန် နိုင်ငံတော် အစိုးရ၌ဝါဒထားရှိ၍ ထိုဝါဒအတိုင်းရှေးရှု ဆောင် ရွက်ရမည်။ ပြည်ထောင်စုနိုင်ငံတော်အတွင်းတွင် ဓနပစ္စည်း ထွက်မည့်သဘာဝပင်ရင်းအခြေအမြစ်များကို နိုင်ငံ တော်အစိုးရကိုယ်တိုင်ကသော်၎င်း၊ ဒေသန္တရ အဖွဲ့ များကသော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အ စည်းအရုံးများကသော်၎င်း လုပ်ကိုင်သုံးစွဲရန် နိုင်ငံ တော်အစိုးရ၌ ဝါဒထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှု ဆောင်ရွက်မည်။

အခန်း (၅) နိုင်ငံတော်သမ္မတ

၄၅ အောက်ပုဒ်မများတွင် “နိုင်ငံတော်သမ္မတ” ဟုခေါ် အပ်သော ပြည်ထောင်စုနိုင်ငံတော်၏သမ္မတရှိရ မည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနိုင်ငံ တဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွပ် အထိပ်နေရာကိုရရှိရမည်။ ထို့အပြင် ဤအခြေခံ ဥပဒေနှင့်တရားဥပဒေတို့က အပ်နှင်းသော အာဏာနှင့်အလုပ်ဝတ္တရားများကို သုံးစွဲ ဆောင်ရွက်ရမည်။

၄၆ နိုင်ငံတော်သမ္မတကို လျှို့ဝှက်သော မဲဆန္ဒပေးစံနစ် ဖြင့်၊ ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်၏ တွဲဖက် ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမ္မတရ ရာထူးအတွက် ရွေးကောက် တင်မြှောက်ခြင်းကို ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်။

၄၇ နိုင်ငံတော်သမ္မတသည် ပါလီမန်ဆိုင်ရာမည်သည့် လွှတ်တော်၏အမတ်မျှမဖြစ်ရ။ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ်၏ အမတ် တဦးကို နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင် မြှောက်ခဲ့သော်၊ ထိုအမတ်သည် သက်ဆိုင်ရာ လွှတ်တော်၌ မိမိ၏အမတ်နေရာကိုစွန့်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ နိုင်ငံတော်သမ္မတသည် လစာစရိတ်ကြေးငွေ ရသောအခြားရာထူးဌာန္တရများကို အစိုးရနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ မခံယူရ။

၄၈ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန် ဆုံးမီ ရာထူးသက်တမ်းမှနုတ်ထွက်သောကြောင့် ၎င်း၊ ကွယ်လွန်သောကြောင့်၎င်း၊ ရာထူးမှ နုတ်ပယ်ခြင်းခံရသောကြောင့်၎င်း၊ ထာဝစဉ် မစွမ်း မဆောင်နိုင်သောကြောင့်၎င်း ထိုအကြောင်းတခုခု ကြောင့်မဟုတ်လျှင် ရာထူး၌ စတင်ထမ်းရွက်သည့် နေ့မှစ၍ ငါးနှစ်တိုင်တိုင်ထမ်းရွက်ရမည်။ မည်သည့်ပုဂ္ဂိုလ်မဆို နိုင်ငံတော်သမ္မတအဖြစ်ဖြင့် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ အမှုထမ်း မရွက်ရ။

၄၉ မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်ခံ နိုင်ခွင့်မရှိစေရ - (က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့ ၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော ပုဂ္ဂိုလ်မျိုးမဟုတ်လျှင်၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့်ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ်မျိုးမဟုတ်လျှင်

၅၀ ပဌမ နိုင်ငံတော်သမ္မတသည် မိမိအားရွေးကောက် တင်မြှောက်ပြီးသည့်နောက် လျင်မြန်သမျှလျင်မြန် စွာ မိမိ၏ ရာထူးတွင်ဝင်ရောက်ထမ်းရွက်ရမည်။ နောက်နောင်သော နိုင်ငံတော်သမ္မတတိုင်းသည် မိမိအလျင်ထမ်းရွက်သွားသော နိုင်ငံတော်သမ္မတ ၏ ရာထူးသက်တမ်းကုန်ဆုံးပြီးသည့်နောက်တနေ့ ၌သော်၎င်း ထိုသို့ကုန်ဆုံးပြီးသည့်နောက် စောနိုင် သမျှစောသောနေ့၌၎င်း ရာထူးတွင်ဝင်ရောက် ထမ်းရွက်ရမည်။ အကယ်၍ မိမိအလျှင် ထမ်းရွက် သွားသော နိုင်ငံတော်သမ္မတအား ရာထူးမှနုတ် ပယ်လိုက်လျှင် သို့တည်းမဟုတ် ထိုနိုင်ငံတော် သမ္မတရာထူးမှနုတ်ထွက်သွားလျှင် သို့တည်းမဟုတ် ထာဝစဉ်မစွမ်းဆောင်နိုင်လျှင် သို့တည်းမဟုတ် ကွယ်လွန်လျှင် မိမိအား ရွေးကောက်တင်မြှောက်ပြီးသည့်နောက် လျင်မြန်နိုင်သမျှလျင်မြန်စွာ ရာထူးတွင် ဝင်ရောက်ထမ်းရွက်ရမည်။

၅၁ နိုင်ငံတော်သမ္မတသည် အစည်းအဝေးကျင်းပ လျက်ရှိသော ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်နှင့် တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီးများရှေ့ မှောက်တွင် အောက်ပါအတိုင်း လူသိရှင်ကြား သစ္စာဆိုလက်မှတ်ထိုးပြီးလျှင် ရာထူး၌ဝင်ရောက် ထမ်းရွက်ရမည်။
“ ကျွန်ုပ်. . . . .သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည့်မတ်အောင် ထိန်းသိမ်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရား ဥပဒေများကို စောင့်ရှောက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ တရားဥပဒေတို့ နှင့်လျော်ညီစွာ မိမိ၏တာဝန်ဝတ္တရားများကို ယုံကြည်လေးမြတ်ဖြောင့်မတ်မှန်ကန်စွာဆောင် ရွက်ပါမည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဘေးရန် အန္တရာယ်အပေါင်းတို့ကို တွန်းလှန်ဖယ်ရှားရန် ကြီးစွာသောသတိဝီရိယဖြင့် အားထုတ်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးငှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအား ကျွန်ုပ် အသက်နှင့်ကိုယ်ကိုအပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်။”

၅၂ ပြည်ထောင်စုအစိုးရ၏ အကြံပေးချက်မှတပါး နိုင်ငံတော်သမ္မတသည် မိမိ၏ရာထူးသက်တမ်း အတွင်းတွင် ပြည်ထောင်စုနိုင်ငံမှ ထွက်ခွာမသွားရ။

၅၃ နိုင်ငံတော်သမ္မတသစ် ရွေးကောက်တင်မြှောက်ရေး အတွက် နိုင်ငံတော်သမ္မတသည် မိမိ၏ရာထူး သက်တမ်း ကုန်ဆုံးအံ့ဆဲဆဲ ၃ လအတွင်းတွင် ပါလီမန်ကို ဆင့်ခေါ်ရမည်။

၅၄ အောက်ပါအကြောင်းတစ်ခုခုအတွက် နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်နိုင်သည် (က) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း (ခ) အခြေခံဥပဒေကိုကျူးလွန်ခြင်း (ဂ) အကျင့်သိက္ခာလွန်ကဲစွာပျက်ပြားခြင်း ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ထို့ပြင် ထိုပြဋ္ဌာန်းချက်များနှင့်လျှော်ညီစွာ စွပ်စွဲ ချက်ကို ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ်က တင်သွင်းနိုင်ရမည်။ ဤပုဒ်မအရ နိုင်ငံတော်သမ္မတကို စွပ်စွဲရန်ပါလီမန် ဆိုင်ရာလွှတ်တော်တရပ်ရပ်သို့ တင်သွင်းသော အဆိုကို သက်ဆိုင်ရာလွှတ်တော်၏အမတ်ဦးရေ စုစုပေါင်းအနက် လေးပုံတပုံအောက် မလျှော့သော အမတ်များက အဆိုသွင်းရန် ကြိုတင် အကြောင်း ကြားချက်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ပေး အပ်သောအခါမှာ မှတပါး လက်မခံရ။ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ်က ထိုကဲ့သို့ သော်အဆိုက်သက်ဆိုင်ရာလွှတ်တော်၏ အမတ်ဦး ရေသုံးပုံနှစ်ပေါ်အောက်မလျှော့သော အမတ်များက ထောက်ခံ၍ ဆုံးဖြတ်ပြဋ္ဌာန်းသော အခါမှာမှတပါး အတည်မပြုရ။ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်က စွပ်စွဲချက်တခု ကို တင်သွင်းပြီးသောအခါ အခြားလွှတ်တော် တရပ်က ထိုစွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်။ သို့တည်းမဟုတ် စုံစမ်းစစ်ဆေးရမည်။ စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသောအခါတွင် နိုင်ငံတော်သမ္မတ၌ မိမိကိုယ်တိုင်သော်၎င်း ကိုယ်စားလှယ်ဖြစ်သော်၎င်း ချေပခွင့်ရှိရမည်။ စွပ်စွဲချက်ကိုစစ်ဆေးပြီးသဖြင့် စွပ်စွဲချက်ကို စုံစမ်း စစ်ဆေးသော သို့တည်းမဟုတ် စုံစမ်းစစ်ဆေး သော ပါလီမန်ဆိုင်ရာလွှတ်တော်၏ အမတ်ဦးရေ စုစုပေါင်းအနက် သုံးပုံနှစ်ပုံထက်မလျှော့သော အမတ်များက ထိုစွပ်စွဲချက်သည် မှန်ကန်သည့် အပြင် စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ အား ရာထူးတွင် ဆက်လက်၍ မထမ်းရွက်စေသင့် သော ပြစ်မှုဖြစ်သည်ဟူ၍ ကြေညာပြဋ္ဌာန်းသည့် ပြဋ္ဌာန်းချက်အဆိုကို အတည်ပြုခဲ့ကာ ထိုပြဋ္ဌာန်း ချက် အဆိုကိုအကြောင်းပြု၍ နိုင်ငံတော်သမ္မတ အား ရာထူးမှ ရပ်စွဲစေရမည်။

၅၅ နိုင်ငံတော်သမ္မတသည် အိမ်တော်တဆောင်ရရှိရ မည်။ ထို့ပြင် တရားဥပဒေဖြင့် သတ်မှတ်ရမည် ဖြစ်သော လစာနှင့်စရိတ်များကိုရရှိရမည်။ နိုင်ငံ တော်သမ္မတ၏ လစာနှင့်စရိတ်များကို နိုင်ငံတော် သမ္မတ၏ရာထူးသက်တမ်းအတွင်းတွင် မပြောင်း လဲရ။

၅၆ နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသော ပုဂ္ဂိုလ်အား ဝန်ကြီးချုပ်ခန့် ထားရမည်။ ထိုဝန်ကြီးချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်ရမည်။ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်က အမည်တင် သွင်းသော ပုဂ္ဂိုလ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ တင် အခြားဝန်ကြီးများအဖြစ် ခန့်ထားရမည်။ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်၏ အကြံပေး ချက်အရ ပြည်ထောင်စုအစိုးရဝန်ကြီးတဦးဦး၏ ရာထူးနုတ်ထွက်စာကိုလက်ခံရမည်။ သို့တည်း မဟုတ် ရာထူးမှရပ်စဲစေရမည်။

၅၇ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်၏အကြံပေး ချက်အရ ပြည်သူ့လွှတ်တော်ကိုဆင့်ခေါ်ရမည်။ သို့တည်းမဟုတ် ရုတ်သိမ်းရမည်။ သို့တည်း မဟုတ် ဖျက်သိမ်းရမည်။
ခြွင်းချက်။ သို့ရာတွင် ဝန်ကြီးချုပ်သည် ပြည်သူ့ လွှတ်တော်၌ အမတ်များထောက်ခံမှုကို ဆက်လက် ၍ မရရှိသောအခါ ဝန်ကြီးချုပ်က အကြံပေးငြား သော်၎င်း ငြင်းပယ်နိုင်သည်။ ဤအခါမျိုးတွင် ဝန်ကြီးချုပ်သစ်တစ်ဦး၏ အမည်ကို တင်သွင်း၍ လွှတ်တော်အား ချက်ခြင်းဆင့်ဆိုရမည်။
ထို့အပြင် ပြည်သူ့လွှတ်တော်သည် ၁၅ ရက်အတွင်း တွင် ဝန်ကြီးချုပ်အသစ်တဦးအမည်ကို တင်သွင်း ရန် ပျက်ကွက်ပါက ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းရမည်။

၅၈ ပါလီမန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသော သို့တည်းမဟုတ် အတည်ပြုပြီးဖြစ်သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်းသည် အက်ဥပဒေ ဖြစ် မြောက်လာရေးအတွက် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးခြင်းကိုလိုအပ်ရမည်။ နိုင်ငံတော်သမ္မတသည် ပါလီမန်ကပြဋ္ဌာန်းလိုက် သော ဥပဒေတိုင်း ကြေငြာရမည်။

၅၉ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ ပြည်ထောင်စုအုပ်ချုပ်မှု အခွင့် အာဏာဟူသမျှသည် နိုင်ငံတော်သမ္မတ၌ တည်ရှိ ရမည်။ သို့ရာတွင် ဤပုဒ်မရှိ စကားကြောင့် ပါလီမန်သည် လက်အောက်ခံ အာဏာပိုင်တို့အား အလုပ်ဝင်တရားများကို မပေးအပ်နိုင်ဟု မဖြစ်စေ ရ။ သို့တည်းမဟုတ် ထိုစကားကြောင့်ပင် လက်ရှိ တရားဥပဒေအရ တရားရုံး၌သော်၎င်း၊ တရား သူကြီး၌သော်၎င်း၊ အရာရှိ၌သော်၎င်း၊ ဒေသန္တရ အာဏာပိုင်၌သော်၎င်း အခြားအာဏာပိုင်၌ သော်၎င်း နှင်းအပ်ထားသော အလုပ်ဝတ္တရားများ ကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည် ဟု မမှတ်ယူရ။

၆၀ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သော အခွင့် အရေးသည် နိုင်ငံတော်သမ္မတ၌ တည်ရှိရမည်။

၆၁ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်နှင့် သို့တည်း မဟုတ် ပြည်သူတို့နှင့်သက်ဆိုင်သည့် အရေးကြီး သော ကိစ္စများနှင့်စပ်လျဉ်း၍ အမှာလွှာဖြင့် သော် ၎င်း မိန့်ခွန်းဖြစ်သော်၎င်း ပါလီမန်သို့ အကြောင်း ကြားနိုင်သည်။ နိုင်ငံတော်သမ္မတသည် မည်သည့်ကိစ္စအကြောင်းကို မဆို အခါမရွေး တနိုင်ငံလုံးသို့ မိန့်မြွက်နိုင်သည်။

၆၂ နိုင်ငံတော်သမ္မတအဖြစ်ဖြင့် အာဏာနှင့် အလုပ် ဝတ္တရားများကို သုံးစွဲဆောင်ရွက်ခြင်းအတွက် သော်၎င်း ထိုအာဏာနှင့်အလုပ်ဝတ္တရားများကို သုံးစွဲဆောင်ရွက်ရာတွင်ဖြစ်စေ၊ သုံးစွဲဆောင်ရွက် နေသည့်အနေနှင့်ဖြစ်စေ၊ ပြုခဲ့သောအပြုအမူတို့ အတွက်သော်၎င်း နိုင်ငံတော်သမ္မတသည် ပါလီမန် ဆိုင်ရာမည်သည့် လွှတ်တော်မည်သည့်တရားရုံးသို့ မျှ ဖြေရှင်းရန်မလို။ သို့ရာတွင် နိုင်ငံတော်သမ္မတ၏ အကျင့်သိက္ခာကို ပုဒ်မ ၅၄ ၏ ကိစ္စအလို့ငှာ ပါလီမန်ဆိုင်ရာလွှတ် တော်တရပ်ရပ်၌ ဝေဖန်စစ်ဆေးနိုင်သည်။ သို့တည်းမဟုတ် အဆိုပါပုဒ်မအရ စွပ်စွဲချက်များ ကို စုံစမ်းစစ်ဆေးရေးအတွက် ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်က ခန့်အပ်သော တရားရုံးက ဖြစ်စေ တရားခုံတော်ကဖြစ်စေ၊ အဖွဲ့ကဖြစ်စေ ဝေဖန်စစ်ဆေးနိုင်သည်။ နိုင်ငံတော်သမ္မတက အခြေခံဥပဒေအရ သုံးစွဲ ဆောင်ရွက်သည့်အနေနှင့် ပြုပြီးဖြစ်သော အပြု အမူ သည် တဆက်တည်းဖြစ်သော အောက်ပုဒ်မ တွင်ပါရှိသည့် သို့တည်းမဟုတ် ညွှန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့်မရှိစေရ။

၆၃ ဤ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတသည် မိမိ ၏ သဘောအတိုင်းပြုမူရမည်ဟုသော်၎င်း ပုဂ္ဂိုလ် တဦးဦးထံမှဖြစ်စေ၊ အဖွဲ့တခုခုထံမှဖြစ်စေ၊ အကြံပေးချက်အရ သို့တည်းမဟုတ် အမည် တင်သွင်းချက်အရ၊ သို့တည်းမဟုတ် အကြောင်း ကြားချက်အရ ပြုမူရမည်ဟုသော်၎င်း ပြဋ္ဌာန်း ထားသည့် အတိုင်း ဆောင်ရွက်အပ်သည်မှတပါး အခြားကိစ္စများတွင် မိမိအားပေးအပ်ထားသော အာဏာများနှင့်အလုပ်ဝတ္တရားများကို ပြည်ထောင်စုအစိုးရ၏ အကြံပေးချက်အရ သာလျင် သုံးစွဲဆောင်ရွက်ရမည်။ နိုင်ငံတော်သမ္မတထံသို့ အကြံပေးချက်ကိုသော် ၎င်း အမည်တင်သွင်းချက်ကိုသော်၎င်း အကြောင်း ကြားချက်ကိုသော်၎င်း တင်သွင်းသည် မတင်သွင်း သည် သို့တည်းမဟုတ် နိုင်ငံတော်သမ္မတက ထိုအချက်ကို ရသည် မရသည် အကယ်၍ တင်သွင်းခဲ့သော် သို့တည်းမဟုတ် ရခဲ့သော် မည်သို့သော အကြံပေးချက်မျိုးဖြစ်သည် သို့တည်းမဟုတ် မည်သို့သောအကြောင်းကြား ချက်မျိုးဖြစ်သည်ဟူသောအချက်များကို မည်သည့် တရားရုံးတွင်မျှ စစ်ဆေးမေးမြန်းခြင်းမပြုရ။

၆၄ နိုင်ငံတော်သမ္မတကွယ်လွန်သောအခါ ရာထူးမှ နုတ်ထွက်သောအခါ နုတ်ပယ်ခြင်းခံရသောအခါ အလုပ်ခွင့် ဤ၌မရှိသောအခါ ခေတ္တဖြစ်စေ ထာဝစဉ်ဖြစ်စေ မစွမ်းဆောင်နိုင်သောအခါ ထိုအခါ တမျိုးမျိုးတွင် ဤအခြေခံဥပဒေက နိုင်ငံတော် သမ္မတအား ပေးအပ်ထားသော အာဏာ နှင့် အလုပ်ဝတ္တရားများကို အောက်၌ဖွဲ့စည်းအပ် သော “နိုင်ငံတော်ဦးသျှောင်”အဖွဲ့က သုံးစွဲ ဆောင်ရွက်ရမည်။ နိုင်ငံတော်တရားဝန်ကြီးချုပ်၊ လူမျိုးစုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ဖြင့် နိုင်ငံတော်ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းရမည်။ နိုင်ငံတော်တရားဝန်ကြီးချုပ် ရာထူးလစ်လပ်နေ သောအခါ၌သော်၎င်းထိုတရားဝန်ကြီးချုပ် မဆောင်ရွက်နိုင်သောအခါ၌သော်၎င်း ထိုတရား ဝန်ကြီးချုပ်၏နေရာတွင် ထိုတရားဝန်ကြီးချုပ်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်စေရန် ခန့်ထား သော လွှတ်တော်ချုပ်တရားဝန်ကြီးသည် သို့တည်းမဟုတ် ထိုတရားဝန်ကြီးမရှိပြန်လျှင် တရားလွှတ်တော်ချုပ်မှ ထိုကိစ္စအတွက် ဆောင်ရွက်ရန် ရနိုင်သော ဝါအရင့်ဆုံးတရား ဝန်ကြီးသည် “နိုင်ငံတော်ဦးသျှောင်” အဖွဲ့တွင် အဖွဲ့ဝင်တဦးဦးအဖြစ်ဖြင့် ဆောင်ရွက်ရမည်။ လူမျိုးစုလွှတ်တော်နာယက ရာထူးနေရာလစ်လပ် သောအခါ၌သော်၎င်း အဆိုပါနာယက မဆောင် ရွက်နိုင်သောအခါ၌သော်၎င်း လူမျိုးစုလွှတ်တော် နာယက၏နေရာတွင် လူမျိုးစုလွှတ်တော်နာယက သည် နိုင်ငံတော်ဦးသျှောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးလစ်လပ်သော အခါ၌သော်၎င်း အဆိုပါဥက္ကဋ္ဌ မဆောင်ရွက်နိုင် သော အခါ၌သော်၎င်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာတွင် ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌသည် နိုင်ငံတော် ဦးသျှောင်အဖွဲ့၌ အဖွဲ့ဝင်တဦးဦးအဖြစ် ဆောင်ရွက်ရမည်။ နိုင်ငံတော်ဦးသျှောင်အဖွဲ့ဝင် နှစ်ဦးရှိလျှင် ထိုအဖွဲ့ သည် ဆောင်ရွက်နိုင်သည်။ အဖွဲ့ဝင်နေရာတခု လစ်လပ်နေစေကာမူ ဆောင်ရွက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် ဤ အခြေခံဥပဒေအရ အာဏာနှင့်အလုပ်ဝတ္တရားများကို သုံးစွဲဆောင် ရွက်သကဲ့သို့ နိုင်ငံတော်ဦးသျှောင်အဖွဲ့သည်လည်း သုံးစွဲဆောင်ရွက်ရမည်။

အခန်း ၆ ပါလီမန်

အပိုင်း ၁ အရပ်ရပ်ဆိုင်ရာ

၆၅ ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမူအာဏာသည် ပါလီမန်တွင်တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့်လူမျိုးစု လွှတ်တော်တို့ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန်ကို “ပါလီမန်” သို့တည်းမဟုတ် “ပြည်ထောင်စုပါလီမန်” ဟု ခေါ်ရမည်။

၆၆ ပါလီမန်၏ ညီလာခံကိုနှစ်စဉ် တနှစ်လျှင် အနည်း ဆုံးတကြိမ်ကျင်းပရမည်။ ပါလီမန်ညီလာခံတခု၏ နောက်ဆုံးအစည်းအဝေးနှင့် နောက်ထပ်ကျင်းပ သော ညီလာခံ၏ ပဌမအစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂ လ ခြားမနေစေရ။

၆၇ ပြည်သူ့လွှတ်တော်သည် လွှတ်တော်အမတ်များ အနက် အမတ်နှစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ဖြင့် လျင်မြန်နိုင် သလောက် လျင်မြန်စွာရွေးချယ်ရမည်။ ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌ၏နေရာ သို့တည်းမဟုတ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာ လစ်လပ်သော အခါတိုင်း ထိုလစ်လပ်သောနေရာအတွက် ပြည်သူ့ လွှတ်တော်သည် အခြားအမတ်တဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဖြင့်အကြောင်းအားလျော် စွာ ရွေးချယ်ရမည်။ ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌရာထူး၌ သို့တည်း မဟုတ် ဒုတိယဥက္ကဋ္ဌရာထူး၌ ထမ်းရွက်နေသော သူသည် လွှတ်တော်အမတ်အဖြစ်မှရပ်စဲခဲ့လျှင် ထိုသူသည် မိမိထမ်းရွက်နေသော ရာထူးကိုစွန့် လွှတ်ရမည်။ ထိုသူသည် မည်သည့်အခါ၌မဆို နိုင်ငံတော်သမ္မတထံသို့ မိမိကိုယ်တိုင် လက်မှတ် ရေးထိုးတင်သွင်းသောစာဖြင့် ရာထူးမှနုတ်ထွက် နိုင်သည်။ သို့တည်းမဟုတ် ဥက္ကဋ္ဌကိုဖြစ်စေ၊ ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ လွှတ်တော်လက်ရှိ အမတ် များ၏ ဆုံးဖြတ်ပြဋ္ဌာန်းချက်ဖြင့် ရာထူးမှ နုတ်ပယ်နိုင်သည်။ သို့ရာတွင် ဤပုဒ်မခွဲ၏ ကိစ္စ အတွက် ဆုံးဖြတ်ရန်ရှိသော အဆိုကို အနည်းဆုံး ၁၄ ရက် ကြိုတင်၍ အကြောင်းကြားခြင်းမပြုလျှင် ထိုအဆိုကို လွှတ်တော်၌မတင်သွင်းရ။
ခြွင်းချက်။ သို့ရာတွင် ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်း သောအခါတိုင်း၊ လွှတ်တော်ကိုဖျက် သိမ်းပြီးသည့်နောက် နောက်ထပ်တကြိမ် ရွေးကောက်သောလွှတ်တော်၏ ပဌမအကြိမ် အစည်းအဝေးကိုကျင်းပအံ့ဆဲဆဲအချိန်အထိ လွှတ်တော်ဥက္ကဋ္ဌသည် မိမိ၏ ရာထူးကို မစွန့်လွှတ်ရ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးလစ်လပ်သောအခါ ထိုလွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်ဝတ္တရားများကို လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဆောင်ရွက်ရမည်။ လွှတ်တော် ဒုတိယဥက္ကဋ္ဌရာထူးလည်း လစ်လပ်ခဲ့ သော ထိုကိစ္စအတွက်လွှတ်တော်အမတ်များအနက် နိုင်ငံတော်သမ္မတက ခန့်ထားသော အမတ်တဦးက ဆောင်ရွက်ရမည်။ လွှတ်တော်အစည်းအဝေး သို့ ဥက္ကဋ္ဌမတက်ရောက်သောအခါ လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက် ရမည်။ ဒုတိယဥက္ကဋ္ဌလည်း အစည်းအဝေးသို့ မတက်ရောက်သောအခါ လွှတ်တော်လုပ်ငန်းစဉ် ဥပဒေအရခန့်ထားခြင်းခံထားရသော သူတဦးက ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်မည်။ ထိုသူလည်း အစည်းအဝေးသို့ မတက်ရောက်သောအခါ လွှတ်တော်ကရွေးချယ်သောအခြားသူတဦးက ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်ရမည်။ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ တို့အား ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်သော လစာငွေများကို ပေးရမည်။ ဤပုဒ်မရှိ အထက်ကဖော်ပြခဲ့သော ပြဋ္ဌာန်းချက် များသည် ပြည်သူ့လွှတ်တော်နှင့် သက်ဆိုင်သကဲ့ သို့ လူမျိုးစုလွှတ်တော်နှင့်လည်းသက်ဆိုင်ရမည်။ ဥက္ကဋ္ဌအစား “နာယက” ဒုတိယဥက္ကဋ္ဌအစား “ဒုတိယနာကယ” ဟု သုံးစွဲရမည်။ “ပြည်သူ့ လွှတ်တော်” ဟုသုံးစွဲသောနေရာများ၌ “လူမျိုးစု လွှတ်တော်” ဟု သုံးစွဲရမည်။

၆၈ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်၎င်း ပါလီမန် လုပ်ငန်းစဉ်ကို စည်းမျဉ်းတကျဖြစ်အောင် ပြုထားသော နည်းဥပဒေများနှင့်တကွ တည်ဆဲအမိန့်များနှင့် ၎င်း မဆန့်ကျင်လျှင် ပါလီမန်၌ လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမည်။ ပါလီမန်တွင် သို့တည်းမဟုတ် ပါလီမန်၏ အကော်မတီများတွင် ပြောဆိုခဲ့ခြင်း မဲပေးခဲ့ခြင်းတို့နှင့်စပ်လျဉ်း၍လည်း မည်သူ့ကိုမျှ တရားစွဲဆိုပိုင်ခွင့်မရှိစေရ။ အခြားကိစ္စများတွင်မူ ပါလီမန်ဆိုင်ရာ လွှတ်တော် အမတ်များ၊ ခံစားထိုက်သောအခွင့်အရေးများသည် အခါအားလျော်စွာ ပါလီမန်အက်ဥပဒေဖြင့် ဖော်ပြသည့်အတိုင်းဖြစ်ရမည်။ ထိုသို့ပိုင်းခြား ဖော်ပြခြင်းမပြုသေးလျှင် ထိုအမတ်များ၏ အခွင့် အရေးများသည် ဤအခြေခံဥပဒေအာဏာ တည်အံ့ဆဲဆဲတွင် မြန်မာနိုင်ငံဥပဒေပြုအဖွဲ့ အမတ် များခံစားကြသော အခွင့်အရေးအတိုင်း ဖြစ်ရမည်။

၆၉ ဤအခြေခံဥပဒေက အခြားပြဋ္ဌာန်းချက်ပြုထား ခြင်းမရှိလျှင် လွှတ်တော်များ၏ အစည်းအဝေး အတွင်း သို့တည်းမဟုတ် တွဲဖက် အစည်းအဝေး တွင် ဆွေးနွေးကြသော ပြဿနာ အားလုံးကို အစည်းအဝေးတက်ရောက်မဲပေးသော လွှတ်တော် အမတ်များ၏ မဲများရာဖြင့် ဆုံးဖြတ် ရမည်။ ထိုသို့ဆုံးဖြတ်သောကိစ္စများတွင် ဥက္ကဋ္ဌ သည် သို့တည်းမဟုတ် နာယကသည် သို့တည်း မဟုတ် ဥက္ကဋ္ဌအဖြစ်ဖြင့်ဖြစ်စေ၊ နာယကအဖြစ် ဖြင့်ဖြစ်စေ၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်သည် မဲမပေးရ၊ သို့ရာတွင် မဲအရေအတွက် တူညီနေ သောအခါ အနိုင်မဲပေးနိုင်ခွင့်ရ၍ အနိုင်မဲကို ပေးရမည်။ မိမိ၏ အာဏာများကိုသုံးစွဲရန်၊ လွှတ်တော်တရပ် ရပ်သည် အစည်းအဝေးထမြောက်ရေးအတွက် လိုအပ်သော အမတ်ဦးရေကို လွှတ်တော်၏ နည်း ဥပဒေများဖြင့် ဆုံးဖြတ်သတ်မှတ်ရမည်။ အမတ်နေရာများလစ်လပ်နေစေကာ အမှုကိစ္စများ ကို ဆောင်ရွက်နိုင်ရန် ပါလီမန်ဆိုင်ရာလွှတ်တော် တို့ တွင် အာဏာရှိရမည်။ ထို့ပြင် အခွင့်အရေးမရှိ သော သူတဦးတယောက်သည် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟူ၍၎င်း မဲဆန္ဒပေးခဲ့သည်ဟူ၍သော်၎င်း လွှတ်တော်၏ အမှုကိစ္စဆောင်ရွက်မှုတွင် အခြားတနည်းနည်း ဖြင့်ပါဝင်ခဲ့သည်ဟူ၍သော်၎င်း နောင်အခါမှာမှ ပေါ်ပေါက်လာစေကာမူ ပါလီမန်၌ ဆောင်ရွက်ခဲ့ သည့် အမှုကိစ္စသည် အတည်ဖြစ်ရမည်။ အထက်ကပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘော ကိုမထိခိုက်စေဘဲ ပြည်နယ်တနယ်နယ်မှ မိမိ၏ ကိုယ်စားလှယ်အမတ်များကို ရွေးချယ်၍ လူမျိုးစု လွှတ်တော်သို့ စေလွှတ်ရန်ပျက်ကွက်စေကာမူ ထို လွှတ်တော်တွင် မိမိ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် အာဏာရှိရမည်။

၇၀ ပါလီမန်၏ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ် ၏ အစီရင်ခံစာများနှင့် ဖြန့်ချီထုတ်ဝေသမျှသော စာရွက်စာတမ်းအားလုံးအတွက် တရားစွဲဆိုပိုင် ခွင့်လုံးဝမရှိစေရ။

၇၁ လွှတ်တော်အသီးသီး၏ အမတ်များသည် ပြည်သူ တို့၏ ကိုယ်စားလှယ်အဖြစ်ဖြင့် တာဝန်ဝတ္တရား များကို ဆောင်ရွက်ကြသောကြောင့် ထိုပုဂ္ဂိုလ်များ အား လစာကြေးငွေများကိုပေးရန်၎င်း ပါလီမန် ကသတ်မှတ်သော ခရီးသွားလာမှု အခွင့်အရေး များနှင့် အခြားအခွင့်အရေးများကိုပေးရန်၎င်း ပါလီမန်ကတရားဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။

၇၂ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ်၏ အမတ် အသီးသီးသည် လွှတ်တော်ရှိမိမိ၏ အမတ်နေရာ ကိုမယူခင် နိုင်ငံတော်သမ္မတ၏ရှေ့မှောက်၌ သော်၎င်း နိုင်ငံတော်သမ္မတကအခွင့်အာဏာလွှဲ အပ်ထားသော သူ၏ရှေ့မှောက်၌သော်၎င်း ဤ အခြေခံဥပဒေ၏ ပဌမဇယားတွင် ပါရှိသည့်အတိုင်း နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို စောင့်ရှောက်ပါမည်ဟု ကျမ်းကိုင်၍ဖြစ်စေ၊ သစ္စာဆို၍ဖြစ်စေ၊ လက်မှတ်ရေးထိုးရမည်။

၇၃ တချိန်တည်းတွင် မည်သူမျှ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ အမတ်မဖြစ်နိုင် လွှတ်တော်တရပ်တွင် အမတ်ဖြစ်နေသောသူသည် အခြားလွှတ်တော်တွင် အမတ်ဖြစ်လာခဲ့သော ထိုသူသည် ပထမအမတ်နေရာကိုစွန့်လွှတ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ လွှတ်တော်အမတ်တဦးသည် (က) တဆက်တည်းရှိသော အောက်ပုဒ်မရှိ၊ ပုဒ်မခွဲ (၁) အရ အမတ်အရည်အချင်းပျက်ယွင်းလာခဲ့သော သို့တည်းမဟုတ် (ခ) နိုင်ငံတော်သမ္မတထံသို့ မိမိကိုယ်တိုင်လက်မှတ် ထိုး၍ နုတ်ထွက်စာတင်သွင်းခြင်းအားဖြင့်အမတ် အဖြစ်မှ နုတ်ထွက်ခဲ့သော ထိုအမတ်၏နေရာသည် ထိုအခါ၌လစ်လပ် ရမည်။
လွှတ်တော်အမတ်တဦးဦးသည် သက်ဆိုင်ရာ လွှတ်တော်၏ အခွင့်ကိုမရဘဲ၊ လွှတ်တော် အစည်း အဝေးအားလုံးသို့ ရက်ပေါင်း သုံးဆယ် တိတိ တဆက်တည်းမတက်ရောက်ဘဲ နေခဲ့သော် သက်ဆိုင်ရာလွှတ်တော်သည် ထိုအမတ်၏ နေရာလစ်လပ်သည်ဟု ကြေညာနိုင်သည်။ ခြွင်းချက်။ သို့ရာတွင် ဆိုခဲ့သော ရက်ပေါင်း သုံး ဆယ်ကို တွက်စစ်ရာ၌ လွှတ်တော်ကိုရုပ်သိမ်း သောကာလကို သို့တည်းမဟုတ် တဆက်တည်း ဖြစ်သော လေးရက်ထက်ကျော်လွန်၍ အစည်း အဝေးရပ်ဆိုင်းထားသောကာလကို ထည့်သွင်း ရေတွက်ထားခြင်းမပြုရ။

၇၄ ၁ ၁ မည်သူမဆို− (က) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် အစိုးရ၏လက်အောက်ခံဖြစ်သူသော်၎င်း နိုင်ငံသားသော်၎င်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ သို့တည်းမဟုတ် (ခ) လူမွဲအဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ သို့တည်းမဟုတ် (ဂ) စိတ်ပေါ့သွပ်၍ စိတ်ပေါ့သွပ်သူဟု အခွင့်အာဏာ ရ တရားရုံး၏ အမိန့်ချမှတ်ခြင်းခံနေရသူ သို့တည်း မဟုတ် (ဃ) ရာထူးတခုခု၌ ထမ်းရွက်နေသော်လည်း ထိုရာထူး ကြောင့် လိုအပ်သောအရည်အချင်း ပျက်ယွင်းချင်း မရှိစေရဟု ပါလီမန်အက်ဥပဒေဖြင့် ကြေညာထားသော ရာထူးမျိုးမှတပါး ပြည်ထောင်စု နိုင်ငံတော်အစိုးရလက်အောက်တွင်သော်၎င်း အကျိုးအမြတ်ရှိသော အခြားရာထူးတခုခု၌ ထမ်းရွက်နေသည့်သူ သို့တည်းမဟုတ် (င) မြန်မာပြည်ဥပဒေပြုလွှတ်တော်၏ သို့တည်း မဟုတ် ပါလီမန်၏ အက်ဥပဒေတခုရှိ ပြဋ္ဌာန်းချက် များတွင် သီးခြားဖော်ပြထားသော ကာလအပိုင်း အခြားမကုန်ဆုံးသေးလျှင် ထိုလွှတ်တော်၏ သို့တည်းမဟုတ် ထိုပါလီမန်၏ အမတ်ဖြစ်ရန် အရည်အချင်းပျက်ယွင်းစေသည့် ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုဖြစ်သည်ဟု ဤအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီး နောက်မှဖြစ်စေ အပြစ်ဒဏ်ခံရသူ သို့တည်းမဟုတ် မြန်မာပြည်ဥပဒေပြုလွှတ်တော်၏ သို့တည်း မဟုတ် ပါလီမန်၏အက်ဥပဒေတခုရှိ ပြဋ္ဌာန်းချက် များတွင် သီးခြားဖော်ပြထားသော ကာလအပိုင်း အခြား မကုန်လွန်သေးလျှင် ထိုလွှတ်တော်၏ သို့တည်းမဟုတ် ထိုပါလီမန်၏ အမတ်ဖြစ်ရန် အချင်းပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုဖြစ်သည်ဟု ထိုလွှတ်တော်က သော်၎င်း ထိုပါလီမန်ကသော်၎င်း ထိုအက်ဥပဒေ ဖြင့် ပြဋ္ဌာန်းပြီးဖြစ်သော်ပြုကျင့်မှုမျိုးအတွက် ရွေးကောက်တင်မြှောက်ခြင်းခိုင်လုံသည် မခိုင်လုံ သည်၊ နည်းလမ်းကျသည် မကျသည်တို့ကို စုံစမ်း စစ်ဆေးသော အမှုအခင်းမျိုးတွင် အပြစ်ကျူး လွန်ပြီးသည်ဟု အမိန့်ချမှတ်ခြင်းခံရပြီးသူ သို့တည်းမဟုတ် (စ) အပြစ်ဒဏ်မှ လွတ်သည့်နေ့မှစ၍ ၅ နှစ်ကာလ အပိုင်းအခြား သို့တည်းမဟုတ် နိုင်ငံတော်သမ္မတ က မိမိ၏သဘောအတိုင်းခွင့်ပြုသော ၅ နှစ်အောက် လျှော့သော ကာလအပိုင်းအခြား မကုန်လွန်သေးလျှင် အပိုဒ်(င)၌ ဖော်ပြထားသော ပြစ်မှုမျိုးမှတပါး အခြားပြစ်မှုတခုခုအတွက် ပြည်ထောင်စုနိုင်ငံ၏ အာဏာပိုင်နက်တွင် ဤ အခြေခံဥပဒေအာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်မှဖြစ်စေ ပြစ်ဒဏ်ခံရ၍ တကျွန်းပို့ ဒဏ်ကိုသော်၎င်း စီရင်ခြင်းရပြီးသူ သို့တည်းမဟုတ် (ဆ) ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်ကို တင်သွင်း သောနေ့မှစ၍ ၅ နှစ်ကာလအပိုင်းအခြား မကုန် လွန်သေးလျှင် သို့တည်းမဟုတ် လိုအပ်သော အရည်အချင်းပျက်ယွင်းခြင်းကို နိုင်ငံတော်သမ္မတ က မိမိ၏ သဘောအတိုင်းပယ်ဖျက်ပြီး မဟုတ် သေးလျှင် ပါလီမန်သို့ အမတ်အဖြစ်ဖြင့် အမည် တင်သွင်းခြင်းခံယူပြီးနောက် သို့တည်းမဟုတ် ထိုသို့ အမည်တင်သွင်းခြင်းခံရသူ၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်ဖြင့် ဆောင်ရွက်ပြီးနောက် ဤအခြေခံဥပဒေအရ ထုတ်ဆင့်သောအမိန့်ဖြင့်သော်၎င်း ပါလီမန်၏ အက်ဥပဒေအရသော်၎င်း ပြဋ္ဌာန်းထားသော အချိန်ကာလအတွင်းတွင် ထိုသို့ပြဋ္ဌာန်းထားသော နည်းလမ်းနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာကုန်ကျ စရိတ်စာရင်းကို တင်သွင်းရန်ပျက်ကွက်ခဲ့သူ။
လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ် ခြင်းခံရရန်၎င်း လွှတ်တော်တရပ်ရပ်၏ အမတ် အဖြစ် တည်မြဲစေရန်၎င်း ခွင့်မပြုရ။
ခြွင်းချက်။ သို့ရာတွင် ကုန်ကျစရိတ် စာရင်းတင် သွင်းသည့်နေ့မှစ၍ ၁ လဖြစ်စေ၊ နိုင်ငံတော်သမ္မတ ကသီးခြားကိစ္စတွင် မိမိ၏သဘောအတိုင်း ဆောင်ရွက်ကာ ခွင့်ပြုသော ၁ လ ထက်ပိုသော ကာလအပိုင်းအခြားဖြစ်စေ၊ စေ့ကုန်ခြင်းမရှိမီ ဤ ပုဒ်မခွဲရှိ အပိုဒ်(ဆ) အရ အမတ်ဖြစ်ရန် ခွင့်မပြု ခြင်းသည် အတည်မဖြစ်စေရ။
တဦးတယောက်သောသူသည် ရာဇဝတန် ပြစ်မှု ကြောင့် တကျွန်းအပို့ခံနေရစဉ် သို့တည်းမဟုတ် ထောင်သွင်းအကျဉ်းထားခြင်းခံနေရစဉ် ထိုသူသည် လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ် ရွေးချယ်ခြင်းခံနိုင်ခွင့်မရှိစေရ။
ခြွင်းချက်။ သို့ရာတွင် အပြစ်ဒဏ်ခံရသောကာလ သည် ၂ နှစ်ထက်မပိုခဲ့သော် နိုင်ငံတော်သမ္မတ သည် အဆိုပါ အရည်အချင်းပျက်ယွင်းခြင်းကို မိမိ၏ သဘောအတိုင်းဖယ်ရှားနိုင်သည်။
အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခြင်းခံရသော ကြောင့် ဖြစ်စေ အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခြင်းခံရ၍ အပြစ်ဒဏ်ပေးခြင်းကိုလည်းခံရသောကြောင့် ဖြစ် စေ ဤပုဒ်မရှိ ပုဒ်မခွဲ (၁) အပိုဒ်(င) အရ၊ သို့တည်းမဟုတ် အပိုဒ်(စ)အရ အရည်အချင်း ပျက်ယွင်းသူတဦးသည် ထိုသို့အရည်အချင်းပျက် ယွင်းသောနေ့တွင် လွှတ်တော်တရပ်ရပ်၏ အမတ် ဖြစ်နေသော် ဤပုဒ်မတွင်ဖြစ်စေ၊ တဆက်တည်း ဖြစ်သော အထက်ပါပုဒ်မတွင်ဖြစ်စေ မည်သို့ပင် ဆိုထားစေကာမူ ထိုသူ၏ အမတ်နေရာသည် အရည်အချင်းပျက်ယွင်းသည့် နေ့မှစ၍ ၃ လ မကုန်လွန်မီ သို့တည်းမဟုတ် အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခံရခြင်းနှင့်ဖြစ်စေ၊ အပြစ်ဒဏ် အပေး ခံရခြင်းနှင့်ဖြစ်စေ စပ်လျဉ်းနေသော အယူခံလွှာ ကိုသော်၎င်း စောဒကဝင်လျှောက်လွှာ ကိုသော်၎င်း ထို ၃ လ အတွင်းတွင်တင်သွင်းခဲ့ လျှင် ထိုအယူခံ လွှာကို သို့တည်းမဟုတ် ထိုစောဒကဝင် လျှောက်လွှာကို အဆုံးဖြတ်သေးမီ ထိုသို့ အရည်အချင်းပျက်ယွင်းသည့် အချက်ကြောင့် မလစ်လပ်ရ၊ သို့ရာတွင် ဤပုဒ်မခွဲက ထိုသူအား လွှတ်တော်အမတ်အဖြစ်ဖြင့် တည်နေခွင့်ပေးထား သည့် ကာလအပိုင်းအခြား အတွင်းတွင် ထိုသူသည် လွှတ်တော်အစည်းအဝေး သို့ တက်ရောက်ခြင်း၊ မဆန္ဒပေးခြင်းမပြုရ။

၇၅ တဦးတယောက်သောသူသည် လွှတ်တော် တရပ်ရပ်တွင် အမတ်ဖြစ်ရန်လိုအပ်သော အရည် အချင်းချို့ငဲ့နေပါလျက်နှင့် သို့တည်းမဟုတ် ပျက်ယွင်းနေပါလျက်နှင့် သို့တည်းမဟုတ် ပုဒ်မ ၇၄ ရှိ ပုဒ်မခွဲ (၃)၏ ပြဋ္ဌာန်းချက်များက မိမိအား ထိုလွှတ်တော်အမတ်အဖြစ်ဖြင့် မတက်ရောက်ရန် သော်၎င်း တားမြစ်ထားခြင်းခံရပါလျက်နှင့် သို့တည်းမဟုတ် ပုဒ်မ ၇၄ ၌ ပါရှိသည့် လိုအပ် သောအချက်များကို လိုက်လျောခြင်းမပြုမီ ထိုသူ သည် လွှတ်တော်တရပ်ရပ်သို့ အမတ်အဖြစ်ဖြင့် တက်ရောက်ခဲ့သော်၊ သို့တည်းမဟုတ် မဲဆန္ဒပေး ခဲ့သော် မိမိတက်ရောက်သော သို့တည်းမဟုတ်ပဲ မဲဆန္ဒပေးခဲ့သောနေ့ရက်များအတွက် တနေ့လျင် ဒဏ်ငွေ ၁၀၀၀ ဆောင်ရန် ထိုသူ၌ တာဝန်ရှိရမည်။ ထိုငွေကို ပြည်ထောင်စုနိုင်ငံတော် အစိုးရအား ပေးဆပ်ရန်ရှိသော ကြွေးမြီကဲ့သို့ သဘောထား၍ ထိုသူထံမှ တောင်းယူရမည်။

၇၆ အသက် ၂၁ နှစ်ပြည့်သည့်အပြင် ဤအခြေခံဥပဒေ ကသော်၎င်း တရားဥပဒေကသော်၎င်း လိုအပ် သော အရည်အချင်း ချို့ငဲ့သည်ဟု ပြဋ္ဌာန်းထားခြင်း မခံရသော နိုင်ငံသားတိုင်းသည် ပါလီမန်အမတ်အဖြစ်ဖြင့် အရွေးခံယူခွင့်ရှိရမည်။ အသက် ၁၈ နှစ် ပြည့်၍ တရားဥပဒေအရ အရည် အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ပါလီမန် အတွက် အမတ်ရွေးကောက်တင်မြှောက်ခြင်းဆိုင် ရာ တရားဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ် သော နိုင်ငံသားတိုင်းသည် ပါလီမန်အတွက် ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိရမည်။ ပါလီမန်အမတ် ဖြစ်နိုင်ရေးအတွက်သော်၎င်း ပါလီမန်အမတ်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင် ရေးအတွက်သော်၎င်း ပစ္စည်းဥစ္စာအရည်အချင်း မျိုးမရှိရ။ ပါလီမန်အမတ် ဖြစ်နိုင်ရေးအတွက် မည်သည့် နိုင်ငံသားကိုမျှ ကျား/မ ဘဝကိုသော်၎င်း လူမျိုး ကိုသော်၎င်း ကိုးကွယ်ရာဘာသာကိုသော်၎င်း အကြောင်းပြု၍ လိုအပ်သောအရည်အချင်းချို့ငဲ့ အောင် ဥပဒေမပြုရ သို့တည်းမဟုတ် ဆက်လက် အတည်မဖြစ်ရ၊ ပါလီမန်အမတ်ရွေးကောက်ပွဲ များတွင် မဲဆန္ဒပေးနိုင်ရေးအတွက်လည်း မည်သည့်နိုင်ငံသားကိုမျှ အထက်ပါ အကြောင်း များကိုပင် အကြောင်းပြု၍ လိုအပ်သော အရည် အချင်းပျက်ယွင်းအောင် ဥပဒေမပြုရ သို့တည်း မဟုြတ် ဆက်လက်၍ အတည်မဖြစ်စေရ။
ခြွင်းချက်။ သို့ရာတွင် ပုဒ်မ ၂၁ ရှိ ပုဒ်မခွဲ (၃) တွင် မည်သို့ပင်ရှိနေစေကာမူ ဆိုခဲ့သောအမတ်ရွေး ကောက်ပွဲများတွင် မဲဆန္ဒမပေးစေရန် သို့တည်းမဟုတ် လွှတ်တော်၌ အမတ်မဖြစ်စေရန် မည်သည့် သာသနာ့ဝန်ထမ်းကိုမဆို တရားဥပဒေဖြင့် တားမြစ်နိုင်သည်။
မဲဆန္ဒပေးခြင်းကို လျှို့ဝှက်သောမဲဆန္ဒပေး စနစ် ဖြင့် ပြုရမည်။

၇၇ ဤ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်စေဘဲ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ် အတွက် အမတ် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအား လုံးကို တရားဥပဒေနှင့်အညီ သတ်မှတ်ရမည်။ ထိုကိစ္စအားလုံးတွင် မဲဆန္ဒနယ် သတ်မှန်ခြင်း ရံဖန်ရံခါ လစ်လပ်သောအမတ်နေရာများကို ဖြည့်သွင်းခြင်း၊ ရွေးကောက်ပွဲကျင်းပရာမှသော် ၎င်း၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍သော်၎င်း ဖြစ်ပေါ်လာသော ဒွိဟဖြစ်မှု အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းတို့ပါဝင်ရမည်။

၇၈ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ်၏ အမတ် တဦးကို အမတ်အဖြစ်မှ ထွက်ခိုင်းရန် လိုအပ်သော စည်းကမ်းချက်များနှင့် နည်းနာများကို ပါလီမန် သည် တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင်သည်။

၇၉ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအသီးသီးနှင့် နိုင်ငံတော်ရှေ့နေချုပ်သည် လွှတ်တော်တရပ်ရပ်၌ ၎င်း လွှတ်တော်များ၏ တွဲဖက်အစည်းအဝေး၌ ၎င်းမိမိအားကော်မတီဝင်လူကြီးတဦးအဖြစ်ဖြင့် အမည်ထုတ်ဖော်ပြထားသော ပါလီမန်ဆိုင်ရာ ကော်မတီ၌၎င်း ဝင်ရောက်ပြောဆိုခွင့်ရှိသည့် အပြင် အခြားနည်းဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် လည်း အခွင့်ရရှိရမည်။ သို့ရာတွင် ဤ ပုဒ်မကို အကြောင်းပြု၍ မဲဆန္ဒပေးပိုင်ခွင့် မရှိစေရ။

၈၀ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင် စေဘဲ ပါလီမန်ဆိုင်ရာလွှတ်တော်အသီးသီးသည် လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့် အမှုကိစ္စဆောင် ရွက်မှုတို့ကို စည်းမျဉ်းသတ်မှတ်စေရန် နည်းဥပဒေများကို ပြုနိုင်သည်။ နိုင်ငံတော်သမ္မတသည် လူမျိုးစုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း တိုင်ပင်ပြီးနောက် လွှတ်တော်နှစ်ရပ်၏ တွဲဖက် အစည်းအဝေးများနှင့်စပ်လျဉ်း၍၎င်း ထိုလွှတ် တော်များ၏ အချင်းချင်းဆက်သွယ်ရေးများနှင့် ၎င်း လုပ်ငန်းစဉ် နည်းဥပဒေများကို ပြုနိုင်သည်။ လွှတ်တော်နှစ်ရပ်၏ တွဲဖက်အစည်းအဝေးတွင် လူမျိုးစုလွှတ်တော်နာယကသည် သို့တည်းမဟုတ် ထိုနာယကမလာရောက်လျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် သို့တည်းမဟုတ် ဤပုဒ်မအရ ပြုထား သော လုပ်ငန်းစဉ် နည်းဥပဒေများဖြင့် ပြဋ္ဌာန်း သည့် ပုဂ္ဂိုလ်တဦးသည် သဘာပတိအဖြစ်ဖြင့် ဆောင်ရွက်ရမည်။

၈၁ ဤအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တရားလွှတ်တော်ချုပ်မှ သို့တည်းမဟုတ် တရား လွှတ်တော်မှ တရားဝန်ကြီးတဦးဦးအား ရာထူးမှ နုတ်ပယ်ရန် အဆိုကို ဆွေးနွေးသည်မှတပါး ထိုတရားဝန်ကြီး အလုပ်ဝတ္တရား ဆောင်ရွက်ရာ၌ ပြုမူသော ပြုမူချက်များနှင့်စပ်လျဉ်း၍ ပါလီမန် တွင် ဆွေးနွေးခြင်းမပြုရ။

၈၂ ပါလီမန်တွင်ဆောင်ရွက်သည့် အမှုကိစ္စသည် လွှတ်တော်များဆိုင်ရာ လုပ်ငန်းစဉ်နည်းလမ်း အတိုင်းမကျသဖြင့် မခိုင်လုံဟု မည်သည့်တရားရုံး တွင်မှ ငြင်းဆိုင်ပိုင်ခွင့်မရှိစေရ။ ပါလီမန်ဆိုင်ရာလွှတ်တော်တရပ်ရပ်တွင် လွှတ်တော်လုပ်ငန်းစဉ်ကိုသော်၎င်း အမှုကိစ္စ ဆောင်ရွက်ခြင်းကိုသော်၎င်း စည်းကမ်းသတ်မှတ် ပေးရန်၊ သို့တည်းမဟုတ် စည်းကမ်းသေဝပ်အောင် ဆောင်ရွက်ရန် ဤအခြေခံဥပဒေကသော်၎င်း အာဏာများနှင်းအပ်ခြင်းခံရသော ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအား သို့တည်းမဟုတ် လူမျိုးစုလွှတ် တော်ဥက္ကဋ္ဌအား သို့တည်းမဟုတ် လူမျိုးစု လွှတ်တော် နာယက သို့တည်းမဟုတ် ပါလီမန် ဆိုင်ရာ လွှတ်တော်တရပ်ရပ်၏ အခြားအမတ် တဦးအား ထိုအာဏာများကိုသုံးစွဲဆောင်ရွက်ရေး နှင့်စပ်လျဉ်း၍ တရားရုံးက မစီရင်နိုင်စေရ။

အပိုင်း၂ ပြည်သူ့လွှတ်တော်

၈၃ ပြည်သူ့လွှတ်တော်တွင် တရားဥပဒေဖြင့် သတ်မှတ်ထားသော မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်အမတ်များပါဝင်ရမည်။ သို့ရာတွင် ကရင်အမျိုးသားကိုယ်စားလှယ်အမတ်များအတွက် ကရင်အမျိုးသားလူဦးရေ အချိုးအစားအလိုက် သတ်မှတ်ပေးရမည်ဖြစ်သော အမတ်နေရာ အရေ အတွက်ကို သီးသန့်ထားရန် ပြဋ္ဌာန်းချက်များကို ပြုရမည်။ ဤလွှတ်တော်အမတ်ဦးရေသည် လူမျိုးစုလွှတ် တော်အမတ်ဦးရေ၏ နှစ်ဆနီးနီးဖြစ်နိုင်သမျှ ဖြစ်စေရမည်။ ဤလွှတ်တော်၏ အမတ်ဦးရေကို အခါကာလအားလျော်စွာ တရားဥပဒေဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် အမတ်ဦးရေကို စုစုပေါင်းကို ၁၀၀,၀၀၀ လျှင် အမတ် တဦးကျနှင့်တွက်သဖြင့် ရရှိသော အမတ် ဦးရေအောက်လျှော့၍ဖြစ်စေ၊ လူဦး​ေ၇ ၃၀,၀၀၀ လျှင် အမတ်တဦးကျနှင့် တွက်သဖြင့် ရရှိသော အမတ်ဦးရေထက်ပို၍ ဖြစ်စေ မသတ်မှတ်ရ။ နောက်ဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ချက် အရ သိရှိရသောမဲဆန္ဒနယ်တည်းရှိလူဦးရေနှင့် ထိုနယ်အတွက် ရွေးကောက်တင်မြှောက်ရမည့် အမတ်ဦးရေတို့၏ အချိုးအစားသည် ပြည်ထောင်စု နိုင်ငံတဝန်းလုံးတွင် မဲဆန္ဒနယ်တိုင်း၌ တူညီနိုင် သမျှ တူညီနိုင်ရမည်။ သို့ရာတွင် ကရင်နီပြည်နယ် ရှိ မဲဆန္ဒနယ်များနှင့်( အခန်း၉ အပိုင်း၅ တွင် ညွှန်းထားသော) ချင်းဝိသေတိုင်းရှိ မဲဆန္ဒနယ်များ အတွက်မှာမခြား အချိုးကျရနိုင်သည်ထက် အမတ် ဦးရေကို တိုးမြှင့်နိုင်သည်။ မဲဆန္ဒနယ်ရှိ လူဦးရေအတိုးအလျော့ကို ထောက်ထားသည့်အတိုင်းထောက်ထား၍ ပါလီမန် သည် အနည်းဆုံးတနှစ်လျှင် တကြိမ်ကျ မဲဆန္ဒနယ် များကို စစ်ဆေးပြင်ဆင်ရမည်။ သို့ရာတွင် ထိုမဲဆန္ဒနယ်များနှင့်စပ်လျဉ်းသော ပြောင်းလဲချက် သည် ပါလီမန်၏သက်တမ်း မကုန်ဆုံးမီ အကျိုး မသက်ရောက်ရ။

၈၄ ပြည်သူ့လွှတ်တော်အတွက် အမတ်ရွေးကောက်ပွဲ များကို လွှတ်တော်ဟောင်းအား ဖျက်သိမ်းသည့် နောက် ရက်ပေါင်း ၆၀ အောက် နောက်မကျစေဘဲ ကျင်းပရမည်။
ရွေးကောက်ပွဲများကို ကျင်းပသော အခါတိုင်း ပြည်ထောင်စုနိုင်ငံဝန်းလုံး၌ မဲဆန္ဒပေး ခြင်းကို တနေ့ထဲတွင် ဖြစ်မြောက်နိုင်သမျှ ဖြစ်မြောက်အောင် ပြုရမည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးကို မဲဆန္ဒများပေး ပို့ပြီးသည့်နေ့မှစ၍ ရပ်ပေါင်း ၆၀ အတွင်း ကျင်းပ ရမည်။

၈၅ ပြည်သူ့လွှတ်တော်တိုင်းသည် ပဌမအစည်းအဝေး ကို ကျင်းပသည့်နေ့မှစ၍ လေးနှစ်တိုင်တိုင် ဆက်လက်၍ တည်ရှိရမည်။
ခြွင်းချက်။ သို့ရာတွင် ပုဒ်မ ၉၄ အရ အရေးတကြီး အခြေအနေဆိုက်ရောက်သည်ဟု ကြေညာသော အမိန့်တည်နေခိုက်တွင် ပါလီမန်ဆိုင်ရာလွှတ်တော် များသည် လွှတ်တော်နှစ်ရပ်၏ တွဲဖက် အစည်းအဝေးသို့ တက်ရောက်မဲပေးကြသော သုံးပုံ နှစ်ပုံအောက်မလျော့သည့် အမတ်များ၏ အတည်ပြုချက်ဖြင့် အထက်ပါလေးနှစ်ကာလ တနှစ်ပြီး တနှစ် ဆက်လက်၍ တည်ရှိစေနိုင်သည်။
ထို့အပြင် နိုင်ငံတော်သမ္မတသည် ဤအခြေခံဥဒေ ရှိ ပုဒ်မ ၅၇ ၌ ပြဋ္ဌာန်းထားသည့်အတုငိ်း ပြည်သူ့ လွှတ်တော်ကို အခါမရွေး ဖျက်သိမ်းနိုင်သည်။

၈၆ မည်သည့်ဘဏ္ဍာနှစ်အတွင်းမဆို ပြည်ထောင်စု နိုင်ငံ၏ အရမှန်းခြေငွေစာရင်းနှင့် အသုံးမှန်းခြေ ငွေစာရင်းကို ဤအခြေခ့ဥပဒေရှိအခန်း ၇ အရ၊ ပြည်သူ့လွှတ်တော်သို့တင်ပြပြီးသည့်နောက် ထိုမှန်းခြေငွေစာရင်းများကို လွှတ်တော်က လျင်မြန်နိုင်သမျှ လျင်မြန်စွာ စဉ်းစားဆွေးနွေး ရမည်။ သီးခြားဥပဒေပြုခြင်းဖြင့် အထူးတလည် ပြဋ္ဌာန်းကိစ္စအတွက်မဟုတ်လျှင် နှစ်အသီးသီး၏ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်နိုင်ရန် လိုအပ်သော ဥပဒေကို ထိုနှစ်အတွင်းတွင် ပြုရမည်။ မည်သည့်ကိစ္စအတွက် ငွေမည်မျှသုံးစွဲရမည်ဟု ပြည်သူ့လွှတ်တော်သို့ ပြည်ထောင်စုအစိုးရက အဆိုသွင်းခြင်းမပြုသည့်ကာလပတ်လုံး ပြည်သူ့လွှတ်တော်သည် အခွန်တော်ကိုသုံးစွဲရန် သို့တည်းမဟုတ် ပြည်သူ့ငွေများကို သုံးစွဲရန် မဲဆန္ဒပေးခြင်းသော်၎င်း ဆုံးဖြတ်ပြဋ္ဌာန်းခြင်းသော် ၎င်းမပြုရ။

အပိုင်း ၃ လူမျိုးစုလွှတ်တော်

၈၇ ဤအခြေခံဥပဒေရှိ ဒုတိယဇယား၌ ခွဲဝေဖော်ပြ ထားသည့်အတိုင်း လူမျိုးစုလွှတ်တော်တွင် အမတ် နေရာ ၁၂၅ နေရာရှိရမည်။

၈၈ ပြည်သူ့လွှတ်တော်ကိုဖြတ်သိမ်းပြီးသည်နှင့်အတူ ပိုင်နက် လူမျိုးစုလွှတ်တော်သည်လည်း ဖြတ်သိမ်း ပြီးဖြစ်စေရမည်။ လူမျိုးစုလွှတ်တော်အတွက် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ဖြတ်သိမ်းပြီးသည့်နောက် နောက်ထပ်ရွေးကောက်သော ပြည်သူ့လွှတ်တော်၏ ပဌမအစည်းအဝေးကို ကျင်းပသည်မှစ၍ ၁၅ ရက် မြောက်နေ့ မလွန်မီကျင်းပပြီး ဖြစ်စေရမည်။

၈၉ ရွေးကောက်ပွဲပြီးသည့်နောက် လူမျိုးစုလွှတ်တော် ၏ ပထမအကြိမ်အစည်းအဝေးကို ဝန်ကြီးချုပ်၏ အကြံပေးချက်အရ နိုင်ငံတော်သမ္မတက သတ်မှတ် သော နေ့ရက်တွင် ကျင်းပရမည်။

အပိုင်း၄ ပါလီမန်အာဏာများ

၉၀ "ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် စေဘဲ ပြည်ထောင်စုနိုင်ငံတွင် ဥပဒေပြုနိုင်သော အာဏာသည် ပါလီမန်၌သာ တည်ရှိရမည်။ ခြွင်းချက်။ သို့ရာတွင် ပါလီမန်၏အက်ဥပဒေတစ်ခု သည် ထိုအက်ဥပဒေနှင့်သဘောကိုက်ညီ​ေသော နည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို ပြုစေ ရန် ထိုအက်ဥပဒေတွင် အထင်အရှား ဖော်ပြထား သော သူတဦးဦးအား၎င်း သို့တည်းမဟုတ် အာဏာပိုင်တဦးဦးအားသော်၎င်း အခွင့်အာဏာ ကိုလွှဲအပ်နိုင်သည်။ ထိုနည်းဥပဒေများနှင့်စည်း မျဉ်းဥပဒေများမှာ တရားဥပဒေကဲ့သို့ အာဏာရှိ ရမည်၊ သို့ရာတွင် ထိုနည်းဥပဒေများနှင့်စည်းမျဉ်း ဥပဒေများကို ပါလီမန်ဆိုင်ရာ လွှတ်တော် အသီးသီးသို့ ဆက်လက်ကျင်းပလတ္တံသော ညီလာ ခံတွင် တင်သွင်းရမည်။ ထို့အပြင် အဆိုပါ နည်း ဥပဒေများအရ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေ များအရ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သော အမှု ကိစ္စ၏ ခိုင်လုံခြင်းကို မထိခိုက်စေဘဲ ထိုနည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို တင်သွင်းသည့်နေ့မှစ၍ သုံးလအတွင်းတွင် ပါလီ မန် ဆိုင်ရာလွှတ်တော်နှစ်ရပ်လုံး၌ အဆိုတင်သွင်း ဆုံးဖြတ်၍ ပယ်ဖျက်နိုင်ရမည်။"

၉၁ သို့ရာတွင် ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ သည်ဟူသော ရည်ရွယ်ချက်သဘောတရားကို အခြေခံ၍ တရားဥပဒေဖြင့် သတ်မှတ်ထားသော ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များသို့ အုပ်ချုပ် ရေးကိစ္စ၊ ယဉ်ကျေးမှုကိစ္စ၊ စီးပွားရေးကိစ္စများ အတွက် အထင်အရှားဖော်ပြထားသော အာဏာ များကို လွှဲပေးရန် တရားဥပဒေဖြင့် ပြဋ္ဌာန်းချက် ပြုနိုင်သည် ထိုပြဋ္ဌာန်းချက်များ ပါဝင်သော တရားဥပဒေသည် ထိုကိုယ်စားလှယ်အဖွဲ့၏ အခွင့်အရေးများ အာဏာများနှင့် တာဝန်ဝတ္တရား များကို၎င်း ထိုအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရ တို့၏ ဆက်ဆံရေးကို၎င်း သတ်မှတ်ရမည်။

၉၂ တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲဖြင့် ပြည်နယ်ကောင်စီများသို့ လုံးဝခွဲဝေလွှဲအပ်သော ဥပဒေပြုအာဏာမှလွှဲ၍ ပါလီမန်တွင် ပြည်ထောင်စု တနိုင်ငံလုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တစိတ်တဒေသအတွက်ဖြစ်စေ ဥပဒေများကိုပြုရန် အာဏာရှိရမည်။
ဤပုဒ်မ၌ ရှေ့ကဖော်ပြခဲ့သော စည်းကမ်းချက်တို့ ၏ ယေဘုယျသဘောကို အချုပ်အချယ်အဖြစ်စေ ဘဲ ထို့ပြင် သေချာသည်ထက်သေချာအောင် တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲ၌မည်သို့ပင် ဆိုထားစေကာမူ ပြည်ထောင်စုပါလီမန်၌သာ ရှိသော ဥပဒေပြုမှုအခွင့်အာဏာသည် (ပြည်ထောင် စု ဥပဒေပြုစာရင်းဟုဖော်ပြလတ္တံသော) ဤ အခြေခံဥပဒေ၏ တတိယဇယားရှိ စာရင်း ၁ တွင် သီးခြားရေတွက်ပြထားသော ကိစ္စအားလုံးအပေါ် ၌ သက်ရောက်ပြန့်နှံ့ရမည် ကြေညာလိုက်သည်။
အဆိုပါ စာရင်းတွင် သီးခြားရေတွက်ဖော်ပြထား သော ဆောင်ရွက်ဖွယ်အအကြောင်းအရာ အမျိုးအစားတခုခု၌ ပါဝင်နေသည့် ကိစ္စတခုခု သည် တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲဖြင့် ပြည်နယ်ကောင်စီများသို့ လုံးဝခွဲဝေလွှဲအပ်ထား သည့် ပြည်နယ်ဒေသန္တရသဘော သက်ဝင်သော သို့တည်းမဟုတ် ပြည်နယ်တွင်းရေးရာ သဘော သက်ဝင်သော သို့တည်းမဟုတ် ပြည်နယ်တွင်း ရေးရာ သဘောသက်ဝင်သော ဆောင်ရွက်ဖွဲ အကြောင်းအရာ စာရင်းတွင် ပါဝင်သည်ဟု မမှတ်ယူရ။
ပြည်နယ်ဥပဒေပြုစာရင်းဟု ဖော်ပြလတ္တံသော အဆိုပါဇယားရှိစာရင်း ၂ ၌ သီးခြားရေတွက်ပြ ထားသည့်ကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ ပြည်နယ် အတွက်သော်၎င်း ပြည်နယ်၏တစိတ်တဒေသ အတွက်သော်၎င်း ဥပဒေများကိုပြုရန် ပြည်နယ် ကောင်စီ၌ သာအာဏာရှိရမည်။ မည်သည့်ပြည်နယ်ကောင်စီမဆို မိမိ၏နယ်မြေများ ကိုသော်၎င်း အာဏာများကိုသော်၎င်း ပြည်ထောင် စုနိုင်ငံသို့ ဆုံးဖြတ်ချက်ချ၍ ပြန်အပ်နိုင်သည်။

၉၃ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် သစ်တောကိစ္စ၊ သတ္တုတွင်းကိစ္စ၊ ရေနံမြေကိစ္စ၊ သတ္တုတူးဖော် ပြုပြင်ရေးကိစ္စ၊ စည်းမျဉ်းသတ်မှတ်ပိုင်ခွင့် ပါရှိ သည်ဖြစ်သောကြောင့် ပြည်ထောင်စုနိုင်ငံက သုံးစြွ ပိုင်ခွင့်ရှိသောအာဏာများကို သုံးစွဲရာ၌ ထိုသစ်တောများ၊ သတ္တုတွင်း၊ ရေနံမြေများကို လုပ်ကိုင်သုံးစွဲစေရန်သော်၎င်း၊ တိုးတက်အောင် ပြုစေရန်သော်၎င်း၊ အသုံးချစေရန်သော်၎င်း လက်မှတ်ကို သို့တည်းမဟုတ် လိုင်စင်ကို သို့တည်း မဟုတ် အခွင့်အာဏာလွှဲအပ်သောအခြားနည်းကို ထုတ်မပေးမီ ထိုသို့ ထုတ်ပေးသော အာဏာပိုင် သည် သက်ဆိုင်ရာပြည်နယ်အတွက်ခန့်ထားခြင်း ခံရေသော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် တိုင်ပင်ရမည်။

၉၄ စစ်ကြောင့်ဖြစ်စေ၊ နိုင်ငံတွင်းဆူပူမှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ် ဖြစ်စေအပ်သော အထူးအရေးတကြီး အခြေဖြစ် ပေးနေပြီဟူ၍ သော်၎င်း နိုင်ငံတော်သမ္မတက (ဤ အခြေခံဥပဒေတွင် အရေးတကြီးကြေညာချက် ဟု ညွှန်ထားသော) ကြေညာချက်တရပ်ကိုထုတ်ပြန်ခဲ့ သော် ပုဒ်မ၉၂ တွင် မည်သို့ပင်ဆိုထားစေကာမူ ပြည်နယ်ဥပဒေပြုစာရင်းတွင် သီးခြားရေတွက် ဖော်ပြထားသော ကိစ္စတခုခုနှင့်စပ်လျဉ်း၍ ပြည်နယ်တနယ်အတွက်သော်၎င်း ဥပဒေများကို ပြုရန် ပါလီမန်တွင် အာဏာရှိရမည်။ ဤအခြေခံဥပဒေအရ ဥပဒေပြုရန် အာဏာရှိသော ပြည်နယ်ကောင်စီ၏ အာဏာကို ဤပုဒ်မရှိ စကားကြောင့် ချုပ်ချယ်ခြင်းမပြုရ၊ သို့ရာတွင် ပြည်နယ်တရားဥပဒေ၏ ပြဋ္ဌာန်းချက်တခုခုသည် ဤပုဒ်မအရ ဥပဒေပြုရန် အာဏာရှိသော ပါလီမန် ၏ ပြည်ထောင်စုတရားဥပဒေရှိပြဋ္ဌာန်းချက်တခုခု နှင့် ဆန့်ကျင်နေခဲ့သော် ပြည်နယ်တရားဥပဒေ အတည်မပြုမီကဖြစ်စေ၊ ပြုပြီးမှဖြစ်စေ၊ အတည် ဖြစ်နေသော ပြည်ထောင်စုတရားဥပဒေကိုသာလျှင် လိုက်နာရမည်။ ပြည်နယ်တရားဥပဒေသည် ပြည်ထောင်စုတရားဥပဒေအတည်ဖြစ်နေခိုက် ပြည်ထောင်စုတရားဥပဒေနှင့်ဆန့်ကျင်သမျှသာ အာဏာပျက်ပြယ်နေစေရမည်။ အရေးတကြီး ကြေညာချက်ကို ထုတ်ပြန်ခြင်း (က) နောက်ထပ်ကြေညာချက်တရပ်ထုတ်ပြန်၍ ရုပ်သိမ်းနိုင်သည်။ (ခ) ခြောက်လအချိန်ကာလ မကုန်ဆုံးမီ၊ ပါလီမန် ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးက ဆုံးဖြတ်ပြဋ္ဌာန်း၍ အတည်မပြုလျှင် ထိုခြောက်လအချိန်ကာလ ကုန်ဆုံးသောအခါ ထိုကြေညာချက်သည် အာဏာ တည်မြဲခြင်းမှ ရပ်စဲရမည်။
ခြွင်းချက်။ သို့ရာတွင် ထိုကြေညာချက် အာဏာ ဆက်လက်တည်နေစေရန် သဘောတူသော ဆုံးဖြတ်ပြဋ္ဌာန်းချက်ကို ပါလီမန်ဆိုင်ရာလွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလျှင် ထို့အပြင် အတည်ပြုတိုင်း ထိုကြေညာချက်သည် ရုပ်သိမ်း ခြင်းမခံရသေးသမျှ ဤပုဒ်မခွဲအရ ထိုကြေညာ ချက်အာဏာတည်နေခြင်းမှရပ်စွဲရမည့်နေ့မှစ၍ နောက်ထပ် ၁၂ လ ကာလအတွက် ဆက်လက် အာဏာတည်ရမည်။
အရေးတကြီး ကြေညာချက်ထုတ်ပြန်ခြင်းကြောင့် သာလျှင် ပါလီမန်က ပြုပိုင်ခွင့်ရှိ၍ ထိုပြုပိုင်ခွင့်နှင့် အညီ ပြုထားသောတရားဥပဒေသည် ထိုကြေညာ ချက်အာဏာတည်ခြင်းမှ ရပ်စဲပြီးသည့်နောက် ခြောက်လအချိန်ကာလကုန်ဆုံးသောအခါ အဆိုပါ အချိန်ကာလမကုန်ဆုံးခင်ကပြုပြီးသော သို့တည်း မဟုတ် မပြုဘဲချန်ခဲ့သောအရာများနှင့်စပ်လျဉ်း၍ မှတပါး အကျိုးမသက်ရောက်ရ။

၉၅ ပြည်နယ် နှစ်နယ်၏ သို့တည်းမဟုတ် နှစ်နယ် ထက်ပို့သော ပြည်နယ်များ၏ ပြည်နယ်ကောင်စီ များသည် ပြည်နယ်ဥပဒေပြုစာရင်းတွင် သီးခြား ရေတွက် ဖော်ပြထားသောကိစ္စတခုခုအတွက် ပါလီမန်၏ အက်ဥပဒေဖြင့် ထိုပြည်နယ်များတွင် စည်းမျဉ်းသတ်မှတ်ပေးသင့်သည်ဟူသော အချက် ကိုအလိုရှိထိုက်သည်ဟု ထင်မြင်ခဲ့သော် ထို့ပြင် ထိုပြည်နယ်ကောင်စီများက ထိုသို့အလိုရှိသည်ဟု ဆုံးဖြတ်အတည်ပြုခဲ့သော် ပါလီမန်သည် ထိုသို့ စည်းမျဉ်းသတ်မှတ်ပေးရန်အတွက် အက်ဥပဒေ တခုကို အတည်ပြုပြဋ္ဌာန်းနိုင်ရမည်။ သို့ရာတွင် ထိုသို့ ပြဋ္ဌာန်းလိုက်သော အက်ဥပဒေကို ထိုအက် ဥပဒေနှင့် သက်ဆိုင်သည့်ပြည်နယ်နယ်နှင့် စပ်လျဉ်း၍ ထိုပြည်နယ်ကောင်စီ၏ အက်ဥပဒေ ကပြင်နိုင်သည်။ သို့တည်းမဟုတ် ရုပ်သိမ်း နိုင်သည်။

၉၆ ဤအခြေခံဥပဒေရှိ စတုတ္တဇယား၌ ရေတွက် ဖော်ပြထားသော အခွန်ထွက်ပင်ရင်းများမှရမည့် အခွန်တော်အားလုံးသည် ပြည်နယ်၌သော်၎င်း ပြည်နယ်သော်၎င်း ကောက်ခံရရှိသော ပြည်နယ်၏ အခွန်တော်ငွေတွင်ပါဝင်ရမည်။ တဆက်တည်းဖြစ်သော အထက်ပုဒ်မခွဲအရ ပြည်နယ်များသို့ခွဲဝေလွှဲအပ်ထားသောအခွန်တော် များမှ လွဲ၍အခွန်တော်အားလုံးသည် ပြည်ထောင်စု နိုင်ငံတော်၏ အခွန်တော်တွင်ပါဝင်ရမည်။
ခြွင်းချက်။ ဤကိစ္စအတွက်ခန့်ထားသော အဖွဲ့ တခုခု၏ သို့တည်းမဟုတ် အခြားအာဏာပိုင် တခုခု၏ ထောက်ခံချက်များအရ ထောက်ပံ့ရန် လိုအပ်သည်ဟု ဆုံးဖြတ်သတ်မှတ်သော အထောက် အပံ့ငွေများကို ပြည်ထောင်စုနိုင်ငံတော်အစိုးရသည် မိမိ၏ အခွန်တော်များမှထုတ်၍ ပြည်ထောင်စု အဖွဲ့ဝင်များ၏ အခွန်တော်များကို ဖြည့်တင်းသော အားဖြင့် ထိုပြည်ထောင်စုအဖွဲ့ဝင်များ၏ အစိုးရများအားပေးနိုင်သည်။

၉၇ ကုန်းတပ်၊ ရေတပ်၊ လေတပ်ဖွဲ့စည်းထားရှိသော အခွင့်အရေးသည် ပါလီမန်၌သာ တည်ရှိရမည်။ ပါလီမန်အဖွဲက ဖွဲ့စည်းထားရှိသော ကုန်းတပ်၊ ရေတပ်၊ လေတပ်များမှတပါး မည်သည့်ကုန်းတပ်၊ ရေတပ်၊ လေတပ် ကိုမျှသော်၎င်း မည်သည့် စစ်တပ်အစည်းအရုံးကိုမျှသော်၎င်း၊ စစ်တပ် တချို့တဝက်ပါသော် မည်သည့် အစည်းအရုံးကိုမျှ သော်၎င်း၊ မည်သည့် အကြောင်းကိစ္စနှင့်မျှ မဖွဲ့ စည်းမထားရှိရ၊ သို့ရာတွင် ငြိမ်ဝပ်ပိပြားရေး ဆိုင်ရာ တာဝန်ဝတ္တရားသက်သက်ကိုသာ ဆောင်ရွက်စေရန် ပြည်ထောင်စုအဖွဲ့ဝင်တခုခု၏ အခွင့်အာဏာအရထားရှိသော ရာဇဝတ်အဖွဲ့ကိုမူ ဖွဲ့စည်းထားရှိနိုင်သည်။

အပိုင်း၅၊ ဥပဒေပြုခြင်း

၉၈ ပြည်သူ့လွှတ်တော်တွင်စတင် တင်သွင်း၍ ထိုလွှတ်တော်ကပင်အတည်ပြုလိုက်သော ဥပဒေ ကြမ်းတိုင်းကို လူမျိုးစုလွှတ်တော်သို့ တင်ပို့ရမည်။ ထိုဥပဒေကြမ်းသည် ငွေဥပဒေကြမ်းမဟုတ်လျှင် လူမျိုးစုလွှတ်တော်က ပြင်ဆင်ချက်ပြုနိုင်၍ ပြည်သူ့လွှတ်တော်သို့ စဉ်းစားဆွေးနွေးစေရန် တင်ပို့နိုင်သည်။

၉၉ ငွေဥပဒေကြမ်းမျိုးမှတပါး အခြားဥပဒေကြမ်း တိုင်းကို လူမျိုးစုလွှတ်တော်တွင် တင်သွင်းနိုင်၍ ထိုလွှတ်တော်က အတည်ပြုလိုက်လျှင် ပြည်သူ့ လွှတ်တော်သို့တင်ပို့ရမည်။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ပြုနိုင်၍ လူမျိုးစုလွှတ်တော်သို့ စဉ်းစားဆွေးနွေးစေရန် ပြန်ပို့နိုင်သည်။

၁၀၀ လွှတ်တော်တရပ်ကအတည်ပြုလိုက်၍ အခြား လွှတ်တော်က လက်ခံသောဥပဒေကြမ်းကို ပါလီမန် ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသည် ဟု မှတ်ယူရမည်။

၁၀၁ အစိုးရ၏ သာမန်နှစ်စဉ်အသုံးစရိတ်များအတွက် အခွန်တော်ကို သို့တည်းမဟုတ် ငွေကိုသတ်မှတ် ပေးသော ဥပဒေကြမ်းသည် ထိုသို့ သတ်မှတ်ခွဲဝေ ပေးသောအချက်များနှင့်သာလျှင် သက်ဆိုင်ရမည်။

၁၀၂ အခွန်စည်းကျပ်ရေးဆိုင်ရာဥပဒေကြမ်းများသည် အခွန်စည်းကျပ်သောအချက်များနှင့်သာ သက်ဆိုင် ရမည်။ ထိုဥပဒေကြမ်းများ၌ပါရှိသည့် အခြားကိစ္စ များဆိုင်ရာ ပြဋ္ဌာန်းချက်များကို အကျိုးသက် ရောက်ခြင်းမဖြစ်စေရ။

ငွေဥပဒေကြမ်းများ

၁၀၃ ငွေဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်၌ သာလျှင် စတင် တင်သွင်းရမည်။

၁၀၄ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော ငွေဥပဒေကြမ်းတိုင်းကို လူမျိုးစုလွှတ်တော်သို့ အကြံပေးစေရန် တင်ပို့ရမည်။

၁၀၅ လူမျိုးစုလွှတ်တော်သို့ အကြံပေးစေရန် တင်ပို့သော ငွေဥပဒေကြမ်းတိုင်းကို ထိုလွှတ်တော်သို့ တင်ပို့ပြီး သည့်နောက် ၂၁ ရက် အတွင်းတွင် ပြည်သူ့ လွှတ်တော်သို့ ပြန်ပို့ရမည်။ ပြည်သူ့လွှတ်တော် သည် လူမျိုးစုလွှတ်တော်၏ အကြံပေးချက် အားလုံးကိုသော်၎င်း အချို့ကိုသော်၎င်း လက်ခံနိုင် သည်။ သို့တည်းမဟုတ် ပယ်နိုင်သည်။ ထိုကဲ့သို့သော ငွေဥပဒေကြမ်းတိုင်းကို လူမျိုးစု လွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ၂၁ ရက် အတွင်းတွင် ပြန်မပို့လျှင် သို့တည်းမဟုတ် ပြည်သူ့ လွှတ်တော်က လက်မခံသောအကြံပေးချက်များဖြင့် ထို၂၁ ရက်အတွင်းတွင် ပြန်ပို့လျှင် ထိုငွေဥပဒေကြမ်းသည် ၂၁ ၇က်ကုန်လွန်သောအခါ လွှတ်တော်နှစ်ရပ် ကုန်လွန်သောအခါ လွှတ်တော် နှစ်ရပ်လုံး၏ အတည်ပြုချက်ကို ရသည်ဟု မှတ်ယူ ရမည်။

၁၀၆ ငွေဥပဒေကြမ်းဆိုသည်မှာ အောက်ပါကိစ္စများအား လုံးနှင့်သော်၎င်း တခုခုနှင့်သော်၎င်း သက်ဆိုင် သည့် ပြဋ္ဌာန်းချက်များသာ ပါဝင်သောဥပဒေကြမ်း ကိုဆိုလိုသည်။ ထိုကိစ္စများကား အခွန်တော်စည်း ကြပ်ခြင်း၊ အခွန်တော်ရုပ်သိမ်းခြင်း၊ အခွန်တော် ချမ်းသာခွင့်ပေးခြင်း၊ အခွန်တော်စနစ်ပြောင်းခြင်း၊ အခွန်တော်စနစ်စည်းမျဉ်းသတ်မှတ်ခြင်း သို့တည်း မဟုတ် ကြွေးမီပေးဆပ်ခြင်းအတွက်သော်၎င်း အခြားဘဏ္ဍာရေးကိစ္စများအတွက်သော်၎င်း ပြည်ထောင်စုနိုင်ငံ၏အခွန်တော်မှ ကျခံစေရန် သတ်မှတ်ခြင်း၊ ထိုသို့သောသတ်မှတ်ချက်ကို ပြင်ခြင်း ထိုသို့သောသတ်မှတ်ချက်ကိုရုပ်သိမ်းခြင်း သိုတည်းမဟုတ် ခွင့်ပြုရန်ပုံငွေသတ်မှတ်ခြင်း၊ သို့တည်းမဟုတ် ဘဏ္ဍာတော်ငွေခွဲဝေသုံးစွဲခြင်း၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ စာရင်းစစ်ဆေးခြင်း သို့တည်းမဟုတ် ငွေချေးယူ ခြင်း၊ ချေးယူငွေအတွက် အာမခံခြင်း၊ ချေးယူ ငွေကိုပြန်ဆပ်ခြင်း၊ ထိုကိစ္စများနှင့်သော်၎င်း ဆက်သွယ်၍ဖြစ်ပေါ်လာသောကိစ္စများဖြစ်သည်။ အထက်ပုဒ်မခွဲရှိ “အခွန်တော်စည်းကြပ်ခြင်း” “ပြည်ထောင်စုနိုင်ငံ၏အခွန်တော်”၊ “ချေးယူငွေ” ဟူသောစကားရပ်အသီးသီး အဓိပ္ပာယ်တွင် ဒေသတန္တရဆိုင်ရာအာဏာပိုင်များကသော်၎င်း အဖွဲ့များကသော်၎င်း စည်းကြပ်သောအခွန် သို့တည်းမဟုတ် ကောက်ခံသောဘဏ္ဍာငွေ သို့တည်းမဟုတ် ချေးငွေ၊ မပါချေ။

၁၀၇ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မိမိ၏ထင်မြင်ချက် တွင် ငွေဥပဒေကြမ်းဟုယူဆသော မည်သည့် ဥပဒေကြမ်းကိုမဆို ငွေဥပဒေကြမ်း ဟုတ်မှန် ကြောင်း ထောက်ခံချက်ပေးရမည်။ ဤပုဒ်မတွင် ဆက်လက်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်လျှင် ထိုထောက်ခံချက်သည် အပြီးအပြတ် ဖြစ်ရမည်။ ဥပဒေကြမ်းတခုအား ငွေဥပဒေကြမ်း ဟုတ် မဟုတ် အခွင့်အရေးကော်မတီသို့ တင်ပြစဉ်းစားစေ ရန် လူမျိုးစုလွှတ်တော်သည် အမတ်စုစုပေါင်း၏ သုံးပုံ နှစ်ပုံအောင် မလျှော့သော အမတ်များ တက်ရောက်သည့် အစည်းအဝေးတခုတွင် အတည် ပြုသောပြဋ္ဌာန်းချက်ဖြင့် နိုင်ငံတော်သမ္မတအား ပန်ကြားနိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်း ထိုပန်ကြားချက်ကို လိုက်လျောရန် ဆုံးဖြတ်လျှင် အခွင့်အရေးကော်မတီတခုကို ခန့်ရမည်။ ထိုကော်မတီတွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်တို့မှ အမတ်ဦးရေ အညီအမျှပါဝင်ရမည့် အပြင် တရားလွှတ်တော်ချုပ်မှ တရားဝန်ကြီးတဦး ကိုလည်း သဘာပတိအဖြစ်ဖြင့်လည်းခန့်ရမည်။ မဲဆန္ဒအရေအတွက် တူညီသော ကိစ္စ၌သာလျှင် သဘာပတိ၌ မဲဆန္ဒပေးကိုင်ခွင့်ရှိရမည်။ ထိုသို့ခန့်အပ်လိုက်သော အခွင့်အရေးကော်မတီသို့ နိုင်ငံတော်သမ္မတသည် ထိုပြဿနာကိုပေးပို့ ထောက်လှမ်းရမည်။ ဥပဒေကြမ်းကို လူမျိုးစု လွှတ်တော်သို့ပေးပို့ပြီးသည့်နောက်တနေ့မှစ၍ ၂၁ ရက်အတွင်းတွင် ထိုကော်မတီသည် မိမိ၏ ယူဆချက်ကို နိုင်ငံတော်သမ္မတထံသို့ တင်သွင်းအစီရင်ခံရမည်။ အစီရင်ခံချက်ကိုအခြေပြု၍ နိုင်ငံတော်သမ္မတက မိမိ၏ သဘောအတိုင်းချမှတ်သောဆုံးဖြတ်သည် အပြီးအပြတ် အတည်ဖြစ်ရမည်။

၁၀၈ နိုင်ငံတော်သမ္မတသည် လူမျိုးစုလွှတ်တော်၏ ပန်ကြားချက်ကိုမလိုက်လျောဟု မိမိသဘော အတိုင်း ဆုံးဖြတ်လျှင် သို့တည်းမဟုတ် အခွင့်အရေး ကော်မတီသည် အထက်ပါသတ်မှတ် ထားသော အချိန်အတွင်းတွင် အစီရင်ခံရန် ပျက်ကွက်လျှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ဟုတ်မှန်ကြောင်း ထောက်ခံချက်သည် အတည်ဖြစ် မှု ဖြစ်ရမည်။

၁၀၉ လွှတ်တော်တရပ်ကအခြားဥပဒေကြမ်းတခုခုကို အတည်ပြုလိုက်၍ အခြားလွှတ်တော်က ထိုဥပဒေ ကြမ်းကိုပယ်ချလျှင် သို့တည်းမဟုတ် အတည်ပြုရန် ပျက်ကွက်လျှင် သို့တည်းမဟုတ် ထိုဥပဒေကြမ်းကို စတင် တင်သွင်းသည့် လွှတ်တော်ကလက်မခံသော ပြင်ဆင်ချက်များဖြင့် အတည်ပြုလိုက်လျှင် နိုင်ငံတော်သမ္မတသည် လွှတ်တော်နှစ်ရပ်၏ တွဲဖက်အစည်းအဝေးကို ကျင်းပစေရမည်။
တွဲဖက်အစည်းအဝေးသို့ တက်ရောက်ကြသော လွှတ်တော်အမတ်များသည် ဥပဒေကြမ်းကို စတင် တင်သွင်းသော လွှတ်တော်က အတည်ပြုလိုက် သည့် ဥပဒေကြမ်းနှင့်တကွ အခြားလွှတ်တော်က ပြုပြီးဖြစ်သော ပြင်ဆင်ချက်များရှိလျှင် ထိုပြင်ဆင် ချက်များကိုပါ စဉ်းစားဆွေးနွေးနိုင်ရန် မဲဆန္ဒပေး ရမည်၊ အကယ်၍ အစည်းအဝေးသို့ တက်ရောက် မဲပေးကြသော လွှတ်တော်နှစ်ရပ်အမတ် စုစုပေါင်း၏ အမတ်များရာက ပြင်ဆင်ချက်များပါ လျှင် ထိုပြင်ဆင်ချက်များပါသော ဥပဒေကြမ်းကို အတည်ပြုလိုက်သော်၊ ထိုဥပဒေကြမ်းသည် လွှတ်တော်နှစ်ရပ်လုံး၏ အတည်ပြုချက်ကို ရယူသည်ဟု မှတ်ယူရမည်။
ခြွင်းချက်။ သို့ရာတွင် တွဲဖက်အစည်းအဝေး၌ (က) လွတ်တော်တရပ်က အတည်ပြုပြီးဖြစ်သော ဥပဒေ ကြမ်းကို အခြားလွှတ်တော်ကပယ်ချ၍ စတင် တင်သွင်းသော လွှတ်တော်သို့ ပြန်ပို့လျှင် ထိုဥပဒေ ကိုအတည်ပြုရန် အချိန်ကန့်သတ်သောကြောင့် ပြုအပ်သော ပြင်ဆင်ချက်များမှတပါး အခြား မည်သည့် ပြင်ဆင်ချက်အဆိုကိုမျှ မတင်သွင်းရ။ (ခ) ဥပဒေကြမ်းကို အခြားလွှတ်တော်တရပ်က ပြင်ဆင်ချက်များထည့်၍ အတည်ပြုပြီးနောက် စတင် တင်သွင်းသောလွှတ်တော်သို့ ပြန်ပို့လျှင် အပိုဒ်(က)တွင် ဖော်ပြခဲ့သော ပြင်ဆင်ချက်အဆို များနှင့် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များနှင့်ဆိုင်သော ပြင်ဆင်ချက်အဆိုများကို တင်သွင်းရမည်။
ထို့ပြင် ဤပုဒ်မအရခွင့်ပြုထိုက်သော ပြင်ဆင်ချက် များနှင့်စပ်လျဉ်း၍ သဘာပတိအဖြစ်ဖြင့် ဆောင်ရွက်သောသူ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ရမည်။

၁၁၀ ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်လုံး၏ ညီလာခံ မရှိခိုက်၊ မည်သည့်အခါမျိုး၌မဆို နိုင်ငံတော်သမ္မတသည် ချက်ချင်းအရေးယူရန် လိုအပ်သောကိစ္စများ ပေါ်ပေါက်လာသည်ဟုယူဆ လျှင် ထိုကိစ္စများပေါ်ပေါက်လာသည့်အလျောက် လိုအပ်သည်ဟုထင်မြင်သော တချက်လွှတ် ဥပဒေ များကို ထုတ်ပြန်ကြေညာနိုင်သည်။ ဤပုဒ်မအရ ထုတ်ပြန်ကြေညာသောတချက်လွှတ်ဥပဒေသည် နိုင်ငံတော်သမ္မတက သဘောတူပြီးဖြစ်သော ပါလီမန် အက်ဥပဒေကဲ့သို့ အကျိုးသက်ရောက်၍ အတည်ဖြစ်ရမည်။ ထိုကဲ့သို့သော တချက်လွှတ်ဥပဒေကို ကြိုတင်နုတ် သိမ်းထားပြီးမဟုတ်လျှင် ထုတ်ပြန်ကြေညာသည့် နေ့မှစ၍ ၄၅ ရက်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုတချက်လွှတ်ဥပဒေကို ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးသို့ တင်ပြရမည်။ ပြည်သူ့ လွှတ်တော်ပြန်လည်စည်းဝေးသည့်နေ့မှ ၁၅ ရက် ကုန်လွန်သောအခါ၌ဖြစ်စေ၊ လူမျိုးစုံပြန်လည် စည်းဝေးသောနေ့မှ ၁၅ ရက်ကုန်လွန်သောအခါ၌ ဖြစ်စေ နောက်ကျရာနေ့တွင် ထိုတချက်လွှတ် ဥပဒေသည် အတည်ဖြစ်နေခြင်းမှ ရပ်စဲရမည်။
ခြွင်းချက်။ သို့ရာတွင် နိုင်ငံတော်သမ္မတသည် ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်လုံး၏ သဘောတူ ညီချက်ဖြင့် ထိုတချက်လွှတ်ဥပဒေကို လိုအပ်သော ကာဘအပိုင်းအခြားအထိ ဆက်လက်အတည် ဖြစ်စေနိုင်သည်။
တချက်လွှတ်ဥပဒေထုတ်ပြန်ကြေညာသည့်နေ့မှ စ၍ ၄၅ ရက်အတွင်း၌ ရုပ်သိမ်းပြီးဖြစ်လျှင် ထိုတချက်လွှတ်ဥပဒေကို ပါလီမန်သို့ ဆက်လက် ကျင်းပလတ္တံသော ညီလာခံတွင် တင်ပြရမည်။ ဤပုဒ်မအရ တချက်လွှတ်ဥပဒေတခုတွင် ဤ အခြေခံဥပဒေအရ ပါလီမန်ကမပြုနိုင်သော ပြဋ္ဌာန်း ချက်ပါရှိလျှင် ပါရှိသောထိုပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။

လက်မှတ်ရေးထိုးခြင်းနှင့် ထုတ်ပြန်ကြေညာခြင်း

၁၁၁ ဥပဒေကြမ်းတခုကို ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ် ရပ်လုံးက အတည်ပြုလိုက်သည်နှင့်တပြိုင်နက် ထို ဥပဒေကြမ်းကို ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့် အညီ လက်မှတ်ရေးထိုးရန်နှင့် အက်ဥပဒေတရပ် အဖြစ်ဖြင့် ထုတ်ပြန်ကြေညာရန် ထိုဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်။ ဤအခြေခံဥပဒေ၌ ဤအခြားပြဋ္ဌာန်းချက် ပြုထား ခြင်းမရှိလျှင် မိမိထံသို့ တင်ပြသောဥပဒေကြမ်း တိုင်းကို နိုင်ငံတော်သမ္မတသည် အတည်ပြုပြီးသည့် နောက်တနေ့မှစ၍ ၇ ရက် အောက် နောက်မကျစေဘဲ လက်မှတ်ရေးထိုးရမည်။ ဥပဒေကြမ်းတခုခုကို နိုင်ငံတော်သမ္မတသည် မိမိ ထံသို့ တင်ပြပြီးသည့်နောက်နေ့မှစ၍ ၇ ရက်အတွင်း၌လက်မှတ်မထိုးလျှင် ထိုဥပဒေကြမ်း သည် ၇ ရက်မြောက်သောနေ့တွင် နိုင်ငံတော် သမ္မတ၏ လက်မှတ်ရေးထိုချက်ကို ရဘိသကဲ့သို့ အက်ဥပဒေ ဖြစ်လာရမည်။

၁၁၂ ဤအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသော သို့တည်းမဟုတ် လက်မှတ် ရေးထိုးပြီးသည်ဟု မှတ်ယူအပ်သော ဥပဒေကြမ်း တိုင်းသည် ဥပဒေကြမ်းကိုလက်မှတ်ရေးထိုးသော သို့တည်းမဟုတ် လက်မှတ်ထိုးပြီးသည်ဟု မှတ်ယူ အပ်သောနေ့မှစ၍ အက်ဥပဒေဖြစ်လာရမည်။ ထိုကဲ့သို့သော ဥပဒေတိုင်းကို နိုင်ငံတော်သမ္မတ၏ အမိန့်အရ အစိုးရပြန်တမ်းတွင် ထုတ်ပြန်ကြေညာ ရမည်။ ထိုအက်ဥပဒေ၌ သီးခြားညွှန်ကြားချက် မပါလျှင် ထုတ်ပြန်ကြေညာသောနေ့၌ အာဏာတည် ရမည်။

၁၁၃ နိုင်ငံတော်သမ္မတလက်မှတ်ထိုးသော အက်ဥပဒေ များနှင့် တချက်လွှတ်ဥပဒေများ၏ စာမူများကို တရားလွှတ်တော်ချုပ်၏ အတွင်းဝန်ရုံးတွင် မော်ကွန်းတင်ရမည်။ ထိုစာမူများသည် အဆိုပါ အက်ဥပဒေ၏ သို့တည်းမဟုတ် တချက်လွှတ် ဥပဒေ၏ ပြဋ္ဌာန်းချက်များအတွက် အပြီးသတ် သက်သေ အထောက်အထားဖြစ်ရမည်။

အခန်းရ ပြည်ထောင်စုအစိုးရ

၁၁၄ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနိုင်ငံအစိုးရ အဖွဲ့ကို ပုဒ်မ ၅၆ အရခန့်ထားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးများဖြင့် ဖွဲ့စည်းရမည်။

၁၁၅ အစိုးရအဖွဲသည် ပြည်သူ့လွှတ်တော်အား ဖွဲ့လိုက် စုပေါင်းတာဝန်ခံရမည်။

၁၁၆ အစိုးရအဖွဲ့ဝင် ဝင်ကြီးတဦးသည် ခြောက်လမျှ တဆက်တည်း ပါလီမန်မဟုတ်လျှင် ထိုကာအပိုင်း အခြားကုန်ဆုံးသောအခါ အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်မှ ရပ်စွဲရမည်။

၁၁၇ နိုင်ငံတော်သမ္မတ၏လက်သို့မိမိ၏နုတ်ထွက်လွှာ ပေးအပ်ခြင်းဖြင့် ဝန်ကြီးချုပ်သည် အခါမရွေး ရာထူးမှ နုတ်ထွက်နိုင်သည်။ နိုင်ငံတော်သမ္မတထံသို့ တင်သွင်းစေရန် မိမိနုတ် ထွက်လွှာကို ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခြင်းဖြင့် မည်သည့်အစိုးရအဖွဲ့ဝင် ဝန်ကြီးမဆို ရာထူးမှ နုတ်ထွက်နိုင်သည်။ တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲအရ နိုင်ငံတော်သမ္မတက လက်ခံသောအခါ ထိုသို့ နုတ်ထွက်ခြင်းသည် အတည်ဖြစ်ရမည်။ ဝန်ကြီးချုပ်ကအကြံပေးခဲ့လျှင် နိုင်ငံတော်သမ္မတ သည် ဝန်ကြီချုပ်၏ နုတ်ထွက်ခြင်းမှတပါး အခြား မည်သည့်ဝန်ကြီး၏ နုတ်ထွက်ကိုမဆို လက်ခံ ရမည်။

၁၁၈ ဝန်ကြီးချုပ်သည် မိမိသဘောအရ လုံလောက်သော အကြောင်းများရှိသည်ဟုထင်မြင်လျှင်၊ အစိုးရအဖွဲ့ ဝင် ဝန်ကြီးတဦးအား မည်သည့်အချိန်အခါ၌မဆို ရာထူးမှ နုတ်ထွက်စေရန် တောင်းဆိုင်နိုင်သည်။ အကယ်၍ သက်ဆိုင်ရာဝန်ကြီးသည် ထိုတောင်းဆို ချက်ကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ ပျက်ကွက်ခဲ့သော် ထိုဝန်ကြီးအား ဝန်ကြီးချုပ်က ရာထူးမှ ရပ်စွဲစေရန် အကြံပေးခဲ့လျှင် နိုင်ငံတော် သမ္မတသည် ထိုဝန်ကြီးကို ရာထူးမှ ရပ်စွဲစေရမည်။

၁၁၉ ဝန်ကြီးချုပ်သည် ပြည်သူ့လွှတ်တော်တွင် အမတ် များရာ၏ ထောက်ခံမှုကိုမရသောအခါ ရာထူးမှ နုတ်ထွက်ရမည်။ သို့ရာတွင် ဝန်ကြီးချုပ်၏ အကြံပေးချက်အတိုင်း နိုင်ငံတော်သမ္မတက ပုဒ်မ ၅၇ အရ ပါလီမန်ကို ဖျက်သိမ်း၍ ထိုသို့ ဖျက်သိမ်း ပြီးနောက် ပါလီန်ကို တဖန်ပြန်လည်ကျင်းပ စည်းဝေးသော အခါ ထိုဝန်ကြီးချုပ်သည် ပြည်သူ့ လွှတ်တော်တွင် အမတ်များရာ၏ထောက်ခံမဲကို ပြန်လည်ရရှိလျှင် မိမိ၏ရာထူးမှ ပြန်လည်နုတ် ထွက်ရန် မလို။

၁၂၀ ဝန်ကြီးချုပ်သည် မည်သည့်အခါ၌မဆို ရာထူးမှ နုတ်ထွက်လျှင် ဝန်ကြီးများသည်လည်း မိမိတို့၏ ရာထူးမှ နုတ်ထွက်သည်ဟုမှတ်ယူရမည်။ သို့ရာတွင် ရာထူးများ၌ ဆက်ဆံထမ်းရွက်မည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခန့်ထားပြီးသည့် တိုင်အောင် လက်ရှိဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ကြရမည်။ ပါလီမန်ကိုဖျက်သိမ်းသည့်နေ့ရက်က ရာထူးလက်ရှိ ဖြစ်ကြသောအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရာထူးဆက်ခံထမ်းရွက်မည့် ဝန်ကြီးများကို ခန့်ထားည့်တိုင်အောင် မိမိတို့၏ ရာထူးများတွင် ဆက်လက်တည်ရှိနေကြရမည်။

၁၂၁ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာ အရေး ယူဆောင်ရွက်ချက်အားလုံးကို ပြည်ထောင်စု နိုင်ငံတော်သမ္မတ၏ အမည်ဖြင့် အရေးယူသည်ဟု ဖော်ပြရမည်။ နိုင်ငံတော်သမ္မတ၏ အမည်ဖြင့်ထုတ်ပြန်သော အမိန့်များနှင့်တကွ စာချွန်တော်များကို နိုင်ငံတော်သမ္မတက ပြဋ္ဌားန်သည့် နည်းဥပဒေများ တွင် ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဟုတ်မှန်ကြောင်း ထင်ရှားစေရမည်။ ထိုပြင် ထိုသို့ ဟုတ်မှန်ကြောင်း ထင်ရှားအောင်ပြုထားသော အမိန့် သို့တည်းမဟုတ် စာချွန်တော်သည် နိုင်ငံ တော်သမ္မတ၏ အမိန့်၊ စာချွန်တော်များမဟုတ် သောကြောင့် မခိုင်လုံဟုငြင်းဆိုပိုင်ခွင့်မရှိစေရ။ မိမိ၏သဘောအတိုင်းဆောင်ရွက်ရန် ဤအခြေခံ ဥပဒေက ပြဋ္ဌာန်းသည့် မှုခင်းကိစ္စမှလွဲ၍ ပြည်ထောင်စုအစိုးရဆောင်ရွက်အပ်သော မှုခင်းကိစ္စအတွက်၎င်း အဆိုပါမှုခင်းကိစ္စကို ဝန်ကြီးများအားခွဲဝေပေးရန်၎င်း နိုင်ငံတော်သမ္မတ သည် နည်းဥပဒေများကို ပြဋ္ဌာန်းရမည်။
အထက်က ပြဋ္ဌာန်းချက်များကို ယေဘုယျအား ဖြင့် မထိခိုက်စေဘဲ တာဝန်ဝတ္တရားများကို နယ်မြေ ဒေသအလိုက် ခွဲဝေနိုင်သည့်အပြင် အစိုးရဌာန ဆိုင်ရာလုပ်ငန်းအလိုက်လည်း ခွဲနိုင်သည်။

၁၂၂ ဤ အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင် လျှင် ပြည်ထောင်စုနိုင်ငံ၏ အုပ်ချုပ်မှုအခွင့်အာဏာ သည် အောက်ပါကိစ္စများသို့ သက်ရောက်ပြန်နှံ့သည် (က) ပါလီမန်ကဥပဒေပြုနိုင်သော ကိစ္စများ (ခ) ပြည်ထောင်စုနိုင်ငံအတွင်း ဖွဲ့စည်း၍ ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု နိုင်ငံတော် တပ်ချနေသော သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံတော်က အသုံးပြုရန်၊ လွှဲအပ်ခြင်းခံရသော လက်နက်ကိုင်စစ်တပ်များကို ထိုကိစ္စအတွက် ပြည်ထောင်စုအချင်းချင်းစာချုပ် သို့တည်းမဟုတ် သဘောတူညီချက်တွင်ပါဝင်သော ပြဋ္ဌာန်းချက်များနှင့်လျှော်ညီစွာ အုပ်ချုပ်ရန်ကိစ္စများ

၁၂၃ ပါလီမန်၏ သဘောတူညီချက်ကိုမရဘြ စစ်မကြေညာရ။ ပြည်ထောင်စုနိုင်ငံသည်လည်း စစ်ထဲ၌ မပါဝင်ရ။ အစိုးရသည် ပြည်ထောင်စုနိုင်ငံ ကိုကာကွယ်စောင့်ရှောက်ရန်လိုအပ်သည်ဟု ယူဆ လျှင် လိုအပ်သည်ဟုယူဆသည့်အတိုင်း အရေးယူ ဆောင်ရွက်နိုင်သည်။ ထို့ပြင်ပါလီမန်ညီလာခံ ကျင်းပနေဆဲဟုတ်လျှင် အလျင်အမြန်ဆုံးဆင့်ခေါ်၍ ညီလာခံကိုကျင်းပစေရမည်။ သို့ရာတွင် ပြင်ပမှထိပါး တိုက်ခိုက်လာသောအခါ၌ သော်၎င်း ထိုသို့ ထိပါးအံ့ဆဲဆဲအခါ၌သော်၎င်း အစိုးရသည် ပြည်ထောင်စုနိုင်ငံကို ကာကွယ် စောင့်ရှောက်ရန်လိုအပ်သည်ဟု ယူဆလျှင် လိုအပ်သည်ဟုယူဆသည့်အတိုင်း အရေးယူ ဆောင်ရွက်နိုင်သည်။ ထို့ပြင် ပါလီမန်ညီလာခံ ကျင်းပနေဆဲမဟုတ်လျှင် အလျင်အမန်ဆုံးဆင့် ခေါ်၍ ညီလာခံကို ကျင်းပစေရမည်။

၁၂၄ ပြည်တွင်းရေးရာ၊ ပြည်ပရေးရာ အားလုံးနှင့်စပ် လျဉ်းသော သဘောထားဝါဒများကို ဝန်ကြီးချုပ် သည် နိုင်ငံတော်သမ္မတအား အကြောင်းကြား နေရမည်။

၁၂၅ ပြည်ထောင်စုအစိုးရသည် ဘဏ္ဍာတော်နှစ်အတိုင်း တနှစ်အတွက် ပြည်ထောင်စုနိုင်ငံ၏အရ မှန်းခြေ စာရင်းနှင့် အသုံးမှန်းခြေစာရင်းများကပြု၍ ထိုစာရင်းများကို ပြည်သူ့လွှတ်တော်သို့ စဉ်းစား ဆွေးနွေးစေရန် တင်ပြရမည်။ အသုံးမှန်းခြေငွေစရင်းကိစ္စ၊ ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်ခွဲဝေလျာထားခြင်းကိစ္စ၊ ထိုသို့တင်ပြ ခြင်း၊ လျာထားခြင်းတို့နှင့်သက်ဆိုင်သောကိစ္စများ နှင့်စပ်လျဉ်း၍ ပါလီမန်ဆိုင်ရာလွှတ်တော်များတွင် လိုက်နာရမည့်လုပ်ငန်းစဉ်ကို ဤအခြေခံဥပဒေ က ပြဋ္ဌာန်းထားမှုမရှိလျှင် တရားဥပဒေနှင့်အညီ ပြဋ္ဌာန်းရမည်။

နိုင်ငံတော်ရှေ့နေချုပ်

၁၂၆ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်ကအမည် တင် သွင်းသော တရားလွှတ်တော်ရှေ့နေတဦးကို နိုင်ငံ တော် ရှေ့နေချုပ် အချုပ် အဖြစ်ခန့်ထားရမည်။ နိုင်ငံတော်ရှေ့နေချုပ်၏ တာဝန်ဝတ္တရာများမှာ ဥပဒေနှင့်ဆိုင်သည့် ကိစ္စများတွင် အစိုးရအကြံပေး ရန်ဖြစ်သည်။ ထို့ပြင်အခါ ကာလအားလျော်စွာ၊ နိုင်ငံတောသမ္မတကဆောင်ရွက်စေရန် လွဲအပ်သော ဥပဒေနှင့်ဆိုင်သည့်အခြား တာဝန်ဝတ္တရားများကို လည်း ဆောင်ရွက်ရန်ဖြစ်သည်။

၁၂၇ နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရန်ဖြစ်သော နုတ် ထွက်စာကို ဝန်ကြီးချုပ်အား ပေးအပ်ခြင်းဖြင့် နိုင်ငံတော်ရှေ့နေချုပ်သည် အခါမရွေး ရာထူးမှ နုတ်ထွက်နိုင်သည်။ ဝန်ကြီးချုပ်သည် လုံလောက်သော အကြောင်းအ ချက်များရှိသည်ဟုထင်မြင်လျှင် နိုင်ငံတော်ရှေ့နေ ချုပ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆို နိုင်သည်။ ထိုတောင်းဆိုချက်ကို နိုင်ငံတော်ရှေ့နေချုပ်က မလိုက်နာခဲ့သော် နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်က အကြံပေးလျှင် နိုင်ငံတော်ရှေ့နေချုပ်ကို ရာထူးမှရပ်စွဲရမည်။ ဝန်ကြီးချုပ်နုတ်ထွက်သော်အခါ နိုင်ငံတော်ရှေ့နေ ချုပ်သည်လည်း မိမိ၏ရာထူးမှ နုတ်ထွက်ရမည်။ သို့ရာတွင် ဝန်ကြီးချုပ်၏ရာထူးကိုဆက်ခံမည့် ပုဂ္ဂိုလ်အား ခန့်ထားသည့်အချိန်ထိ မိမိ၏ တာဝန် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်နိုင်သည်။ ဤအခြေခံဥပဒေရှိ အထက်ကပြဋ္ဌာန်းခဲ့သော ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ နိုင်ငံတော် ရှေ့နေချုပ်ရာထူးနှင့်တကွ နိုင်ငံတော်ရှေ့နေချုပ် အား ပေးရမည့်လစာစရိတ်တို့ကို တရားဥပဒေဖြင့် သတ်မှတ်ရမည်။

နိုင်ငံတော်စာရင်းစစ်ချုပ်

၁၂၈ ပါလီမန်နှင့်ပြည်နယ်ကောင်စီများ၏အခွင့်အာဏာ ဖြင့် ထို့အပြင်အခွင့်အာဏာအရ ပြည်ထောင်စု အစိုးရကိုယ်စား ငွေထုတ်ပေးရေးကိစ္စအားလုံးကို ကြီးကြပ်အုပ်ချုပ်စေရန်၎င်း စီမံခန့်ခွဲရသော ငွေများ၏စာရင်းအားလုံးကို စစ်ဆေးရန်၎င်း နိုင်ငံတော်စာရင်းစစ်ချုပ်ရှိရမည်။

၁၂၉ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်းတိုင် ပင်ပြီးလျှင် ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်လုံး ၏ သဘောတူချက်အရ နိုင်ငံတော်စာရင်းစစ်ချုပ် ကို ခန့်ထားရမည်။ ရာထူးမှနုတ်ပယ်သောအခါ၌ လည်း လွှတ်တော်ဝန်ကြီးတဦးကို ရာထူးမှ နုတ် ပယ်သောနည်းအတိုင်း၊ ထိုတရားဝန်ကြီးကို နုတ် ပယ်ရာတွင် လိုအပ်သော အကြောင်းမျိုး ဖြစ်လာ လျှင် နုတ်ပယ်ရမည်။ နိုင်ငံတော်စာရင်းစစ်ချုပ် သည် ပါလီမန်ဆိုင်ရာမည်သည့် လွှတ်တော်အမတ် မျှမဖြစ်စေရ၊ အစိုးရနှင့်သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်စေ လာစာစရိတ်ကြေးငွေရ သော အခြားရာထူးဌာန္တရ တခုခုကိုမခံယူရ၊ နိုင်ငံ တော်စာရင်းစစချုပ်သည် မိမိရာထူးမှ ရပ်စဲသော အခါ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် ပြည်နယ်များ၏ အစိုးရလက်အောက်တွင် နောက်ထပ် ရာထူးရယူနိုင်ခွင့်မရှိရ။

၁၃၀ ပြည်ထောင်စုနိုင်ငံဝန်ထမ်းအားလုံးနှင့်စပ်လျဉ်း၍ အသုံးချွေတာခြင်း၊ ရာထူးအရေအတွက်လျှော့ခြင်း ပြုသောအခါတွင် နိုင်ငံတော်စာရင်းစစ်ချုပ်သည် မိမိ၏လစာကို လျှော့စေရန် မိမိအလိုအလျောက် သဘောမတူခဲ့သော် နိုင်ငံတော်စာရင်းစစ်ချုပ်ကို ခန့်ထားပြီးမှ သူ၏လစာကိုသော်၎င်း အခွင့်ယူခြင်း နှင့် သို့တည်းမဟုတ် ပင်စဉ်ယူခြင်းနှင့်စပ်လျဉ်း၍ အခွင့်အရေးများကိုသော်၎င်း သူ့အကျိုးနစ်နာ အောင် ပြောင်းလဲခြင်းမပြုရ။

၁၃၁ နိုင်ငံတော်စာရင်းစစ်ချုပ်သည် ပြည်ထောင်စု နိုင်ငံနှင့်ပြည်နယ်များ၏ ငွေစာရင်းများဆိုင်ရာ အစီအရင်ခံစာများကို တရားဥပဒေက သတ်မှတ် ဖော်ပြထားသောအချိန်ကာလများတွင် ပြည်သူ့ လွှတ်တော်သို့ တင်ပြရမည်။

၁၃၂ အထက်ကဖော်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်စာရင်းစစ်ချုပ်ရာထူး ဆိုင်ရာ စည်းကမ်းချက်များကို တရားဥပဒေဖြင့် သတ်မှတ်ရမည်။

အခန်း၈ ပြည်ထောင်စု၏တရားစီရင်ရေး

၁၃၃ ပြည်ထောင်စုနိုင်ငံတဝှမ်းလုံး၌ တရားစီရင်ရေး ကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း တရားဥပဒေအရသော်၎င်း တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်။

၁၃၄ တရားရုံးများတွင် မူလတရားရုံးများနှင့် အယူခံ တရားရုံးများဟူ၍ နှစ်မျိုးပါဝင်ရမည်။ (က) မူလတရားရုံးများတွင် တရားလွှတ်တော်ပါဝင်ရ မည်၊ တရားဥပဒေဖြင့်မပြောင်းလွှဲသမျှ ထိုတရား လွှတ်တော်တွင် မူလစီရင်ပိုင်ခွင့်နှင့် အယူခံစီရင် ပိုင်ခွင့်တို့ရှိ၍ ဥပဒေကြောင်းနှင့်ဖြစ်စေ အမှုချင်းရာ နှင့်ဖြစ်စေ သက်ဆိုင်သော ကိစ္စပြဿနာတို့ကို စီရင်ဆုံးဖြတ်ရန် အာဏာလည်းရှိရမည်. (ခ) တရားလွှတ်တော်၏ အကြီးအမှူးကို “လွှတ်တော် တရားဝန်ကြီးချုပ်” ဟုခေါ်ရမည်။

၁၃၅ အောက်ပါကိစ္စများအတွက် တရားလွှတ်တော်၌သာ မူလစီရင်ပိုင်ခွင့် အာဏာများရှိရမည်- (က) ပြည်ထောင်စုနိုင်ငံကချုပ်ဆိုသော ပြည်ထောင်စု အချင်းချင်းစာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက် လာသော ကိစ္စများ၊ (ခ) ပြည်ထောင်စုနိုင်ငံနှင့် ပြည်ထောင်စုအဖွဲ့ဝင် အငြင်း ဖြစ်ပွားသောကိစ္စများ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်း အငြင်းဖြစ်ပွား သောကိစ္စများ။ (ဂ) တရားဥပဒေဖြင့် သတ်မှတ်ထားသော အခြားကိစ္စ များရှိလျှင်လည်းထိုကိစ္စများ။ မည်သည့်လက်အောက်ခံတရားရုံး၌မဆို မပြီးမပြတ် ဖြစ်နေသေးသော အမှုတမှုတွင် တရားဥပဒေတခုခုသည် ဤအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များအရ ခိုင်လုံသည် မခိုင်လုံသည်ဟူသော ပြဿနာမျိုး အရေးယူလောက်အောင်ပေါ်ပေါက်နေသည်ဟု သို့တည်းမဟုတ် ပေါ်ပေါက်ရန် အကြောင်းရှိသည် ဟုတ် တရားလွှတ်တော်က ယုံကြည်ကျေနပ်ခဲ့သော် တရားလွှတ်တော်သည် ထိုအမှုကိုစစ်ဆေးရန် မိမိ၏ လွှတ်တော်သို့ ပြောင်းရွှေ့ယူရမည်။

၁၃၆ နောက်ဆုံးအပြီးအပြတ် အယူခံတင်ရန်ဖြစ်သော တရားရုံးကို “တရားလွှတ်တော်ချုပ်” ဟု ခေါ်ရမည်။ တရားလွှတ်တော်ချုပ်၏ အကြီးအမှူးကို “နိုင်ငံ တော်ဝန်ကြီးချုပ်” ဟု ခေါ်ရမည်။ ဤအခြေခံဥပဒေရှိ အခြားပြဋ္ဌာန်းချက်များနှင့် တရားလွှတ်တော်ချုပ်သို့ပေးအပ်ထားသော အာဏာများကို မထိခိုက်စေဘဲ ထို့ပြင်တရားဥပဒေ က ပြဋ္ဌာန်းချက်ထားသော ခြွင်းချက်များ စည်းမျဉ်းဥပဒေများနှင့်မဆန့်ကျင်လျှင် တရားလွှတ်တော်၏ စီရင်ချက်အားလုံးကို စစ်ဆေး ဆုံးဖြတ်နိုင်သော အယူခံစီရင်ပိုင်ခွင့် အာဏာများရှိရမည်၊ ထို့ပြင်အခြားတရားရုံးများ၏ စီရင်ချက်များကို တရားဥပဒေကသတ်မှတ်ထား သည့်အတိုင်း စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံစီရင်ပိုင်ခွင့် အာဏာများလည်းရှိရမည်။

၁၃၇ တရားဥပဒေတခုသည် အခြေခံဥပဒေရှိပြဋ္ဌာန်းချက်များအရ ခိုင်လုံသည် မခိုင်လုံသည်ဟူသော ပြဿနာပေါ်ပေါက်နေ သည့် အမှုများကို တရားလွှတ်တော်ချုပ်၏ အယူခံစီရင် ပိုင်ခွင့်အာဏာဖြင့် မစီရင်မဆုံးဖြတ်ရဟု မည်သည့် တရား ဥပဒေမျိုးကိုမျှ မပြုရ။

၁၃၈ တရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှု အားလုံးတွင် အပြီးပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိ စေရ။

၁၃၉ လွှတ်တော်ချုပ် တရားဝန်ကြီးအဖြစ်ဖြင့်၎င်း လွှတ်တော်တရားဝန်ကြီးအဖြစ်ဖြင့်၎င်း ဤအခြေခံ ဥပဒေအရ ခန့်ထားခြင်းခံရသောပုဂ္ဂိုလ်တို့သည် အောက်ပါအတိုင်းသစ္စာဆို၍ လက်မှတ်ရေးထိုး ရမည်။
“ကျွန်န်ုပ်. . . . . . . . . .သည် တရားဝန်ကြီးချုပ် (သို့တည်းမဟုတ် တရားဝန်ကြီး)၏ တာဝန်အလုပ် ဝတ္တတရားများကို ဖြောင့်မတ်မှန်ကန်စွာ မျက်နှာ ကြီးငယ်မရွယ်မထောက်၊ ဆန္ဒာ၊ ဒေါသာ၊ ဘယာ ဂတိများသို့ မလိုက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိ သမျှ ကျေကုန်အောင်ထမ်းရွက်ပါမည်။ ထို့ပြင် ကျွန်ုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တကွ တရားဥပဒေများကို ထိမ်းသိန်းစောင့်ရှောက် မည်ဟု လေးနက်တည်ငြိမ်စွာ ကြေညာ၍ ကတိ သစ္စာပြုပါသည်။”
နိုင်ငံတော်တရားဝန်ကြီးချုပ်သည် နိုင်ငံတော် သမ္မတ၏ ရှေ့မှောက်တွင် အထက်ပါအတိုင်း သစ္စာဆို၍ လက်မှတ်ထိုးရမည်။ တရားလွှတ်တော် ချုပ်နှင့်တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အသီးသီးသည်လည်း နိုင်ငံတော်တရားဝန်ကြီးချုပ် ၏ ရှေ့မှောက်၌သော်၎င်း ဤကိစ္စအတွက် ဆောင် ရွက်နိုင်မည်ဖြစ်သော် တရားလွှတ်တော်ချုပ်မှ ဝါ အရင့်ဆုံး တရားဝန်ကြီး၏ ရှေ့မှောက်၌သော်၎င်း အထက်ပါအတိုင်း သစ္စာဆို၍ လက်မှတ်ထိုးရမည်။ တရားဝန်ကြီးတိုင်းသည် တရားဝန်ကြီးအဖြစ်ဖြင့် တာဝန်ဝတ္တရားများကို စတင်မဆောင်ရွက်မီ သစ္စာ ဆို၍ လက်မှတ်ထိုးရမည်။ ထိုသို့ ပြုခြင်းကို တရားဝန်ကြီးအဖြစ်ဖြင့် ခန့်ထားပြီးသည့်နောက် တနေ့မှစ၍ ၁၀ ရက်အောက် နောက်မကျသောနေ့ ရက်၌သော်၎င်း၊ နိုင်ငံတော်သမ္မတက သတ်မှတ် သော နောက်တနေ့၌သော်၎င်း ဆောင်ရွက်ရမည်။ အထက်ပါအတိုင်း သစ္စာမဆိုလို၍ လက်မှတ်မထိုး လိုဟု ငြင်းဆန်သော သို့တည်းမဟုတ် ပျက်ကွက်သော တရားဝန်ကြီးသည် ရာထူးကို လက်မခံလိုငြင်းပယ်ရာရောက်သည်ဟု၍ မှတ်ယူရမည်။

၁၄၀ နိုင်ငံတော်အစိုးရဝန်ကြီးချုပ်နှင့်ညှိနှိုင်းတိုင်ပင်ပြီး လျှင် ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ် တွဲဖက် အစည်းအဝေး၏ သဘောတူချက်ဖြင့် နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတသည် မိမိ ကိုယ်တိုင် လတ်မှတ်ရေးထိုးတံဆိပ် ခတ်နှိပ် သောအမိန့်စာဖြင့် ခန့်ထားရမည်။ နိုင်ငံတော်တရားဝန်ကြီးချုပ် နိုင်ငံတော်အစိုးရ ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းတိုင်ပင်ပြီးလျှင် ပါလီမန် ဆိုင်ရာ လွှတ်တော်နှစ်ရပ်တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီးအားလုံးကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

၁၄၁ တရားသူကြီးအားလုံးသည် အခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်။

၁၄၂ တဦးတယောက်သောသူသည် မိမိကိုယ်တိုင်သော် ၎င်း မိမိ၏မိဘနှစ်ပါးသော်၎င်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်တွင် မွေးဖွားခဲ့၍ မိမိကိုယ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံ သား ဖြစ်သောသူမဟုတ်လျှင် သို့တည်းမဟုတ် အနည်းဆုံး ငါးနှစ် ထိုနှစ်နိုင်ငံ၏ နိုင်ငံသားမဖြစ်ခဲ့ ဘူးလျှင် ထို့ပြင် (က) အနည်းဆုံးငါးနှစ် ရန်ကုန်မြို့ တရားလွှတ်တော် ချုပ်ရုံး၏ တရားဝန်ကြီးမဖြစ်ခဲ့ဘူးလျှင် သို့တည်းမဟုတ်အနည်းဆုံး ငါးနှစ် ဤအခြေခံ ဥပဒေအရ တည်ထောင်သောတရားလွှတ်တော်၏ တရားဝန်ကြီးမဖြစ်ခဲ့ဘူးလျှင် သို့တည်းမဟုတ် (ခ) အနည်းဆုံး တဆယ့်ငါးနှစ် အမှုလိုက် ဆောင်ရွက် ခဲ့ဘူးသော တရားလွှတ်တော်ရှေ့နေမဟုတ်လျှင်
ထိုသူသည် လွှတ်တော်ချုပ်တရားဝန်ကြီးအဖြစ်ခန့် ထားထိုက်သော အရည်အချင်းနှင့်ပြည့်စုံခြင်းမရှိ စေရ။
(က) တဦးတစ်ယောက်သောသူသည် တရားလွှတ်တော်ရှေ့နေမဟုတ်လျှင်၊ သို့တည်းမဟုတ် တရားဌာနရာထူးတွင် မထမအကြိမ်ခန့်အပ်စဉ်အခါက တရားလွှတ်တော်ရှေ့နေမဟုတ်ခဲ့လျှင် (ခ) "အနည်းဆုံးတစ်ဆယ့်ငါးနှစ် အမှုလိုက်လဲဆောင်ရွက်ခဲ့ဘူးသော တရားလွှတ်တော်ရှေ့နေမဟုတ်လျှင် ထိုသူသည် နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ် ခန်ထားထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိစေရ။" တဦးတစ်ယောက်သောသူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံသားမဟုတ်လျှင်၊ ထို့ပြင်-- (က) အနည်းဆုံး ဆယ်နှစ်အမှုလိုက်ဆောင်ရွက်ခဲ့သော တရားလွှတ်တော်ရှေ့နေမဟုတ်လျှင် သို့တည်းမဟုတ် (ခ) မြန်မာပြည်၌သော၎င်း ပြည်ထောင်စုနိုင်ငံ၌သော ၎င်း အနည်းဆုံး ငါးနှစ် ခရိုင်စက်ရှင်တရားသူကြီး ၏ ရာထူးအောက်မနိမ့်သော သို့တည်းမဟုတ် ရန်ကုန်မြို့တော် တရားမရုံး တရားသူကြီး၏ ရာထူးအောက်မနိမ့်သော တရားဌာနရာထူးတွင် ဆောင်ရွက်ခဲ့သူမဟုတ်လျှင် ထိုသူသည် လွှတ်တော်တရားဝန်ကြီးအဖြစ် ခန့်ထားထိုက်သော အရည်အချင်းနှင့်ပြည်စုံးခြင်း မရှိစေရ။
သို့ရာတွင် ထိုသူသည် လွှတ်တော်တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိစေရ။ ထို့ပြင်
(က) ထိုသူသည် တရားလွှတ်တော်ရှေ့နေမဟုတ်လျှင် သို့တည်းမဟုတ် တရားဌာနရာထူးတွင် ပဌမ အကြိမ်ခန့်အပ် စဉ်အခါက တရားရှေ့နေမဟုတ် ခဲ့လျှင် ထို့ပြင် (ခ) အနည်းဆုံး တဆယ့်ငါးနှစ် အမှုလိုက်ဆောင်ရွက်ခဲ့ ဘူးသော တရားလွှတ်တော်ရှေ့နေမဟုတ်လျှင် တရားလွှတ်တော်ရှေ့နေတဦး၏ အမှုလိုက်လဲဆောင်ရွက်ခဲ့သော ကာလအပိုင်းအခြားကို ဤပုဒ်မ၏ ကိစ္စအလို့ငှါ တွက်စစ်ရာတွင် ထိုသူတရားလွှတ်တော်ရှေ့နေဖြစ်ပြီးမှ၊ တရားဌာနရာထူးတွင် ထမ်းဆောင်ခဲ့သောကာလအပိုင်းအခြားကို ထည့်သွင်းရေတွက်ရမည်။

၁၄၃ လွှတ်တော်ချုပ်တရားဝန်ကြီးတဦးသည် သို့တည်းမဟုတ် လွှတ်တော်တရားဝန်ကြီးတဦးသည် မိမိကိုယ်တိုင်လက်မှတ်ထိုးသော နုတ်ထွက်စာကို၊ နိုင်ငံတော်သမ္မတထံသို့ တင်သွင်းခြင်းဖြင့် ရာထူးမှနုတ်ထွက်နိုင်သည်။ ထင်ရှားသည်ဟုဆုံးဖြတ်ထားသည့် အကျင့်စာရိတ ပျက်ပြားမှုကြောင့်ဖြစ်စေ၊ မစွမ်းဆောင်နိုင်မှုကြောင့်ဖြစ်စေ၊ ထိုအကြောင်းတစ်ခုခုမှ တပါး၊ လွှတ်တော်ချုပ်ဝန်ကြီးကို သို့တည်းမဟုတ် လွှတ်တော်တရားဝန်ကြီးကို ရာထုးမှမနုတ်ပယ်ရ။ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့်အညီ ပါလီမန် ဆိုင်ရာ လွှတ်တော်တရပ်ရပ်သည် စွပ်စွဲချက်ကို တင်ပြရမည်။ သက်ဆိုင်ရာလွှတ်တော်အမတ်စုစုပေါင်း၏လေးပုံတပံအောက် မလျှော့သော အမတ်များက တင်ပြပါ သည်ဟု ဆုံးဖြတ်ပြဋ္ဌာန်း လက်မှတ်ရေးထိုး၍ အကြောင်းကြားသော အခါမှာမှတပါး ပါလီမန် ဆိုင်ရာလွှတ်တော်တရပ်ရပ်တွင် ဤပုဒ်မအရ တင်ပြရန်ဖြစ်သော စွပ်စွဲချက်အဆိုကို အရေး တယူပြု၍ မစဉ်းစားရ။ လွှတ်တော်အစည်းအဝေးတက်သောအမတ်များ အနက် အမတ်များရာကထောက်ခံ၍ ဆုံးဖြတ်ပြဋ္ဌာန်းချက်ချသော်အခါမှာမှတပါး ထိုကဲ့သို့သော စွပ်စွဲချက်အဆိုကို လက်မခံရ။ စွပ်စွဲချက်သည် လွှတ်တော်ချုပ်တရားဝန်ကြီး တဦးနှင့် သက်ဆိုင်နေသော် ထိုစွပ်စွဲချက်ကို အထူးခုံတော်အဖွဲ့က စုံစမ်းစစ်ဆေးရမည်။ ထိုခုံတော်အဖွဲ့တွင် နိုင်ငံတော်သမ္မတသော်၎င်း နိုင်ငံတော်သမ္မတက မိမိ၏ သဘောအတိုင်းခန့် ထားသော ပုဂ္ဂိုလ်တဦးသော်၎င်းထို့ပြင် လူမျိုးစု လွှတ်တောနာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်ရမည်။
စွပ်စွဲချက်သည် လွှတ်တော်တရားဝန်ကြီးတဦးနှင့် သက်ဆိုင်နေသော် ထိုစွပ်စွဲချက်ကို အထူးခံတော် အဖွဲ့က စစ်ဆေးရမည်။ ထိုခုံတော်အဖွဲ့တွင် နိုင်ငံတော်တရားဝန်ကြီးချုပ် လူမျိုးစုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ပါဝင်ရမည်။
စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရာတွင် စွပ်စွဲချက်တင် ပြခြင်းခံရသော တရားဝန်ကြီး၌ မိမိကိုယ်တိုင် သော်၎င်း မိမိ၏ကိုယ်စားလှယ်အဖြစ်သော်၎င်း ချေပခွင့်ရှိရမည်။ အထူးခံတော်အဖွဲ့သည် စုံစမ်းစစ်ဆေးမှုပြီးနောက်၊ စွပ်စွဲချက်ကိုတင်ပြခဲ့သောလွှတ်တော်သို့အစီရင် ခံစာတင်ပြရမည်။စွပ်စွဲချက်မထင်ရှားဟုအထူး ခုံရုံးအဖွဲ့က အားလုံးသဘောတူယူဆခဲ့သော် ထိုယူဆချက်သည် အပြီးအပြတ်အတည်ဖြစ်ရမည်။ သို့ရာတွင် သဘောကွဲလွဲသောအခါများ၌မူ အထူးတရားခုံတော်အဖွဲ့၏အစီရင်ခံစာကို ပါလီမန် ဆိုင်ရာလွှတ်တော်နှစ်ရပ်လုံးက တွဲဖက်အစည်း အဝေးတွင် စဉ်းစားဆွေးနွေးရမည်။
စွပ်စွဲချက်ကို စဉ်းစားဆွေးနွေးပြီးနောက် စွပ်စွဲ ချက်ထင်ရှားသည်ဟူ၍၎င်း တရားဝန်ကြီး၏ အကျင့်စာရိတ္တပျက်ပြားခြင်းသည် သို့တည်းမဟုတ် မစွမ်းမဆောင်နိုင်ခြင်းမျိုးဖြစ်သည်ဟူ၍မင်း တွဲဖက် အစည်းအဝေးတက်ရောက်မဲပေးသော အမတ်များရာက အစည်းအဝေးတွင်ထောက်ခံ၍ ဆုံးဖြတ်ကြေညာခဲ့သော် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် သက်ဆိုင်ရာ တရားဝန်ကြီးကို ရာထူးမှ နုတ်ပယ်ရမည်။

၁၄၄ ပြည်ထောင်စုနိုင်ငံဝန်ထမ်းအားလုံးနှင့်စပ်လျဉ်း၍ အသုံးချွေ တာခြင်း၊ ရာထူးအရေအတွက် လျှော့ခြင်းတို့ကိုပြုသော်အခါ တွင် လွှတ်တော် တရားဝန်ကြီးသည် သို့တည်းမဟုတ် လွှတ်တော် တရားဝန်ကြီးသည် မိမိ၏လစာကိုလျှော့စေရန် မိမိအလိုအလျောက်သဘောမတူခဲ့သော် လွှတ်တော်ချုပ် တရားဝန်ကြီးကို သို့တည်းမဟုတ် လွှတ်တော်တရားဝန်ကြီး ကိုခန့်ထားပြီးမှ သူ၏ လစာကိုသော်၎င်း အခွင့်ယူခြင်းနှင့် သို့တည်း မဟုတ်ပင်စင်ယူခြင်းနှင့်စပ်လျဉ်းသော အခွင့်အရေးများကိုသော်၎င်း သူ့အကျိုးနစ်နာအ ောင်ပြောင်းလဲခြင်း မပြုရ။

၁၄၅ နိုင်ငံတော်တရာဝန်ကြီးချုပ်ရာထူးသော်၎င်း၊ လွှတ်တော် တရားဝန်ကြီးချုပ်ရာထူးသော်၎င်း၊ လစ်လပ်သောအခါ သို့တည်းမဟုတ် ထိုနိုင်ငံတော် တရားဝန်ကြီးချုပ်သော်၎င်း ထိုလွှတ်တော်တရား ဝန်ကြီးချုပ်သော်၎င်း အလုပ်ခွင့်၌မရှိ သောကြောင့် ဖြစ်စေ၊ အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ၊ မိမိ၏ရာထူးဆိုင်ရာ တာဝန်ဝတ္တရားများကို မဆောင်ရွက်နိုင် ခဲ့လျှင် ထိုတာဝန်ဝတ္တရားများကို လစ်လပ်သောရာထူးတွင် ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်ကဝင်ရောက်ထမ်းရွက်သည့် တိုင်အောင် သို့တည်းမဟုတ် နိုင်ငံတော်တရားဝန်ကြီးချုပ်က သော်၎င်း လွှတ်တော်တရားဝန်ကြီးချုပ်ကသော်၎င်း မိမိ၏ တာဝန်ဝတ္တရားများကို ပြန်လည် ဆောင်ရွက် သည့်တိုင်အောင် နိုင်ငံတော်သမ္မတက ထိုကိစ္စ အတွက် ခန့်ထားသော တရားလွှတ်တော်ချုပ် ဆိုင်ရာ အခြားတရားဝန်ကြီးကသော် ၎င်း အကြောင်းအားလျော်စွာ ဆောင်ရွက်ရမည်။

၁၄၆ တခါတရံ တရားလွှတ်တော်ချုပ်တွင် တရားဝန်ကြီး ရာထူးတခုသော်၎င်း အများသော်မင်း လစ်လပ်၏ တခါတရံ တရားဝန်ကြီးတဦးသော်၎င်း အများ သော်၎င်း၊ နာဖျားမကျန်းဖြစ်သောကြောင့် ဖြစ်စေ၊ ခွင့်ယူသောကြောင့်ဖြစ်စေ၊ အက်ဥပဒေဖြင့် သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့် ခွဲဝေလွှဲ အပ်ထားသော အခြားတာဝန်ဝတ္တရားများကို ဆောင်ရွက်နေသောကြောင့်ဖြစ်စေ၊ အလုပ်ခွင်သို့ မတက်မရောက်နိုင်ဖြစ်၏ တခါတရံ တရားဝန်ကြီး တဦးသော်၎င်၊ အများသော်၎င်း အရည်အချင်းပျက် ယွင်း၏ ထိုအခါတမျိုးမျိုးတွင် တရားခွင်၌ တရားစီရင်ရန်သော်၎င်း၊ တရားကို ဆက်လက်စီရင် ရန်သော်၎င်းတရားစီရင်ရေး အထမမြောက်နိုင် အောင် တရားလွှတ်တော်ချုပ်၌ တရားဝန်ကြီး ဦးရေ အစေ့အငှ မရှိဖြစ်၏။ ထိုသို့ဖြစ်သောအခါ နိုင်ငံတော်တရားဝန်ကြီးချုပ်သည် သို့တည်းမဟုတ် ခေတ္တနိုင်ငံတော်တရားသူကြီးချုပ်သည် သို့တည်းမဟုတ် ထိုပုဂ္ဂိုလ်နှစ်ဦးမရှိခိုက်ဖြစ်လျှင် တရားဝန်ကြီးများထဲမှ ဝါအရင့်ဆုံးဖြစ်သော တရားဝန်ကြီးသည် လိုအပ်သော ကာလအပိုင်းအခြား အတွက် လွှတ်တော်တရား ဝန်ကြီး တဦးအားတရားလွှတ်တော်ချုပ် တရားခွင့်သို့ တက်ရောက်ပါဝင်နိုင်စေရန် အမည် ထုတ်ဖော်၍ စာဖြင့်ရေးသားဆင့်ဆိုနိုင်သည်။ ထိုသို့ ဆင့်ဆိုခြင်းရသောလွှတ်တော် တရားဝန်ကြီး သည် မိမိ၏ရာထူးဆိုင်ရာတာဝန်ဝတ္တရားထက် တရားလွှတ်တော်ချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများ ကို အဦးအဖျားထားကာ ဆောင်ရွက်ရမည်ဖြစ်သော ကြောင့် တရားစီရင်ရန် လိုအပ်သော အချိန်၌၎င်း တရားစီရင်ရန်လိုအပ်သောကာလအပိုင်းအခြား အတွင်း၌၎င်း တရားလွှတ်တော်ချုပ်၏တရားခွင် သို့ တက်ရောက်တရားစိရင်ရမည်။ ထိုသို့ တက်ရောက်တရားစီရင်ရာတွင် ထိုတရားဝန်ကြီး သည် လွှတ်တော်ချုပ် တရားဝန်ကြီးများ၏ အာဏာများနှင့်အခွင့်အရေးများကို ရရှိမည့်အပြင် တာဝန်ဝတ္တရားများကိုလည်း ဆောင်ရွက်ရမည်။

၁၄၇ လွှတ်တော်တရားဝန်ကြီးရာထူးတခုလစ်လပ်ခဲ့ သော် သို့တည်းမဟုတ် လွှတ်တော်တရားဝန်ကြီး တဦးသည် အလုပ်ခွင်၌ မရှိသောကြောင့်၎င်း အခြားအကြောင်းတခုခုကြောင့်သော်၎င်း မိမိ၏ တာဝန်ဝတ္တရားများကို မဆောင်ရွက်နိုင်ခဲ့သော် နိုင်ငံတော်သမ္မတသည် အရည်အချင်းနှင့် ပြည့်စုံ သော ပုဂ္ဂိုလ်တဦးအား လွှတ်တော်တရားဝန်ကြီး တဦးအဖြစ်ဖြင့် ခေတ္တဆောင်ရွက်ရန် မိမိ၏ သဘောအတိုင်းခန့်ထားနိုင်သည်။ ဤအခြေခံ ဥပဒေ ရှိ ပုဒ်မ ၁၄၀ ပုဒ်မခွဲ (၂)အရ ခန့်ထားခြင်း ခံရသော ပုဂ္ဂိုလ်သည် အထက်ပါလစ်လပ်ခဲ့သော ရာထူးတွင် ဝင်ရောက်ထမ်းရွက်သည့်တိုင်အောင် သို့တည်းမဟုတ် အမြဲတမ်းတရားဝန်ကြီးသည် မိမိ၏ တာဝန်ဝတ္တရားများကို ပြန်လည်ဆောင်ရွက် သည့်တိုင်အောင် သို့တည်းမဟုတ် နိုင်ငံတော် သမ္မတက မိမိ၏သဘောအတိုင်း ထိုပုဂ္ဂိုလ်အား ရာထူးမှ မနုတ်သိမ်းသေးသမျှ အထက်ပါခန့်ထား ခြင်းခံရသော ပုဂ္ဂိုလ်သည် လွှတ်တော်တရား ဝန်ကြီးဖြစ်သည်ဟု မှတ်ယူရမည်။

၁၄၈ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်တို့သည် မော်ကွန်းရုံးများဖြစ်ရမည်။ ထိုလွှတ်တော်များသည် ပြည်ထောင်စုနိုင်ငံ၏ မြို့တော်တွင်ရုံးစိုက်ကြရမည့် အပြင် နိုင်ငံတော်တရားဝန်ကြီးချုပ်နှင့် ညှိနှိုင်းတိုင် ပင်ပြီးနောက် နိုင်ငံတော်သမ္မတက အခါကာလအား လျော်စွာ သတ်မှတ်သောနေရာ၌လည်း သို့တည်းမဟုတ် နေရာများ၌လည်းရုံးစိုက်ရမည်။
ခြွင်းချက်။ သို့ရာတွင် တရားလွှတ်တော်တရား ဝန်ကြီးတဦးသည် သို့တည်းမဟုတ် တဦးထက် ပို သော တရားလွှတ်တော်တရားဝန်ကြီးများသည် နိုင်ငံတော်သမ္မတက နိုင်ငံတော်တရားဝန်ကြီးချုပ် နှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက် အခါကာလ အားလျော်စွာ သတ်မှတ်သော ရှမ်းပြည်နယ်ရှိ နေရာ တနေရာ၌ ရုံးထိုင်ရမည်။

၁၄၉ တရားရုံးများနှင့်စပ်လျဉ်း၍ ဤအခြေခံဥပဒေရှိ အထက်ကဖော်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်စေဘဲ အောက်ပါကိစ္စများကို တရားဥပဒေနှင့် အညီ သတ်မှတ်ရမည်-
(က) တရားလွှတ်တော်ချုပ်နျင့်တရားလွှတ်တော်တို့ အတွက် တရားဝန်ကြီးဦးရေသတ်မှတ်ရေးကိစ္စ၊ တရားဝန်ကြီး၏ လစာငွေ၊ အငြိမ်းစားယူသော အသက်အရွယ်နှင့် ပင်စင်လစာငွေကိစ္စများ ထို့ပြင် (ခ) တရားရုံးများကိုတည်ထောင်ဖွဲ့စည်းခြင်း၊ တရားရုံး များနှင့် တရားသူကြီးများအား လုပ်ငန်းဆောင်တာ များကို ခွဲဝေပေးခြင်း ထိုတရားရုံး၊ ထိုတရားသူကြီး များ၏လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းစဉ်ဆိုင်ရာကိစ္စများ

၁၅၀ ဤအခြေခံဥပဒေအရခန့်အပ်ထားသော တရားသူကြီးသော်၎င်း တည်ထောင်ထားသောတရားရုံးသော်၎င်း မဟုတ်စေကာမူ၊ ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာအလုပ်ဝတ်တရားများကိုဖြစ်စေ၊ အာဏာများကိုဖြစ်စေ၊ သုံးစွဲဆောင်ရွက်စေရန် တရားဥပဒေဖြင့် ကျနစွာလွဲအပ်ခြင်းခံရသောသူ၏၊ သို့တည်းမဟုတ် အဖွဲ့၏ သုံးစွဲဆောင်ရွက်မှု၌ ခိုင်လုံခြင်းရှိသည်ကို၊ ဤအခြေခံဥပဒေရှိမည်သည့်ပြဋ္ဌာန်းချက်မျှ ပျက်ပြယ်အောင်မပြုရ။

၁၅၁ တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ယူရ လောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ်ပေါ်ပေါက်လာသည်ဟုသော်၎င်း ပေါ်ပေါက်ရန် အကြောင်းရှိသည်ဟုသော်၎င်း နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌မဆို ထင်မြင်ယူဆခဲ့သော်၊ ထိုပြဿနာကို စဉ်းစားရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရား လွှတ်တော်ချုပ်ကလည်း ထိုပြဿနာနှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာစစ်ဆေး ပြီးနောက် နိုင်ငံတော်သမ္မတထံ အစီရင်ခံနိုင်ရမည်။ ထိုပြဿနာကို ကြားနားစစ်ဆေးစဉ်က ပါဝင် ဆောင်ရွက်ကြသော တရားဝန်ကြီးများရာ၏ သဘောကိုက်ညီချက်ဖြင့် တရားခွင်တွင် အထင်အရှားချမှတ်သော ထင်မြင်ယူဆချက်နှင့် အညီ ဤပုဒ်မအရ အစီအရင်ခံသည်မှတပါး မည်သို့မျှ အစီရင်မခံရ သို့ရာတွင် တရားဝန်ကြီး တဦးဦး၏ သဘောကွဲလွဲသော ထင်မြင်ယူဆချက် ကို မူ၊ ဤပုဒ်မခွဲရှိစကားကြောင့် ထုတ်ဖော်ရေးသား ခွင့်မပြုဟု မမှတ်ယူရ။

၁၅၂ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ကြေညာလိုက် သော တရားဥပဒေသည် ပြည်ထောင်စုနိုင်ငံ၏ အာဏာပိုင်နက်အတွင်းရှိ တရားရုံးအားလုံးအပေါ် တွင် သက်ဆိုင်နိုင်သမျှသက်ဆိုင်သည်အထိ အာဏာတည်သည်ဟူ၍၎င်း ထိုတရားရုံးများက လိုက်နာရမည်ဟူ၍၎င်း အသိအမှတ်ပြုရမည်။

၁၅၃ ဤအခြေခံဥပဒေအရ ပေးအပ်ထားသော တရား စီရင်ပိုင်ခွင့်အာဏာကို တရားလွှတ်တော်ချုပ်က ပိုမိုထိရောက်စွာ သုံးစွဲနိုင်စေခြင်းအလို့ငှာ လိုအပ်သည်ဟု သို့တည်းမဟုတ် အလိုရှိထိုက်သည် ဟု ထင်မြင်ယူဆနိုင်၍ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်း ချက်များနှင့်လည်း မညီမညွတ်အဖြစ်သော ထပ်ဖြည့်အာဏာများကို တရားလွှတ်တော်ချုပ်အား ပေးရန် ပါလီမန်သည် အက်ဥပဒေဖြင့် ပြဋ္ဌာန်း နိုင်သည်။

အခန်း ၉

အပိုင်း ၁ ရှမ်းပြည်နယ်

ရှမ်းပြည်နယ်ကောင်စီ

၁၅၄ ပါလီမန်၏ ရှမ်းပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံးပါဝင်သည့် ရှမ်းပြည်နယ်ကောင်စီ ကိုဖွဲ့စည်းရမည်။ လူမျိုးစုလွှတ်တော်၌ ပါဝင်မည့် ရှမ်းပြည်နယ်ဆိုင် ရာ အမတ်အားလုံးကို ရှမ်းပြည်နယ်၏စော်ဘွား များသည် ပြည်သူ့လွှတ်တော်တွင် အမတ်ဖြစ်နိုင် ခွင့် မရှိစေရ။ ပါလီမန်အမတ်အဖြစ်မှရပ်စဲသော ပြည်နယ် ကောင်စီအမတ်သည် ကောင်စီ၌လည်း ကောင်စီ အမတ်အဖြစ်မျ ရပ်စဲသည်ဟုမှတ်ယူရမည်။ သို့ရာတွင် ထိုကောင်စီအမတ်သည် မိမိအားဆက်ခံ မည့် သူကို ရွေးကောက်တင်မြှောက်ပြီးသည့်တိုင် အောင် မိမိ၏ တာဝန်ဝတ္တရားများကို ဆက်လက် ဆောင်ရွက်နိုင်သည်။

၁၅၅ ပြည်နယ်ကောင်စီသည် မိမိကိုယ်ပိုင်ဥပဒေပြု ပိုင်ခွင့်မရှိသောကိစ္စနှင့် သက်ဆိုင်သည့် ဥပဒေများ ကို ပြုပေးရန် ပါလီမန်သို့ ထောက်ခံချက်တင်သွင်း နိုင်သည်။

၁၅၆ ပြည်နယ်ကောင်စီသည် ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ ထိုဥပဒေကြမ်းတခုကို လက်မှတ်ထိုး၍ ထုတ်ပြန်ကြေညာပေးရန် နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရမည်။ နိုင်ငံတော် သမ္မတသည် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တဆက်တည်းဖြစ်သော အောက်ပါ ပုဒ်မအရ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို မေးမြန်း တောင်းဆိုခြင်း မပြုလျှင် ထိုဥပဒေကြမ်းကို တင်သွင်းသည်မှစ၍ တလအတွင်းတွင် လက်မှတ် ရေးထိုးရမည်။

၁၅၇ နိုင်ငံတော်သမ္မတထံသို့ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်သွင်းသော ဥပဒေကြမ်းသည် သို့တည်းမဟုတ် ထိုဥပဒေကြမ်း၏ တစိတ်တဒေသ သည် ဤ အခြေခံဥပဒေနှင့် ဆန့်ကျင်သည် မဆန့်ကျင်သည်ဟူသော ပြဿနာကို ဆုံးဖြတ်ပေး ရန် နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်း တရားလွှတ်တော်ချုပ်သို့ ထိုဥပဒေကြမ်းကိုလွှဲအပ် နိုင်သည်။ လွှတ်တော်ချုပ်တရားဝန်ကြီးသုံးဦးအောက် မနည်း ပါဝင်သော ခုံလွှတ်တော်သည် လွှဲအပ်သော ပြဿနာကို စဉ်းစားရမည်။ လွှဲအပ်သော ပြဿနာ ကို သင့်မြတ်လျော်ကန်သည်ဟု ထင်မြင်သည့် အတိုင်း ကြားနာစဉ်းစားပြီးသောအခါ ထိုပြဿနာ နှင့်စပ်လျဉ်း၍ လွှဲအပ်ပြီးသည့်နောက် ရက်ပေါင်း ၃၀ အောက်နောက်မကျစေဘဲ မိမိတို့၏ ဆုံးဖြတ်ချက်ကို လျင်မြန်သမျှလျင်မြန်စွာ တရားရုံး တွင် အထင်အရှားကြေညာရမည်။ ဤပုဒ်မ၏ ကိစ္စ များအလို့ငှာ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက် သည် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ဖြစ် ရမည်။ ဤပုဒ်မအရ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိပြဋ္ဌာန်းချက်သည် ဤအခြေခံဥပဒေ နှင့် ဆန့်ကျင်သည်ဟုတရားလွှတ်တော်ကဆုံးဖြတ် သောကိစ္စတိုင်း၌ နိုင်ငံတော်သမ္မတသည် ထိုဥပဒေ ကြမ်းကိုပြည်လည်စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ တင်ပို့မည်၊ ပြည်နယ်ကောင်စီ ကလိုအပ်သော ပြင်ဆင်ချက်များကိုမပြုလျှင် နိုင်ငံတော်သမ္မတသည် ထိုဥပဒေကြမ်းကို လက်မှတ်မထိုးဟုငြင်းဆိုရမည်။ ထိုသို့ ငြင်းဘွယ်မရှိလျှင် နိုင်ငံတော်သမ္မတသည် တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ်ဖော်ကြေညာပြီးသည့်နောက် လျင်မြန်နိုင်သမျှ လျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ အက်ဥပဒေဖြစ်လာကြောင်း ထုတ်ပြန်ကြေညာ ရမည်။ တဆက်တည်းဖြစ်သောအထက်ပုဒ်မအရ တင်သွင်း သော ဥပဒေကြမ်းကို တရားလွှတ်တော်ချုပ်သို့ မလွှဲအပ်ဘဲနှင့်ဖြစ်စေ၊ လွှဲအပ်ပြီး ဖြစ်စေ၊ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးခဲ့ပြီးလျှင် ပြည်နယ်ကောင်စီက ပြုပိုင်ခွင့်ရှိဟူသော အကြောင်းပြချက်ဖြင့် ထိုဥပဒေကြမ်းရှိ ပြဋ္ဌာန်း ချက်သည် မခိုင်လုံဟုငြင်းဆိုခြင်းမပြုရ။

၁၅၈ နိုင်ငံတော်သမ္မတလက်မှတ်ထိုးသော ပြည်နယ် ကောင်စီအက်ဥပဒေစာမူတိုင်းကို တရားလွှတ်တော် ချုပ်၏ အတွင်းဝန်ရုံး၌မော်ကွန်းတင်ရမည်။ မိတ္တူ တိုင်းကိုလည်း ရှမ်းပြည်နယ်ဝန်ကြီးရုံး၌ မော်ကွန်း တင်ရမည်။

၁၅၉ ရှမ်းပြည်နယ်ဥက္ကဋ္ဌသည် အခါကာလအားလျော်စွာ ပြည်နယ်ကောင်စီကိုဆင့်ခေါ်နိုင်သည်၊ ရုပ်သိမ်း နိုင်သည်၊
သို့ရာတွင် ပြည်နယ်ကောင်စီ၏ ညီလာခံကို နှစ်စဉ် တနှစ်လျှင် အနည်းဆုံးတကြိမ်ကျင်းပရမည်။ ထိုသို့ ကျင်းပသောအခါ ပြည်နယ်ကောင်စီညီလာခံ၏ ပဌမ အစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂ လ ခြားမနေစေရ။

ရှမ်းပြည်နယ်အစိုးရ

၁၆၀ ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်ကောင်စီနှင့် ညှိနှိုင်း တိုင်ပင်၍ ပါလီမန်၏ ရှမ်းပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ်များအနက် အမတ်တဦးဦး ၏ အမည်ကို တင်သွင်းသောအခါ ထိုသို့ အမည် တင်သွင်းခြင်းခံရသော အမတ်ကိုနိုင်ငံတော်သမ္မတ သည်အောက်တွင် “ရှမ်းပြည်နယ်ဝန်ကြီး” ဟု ခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ တင် ဝန်ကြီးအဖြစ်ဖြင့် ခန့်ထားရမည်။ ထိုသို့ ခန့်ထားခြင်းခံရသောဝန်ကြီးသည် ဤအခြေခံ ဥပဒေ၏ ကိစ္စများအတွက် ရှမ်းပြည်နယ် ဥက္ကဋ္ဌ လည်းဖြစ်ရမည်။

၁၆၁ ရှမ်းပြည်နယ်ဥက္ကဋ္ဌသည် ရှမ်းပြည်နယ်စီရင်အုပ် ချုပ်ရေးကိစ္စကို တာဝန်ယူ၍ဆောင်ရွက်ရမည်။ ဆိုလိုရင်းမှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌသည် တိုက်ရိုက် ဖြစ်စေ၊ လက်အောက်ခံအရာရှိများမှ တဆင့်ဖြစ်စေ၊ ပြည်နယ်အုပ်ချုပ်မှု အခွင့်အာဏာကိုသုံးစွဲနိုင် ရမည်။ တဆက်နည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်းချက် များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ ဆိုခဲ့သော အုပ်ချုပ်မှုအခွင့်အာဏာသည် ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ ရာထူးအမှုထမ်းများခန့်ထား ခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထိုအရာထမ်းအမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း ကိစ္စအားလုံးသို့ သက်ရောက်ပျံ့နှံ့ရမည်။

၁၆၂ ဤအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် စေဘဲ ပြည်နယ်၏အုပ်ချုပ်မှုအခွင့်အာဏာသည် ပြည်နယ်ကောင်စီက ဥပဒေပြုပိုင်သော ကိစ္စများသို့ သက်ရောက်ပြန့်နှံ့သည်။ အုပ်မှုအခွင့်အာဏာကို သုံးစွဲရာတွင် ပြည်နယ်ဥက္ကဋ္ဌသည် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင် ပြည်နယ် ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင် ရမည်. ရှမ်းပြည်နယ်ကောင်စိ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ်ဥက္ကဋ္ဌထံသို့ တင်ပြရာ တွင် လွယ်ကူစေသောငှာ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့်နောက် ပထမအကြိမ်ကျင်းပ သော အစည်းအဝေးတွင် ကောင်စီအမတ်များထဲမှ သော်၎င်း ကောင်စီအမတ် မဟုတ်သူများထဲမှသော် ၎င်း ရွေးချယ်ရပြန်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ ထိုအစိုးရအဖွဲ့သည် ပြည်နယ်ဥက္ကဋ္ဌ ကို အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် ကူညီရန် အကြံပေးရန် ဖြစ်သည်။

၁၆၃ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ သာမန် ညီလာခံကျင်းပသောအခါများ၌ မိမိဆောင်ရွက်ခဲ့ သော လုပ်ငန်းဆောင်တာအကြောင်းကို ပြောကြား ရမည်။သို့တည်းမဟုတ် ပြောကြားစေရမည်။ ရှမ်း ပြည်နယ်ကိစ္စအားလုံးနှင့် သက်ဆိုင်သော အစီရင် ခံစာကို တင်သွင်းရမည်။ သို့တည်းမဟုတ် တင်သွင်းစေရမည်။ ပြည်နယ်၏ အကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းဖြစ်သည်ဟု ထင်မြင် ယူဆသော စီမံချက်များကို စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီအား ထောက်ခံအကြံပေးရမည်။

၁၆၄ ပြည်နယ်ဥက္ကဋ္ဌသည် ဘဏ္ဍာတော်နှစ်တိုင်း တနှစ် အတွက် ပြည်နယ်ဆိုင်ရာ အရမှန်းခြေငွေစာရင်းနှင့် အသုံးမှန်းခြေငွေစာရင်းများကို ပြုရမည်။ သို့တည်း မဟုတ် ပြုစေရမည်။ ထိုငွေစာရင်းများကို စဉ်းစား ဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်။ ပြည်ထောင်စုအစိုးရ၏ အထောက်အပံ့ငွေနှင့်စပ် လျဉ်း၍ ပြည်ထောင်စုအစိုးရကသတ်မှတ်သော စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်နယ် ကောင်စီသည် ပြည်နယ်၏ ဘတ်ဂျက်ကို လက်ခံ အတည်ပြုနိုင်ရန် အာဏာရှိရမည်။ ထိုစည်းကမ်း ချက်များအတိုင်း ပြည်နယ်ကောင်စီက ကျနစွာ လိုက်နာကြောင်း နိုင်ငံတော်သမ္မတအား ကျေနပ် နိုင်စေရန် ပြည်နယ်၏ ဘတ်ဂျက်ကို ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းဖော်ပြရမည်။

၁၆၅ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် စေဘဲ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ၊ ပြည်နယ် အစိုးရအဖွဲ့တို့၏ အာဏာနှင့် တာဝန်ဝတ္တရား များဆိုင်ရာကိစ္စများ၊ ထို့ပြင်ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ ထိုအစိုးရအဖွဲ့တို့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ ဆက်ဆံရေးကိစ္စများပါဝင်သော ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာကိစ္စ အားလုံးကို တရားဥပဒေဖြင့် သတ်မှတ်ရမည်။

အပိုင်း ၂ ကချင်ပြည်နယ်

ကချင်ပြည်နယ်ကောင်စီ

၁၆၆ ပါလီမန်၏ ကချင်ပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံးပါဝင်သည့် ကချင်ပြည်နယ်ကောင်စီ ကို ဖွဲ့စည်းရမည်။ လူမျိုးစုလွှတ်တော်၌ ကချင်ပြည်နယ်အတွက် သတ်မှတ်ထားသော အမတ်နေရာ ၁၂ နေရာအနက် ၆ နေရာကို ကချင်ပြည်နယ်မှ ကချင်အမျိုးသားများ ၏ ကိုယ်စားလှယ်အမတ်များဖြည့်သွင်းရမည်။ အခြား ၆ နေရာကို ကချင်ပြည်နယ်မှ ကချင် အမျိုးသားမဟုတ်သူများ၏ ကိုယ်စားလှယ်အမတ် များဖြင့် ဖြည့်သွင်းရမည်။ ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ပြည်နယ် ကောင်စီ အမတ်သည် ကောင်စီ၌လည်း ကောင်စီ အမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ သို့ရာ တွင်ထိုကောင်စိ အမတ်သည် မိမိအားဆက်ခံမည့်သူ ကိုရွေးကောင်တင်မြှောက်ပြီးသည့်တိုင်အောင် မိမိ၏ တာဝန်ဝတ္တရားများကို ဆက်လက် ဆောင်ရွက်နိုင်သည်။

၁၆၇ ဤအခြေခံဥပဒေအာဏာတည်အံ့ဆဲဆဲကာလက ကချင်အမျိုးသားများသည် သို့တည်းမဟုတ် ကချင် အမျိုးသားမဟုတ်သော အမျိုးသားများသည် လူတန်းစားအဖြစ်ဖြင့်သော်၎င်း လူမျိုးစုအဖြစ်ဖြင့် သော်၎င်းခံစားခဲ့ကြသော အခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် ဥပဒေကြမ်းသည် အစည်းအဝေးတက်ရောက်မဲပေးသော ကချင် အမျိုးသားများ၏ ကိုယ်စားလှယ်အမတ်များရာက သော်၎င်း သက်ဆိုင်ရာက ထောက်ခံ၍ မဲပေးခြင်း မပြုလျှင် ပြည်နယ်ကောင်စီ၏ အတည်ချက်ကို ရယူသည်ဟု မမှတ်ယူရ။ ပြည်နယ်ကောင်စီတွင် ဥပဒေကြမ်းတခုသည် တဆက်တည်းဖြစ်သော အထက်ပုဒ်မခွဲတွင် ဖော်ပြသည့် သဘောမျိုး သက်ရောက်သော ဥပဒေကြမ်းဟုတ် မဟုတ် အငြင်းဖြစ်ပွားခဲ့သော သဘာပတိသည် ထိုအငြင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ပြည်နယ်ကောင်စီဝင် ကချင်အမျိုးသားများ၏ ကိုယ်စားလှယ်အမတ်များနှင့် ကချင်အမျိုးသား မဟုတ်သူများ၏ကိုယ်စားလှယ်အမတ်များအား တသီးတခြားစီ မဲဆန္ဒပေးစေရမည်။ ကချင် အမျိုးသား၏ ကိုယ်စားလှယ်အမတ်များရာက သော်၎င်း ကချင်အမျိုးသားမဟုတ်သူများ၏ ကိုယ်စားလှယ်အမတ်များကသော်၎င်း သက်ဆိုင်ရာ ကထောက်ခံ၍ မဲပေးခဲ့သော ထိုဥပဒေကြမ်းသည် ဖော်ပြခဲ့သော သဘောမျိုးသက်ရောက်သည့် ဥပဒေ ကြမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၁၆၈ ပြည်နယ်ကောင်စီသည် မိမိကိုယ်ပိုင်ဥပဒေပြု ပိုင်ခွင့်မရှိသောကိစ္စနှင့် သက်ဆိုင်သည့် ဥပဒေများ ကိုပြုပေးရန် ပါလီန်သို့ ထောက်ခံချက်တင်သွင်း နိုင်သည်။

၁၆၉ ပြည်နယ်ကောင်စီသည် ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ ထုတ်ပြန်ကြေညာပေးရန် နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရမည်။ နိုင်ငံတော် သမ္မတသည် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တဆက်တည်းဖြစ်သော အောက်ပါပုဒ်မအရ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကိုမေးမြန်း တောင်းဆိုခြင်းမပြုလျှင် ထိုဥပဒေကြမ်းကို တင်သွင်းသည် မှစ၍ တလ အတွင်းတွင် လက်မှတ် ရေးထိုးရမည်။

၁၇၀ နိုင်ငံတော်သမ္မတထံသို့ တဆက်တည်းဖြစ်သော အောက်ပုဒ်မအရ တင်သွင်းသောဥပဒေကြမ်းသည် သို့တည်းမဟုတ် ထိုဥပဒေကြမ်း၏ တစိတ်တဒေသ သည် ဤအခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ မဆန့် ကျင်သည်ဟူသော ပြဿနာကိုဆုံးဖြတ်ပေးရန် တရားလွှတ်တော်ချုပ်သို့ နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်း ထိုဥပဒေကြမ်းကို လွှဲအပ် နိုင်သည်။ လွှတ်တော်ချုပ်တရားဝန်ကြီးသုံးဦး အောက်မနည်း ပါဝင်သော ခုံတော်သည် လွှဲအပ်သောပြဿနာကို စဉ်းစားရမည်။ လွှဲအပ်သောပြဿနာကို သင့်မြတ် လျော်ကန်သည်ဟု ထင်မြင်သည့်အတိုင်း ကြားနာ စစ်ဆေးစဉ်းစားပြီးနောက် ထိုပြဿနာနှင့်စပ်လျဉ်း ၍ လွှဲအပ်မှုပြီးသည့်နောက် ရက်ပေါင်း ၃၀ အောက် နောက်မကျစေဘဲ မိမိတို့၏ ဆုံးဖြတ်ချက်ကို လျင်မြန်နိုင်သမျှလျင်မြန်စွာ တရားရုံးတွင် အထင်အရှားကြေညာရမည်။ ဤပုဒ်မ၏ ကိစ္စများ အလို့ငှာ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက် သည် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ဖြစ်ရ မည်။ ဤပုဒ်မအရ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် ဤအခြေခံဥပဒေ နှင့် ဆန့်ကျင်သည်ဟု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်သောကိစ္စတိုင်း၌ နိုင်ငံတော်သမ္မတသည် ထိုဥပဒေကြမ်းကို ပြန်လည်စဉ်းစားဆွေနွေးစေရန် ပြည်နယ်ကောင်စီသို့ ပြန်ပို့ရမည်။ ပြည်နယ်ကောင်စီကလိုအပ်သော ပြင်ဆင်ချက်များ ကိုမပြုလျှင် နိုင်ငံတော်သမ္မတသည် ထိုဥပဒေကြမ်း ကိုလက်မှတ်မထိုးဟု ငြင်းဆိုရမည်။ ဤသို့ ငြင်းဆိုဘွယ်မရှိလျှင် နိုင်ငံတောသမ္မတသည် တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ် ဖော်ကြေညာပြီးသည့်နောက် လျင်မြန်နိုင်သမျှ လျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ အက်ဥပဒေဖြစ်ကြောင်း ထုန်ပြန်ကြေညာရမည်။ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်သွင်းသော ဥပဒေကြမ်းကို တရားလွှန်တော်ချုပ်သို့ မလွှဲအပ်ဘဲနှင့်ဖြစ်စေ၊ လွှဲအပ်ပြီးမှဖြစ်စေ နိုင်ငံတော်သမ္မတကလက်မှတ် ထိုးခဲ့ပြီးလျှင် ပြည်နယ်ကောင်စီကပြုပိုင်ခွင့်မရှိဟူ သော အကြောင်းပြချက်ဖြင့် ထိုဥပဒေရှိပြဌာန်းချက်သည် မခိုင်လုံဟု ငြင်းဆိုခြင်း မပြုရ။

၁၇၁ နိုင်ငံတော်သမ္မတ လက်မှတ်ထိုးသော ပြည်နယ် ကောင်စီ အက်ဥပဒေစာမူတိုင်းကို တရားလွှတ်တော်ချုပ် အတွင်းဝန်ရုံး၌ မော်ကွန်း တင်ရမည်။

၁၇၂ ကချင်ပြည်နယ်ဥက္ကဋ္ဌသည် အခါကာလအားလျော် စွာ ပြည်နယ်ကောင်စီကို ဆင့်ခေါ်နိုင်သည်၊ ရုပ်သိမ်း နိုင်သည်။
သို့ရာတွင် ပြည်နယ်ကောင်စီ၏ညီလာခံကို နှစ်စဉ် တနှစ်လျှင် အနည်းဆုံး တကြိမ်ကျင်းပရမည်။ ထိုသို့ ကျင်းပသောအခါ ပြည်နယ်ကောင်စီ ညီလာခံ ၏ ပဌမအစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂ လ ခြားမနေစေရ။

ကချင်ပြည်နယ်အစိုးရ

၁၇၃ ဝန်ကြီးချုပ်ည် ကချင်ပြည်နယ်ကောင်စီနှင့် ညှိနှိုင်း တိုင်ပင်၍ ပါလီမန်၏ ကချင်ပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်များအနက် ကချင်အမတ် တဦး၏ အမည်ကိုတင်သွင်းသောအခါ ထိုသို့ အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော် သမ္မတသည် “ကချင်ပြည်နယ်ဝန်ကြီး” ဟုခေါ် တွင်ရမည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးသည်၊ ဤအခြေခံဥပဒေ၏ ကိစ္စများအတွက် ကချင်ပြည်နယ်ဥက္ကဋ္ဌလည်း ဖြစ်ရမည်။

၁၇၄ ကချင်ပြည်နယ်ဥက္ကဋ္ဌသည် ကချင်ပြည်နယ် စီရင် အုပ်ချုပ်ရေးကိစ္စကိုတာဝန်ယူဆောင်ရွက်ရမည်။ ဆိုလိုရင်းမှာ ကချင်ပြည်နယ်ဥက္ကဋ္ဌသည် တိုက်ရိုက် ဖြစ်စေ၊ လက်အောက်ခံအရာရှိများမှ တဆင့်ဖြစ်စေ၊ ပြည်နယ်အုပ်ချုပ်မှုအခွင့်အာဏာကို သုံစွဲနိုင်ရမည်။ တဆက်တည်းဖြစ်သာအောက်ပါပုဒ်မပြဋ္ဌာန်းချက် များ၏ ယေဘုယျသဘောကို မထိခိုက်စေဘြ ဆိုခဲ့သော အုပ်ချုပ်မှုအခွင့်အာဏာသည် ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်းအမှုထမ်းများခန့် ထားခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထို အရာထမ်းအမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း ကိစ္စအားလုံးကို သက်ရောက်ပြန့်နှံ့ရမည်။
ခြွင်းချက်။ သို့ရာတွင်ကချင်အမျိုးသားမဟုတ်သူ များရာတို့ နေထိုင်သောဒေသများနှင့်စပ်လျဉ်း၍ ပြည်နယ်ဥက္ကဋ္ဌသည် အဆိုပါကိစ္စအားလုံးတွင် အစိုးရအဖွဲ့ဝင်များအနက် ကချင်အမျိုးသား မဟုတ် သူများ၏ ကိုယ်စားလှယ်များနှင့်ညှိနှိုင်းတိုင်ပင်၍ သာလျှင် ဆောင်ရွက်ရမည်။

၁၇၅ ဤအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် စေဘဲ ပြည်နယ်၏အုပ်ချုပ်မှုအခွင့်အာဏာည် ပြည်နယ်ကောင်စီတရားဥပဒေပြုပိုင်သော ကိစ္စများ သို့ သက်ရောက်ပြန့်နှံသည်။ အုပ်ချုပ်မှုအခွင့် အာဏာကို သုံးစွဲရာတွင် ပြည်နယ်ဥက္ကဋ္ဌသည် ကောင်စီ၏ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင် ပြည်နယ် ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီနှင့်ညှိနှိုင်းတိုင်ပင် ရမည်။ ကချင်ပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ်ဥက္ကဋ္ဌထံသို့ တင်ပြရာ တွင် လွယ်ကူစေသောငှာ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့်နောက်ပဌမအကြိမ် ကျင်းပ သောအစည်းအဝေးတွင် ကောင်စီအမတ်များထဲမှ သော်၎င်း ကောင်စီအမတ်မဟုတ်သူများထဲမှ သော်၎င်း ရွေးချယ်၍ ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ ထိုအစိုးရအဖွဲ့သည် ပြည်နယ် ဥက္ကဋ္ဌ ကို အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် ကူညီရန် အကြံပေးရန် ဖြစ်သည်။
ခြွင်းချက်။ သို့ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ထက်ဝက်အောက်မလျော့သောအဖွဲ့ဝင်များသည် ကချင်အမျိုးသားမဟုတ်သူများဖြစ်ရမည်။

၁၇၆ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ သာမန် ညီလာခံကျင်းပပေးသောအခါများ၌ မိမိဆောင်ရွက် ခဲ့သော လုပ်ငန်းဆောင်တာအကြောင်းကို ပြောကြားရမည်။ သို့တည်းမဟုတ် ပြောကြားစေရ မည်။ ကချင်ပြည်နယ်ကိစ္စအားလုံးနှင့် သက်ဆိုင် သော အစီရင်ခံစာကိုတင်သွင်းရမည်။ သို့တည်းမဟုတ် တင်သွင်းစေရမည်. ပြည်နယ်၏ အကျိုးစီးပွားတိုးတက်ရာ တိုးတက်ကြောင်းဖြစ် သည်ဟု ထင်မြင်ယူဆသောစီမံချက်များကို ပြည်နယ်ကောင်စီက စဉ်းစားဆွေးနွေးရန် ထောက်ခံအကြံပေးရမည်။

၁၇၇ ပြည်နယ်ဥက္ကဋ္ဌသည် ဘဏ္ဍာတော်နှစ်တိုင်း တနှစ် အတွက် ပြည်နယ်ဆိုင်ရာ မှန်းခြေငွေစာရင်းနှင့် အသုံးမှန်ခြေ ငွေစာရင်းများကို ပြုရမည်။ သို့တည်းမဟုတ် ပြုစေရမည်။ ထိုငွေစာရင်းများကို စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်။ ပြည်နယ်အစိုးရ၏ အထောက်အပံ့ငွေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရကသတ်မှတ်သော စည်းကမ်း ချက်များနှင့်မဆန့်ကျင်စေဘဲ ပြည်နယ်ကောင်စီ သည် ပြည်နယ်၏ ဘတ်ဂျက်ကို လက်ခံအတည်ပြု နိုင်ရန် အာဏာရှိရမည်။ ထိုစည်းကမ်းချက်များ အတိုင်း ပြည်နယ်ကောင်စီက ကျနစွာလိုက်နာ ကြောင်း နိုင်ငံတော်သမ္မတအားကျေနပ်နိုင်စေရန် ပြည်နယ်ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းဖော်ပြရမည်။

၁၇၈ ဤအခြေခံဥပဒေ၏ အခန်း ၁၀ ရှိ ပြဋ္ဌာန်းချက်များ သည် ကချင်ပြည်နယ်နှင့် မသက်ဆိုင်ရ။

၁၇၉ ဤအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင် စေဘဲ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ၊ ပြည်နယ် အစိုးရတို့၏ အာဏာနှင့် တာဝန်ဝတ္တရားများ ဆိုင်ရာ ကိစ္စများ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုးရအဖွဲ့တို့နှင့် ပြည်ထောင်စုအစိုးရ၏ ဆက်ဆံရေးကိစ္စပါဝင်သော ပြည်နယ်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စအားလုံးကို တရားဥပဒေဖြင့် သတ်မှတ်ရာမည်။

အပိုင်း ၃ ကရင်ပြည်နယ်

၁၈၀ အောက်ဖော်ပြပါ (က) ကရင်နီပြည်နယ် (ခ) သံလွင်ခရိုင်၊ ထို့ပြင် (ဂ) နိုင်ငံတော်သမ္မတကခန့်ထားသည့် အထူးကော်မရှင် အဖွဲ့ကဆုံဖြတ်သတ်မှတ်သော ကရင်အမျိုးသား များနေထိုကြသည့် ကရင်နီပြည်နယ်နှင့် သံလွင် ခရိုင်တို့၏ ဆက်စပ်ဒေသများကို ထိုဒေသ သုံးခုတွင် နေထိုင်ကြသူများနှင့်တကွ ထိုဒေသများ မှအပဖြစ်သော မြန်မာနိုင်ငံ၌ နေထိုင်ကြသော ကရင်အမျိုးများအနက် များရာကအလိုရှိခဲ့သော် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တခုအဖြစ် ဖွဲ့စည်းရမည်၊ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို “ကရင်ပြည်နယ်” ဟု ခေါ်ရမည့်အပြင် ရှမ်းပြည်နယ်၏အဆင့်အတန်းမျိုးကိုလည်း ရရှိစေရမည်။ တဆက်တည်းဖြစ်သော အထက်ပုဒ်မခွဲတွင် ဖော်ပြ ထားသော ဒေသအသီးသီးရှိလူများ၏ ဆန္ဒအမှန် ကို စုံစမ်းရာ၌ လိုက်နာ၇န်ဖြစ်သော နည်းလမ်းတို့ သည် ပြည်ထောင်စုနိုင်ငံ၏ တရားဥပဒေက သတ်မှတ်သည့်အတိုင်းဖြစ်ရမည်။

ကော်သူလေး

၁၈၁ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ ကရင် ပြည်နယ်ကို မဖွဲ့စည်းနိုင်မီ သံလွင်ခရိုင်နှင့်တကွ နိုင်ငံတော်သမ္မတက ခန့်ထားသည့် အထူးကော်မရှင်အဖွဲ့ ကဆုံဖြတ် သတ်မှတ်သော ကရင်အမျိုးသားများနေထိုင်ကြသည့် သံလွင်ခရိုင် ၏ ဆက်စပ်ဒေသများကို အောက်ဖော်ပြပါ ပြဋ္ဌာန်း ချက်နှင့် မဆန့်ကျင်စေဘဲ ကော်သူလေး ဟုခေါ်တွင် အပ်သော အထူးဒေသတခုအဖြစ် ဖွဲ့စည်းရမည်။ ပြည်သူ့လွှတ်တော်ရှိကရင်အမျိုးသား၏ ကိုယ်စားလှယ်အမတ်အားလုံးပါဝင်သော ကရင်ရေးရာကောင်စီကိုဖွဲ့စည်းရမည်။ ထိုအမတ် များသည် လူမျိုးစုလွှတ်တော်မှ ငါးဦးထက် မများ သော ကရင်အမျိုးသားများ၏ ကိုယ်စားလှယ် အမတ်များကို ကောင်စီတွင် ထပ်ဖြည့်ရမည်။ ဝန်ကြီးချုပ်သည် ကရင်ရေးရာကောင်စီနှင့် ညှိနှိုင်း တိုင်ပင်၍ ပါလီမန်ကရင်အမျိုးသားများ၏ ကိုယ်စားလှယ်အမတ်များအနက် အမတ်တဦးဦး၏ အမည်ကိုတင်သွင်းသောအခါ ထိုအမည်တင်သွင်း ခြင်းခံရသော အမတ်သည် “ကရင်ရေးရာဝန်ကြီး” ဟု ခေါ်တွင်မည့်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ ဝင် ဝန်ကြီးတဦးအဖြစ် ခန့်ထားရမည်။ ပြည်ထောင်စုအစိုးရ၏ အာဏာများကို မထိခိုက် စေဘဲ ကရင်ရေးရာဝန်ကြီးသည် အောက်ပါတို့ကို စီမံခန့်ခွဲ ညွှန်ကြားကြီးကြပ်အုပ်ချုပ်ရမည်- (က) ကော်သူလေး အထူးဒေသ၏ အရပ်ရပ်ဆိုင်ရာ စီရင် အုပ်ချုပ်ရေး၊ ထို့ပြင် အထူးအားဖြင့် ကော်သူလေး အထူး​ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်း အမှုထမ်းများခန့်ထားခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း ထိုအရာထမ်းအမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း (ခ) ကရင်အမျိုးသားများအတွက် ပညာသင်ကျောင်း များနှင့်တကွ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများ နှင့် သက်ဆိုင်သောကိစ္စများ၊ (ဂ) ဤအခြေခံဥပဒေအရ ကရင်အမျိုးသားများအား ပေးအပ်သည့် အခွင့်အရေးဆိုင်ရာကိစ္စများ၊ ကရင်ရေးရာဝန်ကြီးအား မိမိ၏ တာဝန်ဝတ္တရားကို ဆောင်ရွက်ရာတွင် ကရင်ရေးရာကောင်စီက ကူညီ ရမည်၊ အကြံပေးရမည်။ ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ကရင်ရေးရာ ကောင်စီအမတ်တဦးသည် ကောင်စီအမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည် သို့ရာတွင် ထိုကောင်စီ အမတ်သည် မိမိအားဆက်ခံမည့်သူကို ရွေးကောက် တင်မြှောက်ပြီးသည့်တိုင်အောင် မိမိတာဝန်ဝတ္တရား များကို ဆက်လက်ဆောင်ရွက်နိုင်သည်။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် စေဘဲ ကရင်ရေးရာဝန်ကြီးနှင့် ကရင်ရေးရာ ကောင်စီတို့၏ အာဏာနှင့် တာဝန်ဝတ္တရားများ ဆိုင်ရာ ကိစ္စအားလုံးကို၎င်း၊ ထိုဝန်ကြီးနှင့်ထို ကောင်စီတို့၏ ကိစ္စအားလုံးကို၎င်း ထိုဝန်ကြီး ထိုကောင်စီတို့နှင့် ပြည်ထောင်စုအစိုးရ၏ ဆက်ဆံရေးရာကိစ္စအားလုံးကို၎င်း တရားဥပဒေ ဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၄ ကရင်နီပြည်နယ်

၁၈၂ ပဒေသရာဇ် ရှမ်းပြည်နယ်စုရှိ မိုးဗြဲနယ်ဟု ယခင်က ခေါ်တွင်ခဲ့သော နယ်မြေကို ထိုနယ်၌ နေထိုင်ကြသူ များက အလိုရှိခဲ့သော် ကရင်ပြည်နယ်အတွင်းသို့ ပေါင်းသွင်းရမည်။ ထိုနယ်မြေရှိလူအများ၏ ဆန္ဒအမှန်ကို စုံစမ်းရာ၌ လိုက်နာရန် ဖြစ်သော နည်းလမ်းတို့သည် တရားဥပဒေဖြင့် သတ်မှတ်သည့်အတိုင်းဖြစ်ရမည်။

၁၈၃ ပါလီမန်က အခြားပြဋ္ဌာန်းချက်ပြုသည့်တိုင်အောင် (က) ကန္တရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးတို့၏ စော်ဘွားများသည် လူမျိုးစုလွှတ်တော်တွင် ကရင် ပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်များ အဖြစ် ဖြင့် ပါဝင်ရမည်။ (ခ) တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ မိုးဗြဲ နယ်ကို ကရင်နီပြည်နယ်အတွင်းသို့ ပေါင်းသွင်း သောအခါ မိုးဗြဲစော်ဘွားသည်လည်း လူမျိုးစု လွှတ်တော်တွင် ကရင်နီပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်တဦး အဖြစ်ဖြင့် ပါဝင်ရမည်။ (ဂ) စော်ဘွားများသည်၎င်း၊ စော်ဘွားသည်၎င်း၊ ပြည်သူ့လွှတ်တော်တွင် အမတ်ဖြစ်နိုင်ခွင့် မရှိစေရ။ ပါလီမန်၏ ကရင်ပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ် အားလုံးပါဝင်သည့် ကရင်နီပြည်နယ် ကောင်စီကို ဖွဲ့စည်းရမည်။ ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ပြည်နယ်ကောင်စီအမတန်သည် ကောင်စီ၌လည်း ကောင်စီအမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရ မည်။ သို့ရာတွင် ထိုကောင်စီအမတ်သည် မိမိအား ဆက်ခံမည့်သူကို ရွေးကောက်တင်မြှောက်ပြီးသည့် တိုင်အောင် မိမိ၏ တာဝန်ဝတ္တရားများကို ဆက်လက်ဆောင်ရွက်နိုင်သည်။

၁၈၄ ပြည်နယ်ကောင်စီသည် မိမိကိုယ်တိုင် ဥပဒေပြုပိုင် ခွင့်မရှိသော ကိစ္စနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြုပေးရန် ပါလီမန်သို့ ထောက်ခံချက် တင်သွင်းနိုင် သည်။

၁၈၅ ပြည်နယ်ကောင်စီသည် ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ ထိုဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာပေးရန် နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရမည်။ နိုင်ငံတော် သမ္မတသည် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တဆက်တည်းဖြစ်သော အောက်ပါပုဒ်မအရ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို မေးမြန်း တောင်းဆိုခြင်းမပြုလျှင် ထိုဥပဒေကြမ်းကို တင်သွင်းသည့်နေ့မှစ၍ တလ အတွင်းတွင် လက်မှတ်ရေးထိုးရမည်။

၁၈၆ နိုင်ငံတော်သမ္မတထံသို့ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်သွင်းသော ဥပဒေကြမ်းသည် သို့တည်းမဟုတ် ထိုဥပဒေကြမ်း၏ တစိတ်တဒေသ သည် ဤအခြေခံဥပဒေနှင့်ဆန့်ကျင်သည် မဆန့်ကျင်သည်ဟူသော ပြဿနာကို ဆုံးဖြတ်ပေး ရန် နိုင်ငံတော်သမ္မတသည် မိမိ၏ သဘောအတိုင်း တရားလွှတ်တော်ချုပ်သို့ ထိုဥပဒေကြမ်းကို လွှဲအပ် နိုင်သည်။ လွှတ်တော်ချုပ်တရားဝန်ကြီး ၃ ဦးအောက် မနည်း ပါဝင်သော ခုံတော်သည် လွှဲအပ်သော ပြဿနာကို စဉ်းစားရမည်။ လွှဲအပ်သော ပြဿနာကို သင့်မြတ် လျော်ကန်သည်ဟု ထင်မြင်သည့်အတိုင်း ကြားနာ စစ်ဆေး စဉ်းစားပြီးသောအခါ ထိုပြဿနာနှင့် စပ်လျဉ်း၍ လွှဲအပ်ပြီးသည့်နောက် ရက်ပေါင်း ၃၀ အောက်နောက်မကျစေဘဲ မိမိတို့၏ ဆုံးဖြတ်ချက် ကို လျင်မြန်နိုင်သမျှ လျင်မြန်စွာ တရားရုံးတွင် အထင်အရှား ကြေညာရမည်။ ဤပုဒ်မ၏ ကိစ္စများ အလို့ငှာ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက်သည် တရားလွှတ်တော်၏ ဆုံးဖြတ် ချက်ဖြစ်ရမည်။ ဤပုဒ်မ အရ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် ဤအခြေခံဥပဒေ နှင့်ဆန့်ကျင်သည်ဟု တရားလွှတ်တော်က ဆုံးဖြတ် သော ကိစ္စတိုင်း၌ နိုင်ငံတော်သမ္မတသည် ထိုဥပဒေ ကြမ်းကို ပြန်လည်စဉ်းစားဆွေးနွေးရန် ပြည်နယ် ကောင်စီသို့ ပြန်ပို့ရမည်။ ပြည်နယ်ကောင်စီက လို အပ်သော ပြင်ဆင်ချက်များကို မပြုလျှင် နိုင်ငံတော် သမ္မတသည် ထိုဥပဒေကြမ်းကို လက်မှတ်မထိုးဟု ငြင်းဆိုရမည်။ ထိုသို့ငြင်းဆိုဘွယ်မရှိလျှင် နိုင်ငံတော်သမ္မတသည် တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ်ဖော်ကြေညာပြီးသည့်နောက် လျင်မြန်နိုင် သမျှလျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ အက်က၌ဒေဖြစ်ကြောင်း ထုတ်ပြန်ကြေညာရမည်။ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်းသွင်းသော ဥပဒေကြမ်းကို တရားလွှတ်တော် ချုပ်သို့ မလွှဲအပ်ဘဲနှင့်ဖြစ်စေ၊ လွှဲအပ်ပြီးမှဖြစ်စေ၊ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီးခဲ့လျှင် ပြည်နယ်ကောင်စီက ပြုပိုင်ခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့် ထိုဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် မခိုင်လုံဟု ငြင်းဆိုခြင်းမပြုရ။

၁၈၇ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးသော ပြည်နယ် ကောင်စီအက်ဥပဒေစာမူတိုင်းကို တရားလွှတ်တော် ချုပ်၏ အတွင်းဝန်ရုံး၌ မော်ကွန်းတင်ရမည်။ မိတ္တူ တိုင်းကိုလည်း ကရင်နီပြည်နယ်ဝန်ကြီးရုံး၌ မော်ကွန်းတင်ရမည်။

၁၈၈ ကရင်နီ ပြည်နယ်ဥက္ကဋ္ဌသည် အခါကာလအားလျော်စွာ ပြည်နယ်ကောင်စီကို ဆင့်ခေါ်နိုင်သည်၊ ရုပ်သိမ်းနိုင်သည်။
သို့ရာတွင် ပြည်နယ်ကောင်စီ၏ ညီလာခံကို နှစ်စဉ် တနှစ်လျှင် အနည်းဆုံးတကြိမ်ကျင်းပရမည်။ ထိုသို့ ကျင်းပသောအခါ ပြည်နယ်ကောင်စီ ညီလာခံ တခု၏ နောက်ဆုံးအစည်းအဝေးနှင့် နောက်ထပ် ကျင်းပေသော ပြည်နယ်ကောင်စီညီလာခံ၏ ပဌမအစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂ လ ခြား မနေစေရ။

ကရင်ပြည်နယ်အစိုးရ

၁၈၉ ဝန်ကြီးချုပ်သည် ကရင်ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ပါလီမန်၏ ကရင်နီပြည်နယ်ဆိုင် ရာ ကိုယ်စားလှယ်အမတ်များအနက် အမတ် တဦးဦး၏ အမည်ကို တင်သွင်းသောအခါ ထိုသို့ အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော်သမ္မတသည် အောက်တွင် ကရင်နီ ပြည်နယ်ဝန်ကြီး ဟုခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ဖြင့် ခန့် ထားရမည်။ ထိုသို့ခန့်ထားခြင်းခံရသော ဝန်ကြီး သည် ဤအခြေခံဥပဒေ၏ အကျိုးကိစ္စများအတွက် ကရင်နီပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်ရမည်။

၁၉၀ ကရင်နီပြည်နယ်ဥက္ကဋ္ဌသည် ကရင်နီပြည်နယ် စီရင် အုပ်ချပ်ရေးကိစ္စကို တာဝန်ယူ၍ ဆောင်ရွက်ရမည်။ ဆိုလိုရင်းမှာ ကရင်ပြည်နယ်ဥက္ကဋ္ဌသည် တိုက်ရိုက် ဖြစ်စေ၊ လက်အောက်ခ့အရာရှိများမှတဆင့် ဖြစ်စေ၊ ပြည်နယ်၏ အုပ်ချုပ်မှုအခွင့်အာဏာကို သုံးစွဲနိုင်ရမည်။ တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်း ချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ ဆိုခဲ့သော အုပ်ချုပ်မှုအခွင့်အာဏာသည် ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်းအမှုထမ်းများကို ခန့်ထားခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထိုအရာထမ်းအမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း ကိစ္စအားလုံးသို့ သက်ရောက်ပြန့်နှံ့ရမည်။

၁၉၁ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် စေဘဲ ပြည်နယ်၏ အုပ်ချုပ်မှုအခွင့်အာဏာသည် ပြည်နယ်ကောင်စီကတရားဥပဒေပြုပိုင်သော ကိစ္စ များသို့ သက်ရောက်ပြန့်နှံ့သည်။ အုပ်ချုပ်မှု အခွင့် အာဏာကို သုံးစွဲရာတါင် ပြည်နယ်ဥက္ကဋ္ဌသည် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင် ပြည်နယ် ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီနှင့်ညှိနှိုင်းတိုင်ပင် ရမည်။ ကရင်နီပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ် ဥက္ကဋ္ဌထံတင်ပြ ရာတွင် လွယ်ကူစိမ့်သောငှာ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့် နောက် ပဌမအကြိမ် ကျင်းပသော အစည်းအဝေး တွင် ကောင်စီအမတ်များထဲမှသော်၎င်း ကောင်စီ အမတ်မဟုတ်သူများထဲမှသော်၎င်း ပြည်နယ်အစိုးရ အဖွဲ့ဝင်တဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ ရွေးချယ် နိုင်သည်။ ထိုပြည်နယ်အစိုးရအဖွဲ့ဝင်တဦးသည် သို့တည်းမဟုတ် အများသည် ပြည်နယ်ဥက္ကဋ္ဌကို အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် ကူညီရန် အကြံပေးရန် ဖြစ်သည်။

၁၉၂ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ သာမန်ညီလာခံကျင်းပသောအခါများ၌ မိမိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်တာအကြောင်း ကို ပြောကြားရမည်။ သို့တည်းမဟုတ် ပြောကြား စေရမည်။ ကရင်နီပြည်နယ်ကိစ္စအားလုံးနှင့် သက်ဆိုင်သောအစီရင်ခံစာကို တင်သွင်းရမည်။ သို့တည်းမဟုတ် တင်သွင်းစေရမည်။ ပြည်နယ်၏ အကျိုးစီးပွားတိုးတက်ရာတိုးတက်ကြောင်း ဖြစ်သည်ဟု ထင်မြင်ယူဆသော စီမံချက်များကို စဉ်းစားဆွေးနွေးရန် ပြည်နယ်ကောင်စီအား ထောက်ခံအကြံပေးရမည်။

၁၉၃ ပြည်နယ်ဥက္ကသည် ဘဏ္ဍာနှစ်တိုင်း တနှစ်အတွက် ပြည်နယ်ဆိုင်ရာအရမှန်းခြေငွေစာရင်းနှင့် အသုံး မှန်းခြေငွေစာရင်းကိုပြုရမည်။ သို့တည်းမဟုတ် ပြုစေရမည်. ထိုငွေစာရင်းများကို စဉ်းစားဆွေးနွေး ရန် ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်။ ပြည်နယ်ကောင်စီ၏ အထောက်အပံ့ငွေနှင့်စပ်လျဉ်း ၍ ပြည်ထောင်စုအစိုးရကသတ်မှတ်သော စည်းကမ်းချက်များနှင့်မဆန့်ကျင်စေဘဲ ပြည်နယ် ကောင်စီသည် ပြည်နယ်၏ ဘတ်ဂျက်ကို လက်ခံ အတည်ပြုရန် အာဏာရှိရမည်။ ထိုစည်းကမ်းချက် များအတိုင်း ပြည်နယ်ကောင်စီကကျနစွာလိုက်နာ ကြောင်း နိုင်ငံတော်သမ္မတအား ကျေနပ်နိုင်စေရန် ပြည်နယ်၏ ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်တွင်ထဲ့သွင်းဖော်ပြရမည်။

၁၉၄ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင် စေဘဲ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီနှင့် ပြည်နယ်အစိုးရအဖွဲဝင်တဦး၏ သို့တည်းမဟုတ် အများ၏အာဏာနှင့်တာဝန်ဝတ္တရားများဆိုင်ရာ ကိစ္စများ၊ ထို့ပြင်ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုးရ အဖွဲ့ဝင်တို့ အချင်းချင်းဆက်ဆံရေးကိစ္စများ ပါဝင်သော ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စအားလုံးကို တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။

၁၉၅ ဤအပိုင်း (အခန်း ၉ အပိုင်း ၄ ) ရှိ ပြဋ္ဌာန်းချက် အားလုံးသည် ပုဒ်မ ၁၈၀ အရ ကရင်ပြည်နယ်ကို ဖွဲ့စည်းခဲ့သော် အကျိုးသက်ရောက်ခြင်းမှ ရပ်စဲ ရမည်။

အပိုင်း ၅ ချင်းဝိသေသတိုင်း

၁၉၆ နိုင်ငံတော်သမ္မတက သတ်မှတ်သော ချင်းတောင် များခရိုင်နှင့် ရခိုင်တောင်တန်းနယ်များပါဝင်သည့် ချင်းဝိသေသ တိုင်းရှိရမည်။

၁၉၇ ပါလီမန်ရှိ ချင်းအမျိုးသားများ၏ ကိုယ်စားလှယ် ၏ အမတ်အားလုံးပါဝင်သော ချင်းရေရာကောင်စီ တခုဖွဲ့စည်းရမည်။ ဝန်ကြီးချုပ်သည် ချင်းရေးရာကောင်စီနှင့် ညှိနှိုင်း တိုင်ပင်၍ ပါလီမန်ရှိ ချင်းအမျိုးသားများ၏ ကိုယ်စားလှယ်အမတ်များ တဦးဦးအနက် အမတ် တဦးဦး၏ အမည်ကိုတင်သွင်းသောအခါ ထိုသို့ အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော်သမ္မတသည် “ချင်းရေးရာဝန်ကြီး” ဟု ခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ ဝင် တန်ကြီးတဦးအဖြစ် ခန့်ထားရမည်။ ပြည်ထောင်စုအစိုးရ၏ အာဏာများကို မထိခိုက်စေ ဘဲ - (က) ချင်းဝိသေသတိုင်း၏ အရပ်ရပ်ဆိုင်ရာ စီရင်အုပ်ချုပ်ရေး၊ ထို့ပြင် အထူးအားဖြင့် ထိုဝိသေသတိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်းအမှုထမ်းများခန့်ထားခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထိုအရာထမ်း အမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း၊ (ခ) ချင်းဝိသေသတိုင်းတွင် ပညာသင်ကျောင်းများနှင့် တကွ ယဉ်ကျေးမှုဆိုင်ရာများနှင့် သက်ဆိုင်သော ကိစ္စများ
ချင်းရေးရာဝန်ကြီးသည် အထက်ပါတို့ကို စီမံခန့် ခွဲညွှန်ကြားကြီးကြပ် အုပ်ချုပ်ရမည်။
ချင်းရေးရာဝန်ကြီးအား မိမိ၏တာဝန်ဝတ္တရား များကို ဆောင်ရွက်ရာတွင် ချင်းရေးရာကောင်စီက ကူညီရမည်။ ပါလီမန် အမတ်အဖြစ်မှ ရပ်စွဲသော ချင်းရေးရာ ကောင်စီအမတ်တဦးသည် ကောင်စီ၌လည်း ကောင်စီ အမတ်အဖြင်မှ ရပ်စဲသည်ဟုမှတ်ယူရ မည်။ သို့ရာတွင် ထိုကောင်စီအမတ်သည် မိမိအား ဆက်ခံမည့်သူကို ရွေးကောက်တင်မြှောက်ပြီးသည့် တိုင်အောင် မိမိတာဝန်ဝတ္တရားများကို ဆက်လက် ဆောင်ရွက်နိုင်သည်။

၁၉၈ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင် စေဘဲ ချင်းရေးရာဝန်ကြီးနှင့် ချင်းရေးရာကောင်စီ တို့၏ အာဏာနှင့် တာဝန်ဝတ္တရားများဆိုင်ရာ ကိစ္စအားလုံးကို၎င်း ထိုဝန်ကြီးနှင့် ထိုကောင်စီတို့၏ ဆက်ဆံရေးဆိုင်ရာကိစ္စအားလုံးကို၎င်း ထိုဝန်ကြီး ထိုကောင်စီတို့နှင့် ပြည်ထောင်စုအစိုးရ၏ ဆက်ဆံ ရေးဆိုင်ရာ ကိစ္စအားလုံးကို၎င်း တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၆ ပြည်နယ်သစ်များ

၁၉၉ ပါလီမန်သည် ပြည်နယ်သစ်ကလိုက်နာရမည့် စည်ကမ်းချက်များပါဝင်သော အက်ဥပဒေဖြင့် ပြည်နယ်သစ်တခုကို ပြည်ထောင်စုနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုနိုင်သည်။ ထိုသတ်မှတ်ချက်များတွင် ထိုပြည်နယ်မှ ပါလီမန်သို့ ကိုယ်စားလှယ် အမတ် ဦးရေ မည်ရွေ့မည်မျှ ရွေးကောက်တင်မြှောက် နိုင်သည်ဟူသော အချက်လည်းပါဝင်ရမည်။

၂၀၀ နယ်နိမိတ်ပြုခြင်းခံရသော ပြည်နယ်တိုင်း၏ ကောင်စီက သဘောတူညီပါက ပါလီမန်သည် အက်ဥပဒေဖြင့် အောက်ပါတို့ကို ပြုနိုင်သည်- (က) ပြည်ထောင်စုအဖွဲ့ဝင်အသစ်တခုတည်ထောင်ဖွဲ့ စည်းခြင်း (ခ) ပြည်ထောင်စုအဖွဲ့ဝင် တခုခု၏ အကျယ်အဝန်းကို တိုးချဲ့ခြင်း (ဂ) ပြည်ထောင်စုအဖွဲ့ဝင် တခုခု၏ အကျယ်အဝန်းကို လျှော့ခြင်း (ဃ) ပြည်ထောင်စုအဖွဲ့ဝင် တခုခု၏ နယ်နိမိတ်များကို ပြောင်းလဲခြင်း
ထိုကဲ့သို့ သောသဘောတူညီချက်ရရှိပါက ပါလီမန် သည်လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်လျော် သည်ဟု ထင်မြင်ယူဆသော ထပ်ဖြည့်ပြဋ္ဌာန်းချက်၊ အကြောင်းသင့် ပြဋ္ဌာန်းချက်နှင့် နှိုင်းညှိ ပြဋ္ဌာန်း ချက်များကို ပြုနိုင်သည်။

အခန်း ၁၀ ခွဲထွက်နိုင်သော အခွင့်အရေး

၂၀၁ ဤအခြေခံဥပဒေဤသော်၎င်း ပုဒ်မ ၁၉၉ အရ ပါလီမန်ကပြုသော အက်ဥပဒေ၌သော်မင်း အခြား ပြဋ္ဌာန်းချက်များပြုထားခြင်းမရှိလျှင် အောက်၌ ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း ၌ အခွင့်အရေးရှိရမည်။

၂၀၂ ဤ အခြေခံဥပဒေအာဏာတည်သည့်နေ့မှ ဆယ်နှစ် အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံး မပြုရ။

၂၀၃ ခွဲထွက်နိုင်သောအခွင့်အရေးကို သုံးစွဲလိုသော ပြည်နယ်သည် ခွဲထွက်လိုကြောင်း အဆိုကို မိမိ၏ ပြည်နယ်ကောင်စီအတွက် တင်သွင်းအတည်ပြုရ မည်။ ပြည်နယ်ကောင်စီရှိ အမတ်စုစုပေါင်းအနက် သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များက ထိုအဆိုကို ထောက်ခံ၍ မဲပေးခြင်းမပြုလျှင် အတည်ပြုသည် ဟု မမှတ်ဘူရ။ သက်ဆိုင်ရာပြည်နယ်၏ ဥက္ကဋ္ဌသည် ပြည်နယ် ကောင်စီ၏ ဆုံးဖြတ်ခြင်းကို နိုင်ငံတော်သမ္မတအား အကြောင်းကြားရမည်။ ထို့ပြင် အတည်ပြုလိုက်သော ကောင်စီ၏ သဘာပတိက ဟုတ်မှတ်ကြောင်း လက်မှတ်ထိုးသော ဆုံးဖြတ်ချက် မိတ္တူတစောင်ကို နိုင်ငံတော်သမ္မတ ထံသို့ ပြည်နယ်ဥက္ကဋ္ဌက တင်ပြရမည်။

၂၀၄ ထိုအခါ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ ပြည်နယ်၏ လူထုဆန္ဒပွဲကို ကျင်းပစေရန် အမိန့် ထုတ်ရမည်။ လူထုဆန္ဒပွဲကို ကျင်းပခြင်းမှာ သက်ဆိုင်ရာပြည်နယ်ရှိ ပြည်သူတို့၏ ဆန္ဒအမှန်ကို သိရှိရန် ဖြစ်သည်။

၂၀၅ နိုင်ငံတော်သမ္မတသည် လူထုဆန္ဒပွဲကော်မရှင် တဖွဲ့ကို ခန့်ရမည်။ ထိုအဖွဲ့ဝင် ပြည်ထောင်စုနိုင်ငံမှ ၎င်း သက်ဆိုင်ရာပြည်နယ်မှ၎င်း ကိုယ်စားလှယ် ဦးရေအညီအမျှ ပါဝင်ရပါမည်။ ထိုအဖွဲ့သည် လူထု ဆန္ဒပွဲကို ကြီးကြပ်စီမံရန် ဖြစ်သည်။

၂၀၁၆ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဆိုပါ ခွဲထွက်နိုင်သော အခွင့်အရေးအသုံးပြုခြင်း နှင့်စပ်လျဉ်းသော ကိစ္စအားလုံးကို ဥပဒေဖြင့် စည်းမျဉ်းသတ်မှတ်ရမည်။

အခန်း ၁၁ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ခြင်း

၂၀၇ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်တခုခုကို ပြောင်းခြင်း ဖြင့်သော်၎င်း ဖြည့်ထည့်ခြင်းသော်၎င်း ရုပ်သိမ်းခြင်းသော်၎င်း အောက်၌ ဖော်ပြသတ်မှတ် ထားသော နည်းအတိုင်း ပြင်နိုင်သည်။

၂၀၈ ဤအခြေခံဥပဒေကို ပြင်ရန်တင်သွင်းသောအဆို ကို ဥပဒေကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်။ ထိုဥပဒေ ကြမ်းကို “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ရန် ဥပဒေကြမ်း”ဟူ၍ ဖော်ပြရမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ရန်အဆို တခုကိုသော်၎င်း အများသော်၎င်း ပါဝင်သောဥပဒေ ကြမ်းတွင် အခြားအဆိုများမပါရ။

၂၀၉ ထိုကဲ့သို့သော ဥပဒေကြမ်းကို ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၌ စတင် တင်သွင်းနိုင်သည်။ ထိုဥပဒေကြမ်းကို ပါလီမန်ဆိုင်ရာလွှတ်တော် အသီးသီးက အတည်ပြုပြီးနောက် လွှတ်တော် နှစ်ရပ်လုံးကပင် တွဲဖက်အစည်းအဝေး၌ စဉ်းစား ဆွေးနွေးရမည်။ လွှတ်တော်နှစ်ရပ်၏ လက်ရှိအမတ်များအနက် သုံးပုံနှစ်ပုံအောက်မလျော့သော အမတ်များက တွဲဖက်အစည်းအဝေးတွင် ထောက်ခံ၍ မဲပေးမှသာ လျှင် ထိုဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသည် ဟုမှတ်ယူရမည်။ ပြင်လိုသော ဥပဒေကြမ်းသည်- (က) တတိယဇယားရှိ ပြည်နယ်ဥပဒေပြုစာရင်းကို သော်၎င်း (ခ) စတုတ္ထဇယားရှိ ပြည်နယ်အခွန်တော်စာရင်းကို သော်၎င်း (ဂ) ပါလီမန်တွင် ပြည်နယ်အသီးသီးဆိုင်ရာ ကိုယ်စားလှယ်အမတ်ဖြစ်ရန် လိုအပ်သော အရည်အချင်းပျက်ယွင်းခြင်းမရှိစေရဟု ပုဒ်မ ၇၄ ပုဒ်မခွဲ (၁) အပိုဒ် (ဃ) အရ ကြေညာထားသော ပါလီမန်အက်ဥပ​ဒေကိုသော်၎င်း
လွှတ်တော်နှစ်ရပ်၏ တွဲဖက် အစည်းအဝေးသို့ တက်ရောက်မဲပေးသော သက်ဆိုင်ရာ ပြည်နယ်မှ သို့တည်းမဟုတ် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်အမတ်များ ရာက ထောက်ခံ၍ မဲပေးခြင်းပြုလျှင် လွှတ်တော် နှစ်ရပ်လုံး၏ တွဲဖက်အစည်းအဝေးတွင် အတည်ပြု ချက်ကို ရသည်ဟု မမှတ်ယူရ။
အခြေခံဥပဒေက ကရင်အမျိုးသားများအား သို့တည်းမဟုတ် ချင်းအမျိုးသားများအား ပေးအပ် ထားသော အခွင့်အရေးကို ယုတ်လျော့စေမည့် ဥပဒေကြမ်းသည် တွဲဖက်အစည်းအဝေးသို့ တက်ရောက်မဲပေးသော ကရင်အမျိုးသား ကိုယ်စားလှယ်များရာကဖြစ်စေ၊ ချင်းအမျိုးသား ကိုယ်စားလှယ်များရာကဖြစ်စေ၊ သက်ဆိုင်ရာက ထောက်ခံ၍မဲပေးခြင်းမပြုလျှင် လွှတ်တော်နှစ်ရပ် လုံး၏ တွဲဖက်အစည်းအဝေးတွင် အတည်ပြုချက် ကို ရသည်ဟု မမှတ်ယူရ။

၂၁၀ ဤအခန်းရှိ အထက်ကဖော်ပြခဲ့သော ပြဋ္ဌာန်းချက် များနှင့်အညီ ဥပဒေကြမ်းကို အတည်ပြုပြီးသော အခါ ထိုဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံသို့ တင်ပြရမည်။ နိုင်ငံတော်သမ္မတသည် ထိုဥပဒေကြမ်းကို ချက်ခြင်းလက်မှတ်ထိုး၍ ထုတ်ပြန်ကြေညာရမည်။

အခန်း ၁၂ ပြည်ထောင်ချင်းချင်းဆက်ဆံရေး

၂၁၁ ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်မက်ကိုနိုင်သော နိုင်ငံတော်ဝါဒ၏လက်နက်သဖွယ်အသုံးမပြု စွန့်ပယ်သည်။ ထို့ပြင် နိုင်ငံခြားနှင့်ဆက်ဆံရာ၌ ပြည်ထောင်အချင်းချင်း ဥပဒေ၏ သဘောတရား များကို ကျင့်စဉ်အဖြစ်ဖြင့် လိုက်နာလက်ခံသည်။

၂၁၂ ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်ထောင်ချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာ တို့စောင့်ရှောက်အပ်သော ကျင့်ဝတ်သိက္ခာတို့ကို အခြေခံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ပေါင်းဖက်ဆောင်ရွက်ရေးကို၎င်း ရှေ့ရှုမည်ဟူ၍ ခိုင်မြဲသော အဓိဌာန်ကိုပြုသည်။

၂၁၃ ပြည်ထောင်စုမြန်မာနိုင်ငံပါဝင်သော ပြည်ထောင် ချင်းချင်းသဘောတူညီချက်တိုင်းကို ပါလီမန်၌ တင်ပြရမည်။ သဘောတူညီချက်အတိုင်း အထမြောက်အောင် ဆောင်ရွက်ရေးအတွက် ဥပဒေပြုရန်လိုသော သို့တည်းမဟုတ် ဥပဒေပြုခြင်းကိုလိုရန် အကြောင်း ရှီသော ပြည်ထောင်ချင်းချင်း သဘောတူညီချက်ကို ပါလီမန်ကသဘောတူခဲ့သော် လက်ခံအတည်မပြုရ။ သဘောတူညီချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခွန်တော်မှ ကုန်ကျစရိတ်များပါဝင်နေသော ပြည်ထောင်ချင်းချင်းသဘောတူညီချက်ကို ပြည်သူ့ လွှတ်တော်က သဘောမတူခဲ့သော် လက်ခံအတည် မပြုရ။ ရှင်းလင်းချက် ဤပုဒ်မသည် လုပ်ငန်းဆောင်တာနည်းနာတို့နှင့် ဆိုင်သော သို့တည်းမဟုတ် စီရင်အုပ်ချုပ်မှုနှင့် သက်ဆိုင်သော အစိုးရအချင်းချင်းသဘောတူညီ ချက်များနှင့် မသက်ဆိုင်ရ။

၂၁၄ ပါလီမန်က ဆုံးဖြတ်ပြဋ္ဌာန်းခြင်းမပြုလျှင် မည်သည့် ပြည်ထောင်ချင်းချင်းသဘောတူညီချက် မျှ ထိုကဲ့သို့သဘောတူညီချက်အနေနှင့် ပြည်ထောင်စုနိုင်ငံ တရားဥပဒေ၏ တစိတ်တဒေသ မဖြစ်ရ။

အခန်း ၁၃ အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ

၂၁၅ နိုင်ငံတော် အလံ၏ ပုံမှာ ထောင့်မှန်စတုဂံပုံ ဖြစ်သည်။ အလံမှာ အနီရောင်ခံဖြစ်၍ လက်ဝဲဘက် အထက်ထောင့်၌ အပြာရင့်ရောင်အခန်းဖွင့်ပြီးလျှင် ထိုအပြာရင့်အခန်းအလယ်တွင် ရောင်ခြည်လက်ငါး ခုရှိသော ကြယ်ဖြူကြီးတပွင့် ထားရှိသည်။ ထိုကြယ်ဖြူ၏ ရောင်ခြည်လက်များအကြားတွင် ရောင်ခြည်လက်ငါးခုစီရှိသော ကြယ်ဖြူငါးခုကို တစ်ပွင့်စီသွင်းရံထားရမည်။ ကြယ်ဖြူကြီးနှင့်တကွ သွင်းရံထားသော ကြယ်ငယ်များ၏ ရောင်ခြည် လက်များအနက် တခုစီသည် အလံ၏ အထက်ဖက် သို့ မတ်မတ်ညွှန်လျက် တည်စေရမည်။ အလံတခုလုံး၏ အတိုင်းအတာမှာ အလျား ၉ပေ၊ အနံ ၅ပေ၊ အပြာရင့်အခန်းမှာ အလျား ၄ ပေ၊ အနံ ၆ လက္မ၊ ကြယ်ကြီးအတွက် ထောင့်စွန်းများကို ဆက်လက်၍ ဆွဲထားသော စက်ဝိုင်း၏ အချင်းမှာ ၁၈ လက္မဖြစ်သည်။ အလံ၏ အရွယ်မှာ ကြီးငယ် မတူ ထိုအချိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်။

၂၁၆ မြန်မာဘာသာသည် ရုံးသုံးဘာသာဖြစ်ရမည်။ သို့ရာတွင် အင်္ဂလိပ်သာသာကိုလည်း သုံးခွင့်ပြုနိုင် သည်။

၂၁၇ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစာမူနှစ်ခုထားရှိ ရမည်။ တခုမှာ မြန်မာဘာသာစာမူဖြစ်၍ အခြားတခုမှာ အင်္ဂလိပ်ဘာသာစာမူဖြစ်သည်။ ထိုစာမူ နှစ်ခုတွင် တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌက လက်မှတ်ထိုး၍ တရားလွှတ်တော်ချုပ်၏ အတွင်း ဝန်ရုံးတွင် မော်ကွန်းတင်ရမည်။ ထိုစာမူနှစ်ခုလုံးကို ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက် များအတွက် အပြီးအပြတ် သက်သေအရာ တည်စေရမည်။

၂၁၈ ပြည်ထောင်စုနိုင်ငံသည် သို့တည်းမဟုတ် ပြည်နယ် တို့သည် ပြည်သူသုံးလုပ်ငန်းဆောင်တာများကို လုပ်ကိုင်စေရန် လက်မှတ်ကို သို့တည်းမဟုတ် လိုင်စင်ကို သိုးတည်းမဟုတ် အခြားနည်းဖြင့် အာဏာလွှဲအပ်သော လုပ်ပိုင်ခွင့်ကို - (က) ပြည်ထောင်စုနိုင်ငံကသော်မင်း ဒေသန္တရအာဏာပိုင် ထံမှသော်၎င်း ကြီးကြပ်အုပ်ချုပ်သော အဖွဲ့အစည်း များကို သာပေးရမည်။ သို့တည်းမဟုတ် (ခ) ပြည်ထောင်စု နိုင်ငံသားတို့ကိုသာပေးရမည်။ သို့တည်းမဟုတ် (ဂ) ပြည်ထောင်စုနိုင်ငံမှသော်၎င်း ပြည်နယ်မှသော်၎င်း ဒေသန္တရအာဏာပိုင်ထံမှသော်၎င်း ပြည်ထောင်စု နိုင်ငံသားများထံမှသော်၎င်း ရာခိုင်နှုန်း ၆၀ အောက် မနည်းပါဝင်သော ငွေစာရင်းရှိ၍ ပြည်ထောင်စုနိုင်ငံ တွင် အာဏာတည်သော တရားဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ကုမ္ပဏီများကိုသာဖြစ်စေ ထိုကဲ့သို့သော အခြားအဖွဲ့အစည်းများကိုပေးရမည်။
သို့ရာတွင် ထိုကဲ့သို့လက်မှတ်ကို သို့တည်းမဟုတ် လိုင်စင်ကို သို့တည်းမဟုတ် အခြားနည်းဖြင့် အာဏာလွှဲအပ်သော လုပ်ပိုင်ခွင့်ကို ပြည်သူ့အကျိုး အတွက် လိုအပ်သောအခါ ပါလီမန်ကပြင်နိုင်ရမည်။ သို့တည်းမဟုတ် ပြောင်းနိုင်ရမည်။ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည် ဟူသော စည်းကမ်းများအရမှ တပါး မည်သူတဦးတယောက်သို့မျှ သို့တည်းမဟုတ် မည်သည့်အဖွဲ့အစည်းသို့မျှ သို့တည်းမဟုတ် မည်သည့်ကုမ္ပဏီသို့မျှ နှစ်ဆယ့် ငါးနှစ်ထက် ကျော်လွန်သောကာလအပိုင်းအခြား အတွက် မပေးရ။

၂၁၉ သစ်တောမြေ၊ သတ္တုမြေများ၊ သစ်တောများ၊ ရေ၊ တံငါလုပ်ငန်းအမျိုးမျိုးဆိုင်ရာဒေသများ၊ သတ္တုများ၊ ကျောက်မီးသွေး၊ ရေနံနှင့်အခြားတွင်း ထွက်ဆီများ၊ ဓါတ်အားထွက်မည့် ပင်ရင်းအခြေ အမြစ်များနှင့် အခြားသဘာဝ ပင်ရင်းအခြေအမြစ် များကို ပြည်ထောင်စုနိုင်ငံက လုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုရမည်။ သို့ရာတွင် ပြည်ထောင်စု နိုင်ငံ၏ အကျိုးစီးပွားအလို့ငှာ ပါလီမန်၏ အက်ဥပဒေအရ ပြဋ္ဌာန်းထားသော သီးခြား ခြွင်းချက်စည်းကမ်းများနှင့်မဆန့်ကျင်လျှင် ပြည်ထောင်စုနိုင်ငံသည် အထက်ပါတို့ကို လုပ်ကိုင် သုံးစွဲနိုင်သည် သို့တည်းမဟုတ် တိုးတက်အောင် ပြုနိုင်သော သို့တည်းမဟုတ် အသုံးချနိုင်သော အခွင့်အရေးကို ပြည်ထောင်စုနိုင်ငံသားများ အား ပေးနိုင်သည်။ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံ သားများထံမှ အနည်းဆုံးရာခိုင်နှုန်း ၆၀ မျှပါဝင် သည့် ငွေရင်းရှိသော ကုမ္ပဏီများသို့သော်၎င်း ထိုကဲ့သို့သော အဖွဲ့အစည်းများသို့သော်၎င်း ပေးနိုင်သည်။
ခြွင်းချက်။ ထို့ပြင်ပြည်သူ့အကျိုးအတွက် လိုအပ် သော အခါ အထက်ပါအခွင့်အရေးကို ပါလီမန်က ပြင်နိုင်ရမည်။ သို့တည်းမဟုတ် ပြောင်းနိုင်ရမည်။ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည်ဟူသော စည်းကမ်းချက်များအရ မှတပါး ထိုအခွင့်အရေးမျိုး ကို မပေးရ။
ဤအထက်၌ဖော်ပြခဲ့သော သဘာဝပင်ရင်းအခြေ အမြစ်များကို လုပ်ကိုင်သုံးစွဲခြင်း၊ တိုးတက်အောင် ပြုခြင်း၊ အသုံးချခြင်းတို့အတွက် လက်မှတ်ကို သော်၎င်း လိုင်စင်ကိုသော်၎င်း အခြားနည်းဖြင့် လွှဲအပ်သော လုပ်ပိုင်ခွင့်ကိုသော်၎င်း နှစ်ဆယ့်ငါး နှစ်ထက်ကျော်လွန်သော ကာလအပိုင်းအခြား အတွက် နောင်အခါတွင် မပေးရ။ သို့တည်းမဟုတ် နှစ်ဆယ့်ငါးနှစ်ထက် ကျော်လွန်သော နောက်ထပ် ကာလအပိုင်းအခြားအတွက် အသစ်လဲခွင့် မရှိစေရ။

၂၂၀ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှာ ပါလီမန်၏ အက်ဥပဒေကပြဋ္ဌာန်းထားသော သီးခြားခြွင်းချက် စည်းကမ်းများအရမှတပါး လုပ်ကိုင်သုံးစွဲစေရန်သော်၎င်း တိုးတက်အောင် ပြုစေရန်သော်၎င်း မည်သည့်လယ်ယာကိုင်းကျွန်း မြေကိုမျှ ပြည်ထောင်စုနိုင်ငံသားမဟုတ်သူများအား ပြည်ထောင်စုနိုင်ငံက မပေးရ။

၂၂၁ ပြည်ထောင်စုနိုင်ငံ ဝန်ထမ်းများ ခန့်ထားရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနိုင်ငံအစိုးရကို ကူညီရန် ၎င်း အရာထမ်းအမှုထမ်းဆိုင်ရာ စည်းကမ်းသေဝပ် မှုကိစ္စများတွင် အကြံပေးရန်၎င်း ပါလီမန်သည် တရားဥပဒေပြဋ္ဌာန်း၍ ရာထူးဝန်အဖွဲ့ကို ထားရှိ ရမည်။ ထိုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခြင်း ထိုအဖွဲ့၏ အာဏာနှင့် အလုပ်ဝတ္တရားများ ထို့ပြင်အဖွဲ့ဝင်တို့၏ ရာထူးအလုပ်ဆိုင်ရာ စည်းကမ်းချက်များကို ပါလီမန်၏ အက်ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။

အဓိပ္ပါယ်ပိုင်းခြားဖော်ပြချက်

၂၂၂ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်ကိုထောက်ထား ရန် မလိုလျှင် ဤအခြေခံဥပဒေ၌ပါရှိသော အောက်ပါစကားရပ်တို့သည် ဖော်ပြထားသော အဓိပ္ပာယ်ကိုဆောင်သည်။ ဆိုလိုရင်းမှာ- “မြန်မာပြည်”၊ “မြန်မာနိုင်ငံ”၊ “မြန်မာနိုင်ငံတော်” ဟူသောစကားရပ်တို့သည် ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုဥပဒေ ၌ ပါရှိသော အဓိပ္ပာယ်မျိုးကိုဆောင်သည်၊ “လက်ရှိတရားဥပဒေ’ ဟူသည်မှာ တရားဥပဒေ၊ တချက်လွှတ်ဥပဒေ၊ အမိန့်၊ စည်းကမ်းဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းဥပဒေတို့ကို ပြုနိုင်သော ဥပဒေပြုအဖွဲ့ကသော်၎င်း၊ ပုဂ္ဂိုလ်ကသော်၎င်း၊ ဤအခြေခံဥပဒေ အာဏာမတည်မီက ပြည်ထောင်စု မြန်မာနိုင်ငံရှိနယ်မြေများတွင် ပြုခဲ့သော တရား ဥပဒေ၊ တချက်လွှတ်ဥပဒေ၊ အမိန့်၊ စည်ကမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေတို့ကို ဆိုလိုသည်၊ “စော်ဘွား” သို့တည်းမဟုတ် “စောဖျာ” ဟူသည် မှာ အငြင်းပွားမှုပေါ်ပေါက်လာလျှင် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ ရိုက်ရာခံ စည်းကမ်းများနှင့်အညီ အသိအမှတ်ပြုသော ပုဂ္ဂိုလ် ကိုဆိုလိုသည်။ “ပြည်ထောင်စုအဖွဲ့ဝင်”ဟူသည်မှာ- (က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် အဖွဲ့ဝင်တခုခုအဖြစ် ဖြင့် ဖွဲ့စည်းပါဝင်သော ပြည်နယ်ကိုသော်၎င်း (ခ) ပြည်နယ်၏ တစိတ်တဒေသအဖြစ် မဖွဲ့စည်းမပါဝင် သော ပြည်ထောင်စုမြန်မာနိုင်ငံရှိ ကျန်နယ်မြေ အားလုံးကိုသော်၎င်း ဆိုလိုသည်။ အခန်း ၆၊ ၇၊ ၁၀၊ ၁၁၊ ၁၃ နှင့် တတိယဇယား ၊ စတုတ္ထဇယားများရှိ “ပြည်နယ်” ဟူသော စကားသည် ဆန့်ကျင်သော ရည်ရွယ်ချက်မပေါ် ပေါက်လျှင် ရှမ်းပြည်နယ်ကို သို့တည်းမဟုတ် ကချင်ပြည်နယ်ကို သို့တည်းမဟုတ် ကရင်နီပြည်နယ်ကို သို့တည်းမဟုတ် အခန်း ၉ အပိုင်း ၆ အရဖွဲ့စည်းသော ပြည်နယ်သစ်ကို ဆိုလိုသည်။ ဆန့်ကျင်သော ရည်ရွယ်ချက်မပေါ်ပေါက်လျှင် မြန်မာနိုင်ငံတော် ယေဘုယျစကားရပ်အက်ဥပဒေ ရှိ ပြဋ္ဌာန်းချက်များသည် ဤ အခြေခံဥပဒေကို အဓိပ္ပာယ်ကောက်ယူခြင်း ဤအခြေခံဥပဒေအာဏာ သက်ရောက်ခြင်းတို့နှင့် သက်ဆိုင်သည်။

အခန်း ၁၄ အကူးအပြောင်းကာလပြဋ္ဌာန်းချက်များ

၂၂၃ ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရဖြစ်စေ၊ အခြားနည်းအရဖြစ်စေ၊ ဗြိတိသျှဘုရင်မင်းမြတ် ထိုစဉ်အခါက စိုးပိုင်တော်မူ ခဲ့သည့် မြန်မာနိုင်ငံတော်အတွင်းရှိ နယ်ပယ်များကို စီရင်အုပ်ချုပ်ခြင်းနှင့်စပ်လျဉ်းသော သို့တည်းမဟုတ် သက်ဆိုင်သော ဗြိတိသျှဘုရင် မင်းမြတ်၌ ယခင်က တည်ရှိခဲ့သော အခွင့်အရေး၊ အခွင့်အာဏာ၊ စီရင်ပိုင်ခွင့်အာဏာ၊ ကိုယ်ပိုင် အခွင့်အာဏာအားလုံးနှင့်တကွ မြန်မာနိုင်ငံတော် အတွင်း အခြားမည်သည့် နယ်ပယ်တွင်မဆိုဖြစ်စေ၊ ထိုနယ်ပယ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ သဘောတူ စာချုပ်အရသော်၎င်း ပေးအပ်ခြင်းအရသော်၎င်း၊ ထုံးစီဓလေ့အရသော်၎င်း၊ လျစ်လျူရှုချက်အရသော် ၎င်း၊ အခြားနည်းအရသော်၎င်း၊ ဆောင်ရွက်တော်မူ ပိုင်သော အခွင့်အရေး၊ အခွင့်အာဏာ၊ စီရင်ပိုင်ခွင့် အာဏာ၊ ကိုယ်ပိုင်အခွင့်အာဏာအားလုံးတို့ကိုပါ ပြည်ထောင်စုမြန်မာနိုင်ငံက ပိုင်ဆိုင်သည်ဟု ကြေညာလိုက်သည်။
ခြွင်းချက် သို့ရာတွင် ဤအခြေခံဥပဒေအာဏာတည် အံ့ဆဲဆဲကာလက ဗြိတိသျှဘုရင်းမင်းမြတ်၌ တည်ရှိခဲ့သော ထို့ပြင် ဗြိုတိသျှမြန်မာနိုင်ငံအတွင်း ၌သော်၎င်း ဗြိတိသျှမြန်မာနိုင်ငံနှင့်စပ်လျဉ်း၍သော် ၎င်း ဆောင်ရွက်တော်မူပိုင်သော ကိုယ်ပိုင်အခွင့် အာဏာကို ပြည်ထောင်စုနိုင်ငံရှိ မည်သည့် အာဏာပိုင်ကမျှ ကိုယ်ပိုင်အခွင့်အာဏာအနေနှင့် မသုံးစွဲရ။

၂၂၄ ဤအခြေခံဥပဒေအာဏာတည်အံ့ဆဲဆဲကာလက မြန်မာနိုင်ငံတော်နှင့် ကရင်နီနယ်များ၏ စီရင်အုပ်ချုပ်ရေးကိစ္စအလို့ငှာ ဗြိတိသျှဘုရင် မင်းမြတ်၌ သို့တည်းမဟုတ် အခြားအာဏာပိုင် တခုခု၌ တည်ရှိခဲ့သော အခွင့်အရေးများ ပိုင်ဆိုင်သောပစ္စည်များနှင့် တောင်းဆိုရယူခွင့်များ သည် ဤအခြေခံဥပဒေ အာဏာတည်သည်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၌ တည်ရှိရမည်။
အထူးအားဖြင့် သစ်တော်အားလုံး၊ မြေအောက်ရှိ သတ္တုနှင့် အခြားပစ္စည်းများအားလုံး၊ ဓါတ်ဖက်ဝင် ဆေးဖက်ဝင်ရေစသော ရေများ၊ သဘာဝ အင်အား တိုး၏ ပင်ရင်းအခြေအမြစ်များ၊ သံလမ်းဖြင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းများ၊ စာပို့ဆောင်ရေးဆိုင်ရာပစ္စည်းများ၊ ကြေးနန်းမဲ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အသံလွှင့် လုပ်ငန်းဆိုင်ရာပစ္စည်းများသည် ဤအခြေခံ ဥပဒေ တည်သည်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပစ္စည်းများဖြစ်ရမည်။

၂၂၅ ပိဋိညာဉ်များနှင့်စပ်လျဉ်း၍သော်၎င်း တာဝန်များ နှင့်စပ်လျဉ်း၍သော်၎င်း အကယ်၍ ဤအခြေခံ ဥပဒေအတည်မဖြစ်ခဲ့သော် မြန်မာနိုင်ငံတော်အစိုး အား တရားစွဲနိုင်သော အခွင့်အရေးအရ၊ တရားစွဲရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရ အား တရားစွဲနိုင်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံအမည်ဖြင့် တရားစွဲနိုင် သည်။ ထိုနည်းတူပင် ပြည်ထာင်စုအစိုးရအား တရားစွဲနိုင်သည်။ အမှုသည်အဖြစ်ဖြင့် မြန်မာနိုင်ငံအစိုးရ ပါဝင်နေသော အမှုများသည် ဤအခြေခံဥပဒေ အာဏာတည်သောနေ့ရက်တွင် မပြီးမပြတ်ဖြစ်နေ သေးပါက ထိုအမှုများတွင် မြန်မာနိုင်ငံအစိုးရအစား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ပါဝင်သည်ဟု မှတ်ယူရမည်။

၂၂၆ လက်ရှိတရားဥပဒေများသည် ဤအခြေခံဥပဒေနှင့် မညီမညွတ်မဖြစ်သည်အထိ၎င်း၊ ဤအခြေခံဥပဒေ နှင့် မဆန့်ကျင်လျင်၎င်း၊ လက်ရှိတရားဥပဒေများ ကိုဖြစ်စေ တခုခုကိုဖြစ်စေ ဥပဒေပြုပိုင်ခွင့်ရှိသော ဥပဒေပြုအဖွဲ့က၎င်း ထိုကဲ့သို့သော အာဏာပိုင် ကသော်၎င်း မရုပ်သိမ်းသေးသမျှ သို့တည်းမဟုတ် မပြင်သေးသမျှ ဆက်လက်၍ အာဏာတည်စေ ရမည်။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်ကို လေးစား ထောက်ထား၍ နိုင်ငံတော်သမ္မတက လိုအပ်သည် ဟု ထင်မြင်သော၊ သင့်တင့်ဆီလျော်သည့် ပြုပြင် ချက်များပါဝင်သော လက်ရှိတရားဥပဒေတခုခုကို ပါလီမန်ကသော်၎င်း အခွင့်အာဏာရှိသော အခြားအာဏာပိုင်သော်၎င်း မရုပ်သိမ်းသေးသမျှ သို့တည်းမဟုတ် မပြင်သေးသမျှ နိုင်ငံတော်သမ္မတ၏ အမိန့်တွင် သီးခြားဖော်ပြထား သောနေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဟု နိုင်ငံတော်သမ္မတက အမိန့်ထုတ်၍ ပြဋ္ဌာန်းနိုင်သည်။

၂၂၇ ဤအခြေခံဥပဒေအာဏာတည်အံ့ဆဲဆဲ ကာလက မြနမာနိုင်ငံအစိုးရနှင့် သို့တည်းမဟုတ် မြန်မာနိုင်ငံ အစိုးရ ကိုယ်စား ဗြိတိသျှနိုင်ငံရှိ ဘုရင်မင်းမြတ်၏ အစိုးရနှင့် အခြားနိုင်ငံအကြီးအမှူး သို့တည်းမဟုတ် အစိုးရတို့ချုပ်ဆို အတည်ဖြစ်ခဲ့ သော စာချုပ်များမှသော်၎င်း၊ ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များကို အဆိုပါ အခြားနိုင်ငံကလည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို တုံ့ပြန်လေးစားပါက ပြည်ထောင်စုမြန်မာနိုင်ငံ ကလည်း တုံ့ပြန်လေးစာရမည်။

၂၂၈ ဤအခြေခံဥပဒေအာဏာတည်သည့်နေ့၌ တည်ရှိ နေသော တရားရုံးအားလုံးသည် ဤအခြေခံ ဥပဒေ နှင့်အညီ တရားဥပဒေဖြင့် တရားရုံးသစ်များကို မတည်ထောင်သမျှ ဆက်လက်၍ တရားစီရင်ပိုင်ခွင့် အာဏာများကို သုံးစွဲဆောင်ရွက်ရမည်။ အဆိုပါ တရားရုံးများတွင် မပြီးမပြတ်ဖြစနေသေးသော တရားမမှုများ၊ ရာဇဝတ်မှုများနှင့် အခွန်တော်မှုများ ကို ဤအခြေခံဥပဒေအာဏာမတည်သေးဘိသကဲ့ သို့ ပြီးပြတ်အောင် စီရင်ရမည်။

၂၂၉ ဤအခြေခံဥပဒေအာဏာတည်အံ့ဆဲဆဲကာလက မြန်မာနိုင်ငံတော်အစိုးရလက်အောက်တွင် အမှုထမ်း ခဲ့ကြသော အရာထမ်းအမှုထမ်းများသည် ပြည်ထောင်စုမြန်မာနိုင်ငံက အခြားပြဋ္ဌာန်းချက် မပြု သမျှ ဆက်လက်အမှုထမ်းရမည်။

၂၃၀ ကြိုတင်မသိမမြင်နိုင်သော အခက်အခဲများကို အထူးအားဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင် အုပ်ချုပ်မှုအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များမှ ဤအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များသို့ ကူးပြောင်း ရာတွင် ပေါ်ပေါက်လာသော အခက်အခဲများကို ဖယ်ရှားရန် နိုင်ငံတော်သမ္မတသည် မိမိ၏အမိန့်တွင် သီးခြားဖော်ပြထားသော ကာလ အပိုင်းအခြားအတွက် ပြောင်းခြင်းဖြစ်သော်၎င်း ပြုပြင်ထားသော ပြင်ဆင်ချက်များပါဝင်သည့် ဤအခြေခံဥပဒေသည် အကျိုးသက်ရောက်ရမည် ဟု နိုင်ငံတော်သမ္မတကအမိန့် ထုတ်၍ ပြဋ္ဌာန်း နိုင်သည်။ အခန်း ၆ အရ နည်းလမ်းကျစွာ ဖွဲ့စည်း သော ပါလီမန်၏ ပဌမအစည်းအဝေး ကျင်းပပြီးသည့် နောက် ဤပုဒ်မအရ ထိုကဲ့သို့သော အမိန့်ကို မထုတ်ရ၊ တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်းချက်များအရ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ အာဏာ များကို အသုံးပြုကာ ဤတိုင်းပြည်ပြုလွှတ်တော် က ဆုံးဖြတ်ချက်ချ၍ သဘောတူညီချက် မပေးလျှင် ထိုကဲ့သို့သော အမိန့်ကိုမထုတ်ရ။

၂၃၁ အခန်း ၆ အရ နည်းကျစွာ ဖွဲ့စည်းသောပါလီမန်၏ ပဌမ အစည်းအဝေးကိုကျင်းပသည့်တိုင်အောင် ဤတိုင်းပြည်ပြုလွှတ်တော်သည် ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ အာဏာအားလုံး၊ တာဝန် ဝတ္တရားအားလုံးနှင့် အခွင့်အရေးအားလုံးကို သုံးစွဲဆောင်ရွက်ခဲ့စားရမည်။ နိုင်ငံတော် ယာယီသမ္မတအဖြစ်ဖြင့် တိုင်းပြည်ပြု လွှတ်တော်က ရွေးကောက်တင်မြှောက်သော ပုဂ္ဂိုလ် သည် အခန်း ၅ အရ နိုင်ငံတော်သမ္မတကို နည်းလမ်းကျနစွာ ရွေးကောက်တင်မြှောက်သည့် တိုင်အောင် ပြည်ထောင်စုမြန်မာနိုင်ငံယာယီသမ္မတ ဖြစ်ရမည်။ ထို့ပြင် ထိုနိုင်ငံတော်ယာယီသမ္မတသည် ဤ အခြေခံဥပဒေက နိုင်ငံတော်သမ္မတအား အပ်နှင်းထားသော အာဏာအားလုံးနှင့် တာဝန် ဝတ္တရားအားလုံးကို သုံးစွဲဆောင်ရွက်ရမည်။
နိုင်ငံတော်ယာယီသမ္မတအဖြစ်ဖြင့် ထမ်းရွက်သော ကာလအပိုင်းအခြားကို ပုဒ်မ ၄၈ ရှိ ပုဒ်မခွဲ (၂) အရ ရာထူးသက်တမ်းကို တွက်စစ်ရာတွင် ထည့်သွင်း၍ မရေတွက်ရ။
ပြည်ထောင်စုယာယီအစိုးရ၏ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးချုပ်များအဖြစ်ဖြင့် တိုင်းပြည်ပြု လွှတ်တော်က ရွေးကောက်တင်မြှောက်သော ပုဂ္ဂိုလ် များသည် အခန်း ၅ အရ နည်းလမ်းကျနစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော် သမ္မတက ပုဒ်မ ၅၆ ရှိ ပြဋ္ဌာန်းချက်များနှင့်အညီ အခြားပုဂ္ဂိုလ်များကို ခန့်ထားသည့်တိုင်အောင် ပြည်ထောင်စု ယာယီအစိုးရ၏ ဝန်ကြီးချုပ်နှင့် အခြား ဝန်ကြီးများဖြစ်ရမည်။

၂၃၂ အခန်း ၆ အရ နည်းလမ်းကျနစွာ ဖွဲ့စည်းသော ပါလီမန်၏ ပဌမအစည်းအဝေးကို ကျင်းပသည့် တိုင်အောင် - (က) တိုင်းပြည်ပြုလွှတ်တော်ရှိ ပဒေသရာဇ်ရှမ်းပြည်နယ် စုဆိုင်ရာ ကိုယ်စားလှယ်အမတ် အားလုံးဖြင့် ရှမ်းပြည်နယ်ယာယီကောင်စီကို ဖွဲ့စည်းရမည်။ (ခ) တိုင်းပြည်ပြုလွှတ်တော်ရှိ မြစ်ကြီးနားနှင့်ဗန်းမော် ခရိုင် ကိုယ်စားလှယ်အမတ် အားလုံးဖြင့် ကချင်ပြည်နယ်ကောင်စီကို ဖွဲ့စည်းရမည်။ (ဂ) တိုင်းပြည်ပြုလွှတ်တော်ရှိ ကရင်အမျိုးသားဆိုင်ရာ ကိုယ်စားလှယ်အမတ် အားလုံးဖြင့် ကရင်ရေးရာ ကောင်စီကို ဖွဲ့စည်းရမည်။ (ဃ) တိုင်းပြည်ပြုလွှတ်တော်ရှိ ကရင်နီနယ်များဆိုင်ရာ ကိုယ်စားလှယ်အမတ် အားလုံးဖြင့် နိုင်ငံတော် ယာယီသမ္မတက ကရင်ပြည်နယ်မှ ရွေးချယ်ခန့် ထားသောနှစ်ဦးထက်မပိုသည့် အခြားပုဂ္ဂိုလ်ဖြင့် ၎င်း၊ ကရင်ပြည်နယ်ယာယီ ကောင်စီကို ဖွဲ့စည်းရမည်။ (င) တိုင်းပြည်ပြုလွှတ်တော်ရှိ ချင်းတောင်များခရိုင် နှင့် ရခိုင်တောင်တန်းနယ်ပယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံးဖြင့် ချင်းရေးရာ ကောင်စီကို ဖွဲ့စည်းရမည်။ ဆိုခဲ့သော ယာယီကောင်စီအသီးသီးသည် အခန်း ၉ အရ ဖွဲ့စည်းသော သက်ဆိုင်ရာ ကောင်စီအသီးသီး ၏ အာဏာအားလုံးနှင့် တာဝန်ဝတ္တရားအား သုံးစွဲဆောင်ရွက်ရမည်။

၂၃၃ ဤအခြေခံဥပဒေအရ ကျင်းပသော ပဌမ အမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာတည် သည်နေ့မှစ၍ ၁၈ လအတွင်းတွင် ကျင်းပရမည်။

၂၃၄ ဤအခြေခံဥပဒေသည် နိုင်ငံတော် ယာယီသမ္မတ ထုတ်ပြန်ကြေညာသောနေ့တွင် အာဏာ တည်ရမည်။ ထိုနေ့သည် မြန်မာသက္ကရာဇ် ၁၃၁၀၊ ကဆုန်လဆန်း ၈ ရက်နေ့ (ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ၊ ဧပြီလ ၁၅ ရက်နေ့) အောက် နောက် မကျစေရ။

ပဌမဇယား ကျမ်းသစ္စာဆိုချက် သိုတည်းမဟုတ် ကတိသစ္စာ ဆိုချက်ပုံစံ (ပုဒ်မ ၇၂ ကိုကြည့်။)

ကျွန်ုပ်. . . . . . . . သည် ပြည်သူ့လွတ်တော်/ လူမျိုးစုလွှတ်တော် အမတ်အဖြစ်ရွေးချယ်ခြင်း ခံရ ပြီးဖြစ်သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပ​ေုကို တည့်မတ်အောင် ထိမ်းသိမ်း၍ တရားဥပဒေများကိုစောင့်ရှောက်ပါ မည်။ ထို့ပြင် ယခုကျွန်ုပ်ဆောင်ရွက်မည်ဖြစ်သော တာဝန်ဝတ္တရားများကိုလည်း တည်ကြည်ဖြောင့် မတ် မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည် ကြည်စွာ ကျမ်းသစ္စာဆိုပါသည်။ (ကတိသစ္စာ ဆိုပါသည်)။

ဒုတိယဇယား လူမျိုးစုလွှတ်တော်ဖွဲ့စည်းပုံ (ပုဒ်မ ၈၇ ကို ကြည့်။)

လူမျိုးစုလွှတ်တော်အမတ်နေရာ ၁၂၅ နေရာ ရှိသည့်အနက် (က) နှစ်ဆယ့်ငါးနေရာကို ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊ (ခ) တဆယ့်နှစ်နေရာကို ကချင်ပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊ (ဂ) ရှစ်နေရာကို ချင်းဝိသေသတိုင်းမှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊ (ဃ) သုံးနေရာကို ကရင်နီပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊ (င) နှစ်ဆယ့်လေးနေရာကို ကရင်အမျိုးသားများ၏ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊ (စ) ငါးဆယ့်သုံးနေရာကို ပြည်ထောင်စု မြန်မာနိုင်ငံရှိ ကျန်နယ်မြေများမှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊

တတိယဇယား

စာရင်း ၁ ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်း (ပုဒ်မ ၉၂ (၁) ကိုကြည့်။)

ကာကွယ်ရေး။ ဆိုလိုရင်းမှာ ယေဘုယျအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံပြင်ဆင်ခြင်း၊ စစ်တွင်းကာလတွင် စစ်အောင်နိုင်ရေးနှင့် စစ်အပြီး တွင် စစ်တပ်များကို ထိရောက်စွာ ဖျက်သိမ်းနိုင်ရေး တို့အတွက် စီမံဆောင်ရွက်ခြင်းတို့ပါဝင်သော ပြည်ထောင်စုနိုင်ငံနှင့်တကွ ပြည်ထောင်စုနိုင်ငံ၏ ကာကွယ်ရေး ထို့ပြင် အထူးအားဖြင့် - ရေတပ်၊ ကုန်းတပ်၊ လေတပ်များဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ ထားရှိရေးနှင့် ကြီးကြပ်အုပ်ချုပ်ရေး များ၊ ပြည်ထောင်စုနိုင်ငံကို ကာကွယ်ရန်၎င်း၊ ထိုတပ်များကို အသုံးပြုရေး၊ ကာကွယ်ရေးဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများ ရေတပ်၊ ကုန်းတပ်၊ လေတပ်များနှင့်သက်ဆိုင်သော လုပ်ငန်းများ တပ်မြေဒေသများတွင် ဒေသန္တရကိုယ်ပိုင် အုပ်ချုပ် ရေး၊ ထိုဒေသများအတွင်း တပ်မြေအာဏာပိုင်များ ဖွဲ့စည်းရေးနှင့် အာဏာများအပ်နှင်းရေး၊ ထိုဒေသ များအတွင်း အိမ်နေရာထိုင်ခင်းစည်းမျဉ်းသတ်မှတ် ပေးရေးနှင့် ထိုဒေသများ၏ နယ်နိမိတ် သတ်မှတ် ရေးများ။ လက်နက်များ၊ အမြှောက်သေနတ်များ၊ ခဲယမ်းမီး ကျောက်များနှင့် ပေါက်ကွဲစေသည့် ဝတ္တုပစ္စည်းများ အနုမြူဓါတ်အားနှင့် ထိုဓါတ်အားဖြစ်ထွန်းလာစေ ရန် အရေးပါသော ဓါတ်သတ္တုပင်ရင်းအခြေ အမြစ် များ စစ်ဆင်ရေး

ပြည်ပရေးရာ
သံတမန်ဆိုင်ရာ၊ ကောင်စစ်ဝန်ဆိုင်ရာ၊ ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ခန့်ထားရေး ကမ္ဘာ့ကုလသမဂ္ဂ ပြည်ထောင်ချင်းချင်း ညီလာခံများ၊ အသင်းများနှင့် အခြားအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ရေးနှင့် ထိုညီလာခံအသင်းအဖွဲ့တို့၏ဆုံးဖြတ်ချက်များကို အထမြောက်စေရေး စစ်ကြေညာရေးနှင့် စစ်ပြေညိမ်းရေး အခြားနိုင်ငံများနှင့် စာချုပ်များသဘောတူညီချက် များကို ချုပ်ဆိုရေးနှင့် အထမြောက်စေရေး နိုင်ငံခြားများနှင့် ကူးသန်းရောင်းဝယ်ခြင်းကို စဉ်းမျဉ်း သတ်မှတ်ရေး နိုင်ငံခြားနှင့် ချေးငှားရေး နိုင်ငံသားများ၊ နိုင်ငံခြားသားများ၊ နိုင်ငံသားအဖြစ် ခံယူခြင်း၊ နိုင်ငံသားအဖြစ်ရပ်စဲခြင်း ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရာ နိုင်ငံသို့ ပေးအပ်ရန်နှင့် သက်ဆိုင်ရာနိုင်ငံမှ တောင်းဆိုရေး ၁၀ နိုင်ငံကူးလက်မှတ်များနှင့် ဗီဇာများ ၁၁ နိုင်ငံခြားစီရင်ပိုင်ခွင့်အာဏာ ၁၂ ပင်လယ်ရေကြောင်းစီရင်ပိုင်ခွင့်အာဏာ ၁၃ ပင်လယ်ဓားမြမှုများ၊ ပင်လယ်ပြင်၌၎င်း၊ ကောင်းကင်ယံ၌၎င်း၊ အပြည်ပြည်ဆိုင်ရာ တရား ဥပဒေများကို ကျူးလွန်သော ပြစ်မှုများ ၁၄ ပြည်ထောင်စုနိုင်ငံတွင်းသို့ ဝင်ခွင့်ပြုရေး၊ နိုင်ငံမှ ထွက်ခွင့်ပြုရေးနှင့် ပြည်နှင်ဒဏ်ပေးရေးများ ၁၅ နိုင်ငံတော်ပိုင် ပင်လယ်နယ်နိမိတ် ပြင်ပရှိ တံငါ လုပ်ငန်းအမျိုးမျိုး ၁၆ ပြည်ထောင်စုအစိုးရက သတ်မှန်ထားသော အခွန် အကောက် နယ်နိမိတ်များကိုဖြတ်သန်း၍ ယူဆောင် လာသော ဝင်ကုန်နှင့် ထွက်ကုန်

ဆက်သွယ်ရေး
သင်္ဘောဆိပ်ကမ်းများနှင့်တကွ ပြည်ထောင်စုအဖွဲ့ ဝင်တခုမှတခုသို့ ကူးစက်တက်သောရောဂါ ကာကွယ်ရေး (ကွာရန်တင်း)၊ သင်္ဘောသား ဆေးရုံ များနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ဆေးရုံများသို့ ထို့ပြင်ဆိပ်ကမ်းကွာရန်တင်း ဆိုင်ရာဆေးရုံများ လေကြောင်းခရီးလမ်းများ ပြည်ထောင်စုနိုင်ငံ၏ ကုန်းလမ်း၊ ရေလမ်းများဖြစ် သည်ဟု ပြည်ထောင်စုအစိုးရက ကြေညာထားသော ကုန်လမ်းရေလမ်းများ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုရေလမ်းများ ဖြစ်သည်ဟု ကြေညာထားသော ပြည်တွင်းရေလမ်း များတွင် စက်ဖြင့်ခုတ်မောင်းသည့် ရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး၊ ထို ရေ လမ်းများဆိုင်ရာ သွားလာမှုနည်းဥပဒေများ၊ ထိုရေ လမ်းများတွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး မီးရထားများ ရေတက် ရေကျရှိသော ရေလမ်းများတွင် သယ်ယူ ပို့ဆောင်ရေးနှင့် သွားလာရေးလည်းပါဝင်သော ပင်လယ်ခရီး သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေး ဆိပ်ကမ်းကြီးများ ဆိုလိုရင်းမှာ ထိုဆိပ်ကမ်းကြီးများ ကြေညာရေးနှင့် နယ်နိမိတ် သတ်မှတ်ရေး ထို့ပြင် ဆိပ်ကမ်းဆိုင်ရာ အာဏာပိုင် များဖွဲ့စည်းရေးနှင့် ထိုအာဏာပိုင်တို့၏ အာဏာများ လေယာဉ်ပျံများ၊ လေကြောင်းခရီးသွားလာရေး၊ လေယာဉ်ပျံကွင်းများစီမံထားရှိရေး၊ လေကြောင်း ခရီးသွားလာမှုနှင့် လေယာဉ်ပျံကွင်းများအတွက် စည်မျဉ်းပြဋ္ဌာန်းခြင်းနှင့် ဖွဲ့စည်းရေးများ ပင်လယ်ရေကြောင်းဖြစ်စေ၊ လေကြောင်းဖြင့်ဖြစ်စေ ခရီးသည်များနှင့် ကုန်စည်ပို့ဆောင်ရေး ၁၀ လှေ၊ သင်္ဘောနှင့် လေယာဉ်ပျံများဘေးရန်ကင်းရေး အတွက် မီးပြသင်္ဘောများ၊ မီးပြအထိမ်းအမှတ်များ နှင့် အခြားစီမံချက်များပါဝင်သော မီးပြတိုက်များ ၁၁ စာပို့ဆောင်ရေးနှင့် ကြေးနန်းဆက်သွယ်ရေး၊ စကားပြောကြေးနန်းဆက်သွယ်ရေး၊ ဝိုင်ယာလက်၊ အသံလွှင့်ရေးနှင့်အခြားအလားတူ ဆက်သွယ်ရေးများ

ဘဏ္ဍာရေး
ပြည်ထောင်စုမြန်မာနိုင်ငံကို အခြေပြု၍ ငွေချေး ယူခြင်း နိုင်ငံခြားသို့ ပို့သော ထွက်ကုန်များအပေါ်တွင် စည်းကြပ်သော အကောက်တော်လည်း ပါဝင်သည့် အကောက်တော်များ နိုင်ငံဖြစ် ပစ္စည်းခွန်များ၊ ထိုအခွန်များတွင် ပြည်နယ်ဥပဒေပြုစာရင်း၌ ရေတွက်ဖော်ပြထား သော အကောက်အခွန်များမပါ သို့ရာတွင် လျှပ်စစ် ဓါတ်အားရအောင် ပြုခြင်း၊ သုံးစွဲခြင်းတို့ပေါ်တွင် စည်းကြပ်သောအခွန်များ ကုန်စည်ရောင်းဝယ်ခြင်းတို့အပေါ်တွင် စည်းကြပ် သော အခွန်များ ကုမ္ပဏီများအပေါ်တွင် စည်းကြပ်သော အခွန်များ အမြတ်တော်ခွန်များ တဦးတယောက်ပိုင်ပစ္စည်များ၏ သို့တည်းမဟုတ် ကုမ္ပဏီပိုင်ပစ္စည်းများ၏ တန်ဘိုးအပေါ်တွင် စည်းကြပ်သော အခွန်များ ကုမ္ပဏီ၏ ငွေရင်းအပေါ်တွင် စည်းကြပ်သော အခွန်များ ကွယ်လွန်သူပိုင် ပစ္စည်းများအပေါ်တွင် စည်းကြပ် သော အခွန်နှင့် ပစ္စည်းဆက်ခံခွန်များ ၁၀ အမြတ်ကြီးခွန် ၁၁ ငွေစုဘဏ် ၁၂ ငွေလွှဲစာချုပ်များ ချက်လက်မှတ်များ အောင်ဒီမန်စာချုပ်များနှင့် အခြားစာချုပ်များ အပေါ်တွင် စည်းကြပ်သော တံဆိပ်တော်ခွန်များ ၁၃ မီးရထားဖြင့်၎င်း၊ ပင်လယ်ရေကြောင်းခရီးဖြင့်၎င်း၊ လေကြောင်းခရီးဖြင့်၎င်း၊ သွားလာသယ်ယူ ပို့ဆောင်သောခရီးသည်နှင့် ကုန်ပစ္စည်းများအပေါ် တွင်စည်းကြပ်သော ခရီးခွန်များ ၁၄ မီးရထားလူစီးခနှင့် ကုန်တင်ခအပေါ်တွင် စည်းကြပ်သော အခွန်များ ၁၅ ဤစာရင်းရှိ ကိစ္စတခုခုနှင့် စပ်လျဉ်း၍ ရရှိသော အခွန်များ သို့ရာတွင် တရားလွှတ်တော်၏ လက်အောက်ခံ တရားရုံးများ၌ ကောက်ခံ ရရှိသော အခွန်များ မပါဝင်ချေ။

အရပ်ရပ်ဆိုင်ရာ
သီးသန့်ဘဏ်၊ ဘဏ်ဖွဲ့စည်းရေးနှင့် ငွေစက္ကူ ထုတ်ရေးတို့ ပါဝင်သော ဘဏ်လုပ်ငန်း ငွေစက္ကူ၊ ဒင်္ဂါးသွန်းခပ်ရေးနှင့် တရားဝင်ငွေ ပြည်ထောင်စုနိုင်ငံကိစ္စများအတွက် စုံစမ်းခြင်း၊ စစ်ဆေး ကြည့်ရှုခြင်းနှင့် စစ်တမ်းကောက်ယူခြင်း ပြည်ထောင်စုနိုင်ငံကိစ္စများအတွက် ပစ္စည်းရယူရေး ပြည်ထောင်စုတနိုင်ငံလုံးအတွက် အရေးပါ အရာ ရောက်သည်ဟု ပြည်ထောင်စုတရားဥပဒေက ပြဋ္ဌာန်းသော ပြတိုက်၊ စာကြည့်တိုက်နှင့် အခြား အလားတူအဖွဲ့အစည်းများ အောက်ပါကိစ္စရပ်များ အတွက် ပြည်ထောင်စုနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် အဖွဲ့အစည်းများ၊ ဆိုလိုရင်းမှာ သုတေသနပြုရေး၊ သက်မွေးမှုပညာနှင့် စက်မှုလက်မှုပညာသင်ကြား ရေး သို့တည်းမဟုတ် အထူးပညာရပ်များ သင်ကြားရေးကို အားပေးချီးမြှင့်ရန် ဖြစ်သည်။ သန်းခေါ်စာရင်း ပြည်ထောင်စုနိုင်ငံဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်မဆန့်ကျင်စေဘဲ ပါလီမန်သို့ အမတ်ရွေးကောက်တင်မြှောက်ခြင်း ၁၀ ပြည်ထောင်စုနိုင်ငံတော်သမ္မတ၏ လစာနှင့် စရိတ်ကြေးငွေများ၊ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ လစာနှင့်စရိတ် ကြေးငွေများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့၏ လစာများ၊ လူမျိုးစုလွှတ်တော် နာယက နှင့် ဒုတိယနာယကတို့၏ လစာများ၊ ပါလီမန်အမတ်များ၏ လစာစရိတ်နှင့် အခွင့်အရေး များ ၁၁ ပြည်ထောင်စုနိုင်ငံအပေါ်၌တင်ရှိသော ကြွေးမြီ ၁၂ ရာဇဝတ်ဥပဒေနှင့် ကျင့်ထုံး ၁၃ တရားဥပဒေနှင့်ကျင့်ထုံး၊ အထူးအားဖြင့် ထိုဥပဒေနှင့်ကျင့်ထုံးတို့တွင် ကလေးသူငယ်များနှင့် အရွယ်မရောက်သေးသူများ၊ မွေးစားခြင်း၊ ပစ္စည်း လွှဲပြောင်းရေး၊ ယုံပုံလွှဲအပ်ထားသဖြင့် စီမံပိုင်ခွင့် ရှိသူများနှင့် ထိုသို့ လွှဲအပ်ထားရေး၊ ပဋိညာည်များ၊ အနုညာတစီရင်ဆုံးဖြတ်ရေး၊ လူမွဲစာရင်းခံရေး၊ တရားစွဲဆိုပိုင်ခွင့်ရှိသော နစ်နာချက်များ၊ ရူးသွပ် ခြင်းတို့နှင့် စပ်လျဉ်းသော တရားဥပဒေများ ပါဝင်သည်။ ၁၄ သက်သေခံဥပဒေ ၁၅ ရှေ့နေလိုက်ခြင်း၊ ဆေးကုသခြင်း၊ အခြားအတတ် ပညာများဖြင့် အသက်မွေးခြင်း ၁၆ သတင်းစာများ၊ စာအုပ်များနှင့် စာပုံနှိပ်စက်များ ၁၇ အဆိပ်များနှင့်ဘေးအန္တရာယ်ဖြစ်စေတတ်သော ဆေးများ ၁၈ စက်ဖြင့်ခုတ်မောင်းသော ယာဉ်များ ၁၉ ကုန်စည်လုပ်ကိုင်သောရုံများ ၂၀ အလုပ်သမားများအကျိုးတိုးပွားရေး၊ အလုပ်သမား တို့၏ အခြေအနေ၊ အလုပ်ရှင်များ၏ တာဝန်ဝတ္တ ရားနှင့် အလုပ်သမားလျော်ကြေး၊ ကျန်းမာရေး အာမခံစနစ်၊ အိုမင်းမစွမ်း ပင်စင်များ ၂၁ အလုပ်လက်မဲ့အာမခံစနစ်များ ၂၂ အလုပ်သမားအစည်းအရုံးများ၊ စက်မှုလက်မှုဆိုင်ရာနှင့် အလုပ်သမားဆိုင်ရာ ပဋိပက္ခမှုများ ၂၃ လျှပ်စစ်ဓါတ် ၂၄ အာမခံစနစ် ၂၅ ကုမ္ပဏီဥပဒေ ၂၆ ချက်လက်မှတ်များ၊ ငွေလွှဲစာချုပ်များ၊ အော်ဒီမင် စာချုပ်များနှင့် အခြားအလားတူ စာချုပ်များ ၂၇ စာမူပိုင်၊ အသစ်ထွင်ခြင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ ကုန်အမှတ်တံဆိပ်များ၊ ကုန်တံဆိပ်များ၊ ကုန်ပုံစံများ ၂၈ စီမံကိန်းပြုခြင်း ၂၉ မြေရှင်နှင့် သီးစားတို့ဆက်ဆံရေး၊ မြေငှားခ တောင်းခံရေးတို့ ပါဝင်သောမြေယာပိုင်ခွင့်စနစ် စည်းမျဉ်းသတ်မှတ်ရေး၊ မြေယာလွှဲပြောင်းခြင်း၊ မြေယာစွန့်လွှတ်ခြင်း၊ မြေယာဆက်ခံစေခြင်းများ ၃၀ ရှေးဟောင်းနှင့်ရာဇဝင် အထိမ်းအမှတ်များ၊ ရှေးဟောင်းကျောက်စာတည်နေရာများနှင့် ရှေးဟောင်းအကြွင်းအကျန်များ ၃၁ အလေးတင်းတောင်းစသည်တို့ကို စံပြုခြင်း ၃၂ ဘိန်း၊ သို့ရာတွင်ဘိန်းအပေါ်၌ ကောက်ခံသော ယစ်မျိုးခွန်များမပါ ၃၃ ရေနံနှင့် ပြည်ထောင်စုတရားဥပဒေ ဘေးအန္တရာယ် ဖြစ်လောက် အောင်လောင်ကျွမ်းစေတတ်သည်ဟု သတ်မှတ်ထားသော အခြားအရည်အခဲ အစရှိသည် များ ၃၄ ပြည်ထောင်စုတရားဥပဒေက ပြည်ထောင်စုအစိုးရ ၏ ကြီးကြပ်အုပ်ချုပ်ခြင်းဖြင့် ပြည်သူ့အကျိုးငှာ သင့်လျော်သည်ဟု ပြဋ္ဌာန်းထားသော စက်မှုလက်မှု လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရေး ၃၅ သမဝါယမအသင်းများ ၃၆ သစ်တောများ၊ သတ္တုတွင်းများ၊ ရေနံမြေများကို သတ်မှတ်ရေး၊ သတ္တုတွင်းများကို တူးဖော်၍ တိုးတက်အောင်ပြုရေး၊ (သတ္တုတွင်းများနှင့် ရေနံ မြေများ သတ်မှတ်ရေးကိစ္စတွင် အလုပ်သမား အရေးနှင့် အလုပ်သမားဘေးကင်းရေးတို့ ပါဝင်သည်)။ ၃၇ ပြည်ထောင်စုနိုင်ငံအတွင်းတွင်ရွှေ့ပြောင်းနေထိုင် ရေး ၃၈ ဤစာရင်းတွင်ရေတွက်ဖော်ပြထားသော ကိစ္စများနှင့်စပ်လျဉ်း၍ ရုံးအားလုံး၏ စီရင်ပိုင်ခွင့် အာဏာနှင့် အာဏာများ ၃၉ ဤစာရင်းရှိကိစ္စများနှင့်စပ်လျဉ်း၍ တရားဥပဒေ များကို ကျူးလွန်သောပြစ်မှုများ ၄၀ စာရင်း ၂ တွင် ရေတွက်ဖော်ပြထားခြင်းမရှိသော အခြားကိစ္စများ

စာရင်း ၂ ပြည်နယ်ဥပဒေပြုစာရင်း (ပုဒ်မ ၉၂ (၂) ကိုကြည့်)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ
ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိပြဋ္ဌာန်းချက် များနှင့်မဆန့်ကျင်စေဘဲ ပြည်နယ်၏ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေပြုခြင်း ပြည်နယ်ဝန်ထမ်းများအဖွဲ့များနှင့် ပြည်နယ်ရာထူး ဝန်အဖွဲ့ ပြည်နယ် ပင်စင်များ ဆိုလိုရင်းမှာ ပြည်နယ်က ပေးရမည်ဖြစ်သော သို့တည်းမဟုတ် ပြည်နယ်အခွန် ဘဏ္ဍာတော်များမှ ပေးရမည်ဖြစ်သော ပင်စင်များ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ လစာများ ပြည်နယ် ကောင်စီ သဘာပတိ၏ လစာများ၊ ပြည်နယ် ကောင်စီအမတ်များ၏ လစာစရိတ်နှင့် အခွင့်အရေး များ။

စီးပွားရေးကိစ္စများ
လယ်ယာစိုက်ပျိုးရေး၊ ကျွဲနွားတိရိစ္ဆာန်ထောင်များ နှင့် ကျွဲနွားတိရိစ္ဆာန်ကျော်နင်းဝင်ရောက်မှု တားဆီး ရေး။ ပြည်နယ်အတွင်းရှိ တံငါလုပ်ငန်းများ မြေယာ၊ မြေခွန်တော်၊ မြေယာတိုးတက် ကောင်းမွန် ရေးနှင့်လယ်ယာအမတော်ကြေးများ စုပေါင်း၍ နေရာအသစ်တည်ခြင်း၊ ကြွေးမြီအပေါင်အနှံမကင်း သော မြေယာပစ္စည်းအဆောက်အအုံများနှင့် ဝရမ်း အတပ်ခံရသော မြေယာ ပစ္စည်းအဆောက်အအုံများ ရတနာသိုက်များ။ ပြည်နယ်သို့ အပ်နှင်းထားသော သို့တည်းမဟုတ် ပြည်နယ်၏ လက်ရှိဖြစ်သော လုပ်ငန်းများမြေများ နှင့်အဆောက်အအုံများ။ စျေးများနှင့် ပွဲစျေးများ ရေ၊ ဆိုလိုရင်းမှာ ရေပေးသွင်းခြင်း၊ ဆည်မြောင်းများ၊ တူးမြောင်းများ၊ ရေလွှတ်မြောင်း များနှင့် ရေကာတာများ၊ ရေလှောင်ကန်များ သို့ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်တနယ်မှ တနယ်သို့ ဖြတ်သန်းစီးဆင်းလျှက်ရှိသော မြစ်များနှင့် ရေ ကြောင်းများ မပါချေ။ လူခွန်နှင့် သဿမေဓအခွန်တော် ပြည်နယ်အတွင်းတွင် လုပ်ကိုင်သော သို့တည်းမဟုတ်ထွက်သော အောက်ဖော်ပြပါ ကုန်ပစ္စည်းများအပေါ်တွင် စည်းကြပ်သော နိုင်ငံဖြစ် ပစ္စည်း အကောင်အခွန်များနှင့် ပြည်ထောင်စုနိုင်ငံအတွင်းရှိ အခြား ဒေသများတွင် လုပ်ကိုင်သော သို့တည်းမဟုတ် ထွက်သောအလား တူ ကုန်ပစ္စည်းများ အပေါ်တွင် စည်းကြပ်သည့် နှိုင်းညှိအကောက်အခွန်များ။ (က) ဘိန်း (ခ) ဆေးခြောက်၊ မှုးယစ်ထုံထိုင်းစေတတ်သောဆေး များ၊ မမှုးမယစ်ထံထိုင်းစေတတ်သောဆေးများ (ဂ) အရက်ပျံပါသော သို့တည်းမဟုတ် အထက်ပါ (ခ) နှင့် (ဂ)တွင်ဖော်ပြထားသော အရာဝတ္တုများ ပါဝင် သည့် ဆေးများနှင့် လသုံးကုန်များ (ဃ) သောက်သုံးသော သေရေ သေရက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင် များ အပေါ်တွင်စည်းကျပ်သော အခွန်များ ၁၀ တိရိစ္ဆာန်များနှင့် ရေယာဉ်များအပေါ်တွင် စည်းကြပ်သောအခွန်းများ ၁၁ ပွဲလမ်းသဘင်ပျော်ရွှင်မှုများနှင့် လောင်းတမ်း ကစားခြင်းများ အပေါ်တွင် စည်းကြပ်သော အခွန်များ ၁၂ ကင်းခွန်များ (အကောက်များ)

လုံခြုံရေး
ပြည်သူ့ငြိမ်ဝပ်ပိပြားရေး (သို့ရာတွင် ပြည်ထောင်စု နိုင်ငံ၏ ကုန်းတပ်၊ ရေတပ်၊ လေတပ်တို့ကို အသုံး ပြုခြင်းမပါချေ)။ ကျေးရွာရာဇဝတ်အမှုထမ်းအဖွဲ့ပါဝင်သော ရာဇဝတ် အမှုထမ်းအဖွဲ့ပါဝင်သော ရာဇဝတ်အမှုထမ်းအဖွဲ့။ တရားစီရင်ခြင်း၊ တရားလွှတ်တော်၏ လက်အောက်ခံရုံးများ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ထိုရုံး များက ရရှိသော အခခွန်များ၊ ပြည်သူ့ငြိမ်ဝပ်ပိပြား ရေးအတွက် ကာကွယ်သောသဘောဖြင့် ချုပ်နှောင် ထားခြင်း၊ ထိုသို့ချုပ်နှောင်ခြင်းခံရသူများ။ ဤစာရင်းတွင်ဖော်ပြထားသော ကိစ္စတခုခုနှင့် စပ်လျဉ်း၍ တရားလွှတ်တော်လက်အောက်ခံရုံး များ၏ စီရင်ပိုင်ခွင့် အာဏာနှင့် အာဏာများ အကျဉ်းထောင်များ၊ ထိုအကျဉ်းထောင်များတွင် အကျဉ်းခံနေရသောသူများ၊ အကျဉ်းထောင်များနှင့် အလားတူ ဌာနများကို အသုံးပြုနိုင်ရန် အခြား ပြည်နယ်များနှင့် စီစဉ်ခြင်း ဤစာရင်းတွင်ဖော်ပြထားသည့် ကိစ္စတခုခုနှင့်စပ် လျဉ်း၍ တရားဥပဒေများကို ကျူးလွန်သော ပြစ်မှုများ

ဆက်သွယ်ရေး
ပြည်နယ်၏ နယ်နိမိတ်ကိုမကျော်လွန်သောလမ်း များ၊ တံတားများ၊ ကူးတို့များနှင့် အခြားဆက်သွယ် ရေးများ။ မြူနီစီပယ် ဓါတ်ရထားများ၊ ကြိုးလမ်းများ ပြည်တွင်းရေလမ်းများနှင့် ထိုရေလမ်းများတွင် သွားလာသယ်ယူပို့ဆောင်ရေး မီးရထားမှတပါး ပြည်နယ်အတွင်းတွင်လုပ်ဆောင် နိုင်သော ဒေသန္တရလုပ်ငန်းများ။ ထိုလုပ်ငန်းများ သည် ပြည်နယ်ကောင်စီနှင့် စီစဉ်ခြင်းသော်၎င်း အခြားနည်းသော၎င်းပြုကာ မည်သည့်လုပ်ငန်းကို မဆို ပြည်ထောင်စုတနိုင်ငံလုံးအတွက် အရေးပါ အရာရောက်သော လုပ်ငန်းဟူ၍ ကြေညာနိုင်၍ ထိုလုပ်ငန်းလုပ်ဆောင်ရေးအတွက် စီမံနိုင်သော ပါလီမန်၏ အာဏာနှင့် မဆန့်ကျင်စေရ

ပညာရေး
ပညာသင်ကြားရေး(ဤအခြေခံဥပဒေ အာဏာ တည်သည်မှစ၍ ဆယ်နှစ်ဖြစ်သောကာလ အပိုင်းအခြား ကုန်လွန်ပြီးနောက် ပါလီမန်က အခြား ပြဋ္ဌာန်းချက်မပြုလျှင်၎င်း တက္ကသိုလ်ပညာ၊ အထက်တန်းပညာ စက်မှုလက်မှုပညာနှင့် အထက် တန်းသက်မွေးမှုပညာတို့မပါချေ)။ ပြည်နယ်ကကြီးကြပ်အုပ်ချုပ်သော သို့တည်းမဟုတ် ငွေထောက်ပံ့သော ပညာရေးဆိုင် ရာ အဖွဲ့အစည်းများ ပြည်နယ်ကကြီးကြပ်အုပ်ချုပ်သော သို့တည်းမဟုတ် ငွေထောက်ပံ့သော စာကြည့်တိုက် များ၊ ပြတိုက်များနှင့်အလားတူ အဖွဲ့အစည်းများ ဇာတ်ရုံများ၊ ကပွဲသဘင်များ၊ ရုပ်ရှင်များ သို့ရာတွင် ပြသရန်ဖြစ်သော ရုပ်ရှင်ကားပညာရေးအတွက် အမိန့်ပေးခြင်းမပါချေ။

ပြည်သူ့ကျန်းမာရေး
ပြည်သူ့ကျန်းမာရေးနှင့် သန့်ရှင်းစင်ကျယ်ရေး ဆေးရုံများ၊ ဒုက္ခိတရုံများ၊ ဆေးပေးရုံများ တည်ထောင်ရေး၊ ထားရှိရေးနှင့်စီမံအုပ်ချုပ်ရေး မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို မှတ်ပုံတင်ခြင်း မြေမြှုပ်သင်္ဂြုလ်ခြင်းနှင့် သင်္ချိုင်းမြေများ

ဒေသန္တရအုပ်ချုပ်ရေး
ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် သို့တည်း မဟုတ် ကျေးရွာအုပ်ချုပ်ရေးအတွက် မြူနီစီပယ် များနှင့် အခြားဒေသန္တရအာဏာပိုင်များ ကုသိုလ်ဖြစ်အဖွဲ့အစည်းများ

အရပ်ရပ်ဆိုင်ရာများ
လူဆင်းရဲများကယ်ဆယ်ထောက်ပံ့ရေး ဤစာရင်းတွင်ဖော်ပြထားသည့် ကိစ္စများနှင့် စပ်လျဉ်း၍ စုံစမ်းခြင်း၊ စစ်တမ်းယူခြင်း နိုင်ငံတော်သမ္မတ၏ထင်မြင်ချက်တွင် ဒေသန္တရ သဘောမျှသာသက်ဝင်သည်ဟူ၍သော်၎င်း၊ ပြည်နယ်အတွင်းရေးရာသဘောမျှသာ သက်ဝင် သည်ဟူ၍သော်၎င်း ယူဆခြင်းခံရသော ကိစ္စများ

စတုတ္ထဇယား ပြည်နယ်အခွန်တော်စာရင်း (ပုဒ်မ ၉၆ ကိုကြည့်။)

မြေခွန်တော်
(က) မြေခွန်တော်သက်သက် (ခ) တံငါလုပ်ငန်းများဆိုင်ရာငှားခများနှင့်အခခွန်များ (ဂ) ရေနံအပေါ်တွင် စည်းကြပ်သောအခွန် (ဃ) တွင်းထွက်ပစ္စည်းများအပေါ်၌ စည်းကြပ်သော အခွန်နှင့် တွင်းထွက်ပစ္စည်းပိုင်ဆိုင်ခွင့်များအပေါ် စည်းကြပ်သောအခွန်များ (င) ကြက်ပေါင်စေးအပေါ်တွင်စည်းကြပ်သော အခွန်များ (စ) လူခွန်နှင့်သဿမေတအခွန်တော်များ

ပြည်နယ်အတွင်းတွင်လုပ်ကိုင်သော သို့တည်းမဟုတ် ထွက်သော အောက်ဖော်ပြပါ ကုန်ပစ္စည်းများအပေါ်တွင် ကောက်ခံသည့် နိုင်ငံဖြစ် ပစ္စည်းအကောက်အခွန်များနှင့် ပြည်ထောင်စုနိုင်ငံအတွင်းရှိ အခြားဒေသများတွင် လုပ်ကိုင်သော သို့တည်းမဟုတ် အလားတူကုန် ပစ္စည်းများအပေါ်တွင် စည်းကြပ်သည့် နှိုင်းညှိ အကောက်အခွန်များ
(က) သောက်သုံးသောသေရည်သေရက် (ခ) ဘိန်း (ဂ) ဆေးခြောက်၊ မူးယစ်ထုံးထိုင်းစေတတ်သောဆေး များ၊ မမှုးမယစ် မထုံမထိုင်းစေတတ်သောဆေးများ (ဃ) အရက်ပျံပါသော သို့တည်းမဟုတ် အထက်ပါ (ခ) နှင့် (ဂ) တွင်ဖော်ပြထားသည့် အရာဝတ္တုများပါဝင် သည့် ဆေးများ၊ လှသန့်ကုန်များ

တရားလွှတ်တော်၏ လက်အောက်ခံ တရားရုံး များ၌ ကောက်ခံရရှိသော အခခွန်များ

သစ်တော်များ

မှတ်ပုံတင်ခြင်း

ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင် များအပေါ်တွင် စည်းကြပ်သောအခွန်များ

တိရိစ္ဆာန်များနှင့် ရေယာဉ်များအပေါ်တွင် စည်းကြပ်သောအခွန်များ

ပွဲလမ်းသဘင်ပျော်ရွှင်မှုများ၊ လောင်းတမ်းကစား ခြင်းများအပေါ်တွင် စည်းကြပ်သော အခွန်တော်များ

ပြည်နယ်မော်တော်ယာဉ်ခွန် အက်ဥပဒေများအရ စည်းကြပ်သောအခွန်များ

၁၀ ဆည်မြောင်းဌာနမှ ကောက်ခံရရှိသောအခွန်များ

၁၁ ပြည်နယ်အခွန်တော်များမှ ထုတ်ချေးသဖြင့်ရသော အတိုးများနှင့် ပြည်နယ်ကရင်းနှီးသော အခွန်ငွေမှ ရသော အတိုးများ

၁၂ ပြည်နယ်ဝင်များမှ ပြည်နယ်သို့ ပေးသော ဆက်ကြေးများ

၁၃ ပြည်ထောင်စုနိုင်ငံမှပေးသော ထောက်ပံ့ငွေများ

၁၄ အခခွန်များ၊ ဒဏ်ငွေများ၊ ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းရငွေနှင့် ငှားရမ်း၍ရေသောငှားခများ၊ ပို ပေးထားသဖြင့် ပြန်လည်ရရှိသော ငွေ၊ အထက်ဖော် ပြပါ ကိစ္စနှင့်အောက်ဖော်ပြပါကိစ္စတခုခုနှင့်စပ်လျဉ်း၍ သော်၎င်း အမှုထမ်းဆောင်ရသောကြောင့် ပေးဆောင်ရသောငွေများ (က) တရားစီရင်အုပ်ချုပ်ရေး (ခ) အကျဉ်းထောင်များနှင့် အကျဉ်းသားများထားရာ ဒေသများ (ဂ) ရာဇဝတ်အမှုထမ်းအဖွဲ့များ (ဃ) ပညာရေး (င) ဆေးဘက်ဆိုင်ရာ (စ) ပြည်သူ့ကျန်းမာရေး (ဆ) လယ်ယာစိုက်ပျိုးရေး (ဇ) တိရိစ္ဆာန်ဆေးကုသရေး (စျ) သမဝါယမအသင်း (ည) မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို မှတ်ပုံတင်ခြင်း (ဋ) မြို့ပြနယ်ပယ်ဆိုင်ရာလုပ်ငန်းများ (ဌ) ပြည်နယ်အရာထမ်းအမှုထမ်းများအား အိုမင်း မစွမ်းသဖြစ်၍ အငြိမ်းစားပေးရန် ထောက်ပံ့ငွေများ (ဍ) စာရေးကိရိယာနှင့်စာပုံနှိပ်ခြင်း (ဎ) ပိုင်ရှင်မပေါ်သော သွင်းထားငွေများ (ဏ) ရတနာသိုက် (တ) ကင်းခွန်များ(အကောက်အများ)။ (ထ) အထူးရရှိငွေများ

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

နိဒါန်း

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်တွင်မှီတင်းနေထိုင်ကြကုန်သောကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည်သမိုင်းစဉ်တလျှောက်မရှိအတူရှိအတူ၊အေးအတူပူအမျှ၊ဥမကွဲသိုက်မပျက်၊ကောင်းတူဆိုးဖက်လက်တွဲလျက်နေထုင်ခဲ့ကြလေသည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွှတ်မြောက်ရေး တိုက်ပွဲတလျှောက်လုံးတွင် အနိုင်မခံ အရှုံးမပေးသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခီတ တရား၊ အချင်းချင်းယိုင်းပင်းကူညီမှု၊ ကိုယ်ကျိုးစွန့်မှုတို့ကို အရင်းတည်ကာ လွတ်လပ်ရေးအတွက် ဇွဲမာန်သတ္တိဖြင့် ကြိုးပမ်းခဲ့ကြလျက် ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးတို့ကိုမျှော်မှန်းခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟောင်း၏ ပျော့ကွက်ဟာကွက်များနှင့် ဓနရှင်ပါလီမန်ဒီမိုကရေစီစနစ်၏ ဆိုးကျိုးများကြောင့် ပဒေသရာဇ်၊ မြေရှင်၊ အရင်းရှင်တို့၏ အာဏာလွှမ်းမိုးမှုသည် တနေ့ထက်တနေ့ ကျယ်ပြန့်ခိုင်မြဲလာပြီးလျှင် ဆိုရှယ်လစ်ရေးမှာ ဆိတ်သုဉ်း ပျောက်ကွယ်လုနီးပါး ခြေအနေသို့ ဆိုက်ရောက်ခဲ့ရပေသည်။

ဤအခြေအနေမှ လွန်မြောက်စေရန်နှင့် ဆိုရှယ်လစ်စနစ်ကိုတည်ဆောက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်လှန်ရေးကောင်စီသည် သမိုင်းပေးတာဝန်အရပေါ်ပေါက်လာပြီးလျှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ဆောင်ရွက်ခဲ့ပေသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်း ဖွဲ့စည်းတည်ဆောက်ခဲ့ပေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် တိုင်းရင်းသားလုပ်သားပြည်သူများ မျှော်မှန်းခဲ့ကြသော သာယာဝပြောသည့်ဆိုရှယ်လစ် လောကတည်ဆောက်နိုင်ရေးအတွက် ပြည်သူအပေါင်း၏ ဆန္နသဘောထားကိုခံယူ၍ အပြန်အလှန်အကျေအလည် ညှိနှိုင်းဆွေးနွေးကာ ဤပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်။

ကျွန်ုပ်တို့ လုပ်သားပြည်သူအပေါင်းတို့သည် -
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုကို အလေးအနက်ခံယူသွားကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း၊
လူလူချင်း၊ လူမျိုးအချင်းချင်း မတရားခေါင်းပုံဖြတ် ချယ်လှယ်သော ဝိသမလောဘ စနစ်ဆိုးမှန်သမျှကို ဆန့်ကျင်လျက် တရားမျှတ၍ ဗြဟ္မစိုရ်တရား ထွန်းကားမှုကို ရှေ့ရှုမည်၊ လူတို့၏ မသိနားမလည်မှု၊ ခေတ်နောက်ကျမှု၊ အခွင့်အလမ်းမဲ့မှုစသော အားနည်းချက်များ အပေါ်တွင် သနားငဲ့ညှာစာနာထောက်ထားခြင်းမရှိမှုတို့ကို ကင်းရှင်းစေလျက် သာယာဝပြောစေမည့်ဆိုရှယ်လစ်စီး ပွားရေးစနစ်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့်တည်ဆောက်ကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း၊
မိမိတို့၏ ဘဝကြမ္မာကို မိမိတို့ကိုယ်တိုင်စီမံဖန်တီးနိုင်စွမ်းသော ဆိုရှယ်လစ်ဒီမိုကရေစီလူနေမှုစနစ်ကိုမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့်တည်ဆောက်ကြမည်ဟုသန္နိဌာန်ချမှတ်၍လည်းကောင်း၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်၊ ကောင်းဆူဆုးဖက်ထာဝစဉ်စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင်ကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း၊
ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါဒီမိုကရေစီအခွင့်အရေးများ၊ပုဂ္ဂိုလ်ဆိုင်ရာပိုင်ခွင့်များနှင့်လွတ်လပ်ခွင့်များကိုခံစားလျက်ဆိုရှယ်လစ်စနစ်နှင့်နိုင်ငံတော်အတွက်ကျရောက်လာသောတာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြမည်ဟုသန္နိဌာန်ချမှတ်၍လည်းကောင်း
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း
ဤပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒကို မြန်မာသက္ကရာဇ် ၁၃၃၅ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ (ခရစ်သက္ကရာဇ် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ရက်) ကြာသပတေးနေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) နိုင်ငံတော်

ပုဒ်မ ၁ မြန်မာနိုင်ငံတော်သည်လုပ်သားပြည်သူတို့၏အချုပ်အချာအဏာပိုင်လွတ်လပ်သောဆိုရှယ်လစ်နိုင်ငံတော်ဖြစ်သည်။နိုင်ငံတော်ကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်စေရမည်။

ပုဒ်မ ၂ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်။

ပုဒ်မ ၃ နိုင်ငံတော်၏မြေထု၊ရေထု၊လေထုပါဝင်သောနယ်နိမိတ်သည်ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြဌာန်းသည့်နေ့တွင်တည်ရှိသည့်အတိုင်းဖြစ်သည်။

ပုဒ်မ ၄ နိုင်ငံတော်၏အချုပ်အချာအာဏာသည်နိုင်ငံတဝန်းလုံး၌တည်စေရမည်။

အခန်း(၂) အခြေခံမူများ

ပုဒ်မ ၅ နိုင်ငံတော်၏ရည်မှန်းချက်ပန်းတိုင်သည်ဆိုရှယ်လစ်လူ့ဘောင်ဖြစ်သည်။

ပုဒ်မ ၆ နိုင်ငံတော်၏စီးပွားရေးစနစ်သည်ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြစ်သည်။

ပုဒ်မ ၇ နိုင်ငံတော်၏ဖွဲ့စည်းပုံသည်ဆိုရှယ်လစ်ဒီမိုကရေစီကိုအခြေခံသောဖွဲ့စည်းပုံဖြစ်သည်။

ပုဒ်မ ၈ နိုင်ငံတော်တွင်လူလူချင်း၊လူမျိုးအချင်းချင်းခေါင်းပုံဖြတ်ခြင်းကင်းရှင်းစေရမည်။

ပုဒ်မ ၉ နိုင်ငံတော်သည်းတောင်သူလယ်သမားများနှင့်အလုပ်သမားများကိုအခြေခံသောလုပ်သားပြည်သူတို့၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်သည်။

ပုဒ်မ ၁၀ နိုင်ငံတော်သည်လူငယ်များ၏ကာယ၊ဉာဏ၊စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြုစုပျိုးထောင်ပေးရမည်။

ပုဒ်မ ၁၁ နိုင်ငံတော်သည်တခုတည်းသောပါတီစနစ်ကိုကျင့်သုံးရမည်။မြန်မာ့ဆိုရှာယ်လစ်လမ်းစဉ်ပါတီသည်နိုင်ငံတော်၏တခုတည်းသောနိုင်ငံရေးပါတီဖြစ်၍နိုင်ငံတော်ကိုဦးဆောင်သည်။

ပုဒ်မ ၁၂ နိုင်ငံတော်၏ဥပဒေအာဏာ၊စီမံခန့်ခွဲမှုအာဏာ၊တရားစီရင်မှုအာဏာဟူသောအချုပ်အချာအာဏာသည်တောင်သူလယ်သမားများနှင့်အလုပ်သမားများကိုအခြေခံသောတိုင်းရင်းသားလူမျိုးပေါင်းစုံသည့်နိုင်ငံသားများ၌တည်သည်။ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်သားတို့ကရွေးချယ်တင်မြှောက်သည့်ပြည်သူ့လွှတ်တော်သည်အချုပ်အချာအာဏာကိုနိုင်ငံသားများထံမှခံယူ၍ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသုံးစွဲခြင်း၊ခွဲဝေအပ်နှင်းခြင်းပြုသည်။

ပုဒ်မ ၁၃ ပြည်သူ့လွှတ်တော်သည်ဥပဒေပြုမှုအာဏာကိုမိမိကိုယ်တိုင်သာသုံးစွဲလျက်စီမံခန့်ခွဲမှုအာဏာနှင့်အာဏာပိုင်အဖွဲ့အစည်းများအားခွဲဝေအပ်နှင်း၍သုံးစွဲခွင့်ပြုသည်။

ပုဒ်မ ၁၄ နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သည်အချင်းချင်းအပြန်အလှန်အစီရင်ခံခြင်း၊ဆန္ဒပေးခြင်း၊ဆန္ဒယူခြင်း၊ဆန္ဒသဘောထားကိုအလေးဂရုပြုခြင်း၊စုပေါင်းဦးဆောင်ခြင်း၊စုပေါင်းဆုံးဖြတ်ခြင်း၊စုပေါင်းဆုံးဖြတ်ချက်ကိုအားလုံးကလိုက်နာဆောင်ရွက်ခြင်း၊အထက်အဖွဲ့အစည်း၏ဆုံးဖြတ်ချက်နှင့်ညွန်ကြားချက်များကိုအောက်အဖွဲ့အစည်းကအလေးဂရုပြုခြင်းတို့ပါဝင်သောဆိုရှာယ်လစ်ဒီမိုကရေစီကျင့်စဉ်နှင့်အညီဆောင်ရွက်ရမည်။

ပုဒ်မ ၁၅ နိုင်ငံသားတိုင်းသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အခြားသက်ဆိုင်ရာဥပဒေများနှင့်အညီ (က) နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သို့ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ခွင့်နှင့်မိမိကိုယ်တိုင်ပြည်သူ့ကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ (ခ) မိမိတို့ရွေးချယ်တင်မြှောက်ထားသောပြည်သူ့ကိုယ်စားလှယ်များကိုတာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်

ပုဒ်မ ၁၆ နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်သို့ရွေးချယ်တင်မြှောက်ခြင်းခံရသောပြည်သူ့ကိုယ်စားလှယ်တိုင်းသည်မိမိကိုရွေးချယ်တင်မြှောက်ခဲ့ကြသောနိုင်ငံသားများထံသို့မိမိ၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍အစီရင်ခံရမည့်အပြင်ယင်းတို့၏ဆန္ဒကိုလည်းရယူရမည်။

ပုဒ်မ ၁၇ ဒေသဆိုင်ရာအရေးကိစ္စများကိုဆောင်ရွက်ရာတွင်ဒေသအတွင်းပြီးပြတ်နိုင်သမျှပြီးပြတ်စေရန်ဒေသရှိလုပ်သားပြည်သူများကိုယ်တိုင်ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆောင်ရွက်စေရမည်။ယင်းတို့၏လုပ်ပိုင်ခွင့်နှင့်တာဝန်များကိုခွဲဝေအပ်နှင်းရမည်။

ပုဒ်မ ၁၈ နိုင်ငံတော် (က) မြေပေါ်မြေအောက်၊ရေပေါ်ရေအောက်၊လေထုအတွင်းရှိသယံဇာတပစ္စည်းအားလုံးနှင့်မြေယာအားတို့၏ပင်ရင်းပိုင်ရှင်ဖြစ်သည်။ (ခ) နိုင်ငံတော်လုပ်သားပြည်သူများ၏အကျိုးစီးပွားအလို့ငှာသယံဇာတပစ္စည်းများကိုဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်း၊ထုတ်ဖော်လုပ်ကိုင်သုံးစွဲခြင်းပြုလုပ်ရမည်။

ပုဒ်မ ၁၉ နိုင်ငံတော်သည်နိုင်ငံအတွင်းရှိကုန်ထုတ်အရင်းအနှီးများကိုပြည်သူပိုင်ပြုလုပ်ရမည်။သမဝါယမပိုင်အဖြစ်ဖွဲ့စည်းလုပ်ကိုင်သင့်သည့်လုပ်ငန်းများကိုသမဝါယမပိုင်ပြုလုပ်ရမည်။

ပုဒ်မ ၂၀ နိုင်ငံတော်သည်ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုမထိခိုက်သောပုဂ္ဂလိကပိုင်ဆိုင်လုပ်ကိုင်မှုကိုဥပဒေအရခွင့်ပြုနိုင်သည်။

ပုဒ်မ ၂၁ (က) တိုင်းရင်းသားလူမျိုးများ၏စည်းလုံးညီညွတ်ရေး၊အချင်းချင်းယိုင်းပင်ကူညီရေးနှင့်ချစ်ကြည်လေးစားရေးတို့အမြဲမပြတ်တိုးတက်ဖြစ်ထွန်းနေစေရန်နိုင်ငံတော်ကတာဝန်ယူလုပ်ဆောင်ရမည်။ (ခ) တိုင်းရင်းသားလူမျိုးများသည်မိမိကိုးကွယ်သည့်ဘာသာနှင့်ချစ်ခင်မြတ်နိုးသည့်စကား၊စာပေ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းတို့ကိုဥပဒေများနှင့်ဖြစ်စေ၊အများအကျိုးနှင့်ဖြစ်စေ၊မဆန့်ကျင်လျှင်လွတ်လပ်စွာကိုးကွယ်ခွင့်၊ပြစုပျိုးထောင်ခွင့်၊ပြောဆိုရေးသားကျင့်သုံးခွင့်ရှိသည်။

ပုဒ်မ ၂၂ နိုင်ငံသားတိုင်းသည်- (က) လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊အဆင့်အတန်း၊အမျိုးသား၊အမျိုးသမီးမရွေးဥပဒေအရာတွင်အညီအမျှဖြစ်စေရမည်။ (ခ) ညီမျှသောအခွင့်အလမ်းများရရှိစေရမည်။ (ဂ) မိမိတို့၏ကာယ၊ဉာဏ၊ဝီရိယစွမ်းအားအလိုက်ချိုးကျမျှတညီညွတ်သောခံစားပိုင်ခွင့်များရရှိစေရမည်။ (ဃ) ဥပဒေနှင့်အညီအမွေခွဲဝေဆက်ခံခွင့်ရှိစေရမည်။

ပုဒ်မ ၂၃ မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှနောက်ကြောင်းပြန်အာဏာသက်ရောက်မှုမရှိစေရ၊သို့ဖြစ်၍ပြစ်မှုတစ်ရပ်ကိုစီရင်ရာတွင်ယင်းပြစ်မှုကိုစီရင်သောအချိန်၌အာဏာတည်သည့်ဥပဒေအရသာစီရင်ရမည်။

ပုဒ်မ ၂၄ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသောပြစ်ဒဏ်မျိုးမပေးရ။

ပုဒ်မ ၂၅ ဤဖွဲ့စည်းပုံအခြေခံဥပဒေကသတ်မှတ်သောလွတ်လပ်ခွင့်၊လုပ်ပိုင်ခွင့်၊ခံစားခွင့်၊တာဝန်နှင့်တားမြစ်ချက်များထိရောက်ခိုင်မာပြည့်စုံစေရန်လိုအပ်သောဥပဒေများပြဋ္ဌာန်းရမည်။

ပုဒ်မ ၂၆ နိုင်ငံတော်သည်လွတ်လပ်သောနိုင်ငံခြားရေးဝါဒကိုအစဉ်တစိုက်ကျင့်သုံး၍ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေ့ရှုသည်နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းသည်။

ပုဒ်မ ၂၇ ဤအခြေခံမှုများသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုလည်းကောင်း၊အခြားဥပဒေများပါပြဋ္ဌာန်းချက်များကိုလည်းကောင်းအနက်အဓိပ္ပာယ်ဖွင့်ဆိုရာ၌လမ်းညွန်မှုများဖြစ်သည်။

အခန်း(၃) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

ပုဒ်မ ၂၈ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ရာတွင်ဗဟိုကဦးစီးဦးဆောင်ပြု၍ဒေသအလိုက်ကိုယ်တိုင်စီမံဆောက်ရွက်သည့်စနစ်ကိုကျင့်သုံးသည်။

ပုဒ်မ ၂၉ (က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကိုဒေသအလိုက်အောက်ပါအတိုင်းစုစည်းသည်- (၁) ကျေးရွာများကိုကျေးရွာအုပ်စုအဖြစ်စုစည်းသည်၊ (၂) ရပ်ကွက်များကိုမြို့အဖြစ်စုစည်းသည်၊ (၃) ကျေးရွာအုပ်စုများနှင့် မြို့များကို မြို့နယ်အဖြစ် စုစည်းသည်၊ (၄) မြို့နယ်များကို ပြည်နယ် သို့မဟုတ် တိုင်းအဖြစ် စုစည်းသည်၊ (၅) ပြည်နယ်များနှင့်တိုင်းများကို နိုင်ငံတော်အဖြစ် စုစည်းသည်။ (ခ) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏စီမံခန့်ခွဲရေးဒေသအဆင့် ဆင့်သည် အောက်ပါအတိုင်းဖြစ်သည် - (၁) ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုများ၊ (၂) မြို့နယ်များ၊ (၃) ပြည်နယ် သို့မဟုတ် တိုင်းများ၊ (၄) နိုင်ငံတော်

ပုဒ်မ ၃၀ (က) ကော်သူးလေကို ကရင်ပြည်နယ်ဟု သတ်မှတ်သည် (ခ) ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟု သတ်မှတ်သည်၊ (ဂ) တနင်္သာရီတိုင်း(၁)ကို မွန်ပြည်နယ်ဟု သတ်မှတ်သည်၊ (ဃ) တနင်္သာရီတိုင်း(၂)ကို တနင်္သာရီတိုင်းဟု သတ်မှတ်သည် (င) ရခိုင်တိုင်းကို ရခိုင်ပြည်နယ်ဟု သတ်မှတ်သည်၊

ပုဒ်မ ၃၁ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ပြည်နယ်များနှင့်တိုင်းများသည် အောက်ပါအတိုင်းဖြစ်သည် - (က) ကချင်ပြည်နယ်၊ (ခ) ကယားပြည်နယ်၊ (ဂ) ကရင်ပြည်နယ်၊ (ဃ) ချင်းပြည်နယ်၊ (င) စစ်ကိုင်းတိုင်း၊ (စ) တနင်္သာရီတိုင်း၊ (ဆ) ပဲခူးတိုင်း၊ (ဇ) မကွေးတိုင်း၊ (စျ) မန္တလေးတိုင်း၊ (ည) မွန်ပြည်နယ်၊ (ဋ) ရခိုင်ပြည်နယ်၊ (ဌ) ရန်ကုန်တိုင်း၊ (ဍ) ရှမ်းပြည်နယ်၊ (ဎ) ဧရာဝတီတိုင်း၊

ပုဒ်မ ၃၂ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်တွင်ပြည်သူ့လွှတ်တော်တစ်ရပ်သာရှိသည်။

ပုဒ်မ ၃၃ ပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းသောဥပဒေများ၊နည်းဥပဒေများ၊ဆုံးဖြတ်ချက်များနှင့်အညီဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်ဝန်ထမ်းအဖွဲ့အစည်းများအားလမ်းညွန်ခြင်း၊ကြီးကြပ်ကွပ်ကဲခြင်း၊ပေါင်းစပ်ညှိနှိုင်းခြင်းပြုရန်နိုင်ငံတော်ကောင်စီကိုဖွဲ့စည်းထားရှိသည်။

ပုဒ်မ ၃၄ ပြည်သူ့လွှတ်တော်က ချမှတ်သောလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်အတွက် အောက်ပါဗဟိုအာဏာပိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းထားရှိသည် - (က) ဝန်ကြီးအဖွဲ့၊ (ခ) ပြည်သူ့တရားသူကြီးအဖွဲ့၊ (ဂ) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ (ဃ) ပြည်သူ့လုပ်ငန်းစဉ်စစ်ဆေးရေးအဖွဲ့၊

ပုဒ်မ ၃၅ ပြည်နယ်နှင့်တိုင်း၊မြို့နယ်၊ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီးတွင်ပြည်သူ့ကောင်စီတရပ်စီဖွဲ့စည်းထားရှိသည်။

ပုဒ်မ ၃၆ (က) ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီများ၊ မြို့နယ်ပြည်သူ့ကောင်စီများတွင် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တဖွဲ့စီ ဖွဲ့စည်းထားရှိသည်။ (ခ) ရပ်ကွက်နှင့်ကျေးရှာအုပ်စုပြည်သူ့ကောင်စီများတွင် အလုပ်အမှုဆောင်အဖွဲ့နှင့် တရားသူကြီးအဖွဲ့တစ်ဖွဲ့စီ ဖွဲ့စည်းထားရှိသည်။

ပုဒ်မ ၃၇ ဗဟိုနှင့်ဒေသအဆင့်ဆင့်တွင်ပြည်သူ့ရေးရာ၊စီမံခန့်ခွဲရေးဝန်ထမ်းအဖွဲ့အစည်း၊တရားရေးဝန်ထမ်းအဖွဲ့အစည်းများ၊ဥပဒေဝန်ထမ်းအဖွဲ့အစည်းများ၊စာရင်းဝန်ထမ်းအဖွဲ့အစည်းများစည့်ဝန်ထမ်းအဖွဲ့အစည်းများကိုလိုအပ်သလိုဖွဲ့စည်းထားရှိသည်။

ပုဒ်မ ၃၈ ပြည်သူ့လွှတ်တော်သည်နိုင်ငံတော်၏အကျိုးကိုရှေ့ရှု၍နိုင်ငံတော်၏နယ်နိမိတ်ကိုပြင်ဆင်သတ်မှတ်ရန်လိုအပ်ပါကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းဆန္ဒမဲဖြင့်ပြင်ဆင်သတ်မှတ်နိုင်သည်။

ပုဒ်မ ၃၉ ပြည်သူ့လွှတ်တော်သည် - (က) ပြည်နယ်များကိုဖြစ်စေ၊တိုင်းများကိုဖြစ်စေပြင်ဆင်ဖွဲ့စည်းရန်အကြောင်းပေါ်ပေါက်ပါကသက်ဆိုင်ရာပြည်နယ်များ၊သို့မဟုတ်တိုင်းများအတွင်းနေထိုင်ကြသောနိုင်ငံသားများ၏ဆန္ဒကိုရယူပြီးလျှင်ဥပဒေပြဋ္ဌာန်း၍ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ (ခ) ပြည်နယ်တစ်ခုခု၊သို့မဟုတ်တိုင်းတစ်ခုခု၏နယ်နိမိတ်ကိုပြောင်းလဲပြင်ဆင်သတ်မှတ်ရန်အကြောင်းပေါ်ပေါက်ပါကယင်းနယ်နိမိတ်ပြဿနာနှင့်ပတ်သက်သည့်ပြည်နယ်များ၊သို့မဟုတ်တိုင်းများအတွင်းနေထိုင်ကြသောနိုင်ငံသားများ၏ဆန္ဒကိုရယူပြီးလျှင်ဥပဒေပြဌာန်း၍ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်သည်။ (ဂ) ပြည်နယ်တစ်ခုခု၊သို့မဟုတ်တိုင်းတစ်ခုခု၏နယ်နိမိတ်ကိုပြောင်းလဲပြင်ဆင်သတ်မှတ်ရန်အကြောင်းပေါ်ပေါက်ပါကသက်ဆိုင်ရာပြည်နယ်သို့မဟုတ်တိုင်းအတွင်းနေထိုင်ကြသောနိုင်ငံသားများ၏ဆန္ဒကိုရယူပြီးလျှင်ဥပဒေပြဋ္ဌာန်း၍ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်သည်။

ပုဒ်မ ၄၀ ပြည်နယ်နှင့်တိုင်းအတွင်းရှိကျေးရွာ၊ကျေးရွာအုပ်စု၊ရက်ကွက်၊မြို့နှင့်မြို့နယ်များကိုပြင်ဆင်ခြင်း၊သို့မဟုတ်ဖွဲ့စည်းခြင်းပြုလုပ်ရန်အကြောင်းပေါ်ပေါက်ပါကဝန်ကြီးအဖွဲ့သည်သက်ဆိုင်ရာပြည်သူ့အောင်စီများနှင့်ညှိနှိုင်း၍ဆောင်ရွက်နိုင်သည်။

အခန်း(၄) ပြည်သူ့လွှတ်တော်

ပုဒ်မ ၄၁ ပြည်သူ့လွှတ်တော်သည်နိုင်ငံသားများ၏ကိုယ်စားနိုင်ငံတော်၏အချုပ်အချာအာဏာကိုခံယူကျင့်သုံးသောနိုင်ငံတော်၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။

ပုဒ်မ ၄၂ ပြည်သူ့လွှတ်တော်ကိုဤဖွဲ့စည်းပုံအခြခံဥပဒေနှင့်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေများအရဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားများကလျှို့ဝှက်ဆန္ဒမဲဖြင့်တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရမည်။

ပုဒ်မ ၄၃ ပြည်သူ့လွှတ်တော်၏ပုံမှန်သက်တမ်းသည်ယင်း၏ပထမအကြိမ်အစည်းအဝေးကျင်းပသည့်နေ့မှစ၍လေးနှစ်ဖြစ်သည်။

ပုဒ်မ ၄၄ နိုင်ငံတော်၏ဥပဒေပြုမှုအာဏာသည်ပြည်သူ့လွှတ်တော်၌သာတည်သည်။

ပုဒ်မ ၄၅ ပြည်သူ့လွှတ်တော်သည်နိုင်ငံတော်၏စီမံခန့်ခွဲမှုအာဏာနှင့်တရားစီရင်မှုအာဏာတို့ကိုဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအားဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီခွဲဝေအပ်နှင်းနိုင်သည်။

ပုဒ်မ ၄၆ ပြည်သူ့လွှတ်တော်ကသာလျှင်နိုင်ငံတော်၏ယဉ်ကျေးမှုဆိုင်ရာဥပဒေကိုပြဋ္ဌာန်းရန်ရှိလျှင်သက်ဆိုင်ရာပြည်နယ်၊သို့မဟုတ်တိုင်းမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ထက်ဝက်ကျော်ကသဘောတူမှသာလျှင်ပြည်သူ့လွှတ်တော်ကယင်းဥပဒေကိုဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ပုဒ်မ ၄၇ ပြည်သူ့လွှတ်တော်ကသာလျှင်နိုင်ငံတော်၏စီးပွားရေးစီမံကိန်း၊နှစ်စဉ်ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်အခွန်အကောက်နှင့်ပတ်သက်သည့်ဥပဒေများကိုပြဋ္ဌာန်းရမည်။

ပုဒ်မ ၄၈ ပြည်သူ့လွှတ်တော်သည်- (က) အဓိကကျသောကိစ္စများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းဆန္ဒမဲဖြင့်သာလျှင် ဆုံးဖြတ်ရမည်။ (ခ) သာမန်ကိစ္စများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ဆုံးဖြစ်ရမည်။ (ဂ) ကိစ္စတရပ်ရပ်ကို အဓိကကိစ္စ၊ သို့မဟုတ် သာမန်ကိစ္စဟူ၍ အယူအဆကွဲလွဲနေပါကယင်းပြဿနာကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရာက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။

ပုဒ်မ ၄၉ ပြည်သူ့လွှတ်တော်သည်စစ်ကြေညာခြင်း၊စစ်ပြေငြိမ်းခြင်းတို့ကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းဆန္ဒမဲဖြင့်သာလျှင်ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။ပြည်သူ့လွှတ်တော်အစည်းအဝေကျင်းပသည့်ကာလမဟုတ်လျှင်ယင်းကိစ္စအတွက်နိုင်ငံတော်ကောင်စီကပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပပေးရမည်။

ပုဒ်မ ၅၀ ပြည်သူ့လွှတ်တော်သည်ပြည်သူ့ဆန္ဒခံယူပွဲများကိုလိုအပ်သည့်အခါပြုလုပ်ဆောင်ရွက်စေရန်ဆုံးဖြတ်နိုင်သည်။

ပုဒ်မ ၅၁ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကိုတစ်နှစ်လျှင်အနည်းဆုံးနှစ်ကြိမ် မပျက်မကွက်ခေါ်ယူကျင်းပရမည်။ပုံမှန်အစည်းအဝေးတကြိမ်အကြားအရှည်ကြားဆုံးကာလသည်ရှစ်လထက်မပိုစေရ၊လိုအပ်လျှင်ပြည်သူ့လွှတ်တော်အထူးအစည်းအဝေးကိုဖြစ်စေ၊အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊နိုင်ငံတော်ကောင်စီကခေါ်ယူကျင်းပနိုင်သည်။

ပုဒ်မ ၅၂ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပပေးရန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏သုံးဆယ့်လေးရာခိုင်နှုန်းကဆိုလျှင်နိုင်ငံတော်ကောင်စီသည်အစည်းအဝေးကိုအမြန်ဆုံးခေါ်ယူကျင်းပပေးရမည်။

ပုဒ်မ ၅၃ (က) ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးကျင်းပသည့်အခါတိုင်း အစည်းအဝေး ကြီးကြပ်ကွပ်ကဲရန် သဘာပတိအဖွဲ့ကို ရွေးချယ်တင်မြှောက်ရမည်။ (ခ) ပြည်နယ်နှင့်တိုင်းတစ်ခုစီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အထဲမှ သဘာပတိအဖွဲ့ဝင်တစ်ဦးကျစီရွေးချယ်တင်မြှောက်ရမည်။ ယင်းသဘာပတိအဖွဲ့ဝင်များကိုပြည်သူ့လွှတ်တော်က အတည်ပြုပေးရမည်။ (ဂ) ပြည်သူ့လွှတ်တော်အစည်းအဝေးများ၌ အလှည့်ကျသဘာပတိတဦးကျစီကို တာဝန်ပေးရမည်။ (ဃ) နိုင်ငံတော်ကောင်စီ သို့မဟုတ် ဗဟိုအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးသည် သဘာပတိအဖွဲ့ဝင်မဖြစ်စေရ၊ သဘာပတိအဖွဲ့ဝင်တစ်ဦးသည် နိုင်ငံတော်ကောင်စီ သို့မဟုတ်ဗဟိုအာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရလျှင် သဘာပတိအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရမည်။ (င) သဘာပတိအဖွဲ့သည် နောက်တကြိမ်ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးကျင်းပ၍ သဘာပတိအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်။ (စ) ပုဒ်မ၅၂အရပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပပေးရန်တောင်းဆိုပါလျှက်တောင်းဆိုသည့်နေ့မှရက်ပေါင်းသုံးဆယ်အတွင်းနိုင်ငံတော်ကောင်စီကအစည်းအဝေးခေါ်ယူရန်ပျက်ကွက်ခဲ့လျှင်ပြည်သူ့လွှတ်တော်သဘာပတိအဖွဲ့ကအစည်းအဝေးခေါ်ယူကျင်းပပေးရမည်။

ပုဒ်မ ၅၄ ပြည်သူ့လွှတ်တော်သည် (က) စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ ဥပဒေပြုရေး၊ နိုင်ငံခြားရေး၊ တိုင်းရင်းသား လူမျိုးများ အရေးတို့အပြင် အခြာအရေးရာများနှင့် သက်ဆိုင်သော ပြည့်သူ့လွှတ်တော်ရေးရာကော်မတီများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ရွေးချယ်တင်မြှောက် ဖွဲ့စည်းရမည်။ (ခ) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မတီတရပ်ကို နိုင်ငံတော်ကောင်စီဝင်များနှင့် ဝန်ကြီးအဖွဲ့ဝင်များထဲမှ သင့်လျော်သော အရေအတွက်ရှိသည့် ပုဂ္ဂိုလ်များဖြင့် ဥပဒေနှင့်အညီ ဖွဲ့စည်းရမည်။

ပုဒ်မ ၅၅ အောက်ပါအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့်လုပ်ငန်းများသည် ပြည်သူတို့အတွက် အကျိုးသက်ရောက်မှုရှိသည်၊ မရှိသည်ကို ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးစေနိုင်ရန် အလို့ငှာပြည်သူ့လွှတ်တော်ဥပဒေပြဋ္ဌာန်းရမည်- (က) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ (ခ) ဝန်ကြီးဌာနများ၊ (ဂ) ဝန်ထမ်းအဖွဲ့အစည်းများ (ဃ) စစ်ဆေးရန်ဥပဒေအရ သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများ၊

ပုဒ်မ ၅၆ ပြည်သူ့လွှတ်တော်ကော်မရှင်များနှင့်ကော်မတီများကိုလိုအပ်သလိုဖွဲ့စည်း၍တာဝန်နှင့်လုပ်ပိုင်ခွင့်များအပ်နှင်းနိုင်သည်။

ပုဒ်မ ၅၇ ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်နှင့် ၎င်းတို့၏ ရေးရာကော်မတီများအတွက် ဥပဒေများ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းရမည်။

ပုဒ်မ ၅၈ နိုင်ငံတော်ကောင်စီနှင့်ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည်ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရမည်။

ပုဒ်မ ၅၉ (က) ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပချိန်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဦးအား ဖမ်းဆီးရန် လိုအပ်ပါခိုင်လုံသော အထောက်အထားကို ပြည်သူ့လွှတ်တော်သဘာပတိအဖွဲ့သို့တင်ပြရမည်။ ပြည်သူ့လွှတ်တော် သဘာပတိအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲဖမ်းဆီးခြင်းမပြုရ၊ (ခ) ပြည်သူ့လွှတ်တော်အဖွဲ့အစည်းတခုခုအစည်းအဝေးကျင်းပချိန်တွင် ယင်းအဖွဲ့အစည်း၌ ပါဝင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဦးအားဖမ်းဆီးရန် ခိုင်လုံသော အထောက်အထားကို နိုင်တော်ကောင်စီသို့ တင်ပြရမည်။ နိုင်ငံတော်ကောင်စီ၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်းမပြုရ၊ (ဂ) ပြည်သူ့လွှတ်တော်သို့မဟုတ်ပြည်သူ့လွှတ်တော်အဖွဲ့အစည်းတစ်ခုခုအစည်းအဝေးကျင်းပချိန်မဟုတ်လျှင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဦးအားဖမ်းဆီးပါကယင်းသို့ဖမ်းဆီးရခြင်းအတွက်ခိုင်လုံသောအထောက်အထားကိုနိုင်ငံတော်ကောင်စီသို့အမြန်ဆုံးတင်ပြရမည်။

ပုဒ်မ ၆၀ ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အဖွဲ့အစည်းများ၏အစည်းအဝေးတို့တွင်တင်ပြဆွေးနွေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဦးကိုပြည်သူ့လွှတ်တော်ဥပဒေ၊နည်းဥပဒေများနှင့်စည်းကမ်းများမှတပါးအခြားဥပဒေများအရတစုံတရာအရေးယူအပြစ်ပေးခြင်းမရှိစေရ။

ပုဒ်မ ၆၁ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်ပသည့်ကာလမဟုတ်လျှင်ပြည်သူ့လွှတ်တော်ကိုယ်းစားလှယ်တဦးဦး၏စာဖြင့်မေးမြန်ချက်ကိုဗဟိုအာဏာပိုင်အဖွဲ့အစည်းများကရက်သတ္တသုံးပတ်အတွင်းပြန်လည်ဖြေကြားရမည်။

ပုဒ်မ ၆၂ "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ၇၅ ရာခိုင်နှုန်းမှ သဘောတူ ပါက ပြည်သူ့လွှတ်တော်အား ပယ်ဖျက်နိုင်သည်။ (ဤပုဒ်မကို ၁၉၈၁ ခုနှစ်တွင် ပယ်ဖျက်ခဲ့သည်။)"

ပုဒ်မ ၆၃ ပြည်သူ့လွှတ်တော်သည် ပြည်သူ့ကောင်စီတစ်ရပ်ရပ်ဖြစ်စေ၊ ပြည်သူ့ကောင်စီများကိုဖြစ်စေ အောက်ပါအကြောင်းတစ်ခုခုကြောင့် ဖျက်သိမ်းနိုင်သည်- (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ (ဂ) နိုင်ငံတော်တည်တံ့ခိုင်မြဲရေးကို အန္တရာယ်ပြုထိပါးခြင်း၊ (ဃ) ပြည်သူ့လွှတ်တော်က ချမှတ်ပြဋ္ဌာန်းထားသော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ချိုးဖောက်ခြင်း၊ (င) တာဝန်များကို ကျေပွန်စွာမထမ်းဆောင်ခြင်း၊

အခန်း(၅) နိုင်ငံတော်ကောင်စီ

ပုဒ်မ ၆၄ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ အောက်ပါပုဂ္ဂိုလ်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်- (က) ပြည်နယ်နှင့်တိုင်းတခုစီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ အထဲမှ တဦးစီကျ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ၊ (ခ) ပုဒ်မခွဲ (က) အရ ရွေးချယ်တင်မြှောက်သောကိုယ်စားလှယ်ဦးရေ နှင့်ညီမျှသည့် အရေအတွက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အထဲမှ ရွေးချယ်တင်မြှောက်သောကိုယ်စားလှယ်များ၊ (ဂ) ဝန်ကြီးချုပ်

ပုဒ်မ ၆၅ ပုဒ်မ၆၄ပုဒ်မခွဲ (က) နှင့် (ခ)တို့အရရွေးချယ်တင်မြှောက်ထားသောနိုင်ငံတော်ကောင်စီဝင်များသည်မိမိတို့အထဲမှနိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ်ဦး၊ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့်အတွင်းရေးမှူးတစ်ဦးကိုရွေးချယ်တင်မြှောက်၍ပြည်သူ့လွှတ်တော်၏အတည်ပြုချက်ကိုရယူရမည်။

ပုဒ်မ ၆၆ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတဖြစ်သည်။

ပုဒ်မ ၆၇ နိုင်ငံတော်သမ္မတ၏သက်တမ်းသည် နိုင်ငံတော်ကောင်စီ၏သက်တမ်းနှင့်အညီ ဖြစ်သည်။

ပုဒ်မ ၆၈ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

ပုဒ်မ ၆၉ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် မိမိ၏တာဝန်ဝတ္တရားများကို ယာယီအားဖြင့် မထမ်းဆောင်နိုင်လျှင် နိုင်ငံတော်ကောင်စီဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌ၏တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်ရမည်။

ပုဒ်မ ၇၀ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်မှုရှိစေရန် နိုင်ငံတော်ကောင်စီက တာဝန်ယူ ဆောင်ရွက်ရမည်။

ပုဒ်မ ၇၁ နိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရမည်။ မိမိ၏ဆောင်ရွက်ချက်များကို အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ အစီရင်ခံရမည်။

ပုဒ်မ ၇၂ နိုင်ငံတော်ကောင်စီ၏သက်တမ်းသည်ပြည်သူ့လွှတ်တော်သက်တမ်းနှင့်အညီဖြစ်သည်။နိုင်ငံတော်ကောင်စီသည်ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါနိုင်ငံတော်ကောင်စီအသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီးသည့်အထိလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရမည်။

ပုဒ်မ ၇၃ နိုင်ငံတော်ကောင်စီသည် အောက်ပါလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်- (က) ပြည်သူ့လွှတ်တော်အစည်းအဝေးကို သဘာပတိအဖွဲ့နှင့် ညှိနှိုင်း၍ခေါ်ယူခြင်း၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေမှအပ အခြားဥပဒေများ၏အနက်အဓိပ္ပာယ်ကို တညီတညွတ်တည်းဖြစ်စေရန် ဖွင့်ဆိုခြင်း၊ (ဂ) ပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊ (ဃ) ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကိုသော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် ထိုအဖွဲ့ဝင်များထဲမှ အဖွဲ့ဝင်တစ်ဦးဦး လစ်လပ်လျှင်သော်လည်းကောင်း၊ ရွေးချယ်တင်မြှောက်နိုင်ရန် ပုဒ်မ ၆၄ ပုဒ်မခွဲ (က)နှင့်(ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက စုပေါင်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှအမည်စာရင်းတင်သွင်းခြင်း၊ (င) ပြည်သူ့လွှတ်တော်ရေးရာကော်မတီများကိုသော်လည်းကောင်း၊အကြောင်းတစ်ခုခုကြောင့်ထိုကော်မတီဝင်များထဲမှကော်မတီဝင်တစ်ဦးဦးလစ်လပ်လျှင်သော်လည်းကောင်းရွေးချယ်တင်မြှောက်နိုင်ရန်နှင့်အစားထိုးရွေးချယ်တင်မြှောက်နိုင်ရန်ပုဒ်မ၆၄ပုဒ်မခွဲ (က)နှင့်(ခ)တို့အရရွေးချယ်တင်မြှောက်ထားသောနိုင်ငံတော်ကောင်စီဝင်များကစုပေါင်း၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှအမည်စာရင်းတင်သွင်းခြင်း၊ (စ) နိုင်ငံခြားတိုင်ပြည်များနှင့်သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်းနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးခြင်း၊ (ဆ) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်း၊ နိုင်ငံခြားသံတမန်များအားပြန်လည်ခေါ်ယူရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊ (ဇ) ပြည်သူ့လွှတ်တော်၏အတည်ပြုချက်ဖြင့် နိုင်ငံတကာနှင့်စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်မှနှုတ်ထွက်ခြင်းတို့နှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊ (စျ) နိုင်ငံအချင်းချင်း သဘောတူညီချက်များနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း၊ (ည) ဒုတိယဝန်ကြီးများကို ရွေးချယ်ခန့်အပ်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ (ဋ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးအားနိုင်ငံတော်ကိုသစ္စာဖောက်မှုဖြင့်အရေးယူရန်အကြောင်းပေါ်ပေါက်လျှင်ယင်းပုဂ္ဂိုလ်အားတာဝန်မှလည်းကောင်း၊ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်ခြင်းမှလည်းကောင်းခေတ္တရပ်စဲ၍အနီးကပ်ဆုံးပြည်သူ့လွှတ်တော်၏အတည်ပြုချက်ရယူခြင်း၊ (ဌ) ၀န်ထမ်းအဖွဲ့အစည်းများ၏ အကြီးအကဲများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ (ဍ) ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်များ၊ အမိန့်များသည် ဥပဒေနှင့်ကိုက်ညီခြင်း မရှိပါက ပယ်ဖျက်ခြင်း၊ (ဎ) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို ပြဋ္ဌာန်းခြင်း၊ အပ်နှင်းခြင်း၊ ရုပ်သိမ်းခြင်း၊ (ဏ) လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ (တ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အခြားဥပေဒေများကအပ်နှင်းသောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို တာဝန်ယူ ဆောင်ရွက်ခြင်း၊

ပုဒ်မ ၇၄ နိုင်ငံတော်ကောင်စီသည်ပြည်သူ့လွှတ်တော်အစည်းအဝေးတခုနှင့်တခုအကြားတွင်ပုဒ်မ၄၇ပါတီကိစ္စများမှအပအခြားကိစ္စများအတွက်လိုအပ်လျှင်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များကိုပြဋ္ဌာန်းနိုင်ခွင့်ရှိသည်။ယင်းအမိန့်များကိုရက်ပေါင်းကိုးဆယ်အတွင်းကျင်းပသောအနီးကပ်ဆုံးပြည်သူ့လွှတ်တော်အစည်းအဝေးသို့တင်ပြ၍အတည်ပြုချက်ရယူရမည်၊ယင်းအမိန့်များကိုထုတ်ပြန်ပြီးရက်ပေါင်းကိုးဆယ်အတွင်းပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပရန်မရှိလျှင်ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးကိုခေါ်ယူကျင်းပ၍အတည်ပြုချက်ရယူရမည်။ပြည်သူ့လွှတ်တော်၏အတည်ပြုချက်မရှိလျှင်ယင်းအမိန့်များသည်အတည်မပြုသည့်နေ့မှစ၍အာဏာတည်ခြင်းမှရပ်စဲရမည်။

ပုဒ်မ ၇၅ နိုင်ငံတော်သည်ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင်နိုင်ငံတော်ကောင်စီကစစ်ရေးအရလိုအပ်သလိုဆောင်ရွက်ပိုင်ခွင့်ရှိသည်။ယင်းသို့ဆောင်ရွက်ချက်ကိုပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပ၍တင်ပြရမည်။ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပရန်လုံးဝမဖြစ်နိုင်သောအခြေအနေမျိုးတွင်နိုင်ငံတော်ကောင်စီသည်စစ်ရေးအရလိုအပ်သလိုဆက်လက်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ယင်းဆောင်ရွက်ကိုအနီးကပ်ဆုံးပြည်သူ့လွှတ်တော်အစည်းအဝေးသို့တင်ပြ၍အတည်ပြုချက်ရယူရမည်။

ပုဒ်မ ၇၆ နိုင်ငံ၏အချို့ဒေသတွင်သော်လည်းကောင်း၊နိုင်ငံတဝန်းလုံးတွင်သော်လည်းကောင်းနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက်အရေးပေါ်အခြေနေပေါ်ပေါက်လျှင်နိုငငံတော်ကောင်စီသည်လိုအပ်ပါကအရေးပေါ်အခြေအနေကြေညာ၍စစ်အုပ်ချုပ်ရေးဥပဒေကိုထုတ်ပြန်နိုင်သည်။နိုင်ငံ၏ဒေသအချို့အတွက်သော်လည်းကောင်း၊နိုင်ငံတဝန်းလုံးအတွက်သော်လည်းကောင်းစစ်စည်းရုံးခြင်းကိုပြုလုပ်နိုင်သည်။ယင်းဆောင်ရွက်ချက်ကိုအနီးကပ်ဆုံးပြည်သူ့လွှတ်တော်အစည်းအဝေးသို့တင်ပြ၍အတည်ပြုချက်ရယူရမည်။

ပုဒ်မ ၇၇ စစ်ဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊လုံခြုံရေးပျက်ပြားသည့်အခြေနေများကြောင့်သော်လည်းကောင်း၊ရွေးချယ်တင်မြှောက်ပွဲများကျင်းပရန်မဖြစ်နိုင်သည့်အခါတွင်ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့်ပြည်သူ့လွှတ်တော်တို့၏ပုံမှန်သက်တမ်းကုန်ဆုံးစေကာမူယင်းတို့၏သက်တမ်းကိုတကြိမ်လျှင်ခြောက်လတာဖြင့်သုံးကြိမ်အထိတိုးမြှင့်ပေးရန်နိုင်ငံတော်ကောင်စီကပြည်သူ့လွှတ်တော်သို့တင်ပြနိုင်ခွင့်ရှိသည်။

ပုဒ်မ ၇၈ နိုင်ငံတဝန်းလုံး၌အရေးပေါ်အခြေအနေပေါ်ပေါက်နေလျှင်နိုင်ငံတော်ကောင်စီသည်အရေးပေါ်အခြေနေကိုကြေညာ၍ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပပေးရမည်။ယင်းအစည်းအဝေးကိုအစည်းအဝေးထမြောက်ရေးအတွက်သတ်မှတ်ထားသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေမတက်ရောက်နိုင်လျှင်အောက်ပါအတိုင်းဆောင်ရွက်ခွင့်ရှိသည်- (က) နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၊ ပြည်သူ့လွှတ်တော် အဖွဲ့အစည်းများ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်နိုင်သမျှသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များစုပေါင်း၍ ပြည်သူ့လွှတ်တော်၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရမည်။ (ခ) ပြည်သူ့လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပရန် အခြေအနေပေးလျှင်ပေးချင်း ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပကာ ပြည်သူ့လွှတ်တော်၏ ကိုယ်စားဆောင်ရွက်ချက်များကိုတင်ပြ၍ အတည်ပြုချက်ရယူရမည်။

ပုဒ်မ ၇၉ နိုင်ငံတော်ကောင်စီသည်ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းနှင့်ဝန်ထမ်း၊အဖွဲ့အစည်းများ၏လုပ်ငန်းများနှင့်ပတ်သက်၍လမ်းညွန်ခြင်း၊ကြီးကြပ်ကွပ်ကဲခြင်း၊ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကိုပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းသောဥပဒေများ၊နည်းဥပဒေများ၊ဆုံးဖြတ်ချက်များနှင့်အညီဆောင်ရွက်ရမည်။

ပုဒ်မ ၈၀ ပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းထားသောဥပဒေများ၊နည်းဥပဒေများ၊ဆုံးဖြတ်ချက်များနှင့်နိုင်ငံတော်ကောင်စီကထုတ်ပြန်သည့်အမိန့်များကိုနိုင်ငံတော်ကောင်စီဥက္ကဋ္ဌကလက်မှတ်ရေးထိုးရမည်။ယင်းတို့ကိုနိုင်ငံတော်ပြန်တမ်းတွင်ထုတ်ပြန်ကြေညာရမည်။

ပုဒ်မ ၈၁ ၀န်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းရေးကိုနိုင်ငံတော်ကောင်စီ၏ဆုံးဖြတ်ချက်အရသာလျှင်ဆောင်ရွက်နိုင်သည်။

အခန်း(၆) ၀န်ကြီးအဖွဲ့

ပုဒ်မ ၈၂ ၀န်ကြီးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းရမည်- (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ(က)နှင့်(ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက စုပေါင်း၍ တင်သွင်းသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းထဲမှ ပုဂ္ဂိုလ်များကို ဝန်ကြီးအဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်။ (ခ) ဝန်ကြီးအဖွဲ့သည် မိမိတို့ထဲမှ ဝန်ကြီးချုပ်တဦးကို ရွေးချယ်တင်မြှောက်သည်။ (ဂ) ဝန်ကြီးအဖွဲ့သည် ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသော ဝန်ကြီးများထဲမှ ဒုတိယဝန်ကြီးချုပ်များကို ရွေးချယ်တင်မြှောက်သည်။

ပုဒ်မ ၈၃ ၀န်ကြီးအဖွဲ့သည်နိုင်ငံတော်၏အမြင့်ဆုံး ပြည်သူ့ရေးရာစီမံခန့်ခွဲရေး အဖွဲ့ဖြစ်သည်။

ပုဒ်မ ၈၄ ဝန်ကြီးအဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရမည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့် ကာလမဟုတ်လျှင် နိုင်ငံတော်ကောင်စီကို တာဝန်ခံရမည်။

ပုဒ်မ ၈၅ ဝန်ကြီးအဖွဲ့သည်- (က) ဒုတိယဝန်ကြီးများအဖြစ်တာဝန်ပေးအပ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ အမည်စာရင်းကို နိုင်ငံတော် ကောင်စီသို့တင်သွင်းရမည်။ (ခ) ဒုတိယဝန်ကြီးတစ်ဦးဦးကို တာဝန်မှရပ်စဲရန်လိုအပ်လျှင် နိုင်ငံတော်ကောင်စီသို့ အဆိုပြုနိုင်သည်။

ပုဒ်မ ၈၆ (က) ၀န်ကြီးအဖွဲ့၏သက်တမ်းသည် ပြည်သူ့လွှတ်တော်သက်တမ်းနှင့်အညီ ဖြစ်သည်။ ဝန်ကြီးအဖွဲ့သည် ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါ ဝန်ကြီးအဖွဲ့အသစ်ရွေးချယ်တင်မြှောက်ပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ (ခ) ဒုတိယဝန်ကြီးအဖွဲ့၏သက်တမ်းသည် ဝန်ကြီးအဖွဲ့၏သက်တမ်းနှင့်အညီ ဖြစ်သည်။

ပုဒ်မ ၈၇ ၀န်ကြီးအဖွဲ့သည်- (က) ပြည်သူ့လွှတ်တော်ကိုယ်စား နိုင်ငံတော်၏ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံခြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများကို စုပေါင်းဦးဆောင်မှုစနစ်အရ တာဝန်ယူစီမံခန့်ခွဲသည်။ (ခ) ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တိုင်းရင်းသားလူမျိုးများအားလုံး၏ စီးပွားရေးစီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည်။ (ဂ) ပြည်သူ့လွှတ်တော်၏ဆုံးဖြတ်ချက်များ၊နိုင်ငံတော်ကောင်စီ၏အမိန့်များကို အကောင်အထည်ဖော်သည်။ (ဃ) ဝန်ကြီးဌာနများ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့များနှင့် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်ကို လမ်းညွန်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဆက်သွယ်ပေးခြင်းပြုသည်။ (င) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်သည်။ (စ) ပြည်သူ့လွှတ်တော်ကဖြစ်စေ၊ နိုင်ငံတော်ကောင်စီကဖြစ်စေ သတ်မှတ်ပေးသည့် အခြားတာဝန်များကို ဆောင်ရွက်သည်။

ပုဒ်မ ၈၈ ၀န်ကြီးအဖွဲ့သည် အောက်ပါလုပ်ငန်းများကို လိုအပ်သလိုညှိနှိုင်းရေးဆွဲ၍ နိုင်ငံတော်ကောင်စီမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်- (က) နှစ်ရှည်၊ နှစ်တိုနှင့် နှစ်စဉ်စီးပွားရေး စီမံကိန်းများ၊ (ခ) နှစ်စဉ်ရသုံးခန့်မှန်းခြေငွေစာရင်း၊ (ဂ) နိုင်ငံတော်၏ အခြေအနေနှင့် ပတ်သက်သောနှစ်စဉ်အစီရင်ခံစာများ၊ (ဃ) အခါအားလျော်စွာလိုအပ်သော အစီရင်ခံစာများ။

ပုဒ်မ ၈၉ အောက်ပါဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ရန် ဝန်ကြီးအဖွဲ့ကသာလျှင် နိုင်ငံတော်ကောင်စီမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်- (က) (ခ) စီးပွားရေးစီမံကိန်းနှင့် ပတ်သက်သည့် ဥပဒေကြမ်း၊ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်သည့်ဥပဒေကြမ်း၊ (ဂ) အခွန်အကောက်နှင့် ပတ်သက်သည့် ဥပဒေကြမ်း၊

ပုဒ်မ ၉၀ မိမိနှင့်သက်ဆိုင်သည့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်းအဆင့်ဆင့်၏ လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရေးအတွက် ဝန်ကြီးတဦးစီ၌ တာဝန်ရှိသည်။

ပုဒ်မ ၉၁ ဝန်ကြီးသည် ဝန်ကြီးအဖွဲ့ကို တာဝန်ခံရမည်။ ဒုတိယဝန်ကြီးသည် သက်ဆိုင်ရာဝန်ကြီးကို တာဝန်ခံရမည်။

ပုဒ်မ ၉၂ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ကိုရယူ၍ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဝန်ထမ်းအဖွဲ့အစည်းအဆင့်ဆင့်ကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကို ဥပဒေနှင့်အညီ ခန့်အပ်နိုင်သည်။

ပုဒ်မ ၉၃ ၀န်ကြီးအဖွဲ့သည် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်းအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

ပုဒ်မ ၉၄ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်းအဆင့်ဆင့်သည် မိမိ၏အထက်အဖွဲ့အစည်းများကို လည်းကောင်း၊ သက်ဆိုင်ရာပြည်သူ့ကောင်စီများကို လည်းကောင်း တာဝန်ခံ၍ ယင်းတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စစ်ဆေးမှုကို ခံယူရမည်။

အခန်း(၇) ပြည်သူ့တရားသူကြီးအဖွဲ့-

ပုဒ်မ ၉၅ (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ (က)နှင့်(ခ)တို့အရ ရွေးချယ်တင် မြှောက်ထားသော နိုင်ငံတော် ကောင်စီဝင်များက စုပေါင်း၍တင်သွင်းသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းထဲမှ ပုဂ္ဂိုလ်များကို ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်။ (ခ) ပြည်သူ့တရားသူကြီးအဖွဲ့များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးကိုရွေးချယ် တင်မြှောက်ရမည်။

ပုဒ်မ ၉၆ (က) နိုင်ငံတော်တွင် အောက်ပါတရားသူကြီးအဖွဲ့များကို ဖွဲ့စည်းထားရမည်- (၁) ပြည်သူ့တရားသူကြီးအဖွဲ့၊ (၂) ပြည်နယ်တရားသူကြီးအဖွဲ့ တိုင်းတရားသူကြီးအဖွဲ့၊ (၃) မြို့နယ်တရားသူကြီးအဖွဲ့၊ (၄) ရပ်ကွက်တရားသူကြီးအဖွဲ့၊ ကျေးရွာအုပ်စုတရားသူကြီးအဖွဲ့၊ (ခ) တရားသူကြီးများအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်က ဥပဒေဖြင့် ပြဋ္ဌာန်းရမည်။

ပုဒ်မ ၉၇ ပြည်သူ့တရားသူကြီးအဖွဲ့၏သက်တမ်းသည်ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်။ပြည်သူ့တရားသူကြီးအဖွဲ့သည်ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါပြည်သူ့တရားသူကြီးအဖွဲ့အသစ်ရွေးချယ်တင်မြှောက်ပြီးသည်အထိလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရမည်။

ပုဒ်မ ၉၈ တရားစီရင်ရာတွင် အဖွဲ့ဖြင့်သာ စီရင်ရမည်။

ပုဒ်မ ၉၉ ပြည်သူ့တပ်မတော်သားများအတွက် စစ်ဖက်တရားစီရင်ရာတွင်မူအဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြင့်ဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

ပုဒ်မ ၁၀၀ လုပ်ငန်ဆိုင်ရာတရားစီရင်ရေးအဖွဲ့များကို ဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်သည်။

ပုဒ်မ ၁၀၁ တရားစီရင်ရာတွင် အောက်ပါမူများအပေါ်အခြေခံ၍ တရားစီရင်ရမည်- (က) ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ (ခ) လုပ်သားပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း၊ (ဂ) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်း၊ (ဃ) ဥပဒေကို ပြည်သူအများ နာလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးခြင်း၊ (င) ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေခွင့်ပြုချက်ဘောင် အတွင်း၌ ဖြစ်နိုင်သရွေ့ ကျေအေးပြီးပြတ်စေရန် ဆောင်ရွက်ခြင်း၊ (စ) ဥပဒေအရ တားမြစ်ထားချက်မှအပပြည်သူ လူထုရှေ့မှောက်တွင် တရားစီရင်ခြင်း၊ (ဆ) အမှုများတွင်ခုခံချေပခွင့်နှင့်ဥပဒေအရအယူခံပိုင်ခွင့်ပေးခြင်း၊ (ဇ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကိုဦးတည်ခြင်း။

ပုဒ်မ ၁၀၂ တရားစီရင်ရာတွင်မြန်မာစာကို အသုံးပြုရမည်။ လိုအပ်ပါကသက်ဆိုင်ရာ တိုင်းရင်းသားစာကို အသုံးပြုနိုင်သည်။ လိုအပ်လျှင်စကားပြန်များရရှိစေရန်စီ စဉ်ပေးရမည်။

ပုဒ်မ ၁၀၃ ပြည်သူ့တရားသူကြီးအဖွဲ့သည်- (က) နိုင်ငံတော်တွင် အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ ဖြစ်သည်။ (ခ) လိုအပ်သောတရားစီရင်ရေးအဖွဲ့များကို မိမိတို့အဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်း၍ တရားစီရင်ရမည်။

ပုဒ်မ ၁၀၄ ပြည်သူ့တရားသူကြီးအဖွဲ့သည်ပြည်သူ့လွှတ်တော်ကိုတာဝန်ခံရမည်။တရားစီရင်ရေးအခြေအနေကိုပြည်သူ့လွှတ်တော်သို့အစီရင်ခံရမည်။ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလမဟုတ်လျှင်နိုင်ငံတော်ကောင်စီကိုတာဝန်ခံရမည်။

ပုဒ်မ ၁၀၅ ပြည်သူ့တရားသူကြီးအဖွဲ့သည်နိုင်ငံတော်အတွင်းရှိတရားစီရင်ရေးအဖွဲ့များနှင့်တရားရုံးများကိုကြီးကြပ်ကွပ်ကဲသည်။

ပုဒ်မ ၁၀၆ (က) ပြည်နယ်၊ ပြည်သူ့ကောင်စီများသည် ပြည်နယ်တရားသူကြီးများကို လည်းကောင်း၊ တိုင်း ပြည်သူ့ကောင်စီများသည် တိုင်းတရားသူကြီးအဖွဲ့များကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီများသည် မြို့နယ်တရားသူကြီးအဖွဲ့များကို လည်းကောင်း၊ ရပ်ကွက်ပြည်သူ့ကောင်စီများသည် ရပ်ကွက်တရားသူကြီးအဖွဲ့များကို လည်ကောင်း၊ ကျေးရွာအုပ်စုပြည်သူ့ကောင်စီများသည် ကျေးရွာအုပ်စု တရားသူကြီးအဖွဲ့များကို လည်ကောင်း၊ သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်။ (ခ) ပုဒ်မခွဲ(က)အရ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် ရွေးချယ်တင်မြှောက်ခံရသော တရားသူကြီးအဖွဲ့ဝင်များသည် သက်ဆိုင်ရာ တရားသူကြီးအဖွဲ့ဝင်များအထဲမှ ဥက္ကဋ္ဌတဦးစီကို ရွေးချယ်တင်မြှောက် ရမည်။

ပုဒ်မ ၁၀၇ (က) ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိ တရားသူကြီးအဖွဲ့အဆင့်အဆင့်သည် သက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့များကို မိမိတို့အဖွဲ့ဝင်များဖြင့် လိုအပ်သလိုဖွဲ့စည်းရမည်။ (ခ) ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် တရားသူကြီးအဖွဲ့ဝင်များဖြင့် လုံလောက်မှုမရှိမှသာလျှင် သက်ဆိုင်ရာအဆင့်ရှိ တရားသူကြီး အဖွဲ့ဝင်တဦးဦးကို ဦးဆောင်စေ၍ သက်ဆိုင်ရာပြည်သူ့ကောင်စီဝင်များဖြင့် ဖွဲ့စည်းနိုင်သည်။ သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် လုံလောက်မှုမရှိမှသာလျှင် အခြားသင့်လျော်သည့် နိုင်ငံသားများကို တည့်သွင်းဖွဲ့စည်းနိုင်သည်။

ပုဒ်မ ၁၀၈ ပြည်နယ်တရားသူကြီးအဖွဲ့၊တိုင်းတရားသူကြီးအဖွဲ့၊ရပ်ကွက်တရားသူကြီးအဖွဲ့နှင့်ကျေးရွာအုပ်စုတရားသူကြီးအဖွဲ့တို့၏သက်တမ်းသည်သက်ဆိုင်ရာပြည်သူ့ကောင်စီအဆင့်ဆင့်၏သက်တမ်းနှင့်အညီဖြစ်သည်။တရားသူကြီးအဖွဲ့အသီးသီးသည်သက်ဆိုင်ရာပြည်သူ့ကောင်စီအဆင့်ဆင့်၏သက်တမ်းကုန်ဆုံးသည့်အခါတရားသူကြီးရွေးချယ်တင်မြှောက်ပြီးသည့်အထိလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရမည်။

ပုဒ်မ ၁၀၉ ပြည်သူ့တရားသူကြီးအဖွဲ့သည်နိုင်ငံတော်ကောင်စီ၏သဘောတူညီချက်ကိုရယူ၍တရားရေးဝန်ထမ်းအဖွဲ့အစည်းအဆင့်ဆင့်ကိုလိုအပ်သလိုဖွဲ့စည်းနိုင်သည်။လိုအပ်သောတရားရေးဝန်ထမ်းများကိုဥပဒေနှင့်အညီခန့်အပ်နိုင်သည်။

ပုဒ်မ ၁၁၀ ပြည်နယ်တရားသူကြီးအဖွဲ့၊တိုင်းတရားသူကြီးအဖွဲ့၊မြို့နယ်တရားသူကြီးအဖွဲ့၊ရက်ကွက်တရားသူကြီးအဖွဲ့နှင့်ကျေးရွာအုပ်စုတရားသူကြီးအဖွဲ့အသီးသီးတို့သည်မိမိတို့ကဖွဲ့စည်းပေးသည့်တရားစီရင်ရေးအဖွဲ့များနှင့်တရားရုံးများကိုကြီးကြပ်ကွပ်ကဲရမည်။ထို့အပြင်တရားသူကြီးအသီးသီးသည်မိမိတို့သက်ဆိုင်ရာပြည်သူ့ကောင်စီကိုတာဝန်ခံရမည်။

အခန်း(၈) ပြည်သူ့အကျိုးဆောင်အဖွဲ့-

ပုဒ်မ ၁၁၁ (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ(က)နှင့်(ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များကစုပေါင်း၍ တင်သွင်းသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းထဲမှ ပုဂ္ဂိုလ်များကို ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်။ (ခ) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးကို ရွေးချယ်တင်မြှောက်ရမည်။

ပုဒ်မ ၁၁၂ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်- (က) ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ (ခ) လုပ်သားပြည်သူတို့၏လုပ်ပိုင်ခွင့်များနှင့်အခွင့်အရေးများကို ကာကွယ်စောင်ရှောက်ခြင်း၊ (ဂ) နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီအဖွဲ့များဥပဒေနှင့် ပတ်သက်သည့် အကြံဉာဏ်များပေးခြင်း၊ (ဃ) ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်အညီညွတ်ကြောင်း တွေ့ရှိပါက နိုင်ငံတော် ကောင်စီသို့တင်ပြခြင်း၊ (င) ဥပဒေအရ သတ်မှတ်ပေးသည့် တာဝန်များကို ထမ်းဆောင်ခြင်း။

ပုဒ်မ ၁၁၃ ပြည်သူ့လွှတ်တော်အကျိုးဆောင်အဖွဲ့၏ သက်တမ်းသည်ပြည်သူ့လွှတ်တော် သက်တမ်းနှင့်အညီ ဖြစ်သည်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် ပြည်သူ့လွှတ်တော် သက်တမ်းကုန်ဆုံးသည့်အခါ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အသစ်ရွေးချယ်တင်မြှောက်ပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

ပုဒ်မ ၁၁၄ ပြည်သူ့ဥပဒေ၊ အကျိုးဆောင်အဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရမည်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ပါ လုပ်ငန်းအခြေအနေများကို ပြည်သူ့လွှတ်တော်ကို အစီရင်ခံရမည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပသည့် ကာလမဟုတ်လျှင် နိုင်ငံ တော်ကောင်စီကို တာဝန်ခံရမည်။

ပုဒ်မ ၁၁၅ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ကိုရယူ၍ ဥပဒေဝန်ထမ်း အဖွဲ့အစည်းအဆင့်ဆင့်ကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဥပဒေဝန်ထမ်းများကို ဥပဒေနှင့်အညီ ခန့်အပ်နိုင်သည်။

ပုဒ်မ ၁၁၆ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် ဗဟိုဥပဒေဝန်ထမ်းများ၊ ပြည်နယ်နှင့် တိုင်းနယ်နှင့် တိုင်းဥပဒေဝန်ထမ်းများ၊ မြို့နယ်ဥပဒေဝန်ထမ်းများကို လမ်းညွန်၍ ကြီးကြပ်ကွပ်ကဲရမည်။

ပုဒ်မ ၁၁၇ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ဗဟို၊ ပြည်နယ်နှင့် တိုင်းဥပဒေဝန်ထမ်းများ၊ မြို့နယ်ဥပဒေဝန်ထမ်းများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်က ဥပဒေဖြင့်ပြဋ္ဌာန်းရမည်။

အခန်း(၉) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့

ပုဒ်မ ၁၁၈ (က) ပြည်သူ့လွှတ်တော်သည် ပုဒ်မ ၆၄ ပုဒ်မခွဲ(က)နှင့်(ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက စုပေါင်း၍တင်သွင်းသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမည် စာရင်းထဲမှပုဂ္ဂိုလ်များကို ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များအဖြစ် ရွေးချယ်တင်မြှောက်သည်။ (ခ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မိမိတို့အဖွဲ့မှဥက္ကဋ္ဌတဦးကို ရွေးချယ်တင်မြှောက်ရမည်။

ပုဒ်မ ၁၁၉ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးနှင့် ပတ်သက်၍ အမြင့်ဆုံးအဖွဲ့ဖြစ်သည်။

ပုဒ်မ ၁၂၀ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရမည်။ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအခြေအနေများကို ပြည်သူ့လွှတတော်တို့အစီရင်ခံရမည်။ ပြည်သူ့လွှတ်တော်ကျင်းပသည့် ကာလမဟုတ်လျှင် နိုင်ငံတော်ကောင်စီကို တာဝန်ခံရမည်။

ပုဒ်မ ၁၂၁ (က) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဝန်ထမ်းအဖွဲ့အစည်းများနှင့် စစ်ဆေးရန် ဥပဒေအရ သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ပြည်သူတို့အတွက်အကျိုးသက်ရောက်မှုရှိ မရှိကို ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရမည်။ (ခ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် စစ်ဆေးတွေ့ရှိချက်များနှင့် ဆောင်ရွက်ချက်များကို နိုင်ငံတော်ကောင်စီမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်။

ပုဒ်မ ၁၂၂ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးလုပ်ငန်း၏သက်တမ်းသည်ပြည်သူ့လွှတ်တော်သက်တမ်းနှင့်အညီဖြစ်သည်။ပြည်သူလုပ်ငန်းစစ်ဆေးရေးအဖွဲ့သည်ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့အသစ်ရွေးချယ်တင်မြှောက်ပြီးသည့်အထိလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရမည်။

ပုဒ်မ ၁၂၃ (က) ပြည်နယ်၊ ပြည်သူ့ကောင်စီများသည် ပြည်နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို လည်းကောင်း၊ တိုင်း ပြည်သူ့ကောင်စီများသည် တိုင်းလုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီများသည် မြို့နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို လည်းကောင်း သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက် ဖွဲ့စည်းရမည်။ (ခ) ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့အသီးသီး၏ အဖွဲ့ဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးကို ရွေးချယ်တင်မြှောက်ရမည်။ (ဂ) ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်က ဥပဒေဖြင့် ပြဋ္ဌာန်းရမည်။

ပုဒ်မ ၁၂၄ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့ အသီးသီးသည် သက်ဆိုင်ရာပြည်သူ့ ကောင်စီကို တာဝန်ခံရမည်။

ပုဒ်မ ၁၂၅ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့များသည် အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည်- (က) ပြည်သူ့ကောင်စီအစည်းအဝေးတခုနှင့်တခုအကြား မိမိတို့၏ဆောင်ရွက်ချက်များကို သက်ဆိုင်ရာပြည်သူ့ကောင်စီသို့ အစီရင်ခံစာ တင်ပြခြင်း၊ (ခ) သက်ဆိုင်ရာပြည်သူ့ကောင်စီနှင့် မိမိတို့အထက်အဖွဲ့အစည်းများ၏ လမ်းညွှန်မှုကိုခံယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစီရင်ခံစာ တင်ပြခြင်။

ပုဒ်မ ၁၂၆ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့တို့၏ သက်တမ်းသည် ပြည်သူ့ကောင်စီ အဆင့်ဆင့်၏သက်တမ်းနှင့်အညီ ဖြစ်သည်။ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပြည်သူ့ကောင်စီ၏သက်တမ်းကုန်ဆုံးသည့်အခါ ဒေသဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

ပုဒ်မ ၁၂၇ ပြည်သူ့လုပ်ငန်းအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ကို ရယူ၍ စာရင်းဝန်ထမ်းအဖွဲ့အစည်း အဆင့်ဆင့်ကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောစာရင်းဝန်ထမ်းများကို ဥပဒေနှင့်အညီ ခန့်အပ်နိုင်သည်။

ပုဒ်မ ၁၂၈ ဗဟိုစာရင်းရုံးသည် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို လည်းကောင်း၊ အဆင့်ဆင့်သော စာရင်းရုံးများသည် သက်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့များနှင့် မိမိ၏အထက်အဖွဲ့အစည်းများကို လည်းကောင်း တာဝန်ခံ၍ ယင်းတို့၏ကြီးကြပ်ကွပ်ကဲမှုနှင့် စစ်ဆေးမှုကို ခံယူရမည်။

အခန်း(၁၀) ပြည်သူ့ကောင်စီများ

ပုဒ်မ ၁၂၉ ပြည်သူ့ကောင်စီအဆင့်ဆင့်ကိုဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေများအရသက်တိုင်ဒေသအတွင်းရှိဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားများကလျှို့ဝှက်ဆန္ဒမဲ ဖြင့်တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့်ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရမည်။

ပုဒ်မ ၁၃၀ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင်လည်းကောင်း၊ ပြည်သူ့ကောင်စီအဖွဲ့အစည်းများတွင်လည်းကောင်း၊ ပါဝင်ရမည့် ပြည်သူ့ကိုယ်စားလှယ်အရေအတွက်ကို ဥပဒေဖြင့်သတ်မှတ်ပေးရမည်။

ပုဒ်မ ၁၃၁ ပြည်သူ့ကောင်စီအဆင့်ဆင့်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်သက်တမ်းနှင့်အညီဖြစ်သည်။

ပုဒ်မ ၁၃၂ ပြည်သူ့ကောင်စီအဆင့်အဆင့်သည် ဒေသဆိုင်ရာအာဏာပိုင်များဖြစ်၍ အောက်ပါလုပ်ငန်းရပ်များကို ဥပဒေဘောင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်- (က) စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး၊ (ခ) တရားစီရင်ရေး၊ (ဂ) ဒေသဆိုင်ရာလုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်းရေး၊ (ဃ) "တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေး၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်းရေး၊ သက်ဆိုင်ရာဒေသအတွင်းရှိ" (င) လုပ်သားပြည်သူများ၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ပေးရေးနှင့် လုပ်သားပြည်သူများကလည်း တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြစေရန် စည်းရုံးလှုံ့ဆော်ရေး၊ (စ) စီပွားရေးစီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး၊ (ဆ) နှစ်စဉ်ရသုံးခန့်မှန်းခြေငွေစာရင်းပြုစုရေးနှင့် ပေါင်းစပ်ညှိနှိုင်းပေးရေး၊ (ဇ) ဆောက်လုပ်ရေး၊ နေရာချထားရေးကျေးလက်ဖွံ့ဖြိုးရေးနှင့် မြို့ပြစည်ပင်သာယာရေး၊ (စျ) လမ်းပန်းဆက်သွယ်ရေး၊ (ည) မိမိနှင့်သက်ဆိုင်သည့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများကို လမ်းညွှန်ရေး၊ ကြီးကြပ်ကွပ်ကဲရေး၊ ပေါင်းစပ်ညှိနှိုင်းပေးရေး၊ (ဋ) ပြည်သူ့အကျိုးပြုလုပ်ငန်များတွင် ပြည်သူများနိုးကြားတက်ကြွစွာပါဝင်ဆောင် ရွက်နိုင်ရေးအတွက် ပြည်သူများနှင့်နီးကပ်စွာထိတွေ့ ဦးဆောင်မှုပေးရေး၊ (ဌ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေးရေး၊ (ဍ) ဒေသဆိုင်ရာဝန်ထမ်းရေးရာကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရေး၊ (ဎ) ဥပဒေအရသတ်မှတ်သည့် အခြားလိုအပ်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရေး။

ပုဒ်မ ၁၃၃ (က) ပြည်သူ့ကောင်စီအဆင့်အဆင့်၏ အစည်းအဝေးများကို ဥပဒေကသတ်မှတ်သည့် အတိုင်းကျင်းပရမည်။ (ခ) ပြည်သူ့ကောင်စီအဆင့်ဆင့်၏ပုံမှန်အစည်းအဝေးကျင်းပသည့်အခါတိုင်းအစည်းအဝေးကိုကြီးကြပ်ကွပ်ကဲရန်ပြည်သူ့ကောင်စီဝင်များထဲမှသဘာပတိအဖွဲ့ဝင်များကိုရွေးချယ်တင်မြှောက်ရမည်။ (ဂ) သဘာပတိအဖွဲ့ဝင်များထဲမှ အလှသည့်ကျ သဘာပတိတဦးကျစီကို တာဝန်ပေး ဆောင်ရွက်စေရမည်။ (ဃ) ပြည်သူ့ကောင်စီတရပ်ရပ်တွင် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့၊ သို့မဟုတ် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တခုခု၌ အဖွဲ့ဝင်အဖြစ်ပါဝင်နေသည့် ပြည်သူ့ကောင်စီဝင်တစ်ဦးသည် ယင်းပြည်သူ့ကောင်စီသဘာဘတိအဖွဲ့ဝင် မဖြစ်စေရ၊ သဘာပတိအဖွဲ့ဝင်တစ်ဦးသည် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့ သို့မဟုတ် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တရပ်ရပ်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရလျှင် သဘာပတိအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရမည်။ (င) သဘာပတိအဖွဲ့သည် သက်ဆိုင်ရာပြည်သူ့ကောက်စီ၏နောက်တစ်ကြိမ်၊ ပုံမှန် အစည်းအဝေးကျင်းပ၍ သဘာပတိအဖွဲ့အသစ်ကို ရွေးချယ်တင်မြှောက်ထားပြီးသည့်အထိ တာဝန်ထမ်းဆောင်ရမည်။ (စ) ပြည်သူ့ကောင်စီအစည်းအဝေးခေါ်ယူကျင်းပပေးရန် သက်ဆိုင်ရာပြည်သူ့ကောင်စီအားလုံး၏ သုံးဆယ့်လေးရာခိုင်နှုန်းကတောင်းဆိုလျှင် သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့က ခေါ်ယူကျင်းပပေးရမည်။ တောင်းဆိုသည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း အစည်းအဝေးခေါ်ယူ ကျင်းပရန်ပျက်ကွက်ခဲ့လျှင် သက်ဆိုင်ရာ သဘာပတိအဖွဲ့က အမြန်ဆုံးအစည်းအဝေးခေါ်ယူကျင်းပပေးရမည်။

ပုဒ်မ ၁၃၄ ပြည်နယ်ပြည်သူ့ကောင်စီ၊ တိုင်းပြည်သူ့ကောင်စီနှင့် မြို့နယ်ပြည်သူ့ကောင်စီ များသည် ပြည်သူ့ကောင်စီရေးရာ ကော်မတီများကို သက်ဆိုင်ရာ ပြည်သူ့ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်။

ပုဒ်မ ၁၃၅ ပြည်သူ့ကောင်စီအဆင့်ဆင့်က ဆုံးဖြတ်ချမှတ်သည့်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် အလုပ်အမှုဆောင်အဖွဲ့တစ်ဖွဲ့စီကို ပြည်သူ့ကောင်စီဝင်များဖြင့် ရွေးချယ်တင်မြှောက်ရမည်။ ယင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် သက်ဆိုင်ရာ ပြည်သူ့ကောင်စီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့လည်း ဖြစ်ကြသည်။

ပုဒ်မ ၁၃၆ ပြည်သူ့ကောင်စီဥက္ကဋ္ဌအသီးသီးသည် သက်ဆိုင်ရာပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီး၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ပုဒ်မ ၁၃၇ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင်အဖွဲ့အသီးသီးသည် သက်ဆိုင်ရာပြည်သူ့ကောင်စီကို တာဝန်ခံရမည်။

ပုဒ်မ ၁၃၈ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင်အဖွဲ့များသည်း အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်- (က) ပြည်သူ့ကောင်စီအစည်းအဝေးကို သဘာပတိအဖွဲ့နှင့် ညှိနှိုင်း၍ ခေါ်ယူကျင်းပခြင်း၊ (ခ) ပြည်သူ့ကောင်စီ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း၊အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်၊ (ဂ) ဝန်ကြီးအဖွဲ့နှင့် သက်ဆိုင်ရာပြည်သူ့ကောင်စီများက လမ်းညွှန်ချမှတ်သည့် လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (ဃ) အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့် အပြန်အလှန်ဆက်သွယ်ခြင်း၊ ညှိနှိုင်းခြင်း၊ အထက်အဆင့်ရှိ အလုပ်အမှုဆောင် အဖွဲ့က အောက်အဆင့်ရှိ အလုပ်အမှုဆောင် အဖွဲ့ကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ (င) ဒေသဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လမ်းညွှန်ခြင်း၊ တာဝန်ယူကြီးကြပ်ကွပ်ကဲခြင်း၊ ညှိနှိုင်းပေးခြင်း၊ ဝန်ထမ်းရေးရာကိစ္စများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ (စ) ပြည်သူ့ကောင်စီအစည်းအဝေးတခုနှင့်တခုအကြား မိမိတို့၏ဆောင်ရွက်ချက်များကို ပြည်သူ့ကောင်စီသို့အစီရင်ခံတင်ပြခြင်း၊ (ဆ) ပြည်သူ့ကောင်စီဝင်တဦးဦးအားနိုင်ငံတော်ကို သစ္စာဖောက်မှုဖြင့်အရေးယူရန် အကြောင်းပေါ်ပေါက်လျှင် ယင်းပုဂ္ဂိုလ်အားတာဝန်မှလည်းကောင်း၊ ပြည်သူ့ကောင်စီအစည်းအဝေးတက်ရောက်ခြင်းမှလည်းကောင်း၊ ခေတ္တရပ်စဲ၍ သက်ဆိုင်ရာပြည်သူ့ကောင်စီ၏ အနီးကပ်ဆုံးအစည်းအဝေးတွင် အတည်ပြုချက်ရယူခြင်း၊

ပုဒ်မ ၁၃၉ ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိ အလုပ်အမှုဆောင်အဖွဲ့တို့၏ သက်တမ်းသည် ပြည်သူ့ကောင်စီအဆင့်ဆင့်၏သက်တမ်းနှင့်အညီဖြစ်သည်။ အလုပ်အမှုဆောင်အဖွဲ့သည် ပြည်သူ့ကောင်စီသက်တမ်းကုန်ဆုံးသည့်အခါ အလုပ်အမှုဆောင်အဖွဲ့ အသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

ပုဒ်မ ၁၄၀ (က) ပြည်သူ့ကောင်စီအစည်းအဝေးကျင်ပချိန်တွင် ပြည်သူ့ကောင်စီဝင်တဦးဦးအား ဖမ်းဆီးရန်လိုအပ်ပါက သက်ဆိုင်ရာပြည်သူ့ကောင်စီသဘာပတိအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်းမပြုရ၊ (ခ) ပြည်သူ့ကောင်စီအဖွဲ့အစည်းတခုခု အစည်းအဝေးကျင်းပချိန်တွင် ယင်းအဖွဲ့အစည်း၌ပါဝင်သော ပြည်သူ့ကောင်စီဝင်တစ်ဦးဦးအား ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်။ ယင်းအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရှိပဲ ဖမ်းဆီးခြင်းမပြုရ၊ (ဂ) ပြည်သူ့ကောင်စီသို့မဟုတ် ပြည်သူ့ကောင်စီအဖွဲ့အစည်းတခုခု အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင်ပြည်သူ့ကောင်စီဝင်တစ်ဦးဦးအား ဖမ်းဆီးပါက ယင်းသို့ ဖမ်းဆီးရခြင်းအတွက် ခိုင်လုံသော အထောက်အထားကို သက်ဆိုင်ရာ ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သို့ အမြန်ဆုံးတင်ပြရမည်။

ပုဒ်မ ၁၄၁ ပြည်သူ့ကောင်စီနှင့် ပြည်သူ့ကောင်စီအဖွဲ့အစည်းတစ်ခုခု၏အစည်းအဝေးများ တွင် တင်ပြဆွေးနွေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ကောင်စီဥပဒေ၊ နည်းဥပဒေများနှင့်စည်းကမ်း ဥပဒေများမှအပ အခြားဥပဒေများအရ ပြည်သူ့ကောင်စီဝင်တစ်ဦးဦးအား တစုံတရာအရေးယူအပြစ်ပေးခြင်း မရှိစေရ။

ပုဒ်မ ၁၄၂ ပြည်သူ့ကောင်စီဝင်များသည် မိမိတို့ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူများနှင့်ထိတွေ့ဆက်သွယ်၍ မိမိတို့၏ဆောင်ရွက်ချက်များကို ပြန်လည်အစီရင်ခံခြင်းနှင့် ပြည်သူများအားအခါအားလျော်စွာ အသိပေးခြင်းပြုရမည်။

ပုဒ်မ ၁၄၃ ပြည်သူ့ကောင်စီဝင်များသည် ပြည်သူတို့၏ ဆန္ဒသဘောထားများနှင့် အကြံပြု ချက်များကို သက်ဆိုင်ရာ ပြည်သူ့ကောင်စီများသို့ တင်ပြဆောင်ရွက်ပေးရမည်။

ပုဒ်မ ၁၄၄ ပြည်သူ့ကောင်စီအဆင့်ဆင့်သည် ဒေသဆိုင်ရာ အရေးကြီးသောကိစ္စများနှင့် ပြည်သူ့အကျိုးပြုအကြံပေးချက်များကို အောက်မှအထက်သို့အဆင့်အားဖြင့် နိုင်ငံတော်ကောင်စီအထိ တင်ပြနိုင်သည်။

အခန်း(၁၁) နိုင်ငံသားများ၏မူလအခွင့်အရေးများနှင့်တာဝန်ဝတ်တရားများ

ပုဒ်မ ၁၄၅ (က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူအားလုံးသည် နိုင်ငံသာ များဖြစ် သည်၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသား ဖြစ်ပြီးသူများလည်း နိုင်ငံသားများဖြစ်သည်။

ပုဒ်မ ၁၄၆ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်းဖြစ်စေရမည်။

ပုဒ်မ ၁၄၇ နိုင်ငံသားတိုင်း လူမျိုး၊ အဆင့်အတန်း၊ ရားထူးဋဌာနနတရ၊ ဆင်းရဲချမ်းသာ၊ ယဉ်ကျေးမှု၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသားအမျိုးသမီးမရွေး ဥပဒေအရာတွင် ခွဲခြားမှုမရှိစေဘဲ တန်းတူညီမျှမှုရှိစေရမည်။

ပုဒ်မ ၁၄၈ နိုင်ငံသားတိုင်းသည်- (က) အလုပ်လုပ်ရာတွင် ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားအလိုက် ခံစားပိုင်ခွင့်ရှိသည်၊ (ခ) ဆိုရှယ်လစ်စီပွားရေးဘောင်အတွင်း နိုင်ငံတော်က ခွင့်ပြုထားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသည်၊ (ဂ) နိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေ ထိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၄၉ နိုင်ငံသားတိုင်းသည် မကျန်းမာသည့်အခါတွင် နိုင်ငံတော်က စီစဉ်ပေးသည့်အတိုင်း ဆေးကုသခံနိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၅၀ အလုပ်လုပ်သောနိုင်ငံသားတိုင်းသည် (က) အနားယူပိုင်ခွင့်နှင့် အပန်းဖြေပိုင်ခွင့်ရှိသည်၊ (ခ) ဥပဒေအရ သတ်မှတ်သည့်အတိုင်း အလုပ်လုပ်ချိန်နှင့် အားလပ်ခွင့်များရပိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၅၁ (က) အလုပ်ခွင်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရသည့်အခါတွင်သော်လည်းကောင်း၊ မသန်းစွမ်းဖြစ်သည့် အခါတွင်သော်လည်းကောင်း၊ နာမကျန်းဖြစ်သည့်အခါတွင် သော်လည်းကောင်း၊ အိုမင်းမစွမ်းခြင်းသည်အခါတွင် သော်လည်းကောင်း ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်းခံစားပိုင်ခွင့်ရှိသည်။ (ခ) သေဆုံးသွားသည့်အခါတွင် ယင်းပုဂ္ဂိုလ်၏ ဆက်ခံပိုင်ခွင့်ရှိသူများသည် ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း ခံစားပိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၅၂ (က) နိုင်ငံသားတိုင်းပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ) မြန်မာစာသည် အများသုံးစာဖြစ်သည်၊ ကျန်တိုင်းရင်းသားများ၏စာများကိုလည်း သင်ကြားခွင့်ရှိသည်၊ (ဂ) နိုင်ငံသားတိုင်းသည် ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာကို သင်ကြားရမည်။

ပုဒ်မ ၁၅၃ (က) နိုင်ငံသားတိုင်းသည် သိပ္ပံပညာ စူးစမ်းရှာဖွေမှု၊ စာပေနှင့်အနုပညာ ခေတ်မီတိုးတက်အောင် တီထွှင်ကြံဆရေးသားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စများတွင် လွတ်လပ်စွာ ဖော်ထုတ်ဆောင်ရွက်ခွင့် ရှိသည်။ (ခ) နိုင်ငံသားတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် စောင့်ထိန်းအပ်သော ဓလေ့ထုံးတမ်းများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ပြည်ထောင်စုတစ်ခုလုံးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဆိုရှယ်လစ် လူနေမှုစနစ်တို့ကို ထိပါးရာရောက် ပါက လုံးဝရှောင်ကြဉ်ရမည်။ မိမိတို့၏ သီးခြားဆောင်ရွက်မှုသည် အခြားတိုင်းရင်းသားလူမျိုးတစ်မျိုး၊ သို့မဟုတ် လူမျိုးများကို ထိခိုက်နစ်နာစေလျှင် သက်ဆိုင်သူများအချင်းချင်း ပြန်လည် ညှိနှိုင်း၍ ပြေလည်မှုရရှိမှသာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ (ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရဆောင်ရွက်ခွင့်ရှိသော်လည်းတိုင်းရင်းသားလူမျိုးများစည်းလုံးညီညွတ်ရေး၊နိုင်ငံတော်လုံခြုံရေးနှင့်ဆိုရှယ်လစ်လူနေမှုစနစ်ထိခိုက်စေမည့်လုပ်ရပ်များကိုမူတားမြစ်သည်။ယင်းတားမြစ်ချက်ကျူးလွန်သူများအားဥပဒေအရအပြစ်ပေးရမည်။

ပုဒ်မ ၁၅၄ (က) အမျိုးသမီးများသည် အမျိုးသားများနည်းတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတို့တွင် တန်းတူရည်တူ ခံစားခွင့်ရှိသည်။ (ခ) မိခင်များ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ပေးသည့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်၊ (ဂ) နိုင်ငံသားများမှ မွေးဖွားသော ကလေးတိုင်း တန်းတူအခွင့်အရေးခံစားခွင့် ရှိစေရမည်၊ (ဃ) အမျိုးသမီးများသည် ထိမ်းမြားလက်ထပ်ရေး၊ လင်မယားကွာရှင်းရေး၊ ပစ္စည်းခွဲဝေရေး၊ အမွေဆက်ခံရေးနှင့် သားသမီးစောင့်ရှောက်ထိန်းသိမ်းရေးတို့နှင့် ပတ်သက်၍ ဥပဒေအရလွတ်လပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ ခံစားစေရမည်။

ပုဒ်မ ၁၅၅ နိုင်ငံသားတိုင်း၌ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန်းကျင်လျှင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်တူညီစွာ ရရှိသည်။ (ခ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဥပဒေအရ တင်သွင်းနိုင်ခွင့်ရှိသည်။ (ဂ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းပိုင်းခွင့် ရှိသည်။

ပုဒ်မ ၁၅၆ (က) နိုင်ငံသားတိုင်း လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ (ခ) ပုဒ်မခွဲ (က) ပါ လွတ်လပ်မှုအခွင့်အရေးများရှိသော်လည်း လုပ်သားပြည်သူများ၏ အကျိုးစီးပွားအတွက် သော်လည်းကောင်း၊ စည်းကမ်းသေဝပ်တည်ငြိမ်ရေးအတွက် သော်လည်းကောင်း ဥပဒေ ပြဌာန်းနိုင်သည်၊ (ဂ) ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမပြုရ၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေ ပြဌာန်းထားရမည်။

ပုဒ်မ ၁၅၇ နိုင်ငံသားတိုင်း၌ လုပ်သားပြည်သူများ၏အကျိုးစီးပွားနှင့် ဆိုရှယ်လစ်အကျိုးစီးပွားကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာထုတ်ဝေခွင့်ရှိသည်။

ပုဒ်မ ၁၅၈ နိုင်ငံသား၌ ဥပဒေကခွင့်ပြုထားသော နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုလူတန်းစားအဖွဲ့အစည်းများတွင် လွတ်လပ်စွာပါဝင်ခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ စီတန်းလှည့်လှည်ခွင့် ရှိသည်။ ဤလွတ်လပ်ခွင့်များကို အပြည့်အဝခံစားနိုင်ရေးအတွက် နိုင်ငံတော်က လိုအပ်သောအကူအညီများပေးရမည်။

ပုဒ်မ ၁၅၉ (က) နိုင်ငံသားတိုင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုအတွက် အာမခံချက် ရှိစေရမည်၊ (ခ) သက်ဆိုင်ရာတရားစီရင်ရေးအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ နိုင်ငံသားတစ်ဦးကို နှစ်ဆယ်လေးနာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ၊ (ဂ) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပတွင်ရောက်ရှိနေကြသော နိုင်ငံသားများကို ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်၌ တာဝန်ရှိသည်။

ပုဒ်မ ၁၆၀ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဆန့်ကျင်လျှင် နိုင်ငံသားများ၏ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းများ၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတို့အတွက် ဥပဒေအရ အကာအကွယ်ပေးရမည်။

ပုဒ်မ ၁၆၁ နိုင်ငံသားတိုင်း၏ ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားအလိုက် တရားသဖြင့်ရရှိသောဝင်ငွေများ၊ စုဆောင်းငွေများ၊ ပစ္စည်းများ၊ နေအိမ်အဆောက်အဦး၊ ဆိုရှယ်လစ်စီးပွားရေးဘောင်အတွင်းခွင့်ပြုထားသော ကုန်ထုတ်ကိရိယာများနှင့် ဥပဒေအရခွင့်ပြုထားသော အခြားပိုင်ဆိုင်မှုများကို ဥပဒေအရ အကာအကွယ်ပေးရမည်။

ပုဒ်မ ၁၆၂ နိုင်ငံသားတိုင်း၏ အမွေခွဲဝေဆက်ခံမှုကို ဥပဒေအရ ခွင့်ပြုသည်။

ပုဒ်မ ၁၆၃ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိစေသည်။ (ခ) နိုင်ငံသားတစ်ဦးဦး၏ အခွင့်အရေးတရပ်ရပ် ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အမြန်ဆုံးနှင့်အထိရောက်ဆုံးကာကွယ် စောင့်ရှောက်ပေးနိုင်သည့် ဥပဒေများကို ပြဌာန်းရမည်။

ပုဒ်မ ၁၆၄ (က) နိုင်ငံသားတိုင်းသည် မိမိတို့၏နစ်နာချက်များကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း သို့ တိုင်တန်းခွင့်ရှိသည်၊ (ခ) နိုင်ငံသားများ၏တိုင်းတန်းချက်များကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမြန်ဆုံးစုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူဆောင်ရွက်ပေးရမည်။

ပုဒ်မ ၁၆၅ နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်တွင်ပါဝင်သောအဖွဲ့ဝင်တဦးဦး၊သို့မဟုတ်နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊သို့မဟုတ်ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်ကပြည်သူတို့အပ်နှင်းထားသောအခွင့်အာဏာကိုအလွှဲသုံးစားပြုသဖြင့်နိုင်ငံသားတဦးဦး၏အခွင့်အရေးတစ်ရပ်ရပ်၊သို့မဟုတ်အကျိုးခံစားခွင့်တစ်ရပ်ရပ်ထိခိုက်နစ်နာခဲ့လျှင်ယင်းပုဂ္ဂိုလ်သို့မဟုတ်ယင်းအဖွဲ့အစည်းကိုတရားစွဲဆိုပိုင်ခွင့်ရှိသည်။ထိခိုက်နစ်နာမှုအတွက်လျော်ကြေးတောင်းခံခွင့်ရှိသည်။ယင်းကစ္စနှင့်ပတ်သက်၍ဥပဒေပြဌာန်းထားရမည်။

ပုဒ်မ ၁၆၆ နိုင်ငံသားတိုင်းသည် မိမိ၏လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ခံစားရာ၌ အောက်ပါတရပ်ရပ်ကို ထိပါးခြင်းမပြုမိစေရန် ရှောင်ကြဉ်စောင့်ထိမ်းရမည့် တာဝန်ရှိသည်- (က) နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေး၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေကပြဌာန်းထားသော ဆိုရှယ်လစ်စနစ်၏ အခြေခံအနှစ်သာရများ၊ (ဂ) တိုင်းရင်းသားလူမျိုးအချင်းချင်းသွေးစည်းညီညွတ်ရေး၊ (ဃ) အများပြည်သူတို့၏အေးချမ်းသာယာရေး၊ (င) အများပြည်သူတို့၏ ကိုယ်ကျင့်တရား။

ပုဒ်မ ၁၆၇ (က) နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏လုံခြုံရေး၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားသော ဆိုရှယ်လစ်စနစ်၏ အခြေခံအနှစ်သာရများ၊ တိုင်းရင်းသားလူမျိုးအချင်းချင်း သွေးစည်းညီညွတ်ရေး၊ အများပြည်သူတို့၏ အေးချမ်းသာယာရေး၊ သို့မဟုတ် အများပြည်သူတို့၏ကိုယ်ကျင့်တရား တရပ်ရပ်ကို ထိပါးမည့် အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို လိုအပ်သလိုကန့်သတ်သည့်ဥပဒေ ပြဌာန်းနိုင်သည်။ (ခ) ယင်းသို့ကန့်သတ်သည့်ဥပဒေအတွက်အဖွဲ့ဖြင့်သာ ကန့်သတ်မိန့်ကိုချမှတ်ရမည် ဟူ၍လည်းကောင်း၊ အမိန့်ကိုပုံမှန်ပြန်လည်သုံးသပ်၍ လိုအပ်သလိုပြင်ဆင်ရမည်ဟုလည်းကောင်း၊ နစ်နာသူကအထက်အဖွဲ့အစည်းသို့ အယူခံဝင်နိုင်ရန်ကိုလည်းကောင်း ထည့်သွင်းပြဌာန်းရမည်။

ပုဒ်မ ၁၆၈ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ထို့အပြင် ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးအတွက် ချမှတ်ထားသောဥပဒေများ၊ အလုပ်ခွင်စည်းကမ်းများ၊ ဒေသဆိုင်ရာစည်းကမ်းများကို လိုက်နာရန်နှင့် နိုင်ငံတော်က ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်လည်း တာဝန်ရှိသည်။

ပုဒ်မ ၁၆၉ ပြည်သူပိုင်ပစ္စည်းများ၊ သမဝါယမပိုင်ပစ္စည်းများနှင့် အများပိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ဆိုရှယ်လစ်အရင်းအနှီးများ တိုးတက်များပြားလာစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတိုးတက်ခိုင်မာလာစေရေးအတွက်လည်းကောင်း လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက်လည်းကောင်း၊ မိမိစွမ်းအားအလိုက်လုပ်ဆောင်ရန် တာဝန်ရှိသည်။

ပုဒ်မ ၁၇၀ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ယင်းသို့ ကာကွယ်စောင့်ရှောက်ခြင်းသည် မွှန်မြတ်သောတာဝန်ဖြစ်သည်။

ပုဒ်မ ၁၇၁ နိုင်ငံသားတိုင်းသည် ဥပဒေအရ- (က) စစ်ပညာသင်ကြားရမည်၊ (ခ) နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရမည်။

ပုဒ်မ ၁၇၂ နိုင်ငံသားတိုင်း၌ ဥပဒေအရ အခွန်အကောက်ပေးဆောင်ရန် တာဝန်ရှိသည်။

အခန်း(၁၂) ရွေးချယ်တင်မြှောက်ပုံစံစနစ်

ပုဒ်မ ၁၇၃ "ရွေးချယ်တင်မြှောက်ပုံစနစ်၏ အခြေခံရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။" (က) လုပ်သားပြည်သူတို့ကို စစ်မှန်စွာ ကိုယ်စားပြုမည့် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်း၊ (ခ) ရွေးချယ်တင်မြှောက်ရာတွင် နိုင်ငံသားများကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခြင်း၊ (ဂ) လုပ်သားပြည်သူတို့ကို စစ်မှန်စွာ ကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်ရှိ အဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက်ခြင်း။

ပုဒ်မ ၁၇၄ (က) နိုင်ငံသားများသည် ပြည်သူ့ကိုယ်စားလှယ်များကို လျှိုဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးချယ် တင်မြှောက်ရမည်။ (ခ) အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်သော နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ (ဂ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ ဆန္ဒမဲပေးခွင့်တူညီစွာရှိသည်။

ပုဒ်မ ၁၇၅ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်သို့ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ရန် မဲဆန္ဒနယ်များကို အောက်ပါအတိုင်းသတ်မှတ်ရမည်- (က) ရပ်ကွက်ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ (ခ) မြို့နယ်ပြည်သူ့ကောင်စီ၊ (ဂ) ပြည်နယ်ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ တိုင်းပြည်သူ့ကောင်စီမဲဆန္ဒနယ်၊ (ဃ) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်။

ပုဒ်မ ၁၇၆ (က) ပြည်သူ့လွတ်တော်ဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်များကို ခြေခံရမည်၊ (ခ) ပြည်သူ့လွှတ်တော်သို့ မြို့နယ်တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ်တင်မြှောက်ရမည်။ (ဂ) လူဦးရေများပြားသော မြို့နယ်များသည် ပုဒ်မခွဲ (ခ) အရ ရရှိသည့် အခွင့်အရေးအပြင် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ လူဦးရေအချိုးအစားအလိုက် ပိုမိုရရှိသော ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရမည်။ (ဃ) မြို့နယ်ဆယ်မြို့နယ်ထက်နည်း၍ လူဦးရေဆယ်သိန်းထက်လည်းနည်းသော ပြည်နယ်၊ သို့မဟုတ် တိုင်းများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ထပ်မံရရှိစေရန် ဥပဒေဖြင့် သတ်မှတ်ပေးရမည်။

ပုဒ်မ ၁၇၇ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ (က) နိုင်ငံသားမိဘနှစ်ပါးမှ မမွေးဖွားသော နိုင်ငံသားဖြစ်သူ၊ (ခ) ရက်ကွက် ပြည်သူ့ကောင်စီ၊ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီနှင့် မြို့နယ်ပြည်သူ့ကောင်စီများသို့ ရွေးချယ်တင်မြှောက်ခံရန် အသက်နှစ်ဆယ်ပြည့်သူ၊ (ဂ) ပြည်နယ်ပြည်သူ့ကောင်စီနှင့် တိုင်းပြည်သူ့ကောင်စီများသို့ ရွေးချယ်တင်မြှောက်ခံရန် အသက်နှစ်ဆယ့်လေးနှစ်ပြည့်သူ၊ (ဃ) ပြည်သူ့လွှတ်တော်သို့ရွေးချယ်တင်မြှောက်ခံရန် အသက်နှစ်ဆယ့်ရှစ်နှစ်ပြည့်သူ၊

ပုဒ်မ ၁၇၈ အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ- (က) သာသနာ့ဝန်ထမ်းများ၊ (ခ) ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူများ။

ပုဒ်မ ၁၇၉ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော လူထုလူတန်းစားအဖွဲ့အစည်းများ၊ သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ညှိနှိုင်းပြီးလျှင် ယင်းတို့၏ ဆန္ဒကို အလေးကရုပြုလျက် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်အတွက် ပြည်သူ့ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တင်သွင်းရမည်။

ပုဒ်မ ၁၈၀ ပြည်သူ့ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးချယ်တင်မြှောက်ပွဲတစ်ခုတွင်- (က) ပြည်သူ့လွှတ်တော်၊ သို့မဟုတ် ပြည်သူ့ကောင်စီအဆင့်ဆင့်တစ်ခု အတွက်သာလျှင် ရွေးချယ်တင်မြှောက်ခံ ပိုင်ခွင့်ရှိသည်။ (ခ) မဲဆန္ဒနယ်တစ်ခုတွင်သာလျှင် ရွေးချယ်တင်မြှောက်ခံရန် ယဉ်ပြိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၈၁ (က) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က လာရောက်ဆန္ဒမဲပေးမှသာလျှင် အထမြှောက်သော ရွေးချယ်တင်မြှောက်ပွဲများဖြစ်သည်။ (ခ) ပုဒ်မခွဲ (က) အရအထမြောက်သောရွေးချယ်တင်မြှောက်ပွဲများတွင်ပြည်သူ့ကိုယ်စားလှယ်လောင်းတစ်ဦးသည်လာရောက်ဆန္ဒမဲပေးသူအားလုံး၏ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာလျှင်ရွေးချယ်တာ်မြှောက်ခြင်းခံရသည်ဟုအသိမှတ်ပြုရမည်။

ပုဒ်မ ၁၈၂ (က) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ သက်တမ်းမကုန်ဆုံးမီ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် အသစ်ရွေးချယ်တင်မြှောက်နိုင်ရန် ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် တစ်ရပ်ကို ပြည်သူ့လွှတ်တော်က အနည်းဆုံးခြောက်လကြိုတင်၍ ဖွဲ့စည်းရမည်။ (ခ) ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွင် နိုင်ငံတော် ကောင်စီဝင်များနှင့် ဝန်ကြီးအဖွဲ့ဝင်များမှအပ ဥပဒေအရသတ်မှတ်သော နိုင်ငံသားများ ပါဝင်သည့် အမည်စာရင်းတစ်ခုကို နိုင်ငံတော်ကောင်စီက ပြည် သူ့လွှတ်တော်သို့ တင်သွင်းရမည်။ (ဂ) ပုဒ်မ ၄၃ ပုဒ်မခွဲ (က) အရ ပြည်သူ့လွှတ်တော်၏ ပုံမှန်သက်တမ်းကို လျှော့ပေါ့သတ်မှတ်ရန် ဆုံးဖြတ်လျှင် ယင်းသို့လျှော့ပေါ့သတ်မှတ်ရန် ဆုံးဖြတ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးက ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်တစ်ရပ်ကို ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် အသစ်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ပုဒ်မခွဲ (ခ) နှင့်အညီ တစ်ပါတည်း ဖွဲ့စည်းပေးရမည်။ (ဃ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်တို့၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်မတိုင်မီ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီများအတွက် ရွေးချယ်တင်မြှောက်ပွဲများကို ဥပဒေအရ သတ်မှတ်သည့်အတိုင်း ကျင်းပရမည်။ (င) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အစည်းအဝေးများကို အသစ်ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ကျင်းပရမည်။

ပုဒ်မ ၁၈၃ (က) ပုဒ်မ ၆၃ အရ ပြည်သူ့ကောင်စီတစ်ရပ်ရပ်ကို သက်တမ်းမကုန်ဆုံးမီ ဖျက်သိမ်းခဲ့လျှင် ဥပဒေအရ သတ်မှတ်သည့်အတိုင်း ရွေးချယ်တင်မြှောက်ပွဲများကျင်းပ၍ သက်ဆိုင်ရာပြည်သူ့ကောင်စီ၏ အစည်အဝေးကို ကျင်းပရမည်။ (ခ) ပြည်နယ် ပြည်သူ့ကောင်စီကို လည်းကောင်း၊ တိုင်းပြည်သူ့ကောင်စီတစ်ရပ်ကို သော်လည်းကောင်း၊ မြို့နယ် ပြည်သူ့ကောင်စီ တစ်ရပ်ကို သော်လည်းကောင်း ဖျက်သိမ်းခဲ့လျှင် သက်ဆိုင်ရာ ပြည်သူ့ကောင်စီတစ်ရပ် အသစ်ရွေးချယ်တင်မြှောက်ပြီးစီးခြင်း မရှိသေးမီ ကာလအတွင်း နိုင်ငံတော် ကောင်စီသည် သင့်လျော်သော နိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တဖွဲ့စီကို ဖွဲ့စည်း၍ ယာယီတာဝန်ပေးရမည်။ (ဂ) ရပ်ကွက်ပြည်သူ့ကောင်စီတစ်ရပ်ကိုသော်လည်းကောင်း၊ကျေးရွာအုပ်စုပြည်သူ့ကောင်စီတစ်ရပ်ကိုသော်လည်းကောင်းဖျက်သိမ်းခဲ့လျှင်သက်ဆိုင်ရာပြည်သူကောင်စီတစ်ရပ်အသစ်ရွေးချယ်တင်မြှောက်ပြီးစီးခြင်းမရှိသေးမီကာလအတွင်းနိုင်ငံတော်ကောင်စီသည်သင့်လျော်သောနိုင်ငံသားများဖြင့်အလုပ်အမှုဆောင်အဖွဲ့နှင့်တရားသူကြီးအဖွဲ့တစ်ဖွဲ့စီကိုဖွဲ့စည်း၍ယာယီတာဝန်ပေးရမည်။

ပုဒ်မ ၁၈၄ ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်ပွဲများ၏ကုန်ကျစရိတ်ကိုနိုင်ငံတော်ဘဏ္ဍာမှကျခံစေရမည်။

ပုဒ်မ ၁၈၅ (က) ပြည်နယ်ပြည်သူ့ကောင်စီ၊ တိုင်းပြည်သူ့ကောင်စီ၊ မြို့နယ်ပြည်သူ့ကောင်စီတစ်ရပ်ရပ်ကို ရွေးချယ်တင်မြှောက်ရန် အခြေအနေမရှိသေးလျှင် သက်ဆိုင်ရာပြည်သူ့ကောင်စီ၏ လုပ်ငန်းများကို ဆောက်ရွက်နိုင်ရန် နိုင်ငံတော်ကောင်စီသည် သင့်လျော်သော နိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့စီကို ဖွဲ့စည်း၍ ယာယီတာဝန်ပေးရမည်။ (ခ) ရပ်ကွက် ပြည်သူ့ကောင်စီ၊ သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီတစ်ရပ်ရပ်ကို ရွေးချယ်တင်မြှောက်ရန် အခြေနေမရှိသေးလျှင် သက်ဆိုင်ရာပြည်သူ့ကောင်စီ၏ လုပ်ငန်းများကို ဆောက်ရွက်နိုင်ရန် နိုင်ငံတော်ကောင်စီသည် သင့်လျော်သော နိုင်ငံသားများဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် တရားသူကြီးအဖွဲ့တစ်ဖွဲ့စီကို ဖွဲ့စည်း၍ ယာယီတာဝန်ပေးရမည်။

ပုဒ်မ ၁၈၆ ပြည်သူ့လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ခြင်းနှင့် စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်။

အခန်း(၁၃) တာဝန်မှပြန်လည်ရုပ်သိမ်းခြင်း၊နုတ်ထွက်ခြင်း၊အစားထိုးရွေးချယ်တင်မြှောက်ခြင်း

ပုဒ်မ ၁၈၇ ရွေးချယ်တင်မြှောက်ပြီး တာဝန်ပေးအပ်ထားသော ပြည်သူ့ကိုယ်စားလှယ်တစ်ဦးကို ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ၊ ရွေးချယ်တင်မြှောက်လိုက်သည့်ပြည်သူများ၊ သို့မဟုတ် အဖွဲ့အစည်းက အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုလျှင် သတ်မှတ်ထားသော ဥပဒေနှင့်အညီ တာဝန်မှပြန်လည် ရုပ်သိန်းခွင့်ရှိသည်။ (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (ခ) ပေးအပ်သောတာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်ခြင်း၊ (ဂ) အကျင့်စာရိတ္တပျက်ပြားခြင်း၊

ပုဒ်မ ၁၈၈ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်တစ်ဦးသည် လည်းကောင်း၊ ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့ကောင်စီအဖွဲ့အစည်း တစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်တစ်ဦးသည် လည်းကောင်း၊ မိမိတာဝန်မှ နုတ်ထွက်လိုလျှင် မိမိနှင့်သက်ဆိုင်သော အဖွဲ့အစည်းသို့ ဥပဒေနှင့်အညီ နုတ်ထွက်လွှာ တင်သွင်းနိုင်သည်။

ပုဒ်မ ၁၈၉ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ ပြည်သူ့ကောင်စီအဆင့် တစ်ခုခုတွင်ဖြစ်စေ၊ ယင်းတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများတွင်ဖြစ်စေ တစ်စုံတစ်ရာသော အကြောင်းကြောင့် ပြည်သူ့ကိုယ်စားလှယ်နေရာလစ်လပ်ခဲ့လျှင် ဥပဒေနှင့်အညီ အစားထိုးရွေးချယ်တင်မြှောက်ရမည်။

အခန်း(၁၄) နိုင်ငံတော်အလံ၊အထိမ်းအမှတ်တံဆိပ်၊သီချင်းနှင့်မြို့တော်

ပုဒ်မ ၁၉၀ နိုင်ငံတော်၏အလံသည်အောက်တွင်ဖေါ်ပြထားသည့်အတိုင်းဖြစ်သည်-
နိုင်ငံတော်၏ အလံတွင် နောက်ခံအနီရောက်ဖြစ်ပြီး ညာဖက်ထောင့်တွင် အပြာရောင်ထောင်မှန်စတုဂံပါရှိပါသည်။ ယင်းစတုဂံ၏ အလည်ဗဟိုတွင် အဖြူရောင် စပါးနှံနှင့် စက်သွားကို ဝန်းရံထားသည့် ကြယ်ဖြူ ၁၄ လုံးပါရှိပါသည်။ (အလွတ်သဘောဘာသာပြန်ဆိုမှုဖြစ်သည်)

ပုဒ်မ ၁၉၁ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်သည် အောက်တွင်ဖေါ်ပြထားသည့် အတိုင်းဖြစ်သည်-

ပုဒ်မ ၁၉၂ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်သီချင်းကို သတ်မှတ်ပြဌာန်းပေးရမည်။ ပြည်သူ့လွှတ်တော်က နိုင်ငံတော် သီချင်းအသစ်ကို သတ်မှတ်ပြဌာန်းခြင်းမပြုမီ လက်ရှိနိုင်ငံတော်သီချင်းအား ဆက်လက်အသုံးပြုရမည်။

ပုဒ်မ ၁၉၃ နိုင်ငံတော်၏ မြို့တော်သည် ရန်ကုန်မြို့တော်ဖြစ်သည်။

ပုဒ်မ ၁၉၄ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်း၊အခန်း (၁) ပုဒ်မ၁နှင့်၄။အခန်း (၂) ပုဒ်မ၅၊၆၊ရ၊၈၊၉၊၁၁၊၁၂၊၁၄၊၁၈နှင့်၂၁။အခန်း (၃) ပုဒ်မ၂၈၊၂၉နှင့်၃၂။အခန်း (၄) ပုဒ်မ၄၁၊၄၄နှင့်၄၆။အခန်း (၁၅) ပုဒ်မ၁၉၄တို့ကိုပြင်ဆင်ရန်ရှိလျှင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ခုနှစ်ဆယ့်ငါးရာခိုင်းနှုန်းကပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ဂ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်သို့တင်ပြနိုင်သည်၊ (ဃ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အဆိုကို ပြည်သူ့ကောင်စီများက တင်ပြသည့်အခါ အောက်မှ အထက်သို့အဆင့်ဆင့်တင်ပြ၍ နောက်ဆုံး၌ ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်။

အခန်း(၁၅) အထွေထွေပြဌာန်းချက်များ

ပုဒ်မ ၁၉၅ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့်အတည်ပြုပြဌာန်းပြီးသည့်မှစ၍နိုင်ငံတော်တစ်ဝန်းလုံး၌အာဏာတည်သည်။

ပုဒ်မ ၁၉၆ ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်နေ့မှစ၍ပြည်သူ့လွှတ်တော်၏ပထမအကြိမ်အစည်းအဝေးမကျင်ပမီကာလအတွင်းဤဖွဲ့စည်းပုံဥပဒေပါပြဌာန်းချက်များအရပြည်သူ့လွှတ်တော်ကလုပ်ဆောင်ရန်ရှိသည်များကိုပြည်ထောင်စုမြန်မာနိုင်ငံတော်တော်လှန်ရေးကောင်စီကနိုင်ငံတော်၏အချုပ်အခြာအာဏာကိုဆက်လက်ခံယူကျင့်သုံး၍လုပ်ဆောင်ရမည်။ထို့အပြင်ဤဖွဲ့စည်းပုံအခြေခံဥပဒေတည်သည့်နေ့မတိုင်မီကကြိုတင်ဆောင်ရွက်သည့်လုပ်ငန်းရပ်များသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေအရဆောင်ရွက်သည်ဟုမှတ်ယူရမည်။

ပုဒ်မ ၁၉၇ ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း၊ ပုဒ်မများ၊ ပုဒ်မခွဲများ၊ စကားလုံးစုများ၊ စာကားလုံးတစ်လုံးချင်းများ၏ အနက်အဓိပ္ပါယ်၊ သဘောအယူအဆများဖွင့်ဆိုရာ၌ မြန်မာစာဖြင့် ရေးသားထားချက်များအပေါ်တွင်သာ အခြေပြုရမည်။

ပုဒ်မ ၁၉၈ နိုင်ငံတော်၏ ဖွဲ့စည်းပုံများအတွင် အထက်အောက် အပြန်အလှန်ဆက်သွယ်ရာ၌လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာ၌ လည်းကောင်း တညီတညွတ်တည်းဖြစ်စေရန်နှင့်အယူအဆမကွဲစေဘဲ ရှင်းလင်းလွယ်ကူစေရန် ရုံးသုံးစာအဖြစ် မြန်မာစာကို အသုံးပြုရမည်။ လိုအပ်လျှင် သက်ဆိုင်ရာတိုင်းရင်းသားစာကိုလည်း အသုံးပြု နိုင်သည်။

ပုဒ်မ ၁၉၉ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည်ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ၏မူဝါဒလမ်းညွှန်မှုများ၊ဥပဒေများ၊နည်ဥပဒေများ၊စဉ်းမျဉ်းဥပဒေများ၊အမိန့်ပြန်တမ်းများ၊ကြေငြာချက်များ၊ဆောင်ရွက်ချက်များ၊တာဝန်များနှင့်ရပိုင်ခွင့်များကိုဆက်ခံသည်။

ပုဒ်မ ၂၀၀ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စာကားရပ်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက ပြဌာန်းထားခဲ့သော စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကာရမည်။ (ခ) ပုဒ်မခွဲ (က) ပါ ဥပဒေပါ ပြဌာန်းထားသော အနက်အဓိပ္ပါယ်ဖွင့် ဆိုချက်များကို ပြင်ဆင်ရန်သော်လည်းကောင်း၊ စကားရပ်များကို ထပ်မံ၍အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်သော်လည်းကောင်းလိုအပ်ပါ က ပြည်သူ့လွှတ်တော်ကသာ ပြုလုပ်နိုင်သည်။ (ဂ) နိုင်ငံတော်ကောင်စီက၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ဤဖွဲ့စည်းပုံဥပဒေနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်လိုအပ်ပါက ပြည်သူ့လွှတ်တော်ကသာ ဆုံးဖြတ်ရမည်။

ပုဒ်မ ၂၀၁ ပြည်သူ့လွှတ်တော်သည်ဤဖွဲ့စည်းပုံအခြခံဥပဒေ၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုလိုအပ်သလိုအခါအားလျော်စွာထုတ်ပြန်နိုင်သည်။

ပုဒ်မ ၂၀၂ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်။ (ခ) ရှိရင်းစွဲ ဥပဒေများ၊ နည်းဥပဒေများသည် ပြည်သူ့လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။ (ဂ) ရှိရင်းစွဲစဉ်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ ကပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။ (ဃ) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြခံဥပဒေနှင့် လိုက်လျောညီထွေရှိလာစေရန် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်ရမည်။ (င) ရှိရင်းစွဲ စဉ်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့်အကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများက ဤဖွဲ့စည်းပုံ အခြခံဥပဒေနှင့် လိုက်လျောညီထွေရှိလာစေရန် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို နိုင်ငံတော်ကောင်စီက ပြုလုပ်ရမည်။ (စ) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စဉ်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုနိုင်မီ ကာလအတွင်း ဤဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဌာန်းချက်များ၏ သဘောနှင့်ညီညွတ်စေရန် ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက အနက်ဓိပ္ပာယ်ဖွင့်ဆို၍ လုပ်ဆောင်ရမည်။ (ဆ) ၀န်ထမ်းအဖွဲ့အစည်းများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ ဤဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဌာန်းချက်များ၏ သဘောနှင့်ညီညွတ်စေရမည်။ (ဇ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ စတင်တည်သည့်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ လက်အောက်၌ ဖွဲ့စည်းထားရှိသော အဖွဲ့အစည်းများ၊ အမှုတမ်ရွက်ဆဲဖြစ်ကြသော ဝန်ထမ်းများနှင့် အလုပ်သမားအားလုံးသည် နိုင်ငံတော်ကောင်စီက အခြားနည်းလမ်းဖြင့် ပြဌာန်းခြင်းမပြုသမျှ ဆက်လက်တည်ရှိစေရမည်။

ပုဒ်မ ၂၀၃ (က) နိုင်ငံတော်ကောင်စီနှင့်ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည်ဤဖွဲ့စည်းပုံအခြခံဥပဒေကိုသော်လည်းကောင်း၊ပြည်သူ့လွှတ်တော်ကပြဌာန်းသောဥပဒေများ၊နည်းဥပဒေများ၊ဆုံးဖြတ်ချက်များကိုလည်းကောင်းမဆန့်ကျင်စေပဲစည်းမျဉ်းများ၊စည်းကမ်းများ၊အမိန့်များ၊ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများကိုလိုအပ်သလိုထုတ်ပြန်နိုင်သည်၊ (ခ) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းကောင်း၊ပြည်သူ့လွှတ်တော်ကပြဌာန်းသောဥပဒေများ၊နည်းဥပဒေများဆုံးဖြတ်ချက်များကိုလည်းကောင်း၊သက်ဆိုင်ရာဗဟိုအာဏာပိုင်အဖွဲ့အစည်းများကထုတ်ပြန်သောစည်းမျဉ်းများ၊စည်းကမ်းများ၊အမိန့်များ၊ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများလုပ်ထုံးလုပ်နည်းများကိုလိုအပ်လိုထုတ်ပြန်နိုင်သည်။

ပုဒ်မ ၂၀၄ (က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့ တရားသူကြီးအဖွဲ့၊ ပြည်သူ့အကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့တို့သည် ပုဒ်မ ၈၉ တွင် ဖော်ပြထားသောကိစ္စများမှအပ အခြားကိစ္စများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်း ခွင့်ရှိသည်။ (ခ) ဝန်ကြီးအဖွဲ့သည် ပုဒ်မ ၈၉ တွင်ဖော်ပြထားသော ကိစ္စများအပြင် အခြားကိစ္စများနှင့် ပတ်သက်၍လည်း ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်းခွင့်ရှိသည်၊ (ဂ) ပြည်သူ့ကောင်စီအဆင့်ဆင့်သည် ပုဒ်မ ၈၉ တွင်ဖော်ပြသော ကိစ္စများမှအပအခြားကိစ္စများနှင့်ပတ်သက်သည့် ဥပဒေကြမ်းများကို အောက်မှအထက်သို့ အဆင့်ဆင့်တင်ပြ၍နောက်ဆုံး၌ ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်သည်။

ပုဒ်မ ၂၀၅ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်ယင်းကဦးဆောင်ဖွဲ့စည်းထားသောလူထုလူတန်းစားအဖွဲ့အစည်းများနှင့်လုပ်သားပြည်သူများသည်ဥပဒေရေးရာကိစ္စ၊စီးပွားရေးစီမံကိန်းဆိုင်ရာကိစ္စ၊နှစ်စဉ်ရသုံးခန့်မှန်းချေငွေစာရင်းကိစ္စ၊အခြားကိစ္စများနှင့်ပတ်သက်၍နိုင်ငံတော်၏အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သို့အကြံပြုနိုင်သည်။

ပုဒ်မ ၂၀၆ (က) နိုင်ငံတော်ကောင်စီဝင်များနှင့်ဝန်ကြီးအဖွဲ့ဝင်များသည်ပုဒ်မ၅၄ပုဒ်မခွဲ (ခ) နှင့်ပုဒ်မ၆၄ပုဒ်မခွဲ (ဂ) တို့တွင်ပြဌာန်းထားသည့်ခွင့်ပြုချက်များမှအပမိမိတို့ပါဝင်သောအာဏာပိုင်အဖွဲ့အစည်းများမှတပါးနိုင်ငံတော်၏အခြားအာဏာပိုင်အဖွဲ့အစည်းများတွင်ပါဝင်ခွင့်မရှိစေရ၊ (ခ) ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များ၊ ပြည်သူ့ဥပဒေအဖွဲ့ဝင်များနှင့်ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်များသည် မိမိတို့ပါဝင်သော အာဏာပိုင်အဖွဲ့စည်းများမှတပါး နိုင်ငံတော်၏ အခြားအာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့လွှတ်တော်၏ အခြားအဖွဲ့အစည်းများတွင်ပါဝင်ခွင့်မရှိစေရ၊ (ဂ) ပြည်နယ်ပြည်သူ့ကောင်စီ၊ တိုင်းပြည်သူ့ကောင်စီနှင့်မြို့နယ်ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် ရှိကြသောအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မိမိတို့ပါဝင်သောဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှတပါး ဒေသဆိုင်ရာ အခြားအာဏာပိုင်အဖွဲ့အစည်းများနှင့် ရေးရာကော်မတီများတွင် ပါဝင်ခွင့်မရှိစေရ၊ (ဃ) ပြည်သူကောင်စီအဆင့်ဆင့်၏တရားသူကြီးအဖွဲ့ဝင်များသည်ဒေသဆိုင်ရာအခြားအာဏာပိုင်အဖွဲ့အစည်းများတွင်ပါဝင်ခွင့်မရှိစေရ၊သို့ရာတွင်ပြည်သူ့ကောင်စီများ၏ရေးရာကော်မတီများတွင်မူပါဝင်ခွင့်ရှိသည်။

ပုဒ်မ ၂၀၇ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်တို့၏ အစည်းအဝေးများသည် ပြည်သူ့ကိုယ်စားလှယ်အားလုံး၏ ခုဆယ့်ငါးရာခိုင်နှုန်း တက်ရောက်မှသာလျှင် အထမြောက်သည်။

ပုဒ်မ ၂၀၈ ဗဟိုအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်ကို နိုင်ငံတော်ကောင်စီကဖြစ်ဖစ၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ တစ်ခုခုကဖြစ်စေ မေးမြန်းလို၍ဖိတ်ခေါ်လျှင် သက်ဆိုင်ရာဗဟိုအာဏာပိုင်အဖွဲ့အစည်းသည် တက်ရောက်ရှင်းလင်းတင်ပြရမည်။

ပုဒ်မ ၂၀၉ (က) ပုဒ်မ ၆၄ အရ ပြည်သူ့ကောင်စီတရပ်ရပ်ကို သက်တမ်းမကုန်ဆုံးမီ ဖျက်သိမ်းခဲ့လျှင် ဖက်သိမ်းခဲ့သည့် တင်မြှာက်လိုက်သော ပြည်သူ့ကောင်စီ၏ သက်တမ်းကာလသည် ဖျက်သိမ်းခဲ့သည့် ပြည်သူ့ကောင်စီ၏ ကျန်သက်တမ်းကာလအတွက်သာလျှင် ဖြစ်စေရမည်။ (ခ) ပြည်သူ့ကောင်စီတရပ်ရပ်၊ သို့မဟုတ် ပြည်သူ့ကောင်စီများကို ပြည်သူ့လွှတ်တော်ဖွဲ့စည်းပြီးနောက် ရွေးချယ်တင်မြှောက်ဖွဲ့စည်းခဲ့သော် ယင်းတို့၏ သက်တမ်းသည်လည်း ပြည်သူ့လွှတ်တော်၏ ပုံမှန်အတိုင်းသာလျှင် ဖြစ်စေရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)

နိဒါန်း

မြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာ ကြီးမားသောနိုင်ငံတော် ဖြစ်ပေသည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံး ညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ အဖြစ် ထူထောင်ကာထည်ဝါစွာ ရပ်တည်ခဲ့ကြ ပေသည်။

ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာ လုံးဝလက်လွတ် ဆုံးရှုံးခဲ့ရပေသည်။ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲများကို အသက်ပေါင်းများစွာ စတေး ၍ ဆင်နွှဲခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံတော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပေသည်။

လွတ်လပ်ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို အလျင်အမြန် ရေးဆွဲကာ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက် နေ့တွင် တိုင်းပြည်ပြုလွတ်တော်က အတည်ပြု ပြဌာန်းခဲ့ပြီး လွတ်လပ်ရေးရရှိသောအခါ နိုင်ငံတော်တွင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ကျင့်သုံးခဲ့ကြပေသည်။ သို့ရာတွင် နိုင်ငံတော်၌ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှု မရှိသဖြင့် ၁၉၇၄ ခုနှစ်တွင် တစ်ပါတီပုံစံကို အခြေခံလျက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဌာန်းကာ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ကြိုးပမ်းတည်ထောင်ခဲ့ပြန် ပေသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပေါ် လာသည့် အခြေအနေအရပ်ရပ်ကြောင့် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ရပ်ဆိုင်းသွားခဲ့ ရသည်။

ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် စျေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ပေးခဲ့ပေသည်။

အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ​ခေါ်ယူကျင်းပပေးခဲ့သည်။

အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေ ရေးရာစသည့် ရှုထောင့်မျိုးစုံမှ အတွေ့အကြုံ ကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော် အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြပေသည်။

အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲ အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သော နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ် နှင့် အညီ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်ဆက်လက်ကျင်းပ ခဲ့ရာ ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရန်အတွက် အခြေခံ ရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့်မူများ ကို အနှစ်သာရပြည့်ဝစွာချမှတ်နိုင်ခဲ့ကြသဖြင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ တွင် အမျိုးသားညီလာခံသည် အောင်မြင်စွာ ပြီးမြောက်ခဲ့ပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံ မူများနှင့် အသေးစိတ် အခြေခံရမည့်မူများ နှင့်အညီ ဤပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်။

ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည်-
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက် များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူ စောင့်ထိန်းသွားကြမည်ဟု သန္နိဋ္ဌာန် ချမှတ်၍လည်ကောင်း၊
- နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ထွန်းကားစေလျက် တိုင်းရင်းသား ပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက် ထိန်းသိမ်းသွားကြမည်ဟု သိန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊
- နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊
- ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူများကို စောင့်ထိန်းရန် အစဉ်ကြိုးပမ်း ကြမည်ဟု သိန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊

ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ( ခရစ် နှစ် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက် ) နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်ကြသည်။

အခန်း ( ၁ ) နိုင်ငံတော်အခြေခံမူများ

အပိုင်း ၁

၁။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်။

၂။ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဟု ခေါ်တွင်ရမည်။

၃။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။

၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်။

၅။ နိုင်ငံတော်၏မြေထု၊ ရေထုနှင့် လေထုတို့ပါဝင် သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့် အတိုင်းဖြစ်သည်။

အပိုင်း ၂

၆။ နိုင်ငံတော်သည်-
( က ) ပြည်ထောင်စုမပြိုကွဲရေး၊ ( ခ ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ( ဂ ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ( ဃ ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေ စီစနစ် ထွန်းကားရေး၊ ( င ) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် ( စ ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။

၇။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။

၈။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်။

၉။ ( က ) ရှိရင်းစွဲတိုင်း(၇) တိုင်းကို တိုင်းဒေသကြီး(၇) ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ်(၇) ပြည်နယ် အဖြစ် လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး(၇) ခုနှင့် ပြည်နယ်(၇) ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်၊ ( ခ ) ထိုတိုင်းဒေသကြီး(၇) ခုနှင့် ပြည်နယ်(၇) ပြည်နယ်တို့၏ အမည်များကို ရှိရင်းစွဲအတိုင်း ခေါ်ဆိုသုံးနှုန်းသည်၊ ( ဂ ) တိုင်းဒေသကြီးတစ်ခုခု၏အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း နေထိုင်ကြသော နိုင်ငံသားများ၏ဆန္ဒရယူပြီး ဥပဒေပြဋ္ဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ် ရမည်။

၁၀။ နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများစသည့် နိုင်ငံတော်၏နယ်မြေပိုင်းခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲထွက်မရ။

၁၁။ ( က ) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ နှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုသည်၊ ( ခ ) ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု များအား ခွဲဝေအပ်နှင်းသည်။

၁၂။ ( က ) နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေ အပ်နှင်းသည်၊ ( ခ ) ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကိုအခြေခံ ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ် ဟူ၍ လွှတ်တော်နှစ်ရပ်ပါရှိသည်။

၁၃။ တိုင်းဒေသကြီး ( ၇ ) ခုတွင် တိုင်းဒေသကြီး လွှတ်တော်တစ်ရပ်စီနှင့် ပြည်နယ် ( ၇ ) ပြည်နယ် တွင် ပြည်နယ်လွှတ်တော်တစ်ရပ်စီ ရှိသည်။

၁၄။ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်း ပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား များ ပါဝင်သည်။

၁၅။ လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင် ခွင့်ရှိသည်။

၁၆။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။

၁၇။ ( က ) နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု များအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ် ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်၊ ( ခ ) ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးစသည့် တာဝန်များ ထမ်းဆောင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်၊ ( ဂ ) ပုဒ်မ ၁၅ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေးတွင် ကိုယ်စားလှယ် ပါဝင်ခွင်ရရှိသည့် တိုင်းရင်းသားလူမျိုးဖြစ်လျှင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသားလူမျိုးများ ရေးရာကို ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရမည်။

၁၈။ ( က ) နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်၊ ( ခ ) ပြည်ထောင်စုတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံး တရားရုံးဖြစ်သည်၊ ( ဂ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့်အာဏာများ ရှိသည်၊ ( ဃ ) တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရား လွှတ်တော် တစ်ရပ်စီလည်းကောင်း၊ ပြည်နယ် တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီ လည်းကောင်း ထားရှိသည်။

၁၉။ အောက်ပါတို့ကို တရားစီရင်ရေးမူများအဖြစ် သတ်မှတ်သည်-
( က ) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ ( ခ ) ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ ( ဂ ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး။

၂၀။ ( က ) တပ်မတော်သည် အင်းအားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခု တည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်၊ ( ခ ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊ ( ဂ ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်၊ ( ဃ ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင် ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်၊ ( င ) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန် ရှိသည်၊ ( စ ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်၊

၂၁ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှ တမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်။ (ခ) တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦး ကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထား ခွင့် မရှိစေရ။ (ဂ) ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။ (ဃ) နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုင်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့်တားမြစ်ချက်များ ထိရောက် ခိုင်မာပြည့်စုံစေရန် လိုအပ်သောဥပဒေပြဋ္ဌာန်း ရမည်။

၂၂ နိုင်ငံတော်သည်-
(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်ရမည်၊ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ (ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသား များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည်။

၂၃ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏
(က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်၊ (ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင် ရွက်မည်။

၂၄ နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်။

၂၅ နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင် များ၏အကျိုးကို ကူညီဆောင်ရွက်မည်။

၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊ (ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းရမည်။

၂၇ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်း ရေးအတွက် ကူညီဆောင်ရွက်မည်။

၂၈ နိုင်ငံတောသည်-
(က) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင် ရွက်ရမည်၊ (ခ) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင်ရွက် နိုင်ရန် လိုအပ်မည့် ဥပဒေ ပြဋ္ဌာန်းဆောင်ရွက် ရမည်၊ (ဂ) အခမဲ့ မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်၊ (ဃ) ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည် ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေးစနစ်ဖော်ဆောင်ရမည်။

၂၉ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည် တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။

၃၀ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ရမည်။

၃၁ နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက် ရမည်။

၃၂ နိုင်ငံတော်သည်-
(က) မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူ များအား ကြည့်ရှုစောင့်ရှောက်ရမည်။ (ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများ အား သင့်တင့်လျောက်ပတ်စွာ နေထိုင်စား သောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခ လွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်။

၃၃ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး နှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။

၃၄ ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်း ပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသား တိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ် စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ ကို အညီအမျှ ရရှိစေရမည်။

၃၅ နိုင်ငံတော်၏ စီးပွားရေးစနစ်သည့် စျေးကွက် စီးပွားရေးစနစ်ဖြစ်သည်။

၃၆ နိုင်ငံတော်သည်-
(က) အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်း များ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစု အားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ပြုသည်၊ (ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ် ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက် ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီး အုပ်ဆောင်ရွက်မှု သို့မဟုတ် စျေးကစားမှုပြုခြင်း ဖြင့် အများပြည်သူတို့၏ အကျိုးစွားပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်၊ (ဂ) အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရှုဆောင်ရွက်မည်။ (ဃ) စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။ (င) တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု။

၃၇ နိုင်ငံတော်သည်-
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်၊ (ခ) နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်၊ (ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေ ဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်။

၃၈ (က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင် ခွင့်ရှိသည်၊ (ခ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက် များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်။

၃၉ နိုင်ငံတော်သည် စစ်မှန်င စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

၄၀ (က) တိုင်းဒေသကြီးတစ်ခုတွင် ဖြစ်စေ၊ ပြည်နယ် တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု၏ အုပ်ချုပ်ရေးဆိုင်ရာအခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက် ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် သက်ဆိုင်သည့် ဥပဒေပြုအခွင့်အာဏာများကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော် သမ္မတက သုံးစွဲဆောင်ရွက်ခွင့် ရှိသည်။ (ခ) တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ၊ ပြည်နယ် တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော်သည် ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားချက် များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ခွင့် ရှိသည်။ (ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူး သောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မ နည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ရယူသုံးစွဲခွင့်ရှိသည်။

၄၁ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံး သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှု သည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူများကို စောင့်ထန်းသည်။

၄၂ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု၊ (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကို မျှ တပ်ချခွင့်မပြု၊

၄၃ မည်သည့်ပြစ်မှုဆိုင်ရာ ​ဥပဒေမျှ နောက်ကြောင်း ပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ။

၄၄ လူ့သိက္ခာညိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ် ပြဋ္ဌာန်းခွင့်မရှိစေရ။

၄၅ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်။

၄၆ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းသည့် ဥပဒေ များသည် လည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိ စိစစ်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပ်နှင်းထားသေည့် အခြေားတာဝန် များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ရုံးကို ဖွဲ့စည်းရမည်။

၄၇ ဤအခန်းပါအခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ် ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည်။

၄၈ နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များ ဖြစ်သည်။

အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

၄၉ နိုင်ငံတော်ကို အောက်ပါတိုင်းဒေသကြီး (၇)ခု၊ ပြည်နယ်(၇) ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်-
(က) ကချင်ပြည်နယ် (ခ) ကယားပြည်နယ် (ဂ) ကရင်ပြည်နယ် (ဃ) ချင်းပြည်နယ် (င) စစ်ကိုင်းတိုင်းဒေသကြီး (စ) တနင်္သာရီတိုင်းဒေသကြီး (ဆ) ပဲခူးတိုင်းဒေသကြီး (ဇ) မကွေးတိုင်းဒေသကြီး (စျ) မန္တလေးတိုင်းဒေသကြီး (ည) မွန်ပြည်နယ် (ဋ) ရခိုင်ပြည်နယ် (ဌ) ရန်ကုန်တိုင်းဒေသကြီး (ဍ) ရှမ်းပြည်နယ် (ဎ) ဧရာဝတီတိုင်းဒေသကြီး (ဏ) ပြည်ထောင်စုနယ်မြေများ

၅၀ (က) နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ် သည်။ (ခ) နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည်တို့နှင့်စပ်လျဉ်း ပြီး ထူးခြားသော အခြေအနေရှိသည့်နယ်မြေများ ကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်လျှင် ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေ အဖြစ် သတ်မှတ်နိုင်သည်။

၅၁ နိုင်ငံတော်ကို အောက်ပါအတိုင်း စုစည်းသည်-
(က) ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် စုစည်းသည်၊ (ခ) ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ် စုစည်းသည်၊ (ဂ) ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်စုစည်းသည်၊ (ဃ) မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်၊ (င) ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖြစ် စုစည်းသည်၊ (စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုဒေသအတွင်း ရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် စုစည်းသည်၊ (ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်း ရှိ မြို့နယ်များကို မြို့နယ်များကို ခရိုင်အဖြစ် စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် စုစည်းသည်၊ (ဇ) တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ် နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်၊ (စျ) တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော်အဖြစ် စုစည်းသည်။

၅၂ (က) နိုင်ငံတော် နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေး အတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပေးပါရန် ပထမဦးစွာ အကြောင်းကြားရမည်။ (ခ) နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေး အတွက် နိုင်ငံတော်သမ္မတ၏ အကြောင်းကြား စာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် အောက်ပါအတိုင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒကို ရယူရမည်- တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက်တင် မြှောက်ထားသည့် လွှတ်တော်တွင် ပါရှိသော လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက် ကျော် ထောက်ခံဆန္ဒမဲ၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်တွင်ပါရှိသော ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံ ဆန္ဒမဲ၊ ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ် နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။ (ဂ) အထက်ပါအတိုင်းထောက်ခံဆန္ဒမဲ အသီးသီးရရှိ လျှင် နိုင်ငံတော် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင် သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်းကြား ရမည်။ (ဃ) အထက်ပါသတ်မှတ်ထားသော နည်းလမ်းများ နှင့်အညီ လွှတ်တော်တစ်ရပ်ရပ်ကဖြစ်စေ၊ ထို လွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာနယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဖြစ်စေ နယ်နိမိတ် ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံလျှင် နိုင်ငံတော်နယ်နိမိတ်ကို လိုအပ် သလို ပြင်ဆင် သတ်မှတ်ပေးရန် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်။ (င) ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရရှိ သည့်အခါ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက လိုအပ်သလို ဆောင်ရွက်ရမည်။

၅၃ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်း ​ပေါ်ပေါက်ပါက ယင်းနယ်နိမိတ်နှင့်အကျုံးဝင် သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်၊ (ခ) ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေ ထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ မရလျှင် ယင်းနယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်း ကို ဆောင်ရွက်ခြင်း လုံးဝမပြုရ။ (ဂ) ယင်းမြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက် ကျော်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၏ ဆန္ဒရယူရမည်။ (ဃ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံ သုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရရှိလျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ကိုရယူပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးရမည်။ (င) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်က နယ်နိမိတ် ပြင်ဆင်ရန် သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်။ (စ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံသုံးပုံနှင့်အထက်က နယ်နိမိတ် ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲ ပေးလျှင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမည်။

၅၄ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွားအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေး ရမည်။

၅၅ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုခု၏ အမည်ကို ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုခု၏ အမည်ကို ဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် တိုင်းဒေသကြီး တစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်ခုခု၏ အမည်ကိုဖြစ်စေ ပြောင်းလဲ သတ်မှတ်သည့် နည်းလမ်းအတိုင်း ပြောင်းလဲ သတ်မှတ်ရမည်။

၅၆ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ် သည်-
(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၊ (ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ (င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (စ) ရှမ်းပြည်နယ်ရှိ ဟိုပင်မြို့နယ်၊ မိုင်းမောက်မြို့ နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်း မြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့ နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း။

အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ

၅၇ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

၅၈ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

၅၉ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊ (ခ) မိမိနှင့် မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊ (ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊ (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင် များရှိရမည်၊ (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တါင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊ ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလ များကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့ သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။ (စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ များမဖြစ်စေရ၊ (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတ အတွက် သီးခြားသတ်မှတ်ထားသော အရည် အချင်းများနှင့်လည်း ပြည့်စုံရမည်။

၆၀ (က) နိုင်ငံတော်သမ္မတသည် သမ္မတရွေးချယ်တင် ​မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်၊ (ခ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်- တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင် မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ရွေးကောက်တင် မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့၊ ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့။ (ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦး စီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်။ (ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ နှင့် ပြည့်စုံခြင်း ရှိ၊ မရှိ ကို ပြည်ထောင်စုလွှတ် ​တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင်ပါဝင် သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယ အကြီးအမှူးများ ပါဝင်သည့် အဖွဲ့က စိစစ်ရမည်၊ (င) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး ပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ် သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ဆန္ဒမြပေး ရွေးချယ်တင်မြှောက် ရမည်။ (စ) ထိုသို့နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့် ဥပဒေ ကို ပြဋ္ဌာန်းပေးရမည်။

၆၁ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်၊ (ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံ တော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီး သည့်အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့၏ လုပ်ငန်းတာဝန်များ ကို ဆက်လက်ထမ်းဆောင်ရမည်၊ (ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင် ခြင်း မပြုရ၊ (ဃ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ အဖြစ် ကြားဖြတ်တာဝန်ယူရသည့်ကာလကို ရာထူးသက်တမ်းတစ်ခုဟု မသတ်မှတ်ရ၊ (င) အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတရာထူးနေရာ လစ်လပ် သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက် ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။

၆၂ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ သည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ။

၆၃ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၆၄ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နေ့မှ စ၍ မိမိတို့ရာထူးသက်တမ်းတွင် ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ။

၆၅ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် အောက်ပါအတိုင်း ကတိသစ္စာ ပြုရမည်-
“ကျွန်ုပ်……သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့် သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။
"ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများ ကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင် ရွက်ပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အကျိုးငှား နိုင်ငံတော်အားမိမိ၏ အသက်နှင့် ကိုယ်ကိုအပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်”"

၆၆ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေနှင့် အခြား ဥပဒေများက အပ်နှင်းထားသော တာဝန် နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးထမ်းဆောင်ရမည်။

၆၇ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုရ။

၆၈ နိုင်ငံတောသမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်။

၆၉ နိုင်ငံတောသမ္မတနှင့် ဒုတိယသမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များရရှိစေရမည်။ သင့်တင့် လျောက်ပတ်သည့် အိမ်တော်တစ်ဆောင်စီကို လည်း ရရှိစေရမည်။

၇၀ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်းမှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့် အညီ အငြိမ်းစားလစာနှင့်သင့်တင့်လျောက်ပတ် သော ထောက်ပံ့မှုများ ရရှိစေရမည်။

၇၁ (က) နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ဒုတိယသမ္မတ တစ်ဦးဦးကိုဖြစ်စေ အောက်ပါအကြောင်းတစ် ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်- နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက် ခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖော်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ (ခ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စား လှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံ တစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲ ချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်။ (ဂ) ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံကထောက်ခံမှသာ ဆက်လက်အရေးယူ ဆောင်ရွက်ရမည်။ (ဃ) လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူ ဆောင်ရွက်ရန် ထောက်ခံလျှင် အခြားလွှတ်တော် တစ်ရပ်က ယင်းစွပ်စွဲချက်ကို အဖွဲ့ဖွဲ့၍ စုံစမ်း စစ်ဆေးရမည်။ (င) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ကိုယ်တိုင် သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း ချေပခွင့်ပေးရမည်။ (စ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးပြီးသည့်အခါ စွပ်စွဲ ချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေး စေသော လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသော ပြစ်မှုသည် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့် ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံရသော နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စွဲရန် ယင်းလွှတ်တော်က ပြည်ထောင်စု အကြီးအမှူးထံ တင်ပြရမည်။ (ဆ) ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် တင်ပြချက် ရရှိလျှင် ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စွဲကြောင်း ကြေညာရမည်။

၇၂ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။

၇၃ (က) နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်း ဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခု သော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတ နှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင် မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိ သည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်။ (ခ) နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွား သည့်အချိန်သည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်လျှင် လစ်လပ် သွားသည့် နိုင်ငံတော်မ္မတရာထူးကို ခုနှစ်ရက် အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတ က ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထ့ ဆောလျင်စွာ အကြောင်းကြားရမည်။ (ဂ) ယာယီသမ္မတထံမှ အကြောင်းကြားစာကိုရရှိ သည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတ ကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင် မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးက ဆောင်ရွက်ပေးရမည်။ (ဃ) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သည့် သမ္မတရွေး ချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ရမည်၊ (င) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပ ချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် ယာယီသမ္မတထံမှ အကြောင်း ကြားစာရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး လစ်လပ်သော နိုင်ငံတော်သမ္မတ ရွေး ချယ်တင်မြှောက်နိုင်ရေးအတွက် အထက်ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။ (စ) ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ် လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင် နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဒုတိယသမ္မတ ရာထူး နေရာလစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ခုနှစ် ရက်အတွင်း ဒုတိယသမ္မတတစ်ဦးရွေးချယ် တင်မြှောက်ပေးရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။ (ဆ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပ ချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိသည့်နေမှစ၍ ၂၁ ၇က် အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကိုခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။

အခန်း (၄) ဥပဒေပြုရေး

(က)

အပိုင်း ၁

၇၄ ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော်နှစ်ရပ်ပါဝင်သည်-
(က) ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ် ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင် သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော်၊ (ခ) ပုဒ်မ ၁၄၁ ပါပြဋ္ဌာန်းချက်များနှင့်အညီ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ် စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။

အပိုင်း ၂

၇၅ လွှတ်တော်အသီးသီး၏ အကြီးအမှူး၊ ဒုတိယ အကြီးအမှူးများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်သက်တမ်းတစ်ခုစီအတွက် လွှတ် တော် ပထမအစည်းအဝေး စတင်ကျင်းပသည့် နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ကတိ သစ္စာပြုနိုင်ရန်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပေးရန် ကျင်းပ သော လွှတ်တော်အစည်းအဝေးကို ကြီးမှူးကြီး ကြပ်ပေးရမည့် အကြီးအမှူးအား သဘာပတိ ဟုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို နာယက နှင့် ဒုတိယနာယက ဟုလည်းကောင်း၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌဟုလည်းကောင်း ခေါ်ဝေါ် သုံးစွဲရမည်။

အပိုင်း ၃

၇၆ (က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခုစတင်သည့် နေ့ရက်မှ လပေါင်း၃၀ ပြည့်မြောက်သည့်နေ့ရက် အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယက နှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင် ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည့် ပြည်ထောင်စုလွှတ်တော် နာယက နှင့် ဒုတိယနာယက တာဝန်ကိုပါထမ်းဆောင်ရမည်။ (ခ) ပြည်ထောင်စုလွှတ်တော် နာယကသည် နာယက တာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယက သည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။

အပိုင်း ၄

၇၇ ပြည်ထောင်စုလွှတ်တော်နာယက သည်
(က) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊ (ခ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက် ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊ (ဂ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြု သော အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ရှင်း လင်း တင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း သတ် မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့် များကို ဆောင်ရွက်ရမည်။

အပိုင်း ၅

၇၈ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန် အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမ အစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးများကို ပြည်ထောင်စုလွှတ်တော်နာယက က ခေါ်ယူကျင်းပရမည်။

၇၉ ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် နာယက ကတစ်နှစ် လျှင် အနည်းဆုံး တစ်ကြိမ် ခေါ်ယူကျင်းပရ မည်။ ပုံမှန်အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ် အကြား အရှည်ကြာဆုံးကာလသည် ၁၂ လ ထက် မပိုစေရ။

၈၀ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊ (ခ) နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် နာယက ကခွင့်ပြုသော အခြား သဝဏ်လွှာများ ကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ (ဂ) ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း (ဃ) ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များ ကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ (င) ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ (စ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းသည့် အစီ ရင်ခံစာများကို ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ (ဆ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း (ဇ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ (စျ) ပြည်ထောင်စုလွှတ်တော် နာယက ကခွင့်ပြုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။

၈၁ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ယူ မည့်ကိစ္စရပ်များ၊ သဘောတူညီချက်ရယူမည့် ကိစ္စရပ်များ၊ အတည်ပြုချက်ရယူမည့် ကိစ္စရပ် များကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပဆဲ ကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရမည်၊ (ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပ ဆဲကာလမဟုတ်လျှင် အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်။ (ဂ) အများပြည်သူအကျိုးငှာ အလျင်အမြန် ဆောင် ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ် အစည်းအဝေးခေါ်ယူ ကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။

၈၂ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပရန် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် နာယက က ခေါ်ယူကျင်းပနိုင်သည်။

၈၃ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော်အထူး အစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ် အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံးခေါ်ယူ ကျင်း ပရမည်။

၈၄ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူ ကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော်နာယကက အထူး အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်။

၈၅ (က) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ် တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ထက်ဝက် ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ် ၍ အထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။ (ခ) ပုဒ်မခွဲ (က)အရ အစည်းအဝေး အထမမြောက် သည့်အတွက် ရွှေ့ဆိုင်းကျင်းပရသော အစည်း အဝေးများနှင့် အစည်းအဝေး အထမြောက်ပြီး နောက် ဆက်လက်ကျင်းပသော အစည်းအဝေး များတွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး သို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စား လှယ်စုစုပေါင်း ဦးရေအနက် အနည်းဆုံး သုံးပုံ တစ်ပုံ တက်ရောက်လျှင် အစည်းအဝေးများ အထမြောက်သည်။

၈၆ (က) ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရ မည့် အကြောင်းအရာတစ်ရပ်နှင့်စပ်လျဉ်း၍ မဲခွဲ ဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြား နည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏များရာဆန္ဒမဲ ဖြင့် ဆုံးဖြတ်ရမည်။ (ခ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့်ကိစ္စများ၌ ပြည်ထောင်စု လွှတ်တော် နာယက သို့မဟုတ် နာယက တာဝန် ထမ်းဆောင်နေသည့် ဒုတိယ နာယက သည် ဆန္ဒမဲ မပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက် ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ် တွင်သာ အနိုင်မဲ ပေးရမည်။

၈၇ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦး သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်ရပ်တွင် ပြည်ထောင်စုလွှတ်တော်နာယက၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေးတက်ရောက်ရန် အနည်းဆုံး ရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်း ပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်း များနှင့်အညီ အရေးယူရန် ပြည်ထောင်စု လွှတ်တော် နာယက က သက်ဆိုင်ရာလွှတ်တော် သို့ အကြောင်းကြားရမည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတက်ရောက်ရန် ခွင့်မဲ့ ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက် ရာ၌ အစည်းအဝေးရွှေ့ဆိုင်းထားသည့် ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ။

၈၈ ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ် စားလှယ်နေရာအချို့ လစ်လပ်နေစေကာမူ ပြည်ထောင်စုလွှတ်တော်လုပ်ငန်းများကို ဆောင် ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူ တစ်ဦးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေး သို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်းတစ်ရပ်ရပ်တွင် ပါဝင်ဆောင် ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိ စေကာမူ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

၈၉ ပြည်ထောင်စုလွှတ်တော်၏ဆောင်ရွက်ချက်များ နှင့် မှတ်တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ချက်အရဖြစ်စေ တားမြစ်ထားသည့် ဆောင်ရွက် ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်း မပြုရ။

၉၀ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည် နာယက၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်သည့် အခါ မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သော ဥပဒေ ကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်။

၉၁ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသင့်သော မိမိအဖွဲ့အစည်းနှင့် သက်ဆိုင် သည့်အခြေအနေအရပ်ရပ်ကို နာယက၏ ခွင့်ပြု ချက်ဖြင့် တင်ပြနိုင်သည်။

၉၂ (က) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဆိုင် ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ပူးပေါင်းကော်မတီတို့ တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ပူးပေါင်းကော်မတီတို့ တွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ။ (ခ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက် ရောက်ရန် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြု သော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်သော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်နှင့်သော်လည်း ကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စု လွှတ်တော်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြပြောဆိုမှု များနှင့်စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ။ (ဂ) ပုဒ်မခွဲ (က)နှင့် (ခ) တွင်ပါရှိသော ပုဂ္ဂိုလ်များ သည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံး ကြရာတွင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည် ပြည်ထောင်စုလွှတ်တော် ၏ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။

၉၃ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက်နေသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော် နာယက၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကို ဖြစ်စေ ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသော အထောက် အထားကို ပြည်ထောင်စုလွှတ်တော် နာယက ထံ တင်ပြရမည်။ ပြည်ထောင်စုလွှတ်တော် နာယက ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်း မပြုရ။

၉၄ ပြည်ထောင်စုလွှတ်တော်ကသော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာအရသော် လည်းကောင်းဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာ များ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်း များနှင့်စပ်လျဉ်း၍ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။

အပိုင်း ၆

၉၅ (က) ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ် ​တော်တွင်ဖြစ်စေ စတင်တင်သွင်းသည့် ဥပဒေ ကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြု လျှင် ယင်းဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်။ (ခ) ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘော ကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေး နွေး ဆုံးဖြတ်ရမည်။

၉၆ ပြည်ထောင်စုလွှတ်တော် ဇယား ၁ တွင် ဖော်ပြ ထားသည့် ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတစ်ဝန်း လုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။

၉၇ (က) ပြည်ထောင်စုလွှတ်တော်ဥပဒေတစ်ရပ်ပြဋ္ဌာန်း သည့်အခါ- ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည် ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်အား ယင်း ဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်၊ သက်ဆိုင်ရာ အဖွဲ့အစည်းသို့မဟုတ် အာဏာပိုင် အား ယင်းဥပဒေနှင့်သက်ဆိုင်သည့် အမိန့်ကြော် ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။ (ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း ညီညွတ်မှုရှိရမည်။ (ဂ) ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်လုံးက နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်သည် သို့မဟုတ် ပြင်ဆင် စေသည်ဟု မှတ်ယူရမည်။ (ဃ) နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်း တစ် ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရမည်။ (င) နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်း တစ် ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ပုဒ်မခွဲ (ဂ) သို့မဟုတ် (ဃ) အရ ဆုံးဖြတ်ပါက ထိုသို့ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမိ ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စ ကို ထိခိုက်ခြင်း မရှိစေရ။

အပိုင်း ၇

၉၈ ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းများတွင် ဖော်ပြမထားသော အခြားကိစ္စများနှင့်စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့် အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်။

အပိုင်း ၈

၉၉ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကိုဖြစ်စေ ဥပဒေပြုခွင့်အပ်နှင်း ထားသော ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု နယ်မြေများအတွက် ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်က လိုအပ်သော ဥပဒေကို ပြဋ္ဌာန်းပေးရမည်။

အပိုင်း ၉

၁၀၀ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုဥပဒေစာရင်းတွင် ပါရှိသောကိစ္စရပ် များအနက် မိမိတို့ စီမံခန့်ခွဲသည့်ကိစ္စရပ်မျာနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်၊ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိ သော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်။

၁၀၁ ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ် ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ် သော ဥပဒေကြမ်းများမှအပ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ် တော်တွင်ဖြစ်စေ စတင်ဆွေးနွေးဆောင်ရွက်ခွင့် ရှိသည်။

၁၀၂ ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ် ရမည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ် လေ့လာစိစစ် ရန် လိုအပ်ပါက ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့အား ပူးပေါင်းလေ့လာစိစစ်ခြင်း၊ ယင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်များကို သတ်မှတ်ထား သည့် နည်းလမ်းများနှင့်အညီ ဥပဒေကြမ်းနှင့် အတူ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြဆောင်ရွက်စေခြင်းတို့ကို ပြုနိုင်သည်။

အပိုင်း ၁၀

၁၀၃ (က) ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော် သမ္မတ သို့မဟုတ် ယင်းကတာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်၊ (ခ) ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင်ပါရှိသော- ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အကြီး အမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ် များ၊ ပြည်ထောင်စုကပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွယ် သော ကုန်ကျစရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့် ဆက်နွယ်သော အခြားကုန်ကျ စရိတ်များ၊ တရားရုံး သို့မဟုတ် ခုံရုံးတစ်ရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ အပြည် ပြည်ဆိုင်ရာ စာချုပ်တစ်ခုခုအရ ဖြစ်စေ ကျခံရမည့် အခြားအသုံးစရိတ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့် ရှိ သည်။ (ဂ) ပုဒ်မခွဲ (ခ)ပါ အသုံးစရိတ်များမှအပ အခြား အသုံးစရိတ်များအတွက်ကိုမူ ပြည်ထောင်စု လွှတ်တော်က သအဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်။ (ဃ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရမည်။ (င) ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေပါလျာထားသော ရငွေများနှင့် ခွင့်ပြုထားသော သုံးငွေများအပြင် နောက်ထပ် ရငွေများလျာထားရန်နှင့် သုံးငွေများ ခွင့်ပြုရန် လိုအပ်သည့်အခါနောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲ ရေးဥပဒေကို အထက်ပါ နည်းလမ်းများအတိုင်း ပြဋ္ဌာန်းဆောင်ရွက်ရမည်။ (စ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် နောက် ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရမည်။

အပိုင်း ၁၁

၁၀၄ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတ က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ရပ် ထုတ်ပြန်ပြီး ယင်းအမိန့်ကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်အခါ−
(က) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အတည်ပြု၊ မပြု ဆုံးဖြတ်ရမည်၊ (ခ) အတည်ပြုရန် ဆုံးဖြတ်ပါက ယင်းအမိန့် ဆက်လက်အာဏာတည်ရမည့် အချိန်ကာလကို သတ်မှတ်ပေးရမည်၊ (ဂ) အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍

အပိုင်း ၁၂

၁၀၅ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် မှ ပေးပို့လာသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော သို့မဟတ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့ ၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ် ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။ (ခ) နိုင်ငံတော်သမ္မတသည် ဥပဒကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏ သဘောထားမှတ်ချက်နှင့် အတူ ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့နိုင်သည်။ (ဂ) နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေ အဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ က မိမိ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ခြင်း မပြုလျှင်သော်လည်းကောင်း၊ ဥပဒေ ကြမ်းကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ် ပြန်ကြေညာခြင်း မပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရ မည်။

၁၀၆ (က) နိုင်ငံတော်သမ္မတထံ ပေးပို့ထားသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထားမှတ်ချက်များနှင့်အတူ သတ်မှတ် ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန် လည်ပေးပို့လျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များ ကို ဆွေးနွေးသုံးသပ်ပြီးနောက် နိုင်ငံတော်သမ္မတ ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ ဥပဒေ ကြမ်းကို ပြင်ဆင်ရန် ဆုံဖြတ်နိုင်သည် သို့မဟုတ် နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်၊ (ခ) "နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့် အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုသော ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည် ရရှိသည်နေ့၏ နောက်တစ်နေ့မှ ခုနှစ်ရက် အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေ အဖြစ်ထုတ် ပြန်ကြေညာရမည်၊" (ဂ) ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့လာ သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ ၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။

၁၀၇ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီးသော ဥပဒေများ သို့မဟုတ် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက် ရရှိပြီးသကဲ့သို့ မှတ်ယူ ရမည်ဖြစ်သော ဥပဒေများကို နိုင်ငံတော်ပြန်တမ်း တွင်ထုတ်ပြန်ကြေညာရမည်။ ထိုဥပဒေတွင် သီးခြားဖော်ပြချက် မပါလျှင် ထုတ်ပြန်ကြေညာ သည့်နေ့မှစ၍ အာဏာတည်ရမည်။

၁၀၈ ပြည်ထောင်စုလွှတ်တော်သည် -
(က) နိုင်ငံတော်သမ္မတက တင်ပြသည့် အပြည်ပြည် ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူ ညိချက်များကို အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့နှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးရမည်၊ (ခ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူ ညီချက်များအနက် မည်ကဲ့သို့သော စာချုပ် သို့မဟုတ် သဘောတူညီချက် အမျိုးအစားကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူ ရန် မလိုဘဲ ချုပ်ဆိုခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတအား လုပ်ပိုင်ခွင့် လွှဲအပ်နိုင်သည်။

(ခ)

အပိုင်း ၁

၁၀၉ ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း၊ မြို့နယ် ၃၃၀ ထက် ပိုမိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တစ်ဆက်တစ်စပ်တည်းဖြစ်သော သင့်လျော် သည့် မြို့နယ်တစ်ခုနှင့် ပူးပေါင်း၍လည်းကောင်း ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေး ကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ။

အပိုင်း ၂

၁၁၀ (က) ပြည်သူ့လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမ အကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင် ကျင်းပသည့်အခါ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် တစ်ဦးအား သဘာပတိအဖြစ် တင်မြှောက် ရမည်။ (ခ) သဘာပတိသည် ပြည်သူ့လွှတ်တော် ရှေ့မှောက် တွင် ကတိသစ္စာပြုရမည်၊ (ဂ) သဘာပတိသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီးသည် အထိ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမည်။

အပိုင်း ၃

၁၁၁ (က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌတစ်ဦးကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များထဲမှ ရွေးကောက်တင်မြှောက် ရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ နေရာ လစ်လပ်လျှင် အနီးကပ်ဆုံးကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစားထိုး ရွေးကောက်တင်မြှောက် ရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယဥက္ကဋ္ဌ သည် ဥက္ကဋ္ဌတာဝန်ကို ယာယီထမ်းဆောင်ရမည်။ (ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေး ကောက်တင်မြှောက်ရန် နည်းလမ်းများကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၄

၁၁၂ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် -
(က) ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ကြီးကြပ် ကွပ်ကဲရမည်၊ (ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊ (ဂ) ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဆွေးနွေး ဆောင်ရွက်ဆဲအကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ် ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော် အစည်း အဝေးသို့တက်ရောက် ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထား သည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက် ရမည်။

အပိုင်း ၅

၁၁၃ (က) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် နောက်တစ်ကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ပထမ အစည်းအဝေး စတင်မကျင်းပမီ အချိန်အထိ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်၊ (ခ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ သည်နုတ်ထွက်လျှင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းခံရလျှင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင်ဖြစ်စေ၊ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌတာဝန်မျ ပြည်သူ့လွှတ်တော်၏ ရုပ်သိမ်း ခြင်းကို ခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ်မှ ရပ်စဲပြီး ဖြစ်စေရမည်။

၁၁၄ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။

အပိုင်း ၆

၁၁၅ (က) ပြည်သူ့လွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်၊ (ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို လည်းကောင်း၊ တပ်မတော်ဆိုင်ရာကိစ္စများကို လည်းကောင်း ​လေ့လာတင်ပြစေရန် အကြောင်း ပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်သည် ကာကွယ် ရေးနှင့်လုံခြုံရေးကော်မတီကို တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ် ၍ ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ တပ်မတော်သားမဟုတ်သော သင့်လျော်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်းနိုင်သည်၊ (ဂ) ပြည်သူ့လွှတ်တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့အပြင် အခြား ရေးရာကိစ္စများကို လေ့လာတင်ပြစေရန် လိုအပ်ပါက လွှတ်တော်ကော်မတီများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်၊ (ဃ) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီ များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။

၁၁၆ ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်နှင့် ညှိနှိုင်းရန်ကိစ္စပေါ်ပေါက်လျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီ စွာ ပါဝင်သော ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် ယင်းကော်မတီတွင် ပါဝင် မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေး ကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ပူးပေါင်း ကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည့် အချိန် အထိဖြစ်သည်။

၁၁၇ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် ပုဒ်မ ၁၁၅ ပုဒ်မခွဲ (က)နှင့်(ခ)ပါ ကော်မတီများက ဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စတစ် ရပ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက လေ့လာရန် ရှိပါက ယင်းလွှတ်တော်များ၏ ဥက္ကဋ္ဌများသည် အချင်းချင်း ညှိနှိုင်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်သော ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင် သည်။ ပြည်သူ့လွှတ်တော်သည် ထိုကော်မတီတွင် ပါဝင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရေးကောက်တင်မြှောက်တာဝန်ပေးအပ်နိုင်သည်။ ယင်း ပူးပေါင်းကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီး သည့် အချိန်အထိဖြစ်သည်။

၁၁၈ (က) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ကော်မတီ များက လေ့လာသော အကြောင်းကိစ္စများမှအပ ကျန် အကြောင်းကိစ္စများကို လေ့လာရန် လိုအပ်ပါက ကော်မရှင်နှင့် အဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်များဖြင့် လည်းကောင်း၊ သင့်လျော်သည့် နိုင်ငံသားများ ထည့်သွင်း၍ လည်းကောင်း ဖွဲ့စည်းနိုင် သည်။ (ခ) ပြည်သူ့လွှတ်တော်သည် အထက်ပါကော်မရှင်နှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေးရမည်။

အပိုင်း ၇

၁၁၉ ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်။

အပိုင်း ၈

၁၂၀ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်-
(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ (ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊ (ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံ တော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့် သွင်းရေတွက်ရမည်။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။

အပိုင်း ၉

၁၂၁ အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင် ခွင့်မရှိစေရ-
(က) ပြစ်မှုတစ်ခုခုကို ကျူးလွန်သဖြင့် သက်ဆိုင်ရာတရား ရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍ ထောင်ဒဏ်ကျ ခံနေရသူ၊ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ပြစ်မှု ဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် ကာလ ကုန်ဆုံးခြင်းမရှိသေးသူ၊ (ဂ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်း ထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊ (ဃ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံထားရ ခြင်းမှ လွှတ်မြောက်ခွင့် မရသေးသူ၊ (င) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ၊ (စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်း ခံစားရသော အခွင့်အရေးများကို သို့မဟုတ် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူ၊ (ဆ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း များမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ (ဇ) နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟော ပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့်ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ (စျ) သာသနာ့ဝန်ထမ်း (ည) နိုင်ငံ့ဝန်ထမ်း
ခြွင်းချက်။ ယင်းစကားရပ်သည် - ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် မသက်ဆိုင်ရ၊
(ဋ) နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင် ဖြစ်သူ၊
ခြွင်းချက်။
နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်း စားလစာ ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံ တော်အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊ နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံ တော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့်အခန်းများ၊ အခြားအဆောက်အအုံနှင့်အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်း စသည်များ မပါဝင်၊ (ဌ) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခြင်း ကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့် ကာလ ကုန်ဆုံးခြင်း မရှိသေးသူ။

အပိုင်း ၁၀

၁၂၂ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားများသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။

အပိုင်း ၁၁

၁၂၃ ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်။

၁၂၄ (က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပရမည်။ (ခ) ပြည်သူ့လွှတ်တော်၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တာဝန် ဆက်လက်ထမ်းဆောင်လျက်ရှိသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။

၁၂၅ (က) ပထမအကြိမ်ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များသည် ပြည်သူ့လွှတ်တော် သဘာပတိရှေ့မှောက်၌ ဇယား ၄ တွင် ဖော်ပြထားသည့်အတိုင်း ကတိသစ္စာ ပြုရမည်။ (ဃ) ကတိသစ္စာမပြုရသေးသော ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များသည် ပြည်သူ့လွှတ်တော် သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုရမည်။

၁၂၆ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အရှည်ကြာဆုံးကာလ သည် ၁၂ လ ထက်မပိုစေရ။

၁၂၇ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အောက်ပါကိစ္စရပ် များကို ဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတ ပြောကြားသည့်မိန့်ခွန်းကို မှတ်တမ်း တင်ထားခြင်း၊ (ခ) နိုင်ငံတော်သမ္မတကပေးပို့သော သဝဏ်လွှာနှင့် ဥက္ကဋ္ဌ ကခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ (ဂ) ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့လွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ (င) ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများ ကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း (စ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ (ဆ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ (ဇ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း၊

၁၂၈ (က) ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ရပ်၏ ပထမနေ့ တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်း အစည်းအဝေးအထမြောက်သည်။ အကယ်၍ အ​ထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းကျင်းပ ရမည်။ (ခ) ပုဒ်မခွဲ့ (က)အရ အစည်းအဝေးအထမမြောက်သည့် အတွက် ရွှေ့ဆိုင်းကျင်းပသော အစည်းအဝေးများနှင့် အစည်းအဝေး အထမြောက်ပြီးနောက်ဆက်လက် ကျင်းပသော အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနက် အနည်းဆုံးသုံးပုံတစ်ပုံ တက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။

၁၂၉ (က) ပြည်သူ့လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ် ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်း ထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်၊ (ခ) ပြည်သူ့လွှတ်တော်အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ် သည့်ကိစ္စများ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် ဒုတိယ ဥက္ကဋ္ဌ သည် ဆန္ဒမဲမပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက် ဆန္ဒမဲအရေအတွက်ချင်း တူညီနေသည့်ကိစ္စရပ်တွင် သာ အနိုင်မဲပေးရမည်။

၁၃၀ (က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူ့ လွှတ်တော်အစည်းအဝေးတစ်ရပ်တွင် ပြည်သူ့လွှတ် တော်၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေးတက်ရောက် ရန် အနည်းဆုံး ရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်း ပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ ထိုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ နေရာ လစ်လပ်သည်ဟု ပြည်သူ့လွှတ်တော်က ကြေညာနိုင်သည်။ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေးရွှေ့ဆိုင်းထား သည့်ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ၊ (ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက် ရောက်ရမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်ရပ်တွင် လွှတ်တော်၏ခွင့်ပြုချက်မရဘဲ အစည်း အဝေးတက်ရောက်ရန် ရက်ပေါင်း ၁၅ ရက်တစ်ဆက် တည်း ပျက်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံမှ အကြောင်းကြားချက် ရရှိလျှင် ပြည်သူ့ လွှတ်တော်က ယင်းလွှတ်တော် ကိုယ်စားလှယ်အား သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အရေးယူ ရမည်။

၁၃၁ ပြည်သူ့လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေး မရှိသူတစ်ဦးက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ် ပါဝင် ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိ စေကာမူ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက် ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

၁၃၂ ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ် တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန် ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ၊ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်း များကို ထုတ်ပြန်ခြင်းမပြုရ။

၁၃၃ (က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်လည်းကောင်း မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့လွှတ်တော်ကော်မတီတို့တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့်ဆန္ဒမဲပေးခွင့်ရှိသည်။ ထိုသို့ ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကော်မတီများတွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အား ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခြင်းမပြုရ၊ (ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ဖြစ်စေ၊ ပြည်သူ့ လွှတ်တော်ကော်မတီတစ်ရပ်ရပ်၏ အစည်းအဝေးသို့ ဖြစ်စေ တက်ရောက်ရန်ခွင့်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သော်လည်းကောင်း ပြည်သူ့လွှတ် တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်သော် လည်းကောင်း မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်ကော်မတီများတွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်ကော်မတီများတွင် တင်ပြ ပြောဆိုမှုများနှင့်စပ်လျဉ်း၍ ယင်းအဖွဲ့အစည်း ဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်း မပြုရ။ (ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တွင် ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးကြရာတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရှိခဲ့ပါက ယင်း တို့သည် ပြည်သူ့လွှတ်တော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တည်ဆဲ ဥပဒေများအရလည်းကောင်း အရေးယူခြင်း ခံရမည်။

၁၃၄ (က) ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြား ချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကို ဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံ သော အထောက်အထားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံ တင်ပြရမည်။ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ။ (ခ) ပြည်သူ့လွှတ်တော် ကော်မတီတစ်ရပ်ရပ်၏ အစည်းအဝေးတွင်သော်လည်းကောင်း၊ ပြည်သူ့လွှတ် တော်ကဖွဲ့စည်းသော ကော်မရှင် သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေးတွင်သော်လည်းကောင်း အစည်းအဝေးတက်ရောက်နေသည့် ယင်းကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့၏ အဖွဲတင်တစ်ဦးအား ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသော အထောက်အထား ကို သက်ဆိုင်ရာကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့၏ အကြီးအမှူးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ။ (ဂ) ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော် ကော်မတီ သို့မဟုတ် ပြည်သူ့လွှတ်တော်က ဖွဲ့စည်း သော ကော်မရှင်နှင့် အဖွဲ့ အစည်းအဝေးကျင်းပချိန် မဟုတ်လျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အား ဖမ်းဆီးပါက ထိုသို့ဖမ်းဆီးခြင်းနှင့်စပ်လျဉ်း သည့် ခိုင်လုံသော အထောက်အထားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ဆောလျင်စွာ တင်ပြ ရမည်။

၁၃၅ ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ယင်းလွှတ် တော်၏ အခွင့်အာဏာအရသော်လည်းကောင်း ဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာများ၊ စာရွက်စာတမ်း များ၊ လွှတ်တော်မှတ်တမ်းများနှင့်စပ်လျဉ်း၍ တရား စွဲဆိုပိုင်ခွင့်မရှိစေရ။

အပိုင်း ၁၂

၁၃၆ ဇယား ၁ ပါ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ဖော်ပြ သော ကိစ္စရပ်များအနက် ပြည်ထောင်စုလွှတ်တော် တွင်သာ ဥပဒေကြမ်း တင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် ကိစ္စများမှ အပ ကျန်ကိစ္စရပ်များကို သတ်မှတ်ထားသည့် နည်း လမ်းများနည်းနှင့်အညီ ပြည်သူ့လွှတ်တော်တွင် ဥပဒေ ကြမ်း စတင်တင်သွင်းခွင့်ရှိသည်။

၁၃၇ (က) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရ ပြုသည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့် အစီအစဉ် ဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြ ရမည်။ (ခ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ် ရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် အဆို တင်သွင်းနိုင်သည်။ (ဂ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ် ရပ်ရပ်ကိုပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် ဆုံးဖြတ် ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။

၁၃၈ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထာင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်က တင်သွင်းသော ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပေးပို့လာ လျှင် ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်းသော ဥပဒေကြမ်းဟု မှတ်ယူ၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊ (ခ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင်ပါရှိသော ကိစ္စရပ် များအနက် ပြည်ထောင်စုလွှတ်တာ်၌သာ ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကိစ္စရပ် များမှအပ ကျန်ကိစ္စရပ်များနှင့်စပ်လျဉ်းသော ဥပဒေ ကြမ်းများကို ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်သို့ စတင် တင်သွင်းခွင့်ရှိသည်၊ ယင်းဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊ (ဂ) ပြည်သူ့လွှတ်တော်က အတည်ပြုသည့် ဥပဒေကြမ်း များကို ဆက်လက်ဆွေးနွေးဆုံးဖြတ်နိုင်ရန် အမျိုးသား လွှတ်တော်သို့ ပေးပို့ရမည်။

၁၃၉ (က) ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်က ပေးပို့သော ဥပဒေကြမ်းတစ်ရပ်ကို လက်ခံရရှိသည့် အခါအမျိုးသားလွှတ်တော်က ဆုံးဖြတ်သည့်အတိုင်း သဘောတူကြောင်း သို့မဟုတ် သဘောမတူကြောင်း သို့မဟုတ် ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ဆုံးဖြတ်နိုင်သည်။ ထိုဥပဒေကြမ်းကို ြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အတူ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ရမည်။ (ခ) ပြည်သူ့လွှတ်တော်ကပေးပို့ခဲ့သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာလျှင် ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို လက်ခံပါက ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယက ထံ ပေးပို့ရမည်။ (ဂ) ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သော ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့်သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူရမည်။

၁၄၀ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည်-
(က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရေက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောဆိုဆွေးနွေးခွင့် ရှိသည်၊ (ခ) ပြည်သူ့လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲများ၏ အစည်းအဝေးများသို့ ယင်းကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့အကြီးအမှူး၏ ခွင့်ပြုချက် ဖြင့် တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့် ရှိသည်။

(ဂ)

အပိုင်း ၁

၁၄၁ အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ များ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု စီအတွက် ကိုယ်စားလှယ် ၁၂ ဦးစီတူညီစွာ ရွေးကောက် တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ (ခ) သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများအပါ အဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု စီအတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော် သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊ (ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တွင် ဖော်ပြထားသည့် အတိုင်း ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများသည် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ သတ်မှတ်သော ပြည်ထောင်စုနယ်မြေများသည် လည်းကောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ရန် ကိစ္စ အလို့ငှာ အဆိုပါ နယ်မြေပါဝင်ခဲ့သည့် ပြည်နယ် သို့မဟုတ် တိုင်းတွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် ဖြစ်စေ ပါဝင်ခြင်းကို ဆိုသည်။

အပိုင်း ၂

၁၄၂ အမျိုးသားလွှတ်တော် သဘာပတိတင်မြှောက် ခြင်းကို ပုဒ်မ ၁၁၀ ပါ ပြည်သူ့လွှတ်တော် သဘာပတိ တင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် များအတိုင်း ဆောင်ရွက်ရမည်။

အပိုင်း ၃

၁၄၃ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းကို ပုဒ်မ ၁၁၁ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက် များအတိုင်း ဆောင်ရွက်ရမည်။

အပိုင်း ၄

၁၄၄ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန် များသည် ပုဒ်မ ၁၁၂ ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက် များအတိုင်း ဖြစ်သည်။

အပိုင်း ၅

၁၄၅ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ရပ်စဲခြင်းတို့ သည် ပုဒ်မ ၁၁၃ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်ထမ်းဆောင်ခြင်း၊ ရပ်စဲခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဖြစ်သည်။

၁၄၆ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ် ရမည်။

အပိုင်း ၆

၁၄၇ (က) အမျိုးသားလွှတ်တော်သည် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။ (ခ) ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စများကို လည်းကောင်း၊ တပ်မတော်ဆိုင်ရာကိစ္စများကို လည်းကောင်း လေ့လာတင်ပြစေရန် အကြောင်း ပေါ်ပေါက်ပါက အမျိုးသားလွှတ်တော်သည် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့််ကာလသတ်မှတ်၍ ဖွဲ့စည်း ရမည်။ ထိုသို့ဖွဲ့စည်းသည့် ကာကွယ်ရေးနှင့် လုံခြုံ ရေးကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ တပ်မတော်သား မဟုတ် သော သင့်လျော်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို လည်း ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်း နိုင်သည်။ (ဂ) အမျိုးသားလွှတ်တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေး တို့အပြင် အခြားရေးရာ ​ကိစ္စများကို လေ့လာတင်ပြစေရန် လိုအပ်ပါက လွှတ်တော် ကော်မတီများကို အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်။ (ဃ) အမျိုးသားလွှတ်တော်သည် အမျိုးသားလွှတ်တော် ကော်မတီ၏ အဖွဲ့ဝင်ဦးရေ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။

၁၄၈ အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်နှင့် ညှိနှိုင်းရန်ကိစ္စပေါ်ပေါက်လာလျှင် အမျိုးသားလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်သော ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ယင်းကော်မတီတွင် ပါဝင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ပူးပေါင်းကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးသည့် အချိန် အထိ ဖြစ်သည်။

၁၄၉ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ပုဒ်မ ၁၄၇ ပုဒ်မခွဲ (က)နှင့် (ခ)ပါ ကော်မတီများက ဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စတစ် ရပ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက လေ့လာရန် ရှိပါက ယင်းလွှတ်တော်များ၏ ဥက္ကဋ္ဌများသည် အချင်းချင်း ညှိနှိုင်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်သော ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင် သည်။ အမျိုးသားလွှတ်တော်သည် ထိုကော်မတီတွင် ပါဝင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ယင်းပူးပေါင်းကော်မတီ၏ သက်တမ်းသည် သက်ဆိုင် ရာ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည့် အချိန်အထိဖြစ်သည်။

၁၅၀ အမျိုးသားလွှတ်တော် ကော်မရှင်နှင့်အဖွဲ့များ ဖွဲ့စည်း ခြင်းကို ပုဒ်မ ၁၁၈ ပါ ပြည်သူ့လွှတ်တော်ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။

အပိုင်း ၇

၁၅၁ အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့ လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့ လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။

အပိုင်း ၈

၁၅၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် -
(က) အသက် ၃၀ နှစ် ပြည့်ပြီးသူများဖြစ်ရမည်၊ (ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြ ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော အရည် အချင်းများနှင့် ပြည့်စုံရမည်။ (ဂ) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း သက်ဆိုင်စေ ရမည်။

အပိုင်း ၉

၁၅၃ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။

အပိုင်း ၁၀

၁၅၄ (က) အမျိုးသားလွှတ်တော်သက်တမ်း စတင်သည့်နေ့ရက် သည် ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့် နေ့ ရက်ဖြစ်သည်။ (ခ) အမျိုးသားလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးကို ယင်းလွှတ်တော်၏ သက်တမ်း စတင်သည့် နေ့မှ ခုနှစ်ရက်အတွင်း ကျင်းပရမည်။

၁၅၅ အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပခြင်းကို ပုဒ်မ ၁၂၄ မှ ၁၃၅ ထိပါ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည်။

အပိုင်း ၁၁

၁၅၆ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ဖော်ပြသော ကိစ္စ ရပ်များအနက် ပြည်ထောင်စုလွှတ်တော်တွင်သာ ဥပဒေကြမ်းတင်သွင်း ဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို သတ်မှတ်ထားသည့် နည်းလမ်း များနှင့်အညီ အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်း စတင် တင်သွင်းခွင့်ရှိသည်။

၁၅၇ (က) ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေအရပြု သည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံး ကျင်းပသော အမျိုးသားလွှတ်တော် ပုံမှန်အစည်း အဝေးကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့် အစီအစဉ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရမည်။ (ခ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်း နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်းလွှတ်တော်ကိုယ်စား လှယ်များက အမျိုးသားလွှတ်တော်တွင် အဆို တင်သွင်းနိုင်သည်။ (ဂ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် ဆုံးဖြတ်ရာတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။

၁၅၈ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်က တင်သွင်းသော ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပေးပို့ လာလျှင် အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်း သော ဥပဒေကြမ်းဟု မှတ်ယူ၍ အမျိုးသားလွှတ်တော် ၌ ဆွေနွေးဆုံးဖြတ်ရမည်၊ (ခ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါရှိသော ကိစ္စရပ် များအနက် ပြည်ထောင်စုလွှတ်တော်၌သာ ဥပဒေကြမ်း တင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကိစ္စရပ် များမှအပ ကျန်ကိစ္စရပ်များနှင့်စပ်လျဉ်းသော ဥပဒေ ကြမ်းများကို ဥပဒေနှင့်အညီ အမျိုးသားလွှတ်တော် သို့ စတင် တင်သွင်းခွင့်ရှိသည်။ ယင်းဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အမျိုး သားလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်။ (ဂ) အမျိုးသားလွှတ်တော်က အတည်ပြုသည့် ဥပဒေကြမ်း များကို ဆက်လက်ဆွေနွေးဆုံးဖြတ်ရန် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ရမည်။

၁၅၉ (က) အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်က ပေးပို့သော ဥပဒေကြမ်းတစ်ရပ်ကို လက်ခံရရှိသည့် အခါ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သည့်အတိုင်း သဘောတူကြောင်း သို့မဟုတ် သဘောမတူကြောင်း သို့မဟုတ် ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ဆုံးဖြတ်နိုင်သည်။ ထိုဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုသည့် ဥပဒေကြမ်းများကို ဆက်လက် ဆွေးနွေးဆုံးဖြတ်ရန် ပြည်သူ့လွှတ်တော် သို့ ပေးပို့ရမည်။ (ခ) အမျိုးသားလွှတ်တော်က ပေးပို့ခဲ့သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည် ပေးပို့လာလျှင် အမျိုးသားလွှတ်တော်သည် ပြည်သူ့ လွှတ်တော်၏ပြင်ဆင်ချက်ကို လက်ခံပါက ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယက ထံပေးပို့ရမည်၊ (ဂ) အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သော ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူရမည်။

၁၆၀ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့ဝင်များသည်-
(က) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အမျိုး သားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်သည့် အခါ မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သော ဥပဒေကြမ်း များ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောဆိုဆွေးနွေးခွင့်ရှိသည်၊ (ခ) အမျိုးသားလွှတ်တော်ကော်မတီများ၊ ကော်မရှင်များ နှင့် အဖွဲ့များ၏ အစည်းအဝေးများကို ယင်းကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့အကြီးအမှူး၏ ခွင့်ပြုချက် ဖြင့် တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်။

အပိုင်း ၁

၁၆၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင် မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ (ခ) တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီး ရရှိပြီးသော သို့မဟုတ် ထို တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေ ဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်း၏ သုည ဒဿမတစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုး အသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ​(ဂ) ပြည်နယ်များတွင် ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိ ပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့် မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒဿမတစ်ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်း သားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျ စီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ (ဃ) ပုဒ်မခွဲ (က)နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ (က)နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊

အပိုင်း ၂

၁၆၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သဘာပတိတင်မြှောက်ခြင်းကို ပုဒ်မ ၁၁၀ ပါ ပြည်သူ့လွှတ်တော် သဘာပတိတင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။

အပိုင်း ၃

၁၆၃ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌရွေးကောက်တင်မြှောက်ခြင်းကို ပုဒ်မ ၁၁၁ ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည်။

အပိုင်း ၄

၁၆၄ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ သည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်းပြောကြားလို ကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊ ​(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားလိုကြောင်း အကြောင်းကြားလျှင် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်း အရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် သို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊ (င) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထား သည့် အခြေားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက် ရမည်။

အပိုင်း ၅

၁၆၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ရပ်စဲခြင်းကို ပုဒ်မ ၁၁၃ ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့၏တာဝန်ထမ်းဆောင်ခြင်းနှင့် ရပ်စဲခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက် ရမည်။

၁၆၆ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင် ခွင့်မျာကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။

အပိုင်း ၆

၁၆၇ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည့် ဥပဒေ ပြုရေး၊ တိုင်းရင်းသားလူမျိုးများ အရေးကို လေ့လာ တင်ပြနိုင်စေရေးအတွက် လိုအပ်သည့်အခါ ကော်မတီ နှင့် အဖွဲ့များကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် အထက်ပါကော်မတီနှင့် အဖွဲ့များတွင် သင့်လျော်သည့် နိုင်ငံသားများကို ထည့်သွင်းဖွဲ့စည်းနိုင်သည်၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ကော်မတီနှင့် အဖွဲ့များကိုဖွဲ့စည်းသည့်အခါ ယင်း ကော်မတီ သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေးရမည်။

အပိုင်း ၇

၁၆၈ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်သည်၊ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန် ဆုံးသောနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။

အပိုင်း ၈

၁၆၉ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည်-
(က) ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် ရှိသော အရည်အချင်းများနှင့် ပြည့်စုံရမည်၊ (ခ) ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင် ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း သက်ဆိုင် စေရမည်။

အပိုင်း ၉

၁၇၀ တပ်မ​တော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။

အပိုင်း ၁၀

၁၇၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သက် တမ်းစတင်သည့် နေ့ရက်သည် ပြည်သူ့လွှတ်တော် သက်တမ်းစတင်သည့် နေ့ရက်ဖြစ်သည်၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမ အကြိမ် ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်၏ သက်တမ်းစတင်သည့် နေ့မှ ၁၅ ရက်အတွင်း ကျင်းပ ရမည်။

၁၇၂ (က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမ အကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပ ရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် ပုံမှန် အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တာဝန်ဆက်လက် ထမ်းဆောင် လျက်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။

၁၇၃ (က) ပထမအကြိမ်ကျင်းပသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သဘာပတိရှေ့မှောက်၌ ဇယား ၄ တွင် ဖော်ပြထားသည့်အတိုင်း ကတိသစ္စာပြုရမည်၊ (ခ) ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် စတင် တက်ရောက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုရမည်၊

၁၇၄ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက တစ်နှစ်လျှင် အနည်းဆုံးလျှင် တစ်ကြိမ် ကျင်းပရမည်၊ ပုံမှန်အစည်းအဝေး တစ်ကြိမ် နှင့်တစ်ကြိမ် အကြား အရှည်ကြာဆုံးကာလသည် ၁၂ လ ထက် မပိုစေရ၊

၁၇၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၌ အောက်ပါကိစ္စရပ်များဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်း တင်ခြင်း၊ (ခ) နိုင်ငံတော်သမ္မတပေးပို့သော သဝဏ်လွှာနှင့် ဥက္ကဋ္ဌက ခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊ (ဃ) ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း (င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်း ကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆောင်ရွက်သည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်၊ ဆုံးဖြတ်ခြင်း၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ (ဆ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း (ဇ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း (စျ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ခွင့်ပြုသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက် ခြင်း၊

၁၇၆ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူမည့်ကိစ္စရပ်များ၊ သဘောတူညီချက် ရယူမည့်ကိစ္စရပ်များ၊ အတည်ပြုချက် ရယူမည့်ကိစ္စ ရပ်များကိုအောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပဆဲကာလဖြစ်လျှင် ယင်းအစည်း အဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပဆဲ ကာလမဟုတ်လျှင် အနီးကပ် ဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်။ (ဂ) အများပြည်သူအကျိုးငှာ အလျင်အမြန်ဆောင်ရွက် ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ် အစည်းအဝေးခေါ်ယူကျင်းပ၍ ဆွေးနွေး ဆုံးဖြတ်ရမည်။

၁၇၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို ဖြစ်စေ ကျင်းပရန်လိုအပ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူကျင်းပနိုင်သည်။

၁၇၈ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးက အကြောင်းကြားလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော် အထူး အစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို ဖြစ်စေ အမြန်ဆုံးခေါ်ယူကျင်းပရမည်။

၁၇၉ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကိုခေါ်ယူကျင်းပရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံ တစ်ပုံက တောင်းဆိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရမည်။

၁၈၀ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်း အဝေးအထမြောက်သည်။ အကယ်၍ အထမမြောက် ပါက အစည်းအဝေးကို ရွှေ့ဆိုင်ကျင်းပရမည်။ (ခ) ပုဒ်မခွဲ (က) အရ အစည်းအဝေးအထမြောက်သည့် အတွက် ရွှေ့ဆိုင်းကျင်းပသော အစည်းအဝေးနှင့် အစည်းအဝေးအထမြောက်ပြီးနောက် ဆက်လက် ကျင်းပသော အစည်းအဝေးများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံ တက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။

၁၈၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်း အဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်း အဝေးများတွင် မဲခွဲဆုံးဖြတ်သည့်ကိစ္စများ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဥက္ကဋ္ဌသည် ဆန္ဒမဲ မပေးရ။ ထောက်ခံဆန္ဒမဲ ကန့်ကွက် ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင် သာ အနိုင်​မဲပေးရမည်။

၁၈၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်တစ်ဦးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ခွင့် ပြုချက်မရဘဲ အစည်းအဝေးတက်ရောက်ရန် အနည်း ဆုံး ရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်း ပျက်ကွက် လျှင် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ထို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်၏ နေရာလစ်လပ်သည်ဟု တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ကြေညာနိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတက်ရောက်ရန် ခွင့်မဲပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေး ရွှေ့ဆိုင်းထားသည့် ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ။

၁၈၃ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်အချို့ လစ်လပ်နေစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်၊ ထို့ပြင် အခွင့်အရေးမရှိသူတစ်ဦးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်းတစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက် ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်းမရှိ စေရ။

၁၈၄ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည် သူ သိရှိနိုင်ရန် ထုတ်ပြန်ရမည်၊ သို့ရာတွင် ဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ဆုံးဖြတ်ချက်အရ ဖြစ်စေ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်း များကို ထုတ်ပြန်ခြင်းမပြုရ။

၁၈၅ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း ချက်များနှင့်လည်းကောင်း မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီနှင့်အဖွဲ့တို့တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ ထိုသို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ လွှတ်တော်ကော်မတီနှင့် အဖွဲ့များတွင် တင်ပြဆွေနွေး ခြင်း၊ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောကရန် ခွင့်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စား ပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ​သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့မဟုတ် လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီနှင့် အဖွဲ့များတွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့မဟုတ် လွှတ်တော်ကဖွဲ့စည်းသည့် ကော်မတီနှင့် အဖွဲ့များတွင် တင်ပြပြောဆိုမှုများနှင့်စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်း မပြုရ။ (ဂ) ပုဒ်မခွဲ (က)နှင့် (ခ) တွင်ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးရာတွင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများရှိခဲ့ပါက ယင်းတို့ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တည်ဆံဥပဒေများအရလည်းကောင်း အရေးယူခြင်းခံရမည်။

၁၈၆ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး တက်ရောက်နေသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကိုဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ၊ ဖမ်းဆီး ရန်လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဖွဲ့ စည်းထားသော ကော်မတီ သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေးတက်ရောက်နေသည့် ယင်းကော်မတီ သို့မဟုတ် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာကော်မတီ သို့မဟုတ် အဖွဲ့၏ အကြီးအမှူးမှတစ်ဆင့် သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌ ထံ တင်ပြရမည်။ ထိုလွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိဘဲ ဖမ်းဆီးခြင်း မပြုရ။ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး သို့မဟုတ် လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ဖမ်း ဆီးပါက ထိုသို့ဖမ်းဆီးခြင်းနှင့်စပ်လျဉ်းသည့် ခိုင်လုံသော အထောက်အထားကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ ဆောလျင် စွာ တင်ပြရမည်။

၁၈၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာအရသော်လည်းကောင်း၊ ဖြန့်ချိထုတ်ဝေ သည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်းများနှင့်စပ်လျဉ်း၍ တရားစွဲဆို ပိုင်ခွင့် မရှိစေရ။

အပိုင်း ၁၁

၁၈၈ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ် ဒေသအတွက်သော်လည်းကောင်း အာဏာသက် ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။

၁၈၉ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ- ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့ အစည်းတစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင် သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်၊ သက်ဆိုင်ရာအဖွဲ့အစည်းသို့ မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ် ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။ (ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျည်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင် သည်။ (ဂ) ဥပဒေတစ်ရပ်ကအပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ် သော နည်းဥပဒေ၊ စည်းမျည်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း ညီညွတ်မှု ရှိရမည်။ (ဃ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ် ရပ်ရပ်သည် သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များ နှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်း နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ကိုယ်စားလှယ်များက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းနိုင်သည်။ (င) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ် ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသိုပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမီ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှု ကိစ္စများကို ထိခိုက်ခြင်းမရှိစေရ။

အပိုင်း ၁၂

၁၉၀ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့ အစည်းများသည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ပါ ကိစ္စရပ်များအနက် မိမိတို့ စီမံခန့်ခွဲသည့် ကိစ္စရပ် များနှင့်စပ်လျဉ်းသော ဥပဒေကြမ်းများကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့်ရှိ သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသန္တရစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်း ခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းရမည်။

၁၉၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များသည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ ဥပဒေကြမ်း တင်သွင်းရ မည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်း ထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို သတ်မှတ်ထား သည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့် ရှိသည်။

၁၉၂ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော အဖွဲ့အစည်းဝင်များသည် လွှတ်တော်အစည်းအဝေး များတွင်မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သော ဥပဒေကြမ်း သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ​ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အ စည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင် များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမဟုတ်သော အဖွဲ့ အစည်းဝင်များသည် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ဖြင့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်သည့် အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်း များသို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောဆို ဆွေးနွေးခွင့်ရှိသည်။

အပိုင်း ၁ ၃

၁၉၃ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် နှစ်စဉ်ဘဏ္ဍာအရအသုံးဆိုင်ရာ ဥပဒေကြမ်း ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့ တင်သွင်းရမည်၊ (ခ) ပုဒ်မခွဲ(က)ပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ရရှိသည့် ဘဏ္ဍာငွေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးခန့်မှန်းခြေငွေစာရင်း ကို သက်ဆိုင်ရာဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက် အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကလိုအပ်သလို ဆွေးနွေး၍ သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက် ရမည်- ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်း ဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ စီရင်စု ဦးစီးအဖွဲ့ အကြီအမှူးများနှင့် အဖွဲ့ အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်း များ၏ အသုံးစရိတ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကပေးရန် တာတန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွယ်သော ကုန်ကျစရိတ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ချေးယူငွေများနှင့် ဆက်နွယ် သော ကုန်ကျစရိတ်များ၊ တရားရုံး သို့မဟုတ် ရုံးတစ်ခုခု၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကျခံရ မည့် အခြားအသုံးစရိတ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသ ကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့ ၍ ခွင့်ပြုခြင်း မပြုရ။

၁၉၄ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရငွေသုံးငွေ လျာထားချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ တင်သွင်းလာလျှင် အဆုံးအဖြတ်ပေးရမည်။

အပိုင်း ၁ ၄

၁၉၅ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည်- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို လက်ခံရရှိသည့် နေ့၏ နောက်တစ်နေ့မှ ခုနှစ်ရက်အတွင်း သတ်မှတ် ထားသော နည်းလမ်းများနှင့်အညီ လက်မှတ်ရေးထိုး ၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အတည်ပြုသော ဥပဒေကြမ်းများကို လက်ခံရရှိသည့် နေ့၏ နောက်တစ် နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေ အဖြစ် ထုတ်ပြန်ကြေညာရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ ရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်း ကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် ဝန်ကြီးချုပ်၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့ သို့ ဥပဒေဖြစ်လာရမည်။ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီးသော ဥပဒေများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ မှတ်ယူရ မည်ဖြစ်သော ဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုဥပဒေတွင် သီးခြားဖော်ပြ ချက်မပါလျှင် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ အာဏာတည်ရမည်။

အပိုင်း ၁ ၅

၁၉၆ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့ တိုင်း သို့မဟုတ် ဒေသအတွက် ဇယား ၃ တွင် ဖော်ပြ ထားသော ဥပဒေပြု စာရင်းပါကိစ္စရပ်များနှင့်စပ်လျဉ်း သည့် ဥပဒေပြုခွင့်အာဏာများကို ခွဲဝေအပ်နှင်းသည်။

အပိုင်း ၁ ၆

၁၉၇ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၁ ၇

၁၉၈ လွှတ်တော်အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီးအဖွဲ့များက ပြဋ္ဌာန်းသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲဥပဒေတစ် ရပ်ရပ်သည်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါအတိုင်းလိုက်နာကျင့်သုံးရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ အတိုင်း လိုက်နာကျင့်သုံးရမည်။ (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက် သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ အတိုင်း လိုက်နာကျင့်သုံးရမည်။ (ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက် သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သည် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်။

အခန်း ၅ အုပ်ချုပ်ရေး

(က)

၁၉၉ (က) နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။ (ခ) နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်း သည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ကိုယ်ပိုင်အုပ် ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်။

အပိုင်း ၁

၂၀၀ နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက် ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-
(က) နိုင်ငံတော်သမ္မတ၊ (ခ) ဒုတိယသမ္မတများ၊ (ဂ) ပြည်ထောင်စုဝန်ကြီးများ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်။

အပိုင်း ၂

၂၀၁ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြု့ရေး ကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် -
(က) နိုင်ငံတော်သမ္မတ (ခ) ဒုတိယသမ္မတ (ဂ) ဒုတိယသမ္မတ (ဃ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (င) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဆ) ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဇ) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး (စျ) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး (ည) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး (ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး

အပိုင်း ၃

၂၀၂ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်-
(က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်၊ ထို့ပြင်ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊ (ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ် နိုင်သည်၊ ထို့ပြင် သတ်မှတ်ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့်ခြင်း ပြုနိုင်သည်။

၂၀၃ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော် သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ် ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။

၂၀၄ နိုင်ငံတော်သမ္မတသည်-
(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်၊ (ခ) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင် ခွင့်ရှိသည်။

၂၀၅ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ-
(က) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်။ (ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပိသိမ်းခြင်း ပြုနိုင်သည်။

၂၀၆ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ် ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်း အရေးယူဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေမျိုး၌ နိုင်ငံတောသမ္မတသည် အမျိုးသားကာကွယ်​ရေးနှင့် လုံခြုံရေးကောင်းစီနှင့်ညှိနှိုင်းလျက် နိုင်ငံခြားတိုင်း ပြည်တစ်ခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြအတည်ပြုချက် ရယူရမည်။

၂၀၇ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ-
(က) မိမိနိုင်ငံ၏ သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်၊ (ခ) နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘော တူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည်ခေါ်ယူရန် အကြောင်းကြားခြင်းပြုနိုင် သည်။ (ဂ) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်းပြုသည်။

၂၀၈ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။

၂၀၉ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ-
(က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသ ဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင် ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက် ခြင်း ပြုနိုင်သည်။ (ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူ ရန် မလိုအပ်ဘဲ အပြည်ပြည်ဆိုင်ရာ၊ ဒေသ ဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင် ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက် ခြင်း ပြုနိုင်သည်။

၂၁၀ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ မူဝါဒများ နှင့်နိုင်ငံတော်၏ အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ် စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံ တစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်း ပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်။

၂၁၁ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စု လွှတ်တော် အရေးပေါ် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပရေး ရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။

၂၁၂ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော် ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များ မှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ် သော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်အများအတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ် ပြန်ခွင့်ရှိသည်။ (ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(က)အရ ထုတ်ပြန် ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူ ရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ တည်ပြုချက် ရယူရမည်။ (ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိ လျှင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲမည်။ (ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်ကို လိုအပ်သောကာလအပိုင်း အခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်၊ (င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီး ဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပ မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်။ (စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။

၂၁၃ နိုင်ငံတော်သမ္မတသည်-
(က) နိုင်ငံတော်အားကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊ (ခ) မိမိ၏ ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ် ဆော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်း အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူ ရမည်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်း အဝေး ခေါ်ယူ၍ တင်ပြအတည်ပြုချက် ရယူရမည်။ (ဂ) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်း နိုင်သည်။

၂၁၄ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများကို ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့လက်မှတ်ရေးထိုးပြီးသော ဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာ ရမည်။

၂၁၅ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက် မှုသို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့် အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့် လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ၊ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိ စေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း သည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိ စေရ။

အပိုင်း ၄

၂၁၆ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင့်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ သို့လည်း သက်ရောက်ပျံ့နှံ့သည်။

၂၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင့်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော် သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအား လည်းကောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ် အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန် နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။

၂၁၈ (က) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်၊ (ခ) နိုင်ငံတော်သမ္မတသည် မိမိ၏ သဘောအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်း ထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စု အစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များ အတွက်လည်းကောင်း၊ အဆိုပါ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရဝန်ကြီးများအား ခွဲဝေအပ် နှင်းရန် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်း ရန်လည်းကောင်း လိုအပ်သည့် နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်။ (ဂ) နိုင်ငံတော်သမ္မတ၏အမည်ဖြင့် ထုတ်ပြန်သော အမိန့်များနှင့် ချုပ်ဆိုသော စာချုပ်စာတမ်းများ သည် နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင် ဖော်ပြထားသော နည်းလမ်း များနှင့်အညီ ဖြစ်စေရမည်၊ ထို့ပြင် ထိုသို့ ဆောင်ရွက်ထားသည့်အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတ၏ အမိန့် သို့မဟုတ် စာချုပ်စာတမ်း မဟုတ်သော ကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့်မရှိစေရ၊ (ဃ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဂ)ရှိ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ မိမိ၏ တာဝန်ဝတ္တရားများကို နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရဌာဆိုင်ရာ လုပ်ငန်းအလိုက်ဖြစ်စေ ခွဲဝေအပ်နှင်းနိုင်သည်။

၂၁၉ ပြည်ထောင်စုအစိုးရသည် နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့် ရှောက်သည်။

၂၂၀ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကိုချမှတ်ရမည်၊ ယင်းမူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်း များကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

၂၂၁ ပြည်ထောင်စုအစိုးရသည် ဘဏ္ဍာရေးကော်မရှင် နှင့်ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏ နှစ်စဉ် အရ အသုံးမှန်းခြေငွေစာရင်းကို အခြေပြုလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိုရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းအတည်ပြုချက် ရယူရမည်။

၂၂၂ ပြည်ထောင်စုအစိုးရသည် မိမိတင်သွင်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်းမပြုနိုင် လျှင် ပြည်ထောင်စုလွှတ်တော်က နောက်ဆုံး ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက် ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။

၂၂၃ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ် တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်သည်။

၂၂၄ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများ သည် ယင်းတို့၏ လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတါင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန်လည်းကေင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန် လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။

၂၂၅ ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့ကလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က လည်းကောင်း လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင် မှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။

၂၂၆ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် နယ်နိမိတ်ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှုများမှ အပ-
( က ) တိုင်းဒေသကြီးနှင့်ပြည်နယ်အကြား၊ တိုင်း ဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်းဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လိုအပ်လျှင် အဆုံးအဖြတ်ပေးခြင်းပြုသည်၊ ( ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ပြည်ထောင်စု နယ်မြေအကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လိုအပ်လျှင် အဆုံးအဖြတ်ပေးခြင်းပြုသည်၊

၂၂၇ ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ
( က ) ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာ တွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ ( ခ) လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၂၂၈ ပြည်ထောင်စုအစိုးရသည်
( က ) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံ ရမည်၊ ( ခ ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်၊

အပိုင်း ၅

၂၂၉ ( က ) ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်- ( ၁ ) နိုင်ငံတော်သမ္မတ - ဥက္ကဋ္ဌ ( ၂ ) ဒုတိယသမ္မတများ - ဒုတိယဥက္ကဋ္ဌများ ( ၃ ) ပြည်ထောင်စုရှေ့နေချုပ် - အဖွဲ့ဝင် ( ၄ ) ပြည်ထောင်စုစာရင်းစစ်ချုပ် - အဖွဲ့ဝင် ( ၅ ) တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့်ပြည်နယ် ဝန်ကြီးချုပ်များ - အဖွဲ့ဝင်များ ( ၆ ) နေပြည်တော်ကောင်စီဥက္ကဋ္ဌ - အဖွဲ့ဝင် ( ၇ ) ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး - အတွင်းရေးမှူး ( ခ ) ( ၁ ) ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းသည့်အခါ အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရမည့်ရာထူးနေရာ တွင် အကြောင်းတစ်စုံတစ်ရာကြောင့် တာဝန် ပေးအပ်ခြင်းခံရသူ မရှိသေးပါက နိုင်ငံတော် သမ္မတသည် ထိုနေရာအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ယာယီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်နိုင်သည်၊ ( ၂ ) ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော် သမ္မတက ထုတ်ပြန်ကြေညာရမည်။ ထို့ပြင် ဘဏ္ဍာရေးကော်မရှင်အတွက် လိုအပ်သော အမိန့်၊ ညွှန်ကြားချက် စသည်များကိုလည်း နိုင်ငံတော် သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန် ပေးအပ်သည့် ပုဂ္ဂိုလ်က ထုတ်ပြန်ကြေညာ နိုင်သည်။

အပိုင်း ၆

၂၃၀ ( က ) ပြည်ထောင်စုဝန်ကြီးဌာနများ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန် ပေးအပ်သော ဒုတိယသမ္မတတစ်ဦးက ဦးဆောင် စိစစ်၍ ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အရအသုံးငွေစာရင်းလျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်။ ( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံး ငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန် ပေးအပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊ ( ဂ ) ဘဏ္ဍာရေးကော်မရှင်သည် ( ၁ ) ပြည်ထောင်စုနယ်မြေသည် အသုံးစရိတ်များ ပါရှိသော ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်လျော်သလို ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်းအပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း သို့မဟုတ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ကို ထောက်ခံတင်ပြရမည်၊ ( ၂ ) ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်သင့်သည့်ကိစ္စများ ကို အကြံပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည်၊ ( ၃ ) ခိုင်မာသော ဘဏ္ဍာရေးစနစ် ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုလွှတ်တော် က ဥပဒေပြဋ္ဌာန်း၍ တာဝန်ပေးအပ်သည့် ကိစ္စရပ် များကို ဆောင်ရွက်ရမည်။ ( ဃ ) ဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအား ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်တင့် လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စ တစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်မည့် ချေးငွေများ ထုတ်ချေးခြင်းတို့ ပါဝင်သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြရမည်၊ ( င ) ဘဏ္ဍာရေးကော်မရှင်သည် လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်များ ကို ရယူနိုင်သည်။

အပိုင်း ၇

၂၃၁ ( က ) ပြည်ထောင်စုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံခွင့်ရှိသော ဇယား ၅ ပါ အခွန်အခများမှ အပ အခြားအခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်၊ ( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန် သတ်မှတ်ထားသည့် ရငွေများနှင့် အခွန်အခအမျိုးအစားများကို ပြည်ထောင်စု နယ်မြေများအတွက် ကောက်ခံရန် ရှိပါက ပြည်ထောင်စုက ဥပဒေနှင့်အညီ ကောက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်၊ ( ဂ ) ပြည်ထောင်စုသည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။

(ခ)

အပိုင်း ၁

၂၃၂ ( က ) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးနိုင်သည်- ( ၁ ) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊ ( ၄ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ ( ခ ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးရန်- ( ၁ ) လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ ပုဒ်မခွဲ ( က ) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊ ( ၂ ) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည် စာရင်းကို ရယူရမည်၊ ( ၃ ) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများ အား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်၊ ( ဂ ) နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော် သားများ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်၊ ( ဃ ) ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ ( င ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းအသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်၊ ( စ ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ ခန့်အပ်တာဝန် ပေးရာတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်။ ( ဆ ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့်အခါတိုင်း ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားရမည်၊ ( ဇ ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတ အား တာဝန်ခံရမည်၊ ( စျ ) ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ် ၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ ( ည ) ( ၁ ) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်း အဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊ ( ၂ ) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ထားခြင်း ခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။ ( ဋ ) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု ၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

အပိုင်း ၂

၂၃၃ ( က ) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား အောက်ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်- ( ၁ ) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ( ၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ( ၃ ) အကျင့်သိက္ခာပျက်ပြားခြင်း၊ ( ၄ ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊ ( ၅ ) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ ( ခ ) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲ ပြစ်တင်လိုပါက နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊ ( ဂ ) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲ ပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုဝန်ကြီးရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်စေရန် မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတက စွပ်စွဲ ပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအား တာဝန်မှ ရပ်စဲရမည်၊ ( ဃ ) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်း စစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ သည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံ ရမည်။

အပိုင်း ၃

၂၃၄ ( က ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံ သူများကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးနိုင်သည်- ( ၁ ) အသက် ၃၅ နှစ်ပြည့်ပြီးသူ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ( ၄ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ။ ( ခ ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာတာဝန်များ ပေးအပ် ရန်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံမှ သင့်လျော်သည့်တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊ ( ဂ ) နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းဆောင်ရွက် ရမည်၊ ( ဃ ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင် တာဝန်ယူရမည့် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊ ( င ) ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများအားလည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ ( စ ) ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရ သူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ် သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော် လည်းကောင်း၊ တပ်မတော်သားသော် လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင် သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၂ ပုဒ်မခွဲ ( စျ)၊ ( ည ) နှင့် ( ဋ ) ပါ ပြဋ္ဌာန်းချက်များနှင့် လည်း သက်ဆိုင်စေရမည်။

အပိုင်း ၄

၂၃၅ ( က ) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်းသည် သာမာန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊ ( ခ ) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လို ကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်၊ ( ဂ ) နိုင်ငံတော်သမ္မတသည် - ( ၁ ) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ ဝန်ကြီးတစ်ဦးဦးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်၊ ( ၂ ) ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး နှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်၊ ( ဃ ) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ ဝန်ကြီးရာထူးနေရာ လစ်လပ်လျှင်နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ နှင့်အညီ ပြည်ထောင်စုဝန်ကြီးအသစ် သို့မဟုတ် ဒုတိယဝန်ကြီးအသစ်အား ခန့်အပ်တာဝန်ပေး နိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊ ( င ) ( ၁ ) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး များအား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော် သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူး လစ်လပ် ပါက အစားထိုးရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်က ပြည်ထောင်စုဝန်ကြီး အသစ်များ သို့မဟုတ် ဒုတိယဝန်ကြီးအသစ်များ ကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ သည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊ ( ၂ ) အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအသစ်များနှင့် ဒုတိယ ဝန်ကြီးအသစ်များ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။ ( စ ) ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၅

၂၃၆ ပြည်ထောင်စု၏ ရှေ့နေချုပ်ကို ပြည်ထောင်စု ရှေ့နေချုပ်ဟု ခေါ်ဝေါ်ရမည်။

အပိုင်း ၆

၂၃၇ ( က ) နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များ ရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များ ပေးအပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦး ဦးအား ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်- ( ၁ ) အသက် ၄၅ နှစ် ပြည့်ပြီးသူ၊ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ( ၄ ) ( ကက ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ခခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ် ( ဂဂ ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂၀ အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ဃဃ ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ ( ၅ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ။ ( ခ ) ပြည်ထောင်စု ရှေ့နေချုပ်အတွက် သတ်မှတ်ထား သည့်အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည် စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခြင်း မရှိစေရ၊ ( ဂ ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊ ( ဃ ) ပြည်ထောင်စု ရှေ့နေချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဖြစ်သည်၊ ( င ) ပြည်ထောင်စု ရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတ အား တာဝန်ခံရမည်၊ ( စ ) ပြည်ထောင်စု ရှေ့နေချုပ်သည် လွှတ်တော် တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ ( ဆ ) ပြည်ထောင်စု ရှေ့နေချုပ်သည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊ ( ဇ ) ပြည်ထောင်စု ရှေ့နေချုပ်သည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ။

အပိုင်း ၇

၂၃၈ ပြည်ထောင်စု ရှေ့နေချုပ်အား စွပ်စွဲပြစ်တင်လိုပါ က ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၃၃ ရှိ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

အပိုင်း ၈

၂၃၉ ( က ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ရှေ့နေချုပ်အား အထောက်အကူပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘော ဆန္ဒအလျောက် ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်- ( ၁ ) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ( ၄ ) ( ကက ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ခခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ် ( ဂဂ ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ဃဃ ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ ( ၅ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ။ ( ခ ) ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုရှေ့နေချုပ် အား လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ ( ဂ ) ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၇ ပုဒ်မခွဲ ( စ )၊ ( ဆ ) နှင့် ( ဇ ) ပါ ပြဋ္ဌာန်းချက် များနှင့်လည်း သက်ဆိုင်စေရမည်။

အပိုင်း ၉

၂၄၀ ( က ) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ် တို့၏ ရာထူးသက်တမ်းသည် သာမာန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊ ( ခ ) ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေ ချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်၊ ( ဂ ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်၊ ( ဃ ) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ် ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ် ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အသစ်အား ခန့်အပ်တာဝန် ပေးနိုင်သည်။ ထိုသို့ခန့်အပ်တာဝန်ပေးခြင်းခံရ သည့် ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်း အတွက်သာ ဖြစ်စေရမည်၊ ( င ) ( ၁ ) ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်တို့အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သော ကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူးလစ်လပ်လျှင် အစားထိုး ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော် သမ္မတအသစ်သည် ယင်းတို့အား ဆက်လက် တာဝန်ပေးနိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ် နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန် ပေးနိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည် ဆိုပါက ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန် ပေးပြီးသည့်အချိန်အထိ ပြည်ထောင်စုရှေ့နေချုပ် နှင့် ဒုတိယရှေ့နေချုပ်တို့အား ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် စေနိုင်သည်၊ ( ၂ ) အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်တို့၏ ရာထူးသက်တမ်း သည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။ ( စ ) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့ ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၁၀

၂၄၁ ပြည်ထောင်စု၏ စာရင်းစစ်ချုပ်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ဟု ခေါ်ဝေါ်ရမည်။

အပိုင်း ၁၁

၂၄၂ ( က ) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေး၍ ပြည်ထောင်စုလွှတ် တော်သို့ တင်ပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ် တစ်ဦးဦးအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်- ( ၁ ) အသက် ၄၅ နှစ် ပြည့်ပြီးသူ၊ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ( ၄ ) ( ကက ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ခခ ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၂၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ဂဂ ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။ ( ၅ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ။ ( ခ ) ပြည်ထောင်စုစာရင်းစစ်ချုပ်အတွက် သတ်မှတ်ထား သည့်အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည် စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ ( ဂ ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊ ( ဃ ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတ အား တာဝန်ခံရမည်၊ ( င ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် လွှတ်တော် တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ ( စ ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊ ( ဆ ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ။

အပိုင်း ၁၂

၂၄၃ ပြည်ထောင်စုစာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင် လိုပါ က ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၃၃ ရှိ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

အပိုင်း ၁ ၃

၂၄၄ ( က ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ် ချုပ်အား အထောက်အကူပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘော ဆန္ဒအလျောက် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်- ( ၁ ) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ( ၄ ) ( ကက ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ခခ ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ( ဂဂ ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။ ( ၅ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ။ ( ခ ) ဒုတိယစာရင်းစစ်ချုပ်သည် ပြည်ထောင် စာရင်းစစ်ချုပ် အား လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ ( ဂ ) ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးခြင်း ခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၄၂ ပုဒ်မခွဲ ( င )၊ ( စ ) နှင့် ( ဆ ) ပါ ပြဋ္ဌာန်းချက် များနှင့်လည်း သက်ဆိုင်စေရမည်။

အပိုင်း ၁ ၄

၂၄၅ ( က ) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ် ချုပ် တို့၏ ရာထူးသက်တမ်းသည် သာမာန် အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်း ဖြစ်သည်၊ ( ခ ) ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယ စာရင်းစစ်ချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်၊ ( ဂ ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ် ချုပ်အား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်၊ ( ဃ ) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့် ဖြစ်စေ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အသစ်အား ခန့်အပ်တာဝန် ပေးနိုင်သည်။ ထိုသို့ခန့်အပ်တာဝန်ပေးခြင်းခံရ သည့် ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်း အတွက်သာ ဖြစ်စေရမည်၊ ( င ) ( ၁ ) ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သော ကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူးလစ်လပ်ပါက အစားထိုး ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော် သမ္မတအသစ်သည် ယင်းတို့အား ဆက်လက် တာဝန်ပေးနိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ် နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်များကို ခန့်အပ် တာဝန် ပေးနိုင်သည်။ ယင်းသို့ ခန့်အပ် တာဝန် ပေးမည် ဆိုပါက ပြည်ထောင်စုစာရင်းစစ်ချုပ် အသစ်နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်များကို ခန့်အပ်တာဝန် ပေးပြီးသည့်အချိန်အထိ ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် စေနိုင်သည်၊ ( ၂ ) အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်တို့၏ ရာထူး သက်တမ်း သည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။ ( စ ) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယ စာရင်း စစ်ချုပ်တို့ ၏ တာဝန်များ၊ လုပ်ပိုင်ခွင့် များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ် ရမည်။

အပိုင်း ၁ ၅

၂၄၆ ( က ) နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ် ရေး၊ လေ့ကျင့်ရေးတာဝန်နှင့်နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေး တာဝန်များ ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းရမည်၊ ( ခ ) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အဖြစ် ခန့်အပ်တာဝန်ပေးရမည်- ( ၁ ) အသက် ၅၀ နှစ် ပြည့်ပြီးသူ၊ ( ၂ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊ ( ၃ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ( ၄ ) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊ ( ၅ ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ၊ ( ၆ ) နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ ( ၇ ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ ( ဂ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊ ( ဃ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနှင့် ယင်းမှတစ်ဆင့် နိုင်ငံတော် သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ ( င ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၏ သက်တမ်းသည် သာမာန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊ ( စ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ရပိုင်ခွင့်များ၊ ရာထူးမှ နုတ်ထွက်ခြင်းနှင့် တာဝန်မှ ရပ်စဲခြင်းတို့ကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၁ ၆

၂၄၇ ( က ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေး အကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်ရ မည်၊ ( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အစိုးရအဖွဲ့ဝင်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဟု ခေါ်ဝေါ်ရ မည်၊

အပိုင်း ၁ ၇

၂၄၈ ( က ) တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်း ထားရှိသည်၊ ( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်- ( ၁ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ( ၂ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ( ၃ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ် ( ဂ ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်- ( ၁ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန များကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊ ( ၂ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေ ကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။

အပိုင်း ၁ ၈

၂၄၉ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက် ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ် အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့ လည်း သက်ရောက်ပျံ့နှံ့သည်။

၂၅၀ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်။

၂၅၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒ များနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း၊ မဆန့်ကျင် စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘော တူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရမည်။

၂၅၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းရမည်။

၂၅၃ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတင်သွင်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်က ပြဋ္ဌာန်းခြင်း မပြုနိုင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သာမာန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။

အပိုင်း ၁ ၉

၂၅၄ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများ ကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။

၂၅၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား၂ ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းနိုင်သည်။

၂၅၆ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန် လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန် ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်၊ (ခ) မိမိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့် အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း ပြုနိုင်သည်။

၂၅၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း မိမိတာဝန်ယူ အကောင်အထည်ဖော်ရ သည့် လုပ်ငန်းများကို ဆောင်ရွက်ရန်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင် သည်။ (ခ) လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၂၅၈ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည်-
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေး ဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်၊ (ခ) မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း သည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်။

၂၅၉ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာ သည့် လုပ်ငန်းတာဝန်မျာကို ထမ်းဆောင်ရမည်။

အပိုင်း ၂၀

၂၆၀ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။

(ဂ)

အပိုင်း ၁

၂၆၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်- အသက် ၃၅ နှစ်ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ စေသော ပြဋ္ဌာန်းချက်များနှင့် လည်းငြိစွန်းခြင်းမရှိသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊ (ခ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန်- သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ်ထား သည့် အရည်အချင်းများနျင့် ပြည့်စုံသော သင့်လျော် သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်၊ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည် စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူရမည်။ (ဂ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့်် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံ ကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ (င) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ထပ်မံတင်သွင်း ခွင့်ရှိသည်။

(ဃ)

အပိုင်း ၁

၂၆၂ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည်- သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁ ၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွင်သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာတာဝန်ပေးအပ်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သား များ၏ အမည်စာရင်းကိုတောင်းခံရမည်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ထံမှ ယင်းတို့၏ ဥက္ကဋ္ဌ အမည် စာရင်းကို ရယူရမည်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် အတိုင်း ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ထံမှ ရယူရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိရွေး ချယ်ထားသည့် ပုဂ္ဂိုလ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကို စုစည်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအတွက် သက် မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင် အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ် များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ငြင်းပယ်ခွင့်မရှိစေရ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊ (င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူ ညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ်များကိုသော်လည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ ဥက္ကဋ္ဌများ၏ အမည်စာရင်းနှင့် တိုင်းရင်းသားလူမျိုး ရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များ ကိုသော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊ (စ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က တင်ပြလာသည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးအပ်ရမည်၊ ထို့သို့ ခန့်အပ်တာဝန်ပေးရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီး တစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာနသို့မဟုတ် ဝန်ကြီးဌာနများကို သက်ဆိုင်ရာဝန်ကြီးချုပ်နှင့် ညှိနှိုင်းလျက် သတ်မှတ်ပေးရမည်၊ (ဆ) နိုင်ငံတော်သမ္မတသည်- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများအား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာများကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်၊ (ဇ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌအား လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် များအားလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတ သည ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်ကို လျှော့ပေါ့ပေးရမည်၊ (စျ) နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ ဝန်ကြီးများအားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအားလည်းကောင်း၊ အခြားဝန်ကြီးဌာန တာဝန် များကိုလည်း ပူးတွဲတာဝန်ပေးအပ်နိုင်သည်၊ (ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေး နှင့် နယ်စပ်ရေးရာတာဝန်များမှအပ အခြားတာဝန်များ အတွက် တပ်မတော်သားများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ထံမှ အမည်စာရင်း တောင်းခံ၍ ယင်းအမည် စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက် ရယူလျက် နိုင်ငံတော်သမ္မတ ထံ တင်ပြရမည်၊ (ဋ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့လည်းကောင်း အကြောင်းကြားရမည်၊ (ဌ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတ အားတာဝန်ခံရမည်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အားလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီး ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ (ဍ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစား ယူရန် သို့မဟုတ် နုတ်ထွက်ရန် မလို၊

အပိုင်း ၂

၂၆၃ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး တစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ် ကြောင့် စွပ်စွဲအပြစ်တင်နိုင်သည်- နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအရည် အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်း၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲအပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊ (ဂ) သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်၊ စုံစမ်းစစ်ဆေးရ မည့် လုပ်ငန်းပမာဏ ကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှု ပြီးစီး ရမည့်ကာလကိုလည်း သတ်မှတ်ပေးရမည်, (ဃ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရ သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊ (င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိ ချက်များကို တင်ပြလာလျှင် လွှတ်တော် ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်၊
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ အနည်း ဆုံး သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊ နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်း ခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်၊ စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာလွှတ်တော် ကဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို လွှတ်တော် ဥက္ကဋ္ဌ သည် နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်၊

အပိုင်း ၃

၂၆၄ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက် လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်၊ (ခ) နိုင်ငံတော်သမ္မတသည်- လုပ်ငန်းတာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန် ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲ ရမည်။ ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီး နှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ (ဂ) ရာထူးမှနုတ်ထွက်ကြောင်းဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူး နေရာလစ်လပ် လျှင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများ ခန့်အပ်တာဝန် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထားနိုင်သည်။ ထိုသို့ ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ပုဂ္ဂိုလ် ၏ ရာထူးသက်တမ်းသည်လည်း နိုင်ငံတော်သမ္မတ၏ ကျန်ရှိ သည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီချုပ်နှင့် ဝန်ကြီးများ ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၄

၂၆၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရှေ့နေချုပ်ကို တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ဟု ခေါ်ဝေါ်ရမည်။

အပိုင်း ၅

၂၆၆ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဥပဒေ အကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များပေး နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူ၍ နိုင်ငံတော် သမ္မတထံတင်ပြရမည်- အသက် ၄၀ ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထား သော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖြစ် ရွေးကောက်ပွဲတင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်း ဆုံး ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့် ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် (ခခ) တရားလွှတ်တော်ရှေ့နေဖြစ်လျှင် အနည်းဆု့း ၁၅ နှစ် အမှုလိုက် ပါဆောင်ရွက်ခဲ့သူ။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ (ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ် အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ် ရန် ငြင်းပယ်ခွင့် မရှိစေရ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၏သဘောတူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊ (င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်သည်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် - သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်း ကောင်း တာဝန်ခံရမည်။

အပိုင်း ၆

၂၆၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲ ပြစ်တင်ရန် ကိစ္စပေါ်ပေါက်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်တစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ ပါပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။

အပိုင်း ၇

၂၆၈ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၂ (ဎ) နှင့် ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်နှင့်လည်း သက်ဆိုင်စေရမည်။

၂၆၉ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေကပြဋ္ဌာန်းသတ်မှတ် ရမည်။

အပိုင်း ၈

၂၇၀ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ စာရင်းစစ်ချုပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ဟုခေါ်ဝေါ် ရမည်။

အပိုင်း ၉

၂၇၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်းများ ကို စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ၊ အောက်ဖော်ပါအရည်ချင်းများနှင့်ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြ သဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတခံ တင်ပြရမည်- အသက် ၄၀ ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထား သော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖြစ် ရွေးကောက်ပွဲတင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ ကက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ် အရာရှိထက် မနိမ့်သောရာထူးတွင် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့် စာရင်းစစ်အရာရှိ ထက်မနိမ့်သော ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခခ မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်း ကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ (ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ် အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့် အပ် တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ် အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်၊ (င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည်- သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း တာဝန်ခံရမည်။

အပိုင်း ၁၀

၂၇၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲ ပြစ်တင်ရန် ကိစ္စပေါ်ပေါက်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် တစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ ပါပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။

အပိုင်း ၁၁

၂၇၃ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်နှင့်လည်း သက်ဆိုင်စေရမည်။

၂၇၄ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။

အပိုင်း ၁၂

၂၇၅ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဟု ခေါ်ဝေါ်ရမည်။

အပိုင်း ၁၃

၂၇၆ (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများဖြစ်ကြသည့် အားလျော်စွာ အဆင့်အတန်းတူညီကြသည်၊ (ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များ အသီးသီးဖွဲ့စည်း ထားရှိသည်။ ယင်းဦးစီးအဖွဲ့ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ အရ ခွဲဝေအပ်နှင်းသည့် ဥပဒေပြုရေးအာဏာကို ကျင့်သုံးသည်၊ (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပါဝင်စေရမည်၊ (ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၇မည်- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထား သော တိုင်းဒေသကြိး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ၊ ပေးအပ် နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ် များ၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက်ခန့် ထားသည့် ကိုယ်စားလှယ်များ၊ (င) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁)နှင့် ၉၂)ပါ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဝင်များသည် မိမိတို့အချင်းချင်းညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များအနက် သင့်လျော်သူတစ်ဦးအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်။ ထိုသို့ရွေးချယ်သည့် ပုဂ္ဂိုလ် ၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြ ရမည်၊ (စ) နိုင်ငံတော်သမ္မတသည် အမည်စာရင်းတင်သွင်းလာသည့် ပုဂ္ဂိုလ်အား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးရမည်၊ (ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌသည် အရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဖြစ်သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင် သည့် ပြဋ္ဌာန်းချက်များအနက် ခန့်အပ်သည့် နည်းလမ်းမှလွဲ၍ ကျန် ပြဋ္ဌာန်းျက်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် သက်ဆိုင် စေရမည်၊ (ဇ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် - သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နေထိုင်ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိပြီးသော တိုင်းရင်းသားလူမျိုး များမှ အပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ်သောလူဦးဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀၀၀၀ နှင့် အထက် ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် တိုင်းရင်း သားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသားလူမျိုးများ ကိုယ်စား လှယ်တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားရ မည်။ ယင်းသို့ ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင် သည် ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည် အချင်များနှင့် ပြည့်စုံရမည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင် ဦးရေ ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင် ဦးရေ အနည်းဆုံး ၁၀ ဦးပြည့်စေရန် လိုအပ်သည့် အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းနေထိုင်သူများထဲမှ ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်း များနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များအား မိမိတို့ သဘောဆန္ဒအလျောက် ရွေးချယ်ဖြည့်စွက်ခန့်ထားရမည်၊ (စျ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင်စုစုပေါင်း၏ လေးပုံတစ်ပုံ ဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်တော်သားများဖြင့် လိုအပ်သလို ဖြည့်စွက်တာဝန်ပေးနိုင်သည်၊ (ည) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည် အချင်းများနှင့် ပြည့်စုံရမည်၊ (ဋ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၏ အမည်စာရင်းကို ကြေညာရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတ အားလည်းကောင်း တာဝန်ခံရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ ဥက္ကဋ္ဌအား တာဝန်ခံ ရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့နှင့်ပတ်သက်၍ ရာထူး သက်တမ်းသတ်မှတ်ခြင်း၊ အရေးယူခြင်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်ရာထူး နေရာများတွင် ဖြည့်စွက်ခန့်ထားခြင်းတို့အတွက် ဥပဒေပြဋ္ဌာန်း သတ်မှတ်ပေးရမည်။ (ဌ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ နှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ပေးရမည်။

အပိုင်း ၁၄

၂၇၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ ကိုယ်ပိုင်အုပ်ချုပ်မှု အာဏာ သည် အောက်ပါ ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်-
(က) ဇယား ၃ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ဥပဒေပြုခွင့်ရှိသည့် ကိစ္စရပ်များ၊ (ခ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ် အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များ၊ (ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့အား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များ။

၂၇၈ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့သည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်။

၂၇၉ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့သည်-
(က) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့်မဆန့်ကျင်စေဘဲ မိမိနယ် မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရနှင့်ညှိနှိုင်းထားရှိရမည်၊ (ခ) နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲလျက် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်၊ (ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ ပါမိမိနှင့်သက်ဆိုင်သည့် ခွင့်ပြုဘဏ္ဍာ ငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ သုံးစွဲခွင့်ရှိသည်၊ (ဃ) ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံမှ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခွင့်ပြုချက်ကို အချိန်မီမရရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါခွင့်ပြုထားသည့် သာမန်အသုံးစရိတ် ဘောင်အတွင်း သုံးစွဲခွင့် ရှိသည်။

၂၈၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့သည် မိမိနယ်မြေဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းပြုနိုင်သည်။

၂၈၁ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့သည် မိမိနယ်မြေဒေသ၏ အခြေ အ​နေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စု အစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရထံ တင်ပြရမည်။

၂၈၂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့သည် ပြည်ထောင်စုအစိုးရ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

အပိုင်း ၁၅

၂၈၃ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီး အမှူးသည် ရာထူးအလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။ ထို့ပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ရုံးလည်းဖြစသည်။

အပိုင်း ၁၆

၂၈၄ (က) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာသက်ရောက်သည့်နေ၌ တည်ရှိနေသော နေပြည်တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များ အားလုံးပါဝင်သည်၊ (ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ်နိုင်သည်၊

အပိုင်း ၁၇

၂၈၅ (က) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် အောက် ဖော်ပြပါ အရည်အချင်းများနှင့် ပြည်စုံရမည်- အသက် ၃၅ ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထား သော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖြစ် ရွေးကောက်ပွဲတင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ နိုင်ငံတော်သမ္မတက သတ်မှတ်ထားသော အခြားအရည်အချင်း များနှင့်လည်းပြည့်စုံသူ။ (ခ) နိုင်ငံတော်သမ္မတသည်- နေပြည်တောကောင်စီတစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်၊ ပုဒ်မခွဲ(က)တွင် ဖော်ပြသတ်မှတ်ထားသော အရည်အချင်းများ နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်၏ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးနိုင်ရေးအတွက် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ် နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသည့် သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊ နေပြည်တော်ကောင်စီတွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေကို ဥပဒေနှင့်အညီ လိုအပ်သလိုသတ်မှတ်နိုင်သည်။ (ဂ) နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ ကောင်စီဝင်များသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအားလည်းကောင်း တာဝန်ခံရမည်၊ (ဃ) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ် တာဝန် ပေးခြင်း ခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊ (င) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် နိုင်ငံ့ ဝန်ထမ်းဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစင တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ (စ) နေပြည်တော် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးနိုင်ရေးအတွက် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် တပ်မတော်ား နေပြညတော်ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များသည် တပ်မတော်မှ နုတ်ထွက်ရန် သို့မဟုတ် အငြိမ်းစားယူရန် မလို၊ (ဆ) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ​ဆောင်ရွက်ခြင်း မပြုရ။

အပိုင်း ၁၈

၂၈၆ (က) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့၏ ရာထူးသက် တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက် တမ်းအတိုင်း ဖြစ်သည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက် လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊ နိုင်ငံတော်သမ္မတသည် ကက ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင် တစ်ဦးဦး အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်။ ခခ ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သားနေပြညတော်ကောင်စီဝင်နှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။ ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စွဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်ရာထူးနေရာ လစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသစ်နှင့် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်၊ ထိုသို့ ခန့်အပ် တာဝန်ပေးခြင်း ခံရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌအသစ်နှင့် ကောင်စီဝင် အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။ (ခ) နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် ကောင်စီဝင် များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အပိုင်း ၁၉

၂၈၇ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူး သည် ရာထူးအလျောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဖြစ်သည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်ကောင်စီရုံးဖြစ်သည်။

အပိုင်း ၂၀

၂၈၈ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်။

အပိုင်း ၂၁

၂၈၉ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်။

၂၉၀ နိုင်ငံ့ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်း စားယူခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ အမှုထမ်းစည်းကမ်း သတ်မှတ်ခြင်းနှင့်အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၂၉၁ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့်အလျောက် တပ်မတော် သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

၂၉၂ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ထူးခြား သည့် လုပ်ငန်းသဘာဝအရ ယင်းတို့နှင့်ပတ်သက်၍ သီးခြား ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

အခန်း ၆ တရားစီရင္ေရး

(က)

၂၉၃ နိုင်ငံတော်၏တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်းဖွဲ့စည်းသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံး များ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊ (ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊ (ဂ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး။

(ခ)

အပိုင်း ၁

၂၉၄ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံး တရားရုံးဖြစ်သည်။

အပိုင်း ၂

၂၉၅ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာ အောက်ပါ ကိစ္စရပ်များအတွက် မူလမှုစီရင်ပိုင်ခွင့်အာဏာများရှိ သည်- ပြည်ထောင်စုနိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင် အချင်းချင်းဆိုင်ရာစာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသောကိစ္စရပ်များ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အချင်းချင်း၊ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာပြဿနာများအပ အခြားအငြင်းပွားမှုများ၊ ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြား ကိစ္စရပ်များ။ (ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့်အားလျော်စွာ နောက်ဆုံး အပြီးအပြတ် အယူခံဝင်ရာတရားရုံးဖြစ်သည်၊ (ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့် မရှိ စေရ၊ (ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ဖြစ်စေ၊ အခြား ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့် အာဏာရှိသည်။ ထို့အပြင် အခြားတရားရုံးများက ချမှတ် သောစီရင်ချက်များကိုလည်း ဥပဒေနှင့်အညီ စစ်ဆေး ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်၊ (င) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေနှင့်အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာရှိသည်။

၂၉၆ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
(က) အောက်ပါစာချွန်လွှာအမိန့်များကို ထုတ်ပိုင်ခွင့်အာဏာ ရှိသည်- ရှေ့တော်သွင်းစာချွန်လွှာအမိန့်၊ အာဏာပေးစာချွန်လွှာအမိန့်၊ တားမြစ်စေစာချွန်လွှာအမိန့်၊ အာဏာပိုင်မေးစာချွန်လွှာအမိန့်၊ အမှုခေါ်စာချွန်လွှာအမိန့်။ (ခ) နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက် ကြောင်း ကြေညာသည့်ဒေသတွင် စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်။

အပိုင်း ၃

၂၉၇ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေး ဆိုင်ရာဘဏ္ဍာငွေအရ အသုံးစာရင်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု၏နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းတင်ပြနိုင်ရန် ပြည်ထောင်စု အစိုးရထံထင်ပြရမည်။

အပိုင်း ၄

၂၉၈ ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နှင့် သက်ဆိုင်သည့် အရေးကြီးသော တရားစီရင်ရေးဆိုင်ရာ အခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်သည်။

အပိုင်း ၅

၂၉၉ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အကြီးအမှူးကို ပြည်ထောင်စုတရားသူကြီးချုပ်ဟု ခေါ်ရမည်၊ (ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စု တရားသူကြီးချုပ်အပါအဝင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဦးရေအနည်းဆုံး ခုနှစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်သည်၊ (ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ် အဖြစ် ခန့်အပ်သင့်သောပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလျွတ်တော်သို့ တင်သွင်းသဘောညီချက် ရယူရမည်၊ ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရား သူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းသူကို ငြင်းပယ်ခွင့်မရှိစေရ၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့်ပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရမည်။ (ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ် နှင့် ညှိနှိုင်းကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း သဘောတူညီချက် ရယူရမည်၊ "ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရား သူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းသူများကို ငြင်းပယ်ခွင့်မရှိစေရ၊" နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရား လွှတ်တော် ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရမည်။

၃၀၀ (က) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် ပါတီနိုင်ငံ ရေးနှင့် ကင်းရှင်းရမည်၊ (ခ) ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် နိုင်ငံဝန်ထမ်း ဖြစ်လျှင် ပြည်ထောင်စုတရားသူကြီးချု် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အငြိမ်းစား ယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အပိုင်း ၆

၃၀၁ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက် မကြီးသူ၊ (ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊ (ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင် ခွင့် မရှိစေသော ပြဋ္ဌာန်းများနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ (င) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ၊ (စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ (ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။

အပိုင်း ၇

၃၀၂ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင် သည်- နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ (ခ) နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက- မိမိ၏စွပ်စွဲချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရမည်၊ ပြည်ထောင်စုလွှတ်တော်နာယကသည် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်သူ့ လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်စေပြီး ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူ တစ်ဦးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန် ပေးရမည်၊ စုံစမ်းစစ်ဆေးရမည့်လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီးရမည့် အချိန်ကာလကိုလည်း သတ်မှတ်ပေးရမည်၊ နိုင်ငံတော်သမ္မတသည် မိမိ၏စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် စေလွှတ်၍သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင်သည်။ သက်ဆိုင်ရာ အထောက်အထားများနှင့်သက်သေများကိုလည်း တင်ပြ နိုင်ခွင့်ရှိသည်၊ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်း ခံရသူအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊ စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကို တင်ပြလာသည့်အခါ ပြည်ထောင်စု လွှတ်တော်နာယကသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူ သည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရာထူး တွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံ ရမည်၊ ယင်းသို့ တင်ပြအစီရင်ခံသည့်အခါ နိုင်ငံတော်သမ္မတ သည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးကို ရာထူးမှ ရပ်စဲရမည်၊ ၁၀ စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊ (ဂ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက- နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရသည်၊ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးရားထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း စုံစမ်းစစ်ဆေး သည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအား ရာထူးမှရပ်စဲရမည်၊ စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေး သည့် လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ် ကြောင်းကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊

အပိုင်း ၈

၃၀၃ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါ အကြောင်းတစ်ရပ်ရပ်မပေါ်ပေါက်လျှင် အသက် ၇၀ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည်-
(က) မိမိသဘောအလျောက် ရာထူးမှ နှုတ်ထွက်ခြင်း၊ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲ ပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ (ဂ) ဥပဒေအရ သတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ် ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊ (ဃ) ကွယ်လွန်ခြင်း။

၃၀၄ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ် ရမည်။

(စ)

အပိုင်း ၁

၃၀၅ တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးတရားလွှတ်တော် ကိုလည်းကောင်း၊ ပြည်နယ်တွင် ပြည်နယ် တရားလွှတ်တော်ကိုလည်းကောင်း ထားရှိသည်။

အပိုင်း ၂

၃၀၆ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် များတွင် ဥပဒေနှင့်အညီ အောက်ပါတရားစီရင်ပိုင်ခွင့် အာဏာများရှိသည်-
(က) မူလမှုကိုစီရင်ခြင်း၊ (ခ) အယူခံမှုကိုစီရင်ခြင်း၊ (ဂ) ပြင်ဆင်မှုကိုစီရင်ခြင်း၊ (ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များကို စီရင်ခြင်း။

၃၀၇ (က) တရားစီရင်ရေးဆိုင်ရာကိစ္စအလို့ငှာ မန္တလေးတိုင်းဒေသ ကြီးတရားလွှတ်တော်သည် နေပြည်တော်အတွင်းရှိ တရားရုံးများ၏ တရားလွှတ်တော်ဖြစ်သည်၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဒေသတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လျှင် တရားစီရင်ရေးဆိုင်ရာကိစ္စအလို့ငှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သည် ယင်းပြည်ထောင်စုနယ်မြေ အတွင်းရှိ တရားရုံးများ၏တရားလွှတ်တော်ဖြစ်သည်။

အပိုင်း ၃

၃၀၈ (က) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်၏အကြီးအမှူးကို တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဟုခေါ်ရမည်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးများ သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ ဦးရေ အနည်းဆုံးသုံးဦးမှ အများဆုံး ခုနှစ်ဦးအထိ ခန့်အပ်နိုင်သည်၊ (ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည် စာရင်းကိုလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန် အမည်စာရင်းကို ပြုစု၍ ယင်းအမည်စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ ပေးပို့ရမည်။ ပုဒ်မ ၃၁၀ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်း အမည်စာရင်းပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရေ၊ ပုဒ်မခွဲငယ် (၂) အရ ငြင်းပယ်ခြင်းခံရသော ပုဂ္ဂိုလ်များ အစား အမည်စာရင်းသစ်ကို သတ်မှတ်ထားသည့်အတိုင်း ထပ်မံတင်သွင်းခွင့်ရှိသည်၊ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သဘောတူညီသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်ရမည်။။

၃၀၉ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည် နိုင်ငံဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အပိုင်း ၄

၃၁၀ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) အသက် ၄၅ နှစ်ထက်မငယ်၊ အသက် ၆၅ နှစ်ထက် မကြီးသူ၊ (ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊ (ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင် ခွင့် မရှိစေသော ပြဋ္ဌာန်းများနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ (င) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ၊ (စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ (ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။

အပိုင်း ၅

၃၁၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးကို လည်းကောင်း အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်- နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တေ်ာ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ (ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး တစ်ဦးဦးကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက မိမိ၏စွပ်စွဲချက်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရမည်၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးကို လည်းကောင်း လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ် ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့် လုပ်ငန်း ပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီးရမည့် အချိန်ကာလကိုလည်း သတ်မှတ်ပေးရမည်၊ (င) နိုင်ငံတော်သမ္မတ သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်လျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦး ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊ နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိ၏စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍သော်လည်းကောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင် သည်။ သက်ဆိုင်ရာအထောက်အထားများနှင့် သက်သေ များကိုလည်း တင်ပြနိုင်ခွင့်ရှိသည်၊ (စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်း ခံရသူအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊ (ဆ) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကို တင်ပြလာသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်၊ (ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်အတွက်ဖြစ်လျှင် နိုင်ငံတော် သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအတွက် ဖြစ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း ထိုဆုံးဖြတ်ချက်ကို တင်ပြရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဖော်ပြပါ တင်ပြချက်ကို ရရှိသည့်အခါ နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြရမည်၊ (စျ) ယင်းသို့တင်ပြချက်များရရှိသည့်အခါ နိုင်ငံတော်သမ္မတ သည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးကို ရာထူးမှ ရပ်စဲရမည်၊ (ည) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အတွက် ဖြစ်လျှင် နိုင်ငံတော်သမ္မတထံ သို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအတွက် ဖြစ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ထံသို့လည်းကောင်း တင်ပြရမည်။

အပိုင်း ၆

၃၁၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါ အကြောင်းတစ်ရပ်ရပ်မပေါ်ပေါက်လျှင် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်-
(က) မိမိသဘောအလျောက် ရာထူးမှ နှုတ်ထွက်ခြင်း၊ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲ ပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ (ဂ) ဥပဒေအရ သတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ် ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊ (ဃ) ကွယ်လွန်ခြင်း။

၃၁၃ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ် ရမည်။

အပိုင်း ၇

၃၁၄ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်၌ အောက်ပါအတိုင်း တရားရုံး အဆင့်ဆင့်ရှိသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုမရှိလျှင်- ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ။ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုရှိလျှင်- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌ (ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ (ခခ) မြို့နယ်တရားရုံးများ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ (ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ (ခခ) မြို့နယ်တရားရုံးများ။ ကျန်ဒေသများ၌ (ကက) ခရိုင်တရားရုံးများ၊ (ခခ) မြို့နယ်တရားရုံးများ။ (ဂ) ပြည်ထောင်စုနယ်မြေ၌ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ။ (ဃ) ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးများ။

အပိုင်း ၈

၃၁၅ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများသည် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှု များကို လည်းကောင်း၊ အယူခံမှုများနှင့် ပြင်ဆင်မှုများကို လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထား သော ကိစ္စရပ်များကိုလည်းကောင်း စီရင်ပိုင်ခွင့်အာဏာ ရှိသည်။

၃၁၆ မြို့နယ်တရားရုံးများသည် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာ မူလမှုများ၊ တရားမမူလမှုများကိုလည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များ ကိုလည်းကောင်း စီရင်ပိုင်ခွင့် အာဏာရှိသည်။

၃၁၇ ပြည်ထောင်စုတစ်ဝန်းလုံးတွင် တရားစီရင်ရေးဆိုင်ရာကိစ္စ အဝဝကို ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ အခြားဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းသည့် တရားရုံးများတွင် ဥပဒေ နှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံဆောင်ရွက် ရမည်။

၃၁၈ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် ကြီးကြပ်မှုအောက်ရှိ တရားရုံးအဆင့်ဆင့်တွင် တရားသူကြီး များခန့်ထားခြင်း၊ စီရင်ပိုင်ခွင့်များအပ်နှင်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များ သတ်မှတ်ခြင်းတို့သည် ဥပဒေနှင့် အညီ ဖြစ်စေရမည်၊ (ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များနှင့် ကျန်တရားရုံးများတွင် အရာရှိအဆင့်ဝန်ထမ်းများ၊ အခြားအဆင့်ဝန်ထမ်းများ ပါဝင်သည့် ဝန်ထမ်းအဖွဲ့အစည်းဖွဲ့စည်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များသတ်မှတ်ခြင်းတို့သည် ဥပဒေ နှင့်အညီ ဖြစ်စေရမည်။

အပိုင်း ၉

၃၁၉ ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ)အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း ၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။

(ဆ)

အပိုင်း ၁

၃၂၀ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါ အဝင် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းရမည်။

၃၂၁ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။

အပိုင်း ၂

၃၂၂ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်း တာဝန်များမှာ အော်ပါအတိုင်းဖြစ်သည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက် အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ (ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ် လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်း၊ (ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ - မရှိ စိစစ်ခြင်း၊ (ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ ကို ဆုံးဖြတ်ခြင်း၊ (င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့်စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ (စ) ပြည်ထောင်စုနယ်မြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊ (ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။

အပိုင်း ၃

၃၂၃ တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ- မရှိ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှု နှင့်စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါ တရားရုံး သည် အမှုစစ်ဆေးစိရင်ခြင်းကိုရပ်ဆိုင်းထားပြီး မိမိ၏ ထင်မြင် ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ၍ အဆုံးအဖြတ် ရယူရမည်။ ယင်းအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံး နှင့် သက်ဆိုင်စေရမည်။

၃၂၄ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ် အတည်ဖြစ်သည်။

အပိုင်း ၄

၃၂၅ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သဘောထာရယူရန်ကိစ္စများကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့်ရှိသည်-
(က) နိုင်ငံတော်သမ္မတ၊ (ခ) ပြည်ထောင်စုလွှတ်တော်နာယက၊ (ဂ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ (ဃ) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ (င) ပြည်ထောင်စုတရားသူကြီးချုပ်၊ (စ) ပြည်ထောင်စုရွေးကောက်ပွဲကောင်ရှင် ဥက္ကဋ္ဌ၊

၃၂၆ အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ် ချက်၊ သဘောထားရယူရန်ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့တင်သွင်းခွင့်ရှိသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ (ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အားလုံး၏ အနည်းဆု့း ၁၀ ရာခိုင်နှုန်း အရေအတွက် ရှိသော ကိုယ်စားလှယ်များ။

အပိုင်း ၅

၃၂၇ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီချက် ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။

၃၂၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်၏ အရည် အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်း အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်ဖွဲ့စည်း ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ။

၃၂၉ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် မရရှိသည့် အဖွဲ့ဝင်နေရာ အတွက် အမည်စာရင်းသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့်ရှိသည်။

၃၃၀ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦး သည်-
(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည် ဟု မှတ်ယူရမည်၊ (ခ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးသည်ဟု မှတ်ယူရမည်၊ (ဂ) နိုင်ငံရေးပါတီတစ်ခုခု၌ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံ ရသည့်နေမှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ။

၃၃၁ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် တစ်ဦးဦး သည် ရာထူးသက်တမ်းမကုန်မီ အကြောင်းတစ်ခုခုကြောင့် မိမိ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၃၃၂ အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်ရာထူးနေရာ လစ်လပ်နေလျှင် နိုင်ငံတော် သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးအပ်နိုင်သည်။

အပိုင်း ၆

၃၃၃ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့သည် လွှတ်တော်ကိုယ်စားလှယ်များထဲ ကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ် စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများ အနက်မှ အဖွဲ့ဝင် သုံးဦးစီကို ရွေးချယ်ရမည်-
(က) အသက် ၅၀ နှစ်ပြည့်ပြီးသူ၊ (ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊ (ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင် ခွင့် မရှိစေသော ပြဋ္ဌာန်းများနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်း ဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင် အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ (င) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ (စ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ (ဆ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးအမြင်ရှိသူ၊ (ဇ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

အပိုင်း ၇

၃၃၄ (က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တစ်ဦးဦးအား အောက်ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲ ပြစ်တင်နိုင်သည်- နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖာက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်၏ အရည်အချင်းပျက်ယွင်း ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်း၊ (ခ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုတရားသူ ကြီးချုပ် သို့မဟတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၀၂ ပါ ပြဋ္ဌာန်းချက်များနှင့် အညီဆောင်ရွက်၇မည်.

အပိုင်း ၈

၃၃၅ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သက်တမ်း သည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ ငါးနှစ် ဖြစ်သည်။ သို့ရာတါင် သက်တမ်းကုန်ဆုံးပြီး ဖြစ်သော်လည်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသစ် ဖွဲ့စည်းပြီးသည့်အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန် များကို ဆက်လက်တာဝန်ထမ်းဆောင်ရမည်။

၃၃၆ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းမှု၊ ဆက်သွယ်မှု၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ စသည်တို့ကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။

အခန်း (၇) တပ်မတော်

၃၃၇ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျ ဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

၃၃၈ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်။

၃၃၉ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေး အတွက် တပ်မတော်က ဦးစီးရမည်။

၃၄၀ တပ်မတော်သည် အမျိုးသားကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်။တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ကို ဖော်ဆောင်ရမည်။

၃၄၁ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရယ်များကျရောက်လာလျှင် တပ်မတော်က ကူညီ ဆောင်ရွက်ရမည်။

၃၄၂ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။

၃၄၃ စစ်ဘက်တရားစီရင်ရာတွင်-
(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်း ဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊ (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီး အပြတ်ဖြစ်သည်။

၃၄၄ မသန်မစွမ်းဖြစ်သော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများ အားထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဋ္ဌာန်း ရမည်။

အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ

၃၄၅ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ် ပါးမှ မွေးဖွားသူ၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။

၃၄၆ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရ မည်။

၃၄၇ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကို လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

၃၄၈ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။

၃၄၉ နိုင်ငံသားများသည် အောပ်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ရာတွင် တူညီသောအခွင့်အလမ်းရရှိစေရမည်-
(က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ (ခ) အလုပ်လုပ်ကိုင်မှု၊ (ဂ) ကုန်သွယ်ရောင်းဝယ်ဖောက်ထားမှု၊ (ဃ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ (င) အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ (စ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု၊

၃၅၀ အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေးနှင့်လစာတို့ကို ခံစားခွင့်ရှိသည်။

၃၅၁ မိခင်းများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်။

၃၅၂ နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ် သော အရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကိုအကြောင်း ပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ၊ သို့ရာတွင် အမျိုးသားများနှင်သာလျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရေးချယ်ခန့် ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။

၃၅၃ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။

၃၅၄ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူ့တို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်း သားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။

၃၅၅ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိသည်။

၃၅၆ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထား ​ေသာ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။

၂၅၇ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင် လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။

၃၅၈ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုကို တားမြစ် သည်။

၃၅၉ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရ သဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခြင်းနှင့် အများပြညသူအကျိုး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန် ချထားခြင်မှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။

၃၆၀ (က) ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွက်မှတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါဘာသာ သာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတါင် မပါဝင်စေရ၊ (ခ) ထိုသို့ ဘာသာသာသနာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးပြုကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ။

၃၆၁ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိ အမှတ်ပြုသည်။

၃၆၂ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့ ၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

၃၆၃ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

၃၆၄ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင်လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်း နှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဋ္ဌာန်းနိုင်သည်။

၃၆၅ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိ သော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့်​ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်း သို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့၏ ဆောင်ရွက် မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကို ဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်။

၃၆၆ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေး ဆိုင်ရာမူဝါဒများနှင့်အညီ-
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်၊ (ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မီတိုးတက် ​ေစရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စ များတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့် ရှိသည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေး ဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့် ရှောက်မှုခံယူခွင့်ရှိသည်။

၃၆၇ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့် ရှိသည်။

၃၆၈ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှု မရှိထားဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက် ထောက်ပံ့မည်။

၃၆၉ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေဃံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့် ဖြစ်စေ၊ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြောက်ခံပိုင် ခွင့်ရှိသည်။ (ခ) သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။

၃၇၀ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

၃၇၁ နိုင်ငံတော်သည် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီစေမည်။

၃၇၂ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း ၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့် တို့ကို နိုင်ငံတော်က အာမခံသည်။

၃၇၃ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည် အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင် သောဆိုင်ရာ ဥပဒေအရာသာ ပြစ်မှုထင်ရှားစီရင်၇မည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်း မပြုရ။

၃၇၄ တစ်ဦးတစ်ယောက် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ပြစ်မှု တစ်ရပ်အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှ အပြီးအပြတ် လွှတ်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါ ပြစ်မှုထင်ရှား စီရင်သည့် စီရင်ချက် သို့မဟုတ် အမှုမှ အပြီးအပြတ် လွှတ်သည့် စီရင်ချက်ကို အဆင့်မြှင့်တရားရုံး ပယ်ဖျက်ပြီး အမှုသစ်ကို တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါမှတစ် ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။

၃၇၅ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့် အညီ ခုခံချေပခွင့်ရှိစေရမည်။

၃၇၆ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့် အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင် ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ။

၃၇၇ ဤအခန်း၌ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူ လိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိရမည်။

၃၇၈ (က) ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများနှင့်စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့် တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာရှိရမည်- ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေစောချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်အမိန့်၊ အမှုခေါ်စာချွန်တော်အမိန့်၊ (ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းထားသည့် စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့်အာဏာသည် အခြားတရား ရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန် တော်အမိန့်သဘောမျိုးသက်ရောက်သည့် အမိန့်ထုတ်ဆင့်ပိုင် ခွင့်အာဏာကို မထိခိုက်စေရ။

၃၇၉ အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများတောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထား ခြင်းမပြုရ-
(က) စက်မက်ဖြစ်ပွားချိန် (ခ) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ (ဂ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊

၃၈၀ နိုင်ငံခြားတိုင်းတစ်ပါးနှင့်ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိသည်။

၃၈၁ အောက်ဖော်ပြပါ အခြေအနေနှင့် အချိန်အခါမှတပါး နိုင်ငံသား များ၏ တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့်သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်း မပြုရ-
(က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ (ခ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊ (ဂ) အရေးပေါ်အခြေအနေ ဖြစပေါ်နေချိန်၊

၃၈၂ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်း တို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး နှင့် စည်းကမ်းသေဝပ်မှုများရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသောအခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေ ပြဋ္ဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြု ရမည်။

၃၈၃ နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန် ရှိသည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသားစည်းလုံးညီညတ်မှုမပြိုကွဲရေး၊ (ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။

၃၈၄ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။

၃၈၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ် အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

၃၈၆ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ရန်တာဝန်ရှိသည်။

၃၈၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်း အားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။

၃၈၈ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေး သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

၃၈၉ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

၃၉၀ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံ တော်အား ကူညီရန် တာဝန်ရှိသည်-
(က) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ခြင်း၊ (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (ဂ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ (ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။

အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း

အပိုင်း ၁

၃၉၁ လွှတ်တော်များသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင်-
(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့် ၍ ဥပဒေအရေ အရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမြပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ဆန္ဒမြပေးပိုင်ခွင့်ရှိသည်၊ (ခ) ဆန္ဒမဲပေးပိုင်ခွင့်ရှီသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ် တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့် ရှိသည်၊ (ဂ) ထို့ပြင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာတိုင်းရင်းသားများသည် မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အတွက် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်၊ (ဃ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို ကျင့်သုံးရမည်။

၃၉၂ အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ-
(က) သာသနာ့ဝန်ထမ်းများ၊ (ခ) ထောင်ဒဏ်ကျခံနေရသူများ၊ (ဂ) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ၊ (ဃ) လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ (င) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်း ခံရသူများ။

၃၉၃ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ရွေးကောက်ပွဲတစ်ရပ်တွင်-
(က) လွှတ်တော်တစ်ရပ်အတွက်သာ ရွေးကောက်တင်မြှောက်ခံပိုင် ခွင့်ရှိသည်၊ (ခ) မဲဆန္ဒနယ်တစ်နယ်တွင်သာ ရွေးကောက်တင်မြှောက်ခံရန် ယှဉ်ပြိုင်ခွင့်ရှိသည်။

၃၉၄ (က) ပြည်ထောင်စုနယ်မြေ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ သတ်မှတ်ထားသော ပြည်ထောင်စုနယ်မြေ များအတွင်း မှီတင်းနေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တာ်ကိုယ်စားလှယ်များ ကိုသာ ရွေးကောက်တင်မြှောက်ခွင့်ရှိသည်၊ (ခ) ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ပြည်ထောင်စုနယ် မြေအဖြစ် သတ်မှတ်လိုက်သည့် နယ်မြေတစ်ခုခုမှ ရွေးကောက် တင်မြှောက်ထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သည် ဥပဒေတွင် သီးခြားခွင့်ပြု ထားခြင်းမရှိလျှင် ယင်းလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ။

၃၉၅ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရသော် လည်းကောင်း၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်းပျက် ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ် ရပ်သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

အပိုင်း ၂

၃၉၆ (က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ဖော်ပြပါ အကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်- နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်း။ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလို သော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့်တိုင်တန်း ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်၊ (ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရမည်၊ (ဃ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်။ (င) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၃၉၇ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သောကပဒေများကို ပြဋ္ဌာန်း၇မည်။

အပိုင်း ၃

၃၉၈ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းရမည်။ ယင်းသို့ ဖွဲ့စည်းရာတွင် ဤဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီးခန့်ထားခြင်းနှင့်စပ် လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် အနည်းဆုံး ငါးဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်၊ (ခ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည်- အသက် ၅၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်၊ အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံ သူဖြစ်၇မည်၊ ကက ပြည်ထောင်စုတရားသူကြိးချုပ် သို့မဟုတ် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဖြစ်စေ၊ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ဖြစ်စေ၊ အလားတူရာထူးတာဝန် တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူဖြစ်၇မည် သို့မဟုတ် ခခ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် ရမည် သို့မဟုတ် ဂဂ တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ် ဃဃ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်။ သိက္ခာသမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူ ဖြစ်ရမည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်း ခြင်း မရှိသူ ဖြစ်ရမည်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည်၊ လစာ၊ စရိတ်, ကြေးငွေ ရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်။

အပိုင်း ၄

၃၉၉ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ (ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊ (ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ (ဃ) မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊ (င) သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေ လုံခြုံရေးအခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒ နယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း၊ (စ) ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြား ချက်စသည်များကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ လည်း ကောင်း ထုတ်ပြန်ခြင်း၊ (ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေး အတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ (ဇ) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင် ခြင်း။

အပိုင်း ၅

၄၀၀ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါအကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲ ပြစ်တင်နိုင်သည်- နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်း။ (ခ) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးကို စွပ်စွဲပြစ်တင်ခြင်း နှင့်စပ်လျဉ်းသည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထား သည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်၊

၄၀၁ (က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် သည် ရာထူးတာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခု ကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊ (ခ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်နေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတ သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီးခန့် ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကော်ကမရှင် ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်၊ (ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေး ခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည် ဟု မှတ်ယူရမည်။

အပိုင်း ၆

၄၀၂ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက် များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်-
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ (ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ (ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များ။

၄၀၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ရမည်။

အခန်း (၁၀) နိုင်ငံရေးပါတီများ

အပိုင်း ၁

၄၀၄ နိုင်ငံရေးပါတီတစ်ရပ်သည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊ (ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။

၄၀၅ နိုင်ငံရေးပါတီတစ်ရပ်သည်-
(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာရမည်၊ (ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထား ရမည်။

၄၀၆ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ -
(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်၊ (ခ) ရွေးကောက်ပွဲများတါင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

အပိုင်း ၂

၄၀၇ နိုင်ငံရေးပါတီတစ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရ-
(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊ (ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သောအဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီ ခြင်း၊ (ဂ) နိုင်ငံခြာတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊ (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲအသုံးစားပြုခြင်း။

၄၀၈ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းကို ပယ်ဖျက်ရမည်။

၄၀၉ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း သည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။

အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ

၄၁၀ တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခုတွင်ဖြစ်စေ အုပ်​ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်သော်လည်း ကောင်း၊ သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။

၄၁၁ ပုဒ်မ ၄၁၀ အရ အရေးပေါ် အခြေအနေ ကြေညာသည့်ကိစ္စရပ် တွင် နိုင်ငံတော်သမ္မတသည်-
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေးအာဏာကို ရယူသုံးစွဲခွင့် ရှိသည်။ ထို့ပြင်ယင်းအုပ်ချုပ်ရေးအာဏာကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ် ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလိ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းဆောင်ရွက်စေနိုင်သည်၊ (ခ) ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု များက ဥပဒေပြုပိုင်ခွင့်ရှိသော ကိစ္စရပ်များအနက် အုပ်ချုပ် ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေပြုခွင့်အာဏာကိုသာ ကျင့်သုံးခွင့်ရှိသည်။ သို့ရာတွင် ဥပဒေပြုခွင့်အာဏာကိုမူ မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့် ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက်စေခြင်း မပြုရ။

၄၁၂ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခုတွင်ဖြစ်စေ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေပေါ်ပေါက် လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်း ရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုန်ပြန်င အရေးအပေါ်အခြေအနေ ကြေညာနိုင်သည်၊ (ခ) ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီ စွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားကာကွယ်းရေးနှင့် လုံခြုံ ရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။

၄၁၃ ပုဒ်မ ၄၁၂ အ၇ အရေးပေါ်အခြေအနေကြေညာသည့်ကိစ္စရပ် တွင်-
(က) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ ယင်း အဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း များ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်၊ (ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ် ရပ်ထုတ်ပြန်နိုင်သည်။ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း, ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်သက်ဆိုင်သည့် တရား စီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ယင်း လုပ်ပိုင်ခွင့်နှင့်တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာ ပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

၄၁၄ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာသည့်အခါ -
(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက် သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြ ပေးရမည်၊ (ခ) လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်နေသည့် နယ်မြေဒေသအတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ မူလ အခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထား နိုင်သည်။

၄၁၅ နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေ ကြေညာ၍ ပုဒ်မ ၄၁၀ နှင့် ၄၁၁ အရ အရေးယူဆောင်ရွက်ချက်များကို လည်းကောင်း၊ ပုဒ်မ ၄၁၂ နှင့် ၄၁၃ အရ အရေးယူဆောင်ရွက် ချက်များကိုလည်းကောင်း ပုဒ်မ ၂၁၂ (ခ)၊ (ဂ)နှင့် (င) တို့နှင့် အညီ ဆောင်ရွက်ရမည်။

၄၁၆ ပုဒ်မ ၄၁၅ အရ နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုသည့် အပြင် အချိန်ကာလ ထပ်မံတိုးမြှင့် သတ်မှတ်လျှင် ထိုဥပဒေ ကဲ့သို့အာဏာတည်သောအမိန့်သည် တိုးမြှင့်သတ်မှတ်သည့် အချိန်ကာလကုန်ဆုံးသည်အထိ အာဏာတည်ရမည်။

၄၁၇ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူးသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုန် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲ စေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေ နိုင်ငံတစ်ဝန်းလုံး ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့် ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်း ဖော်ပြရမည်။

၄၁၈ (က) ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေ ကြေညာသည့် ကိစ္စရပ် တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေ သို့ အမြန် ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးအာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့် အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်၊ (ခ) ထိုသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်နေ့ရက်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၄၁၉ နိုင်ငံတော်အာဏာလွှဲအပ်ခြင်းခံရသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက် ခွင့်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေ ပြုရေးအာဏာကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင် သည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ကျင့်သုံး ဆောင်ရွက်စေနိုင်သည်။

၄၂၀ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအတွင်း လိုအပ်သည့်နယ်မြေဒေသ တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပိုဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။

၄၂၁ နိုင်ငံတော်သမ္မတသည်-
(က) ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့ ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပ ချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူစေ၍ ဖြစ်စေ အစီရင်ခံ တင်ပြရမည်၊ (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထား သည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေး သဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေဂ၇န် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အား ဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင် သည်။ ယင်းသို့ တိုးမြှင့်ပေးသည့်ကိစ္စကို ပြည်ထောင်စုလွှတ် တော် အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ အစီရင်ခံ တင်ပြရမည်၊

၄၂၂ နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးကြောင်း တင်ပြလာသည့်အခါ ပြည်ထောင်စု လွှတ်တော် သက်တမ်းမကုန်ဆုံးသေးပါက ပြည်ထောင်စု လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူစေ၍ အစီရင်ခံ တင်ပြပြီးသည့် နေ့မှစ၍ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်သက် တမ်း ကုန်ဆုံးပြီးဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံမှ တင်ပြချက်လက်ခံရရှိသည့် နေ့မှစ၍ဖြစ်စေ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ပယ်ဖျက် ကြောင်း ကြေညာရမည်။

၄၂၃ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄၂၂ အရ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံမှ အစီရင်ခံစာကို ရရှိသည့်အခါ ပြည်ထောင်စု လွှတ်တော်သက်တမ်း မကုန်ဆုံးသေးပါက လွှတ်တော် အားလုံးနှင့်ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများ အား ယာယီရပ်ဆိုင်ထားခြင်းကို ပယ်ဖျက်ရမည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင် ရာ အဖွဲ့အစည်းအသစ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ ယင်းအဖွဲ့အစည်းများသည် ကျန်ရှိသော လွှတ်တော်သက်တမ်းအတွက်သာ တာဝန်ထမ်း ဆောင်ရမည်။

၄၂၄ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ သည်လည်းကောင်း ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် သမ္မတအသစ်နှင့် ဒုတိယသမ္မတအသစ်တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအသစ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအသစ်တို့ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ပြီးသည် အထိ ဆက်လက်တည်ရှိသည်။

၄၂၅ အမျိုးသားကာကွယရေးနှင့်လုံခြုံရေးကောင်စီ သည် ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထား သည့် တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင် သေးသဖြင့် သတ်မှတ်အချိန် ကာလတိုးမြှင့်ပေးရန် အကျိုး အကြောင်းဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်သည်။

၄၂၆ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော် သမ္မတက ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထား သည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြ သည့်အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်။

၄၂၇ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် -
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များဖွဲ့စည်းခြင်း၊ မပြုနိုင်သေးမီ ဥပဒေပြုရေး၊ အုပ်ချုပရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံးဆောင်ရွက်သည်၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီး ပြည်ထောင်စု အဆင့် အာဏာပို်င အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးသည့် အချိန်ထိ နိုင်ငံတော်အာဏာကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ကျင့်သုံးဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ရမည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်အဆင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့်များအတွက် သင့်လျော်သည့် အဖွဲ့အစည်းများ ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သည့်ပုဂ္ဂိုလ် တစ်ဦးဦးအား ဖြစ်စေ လွှဲအပ်ကျင့်သုံး ​ေဆာင်ရွက်စေနိုင်သည်။

၄၂၈ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေဦးစီးအဖွဲ့ များနှင့် ရွေးကောက်ပွဲကော်မရှင် တို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသော သက်ဆိုင် ရာ အရည်အချင်းနှင့် ညီညွတ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။

၄၂၉ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရမည်။

၄၃၀ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေ ရွေးကောက်ပွဲများကျင်းပပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည် အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်။

၄၃၁ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော် အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်ရမည်။

၄၃၂ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ် ကာလ အတွင်းတွင် နိုင်ငံတော်သမ္မတကိုယ်စား ဖြစ်စေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ကျင့်သုံးနေ သည့် ကာလအတွင်းဖြစ်စေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကိုကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့်တာဝန်များပေးအပ်ခြင်း ခံရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်း ဝင် တစ်ဦးဦး၊ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်တစ်ရပ်ရပ်၊ ယင်း အဖွဲ့အစည်းဝင် တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း တစ်ရပ်ရပ်၊ယင်း အဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင် ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရား ဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲ ဆိုခွင့်မရှိစေရ။

အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း

၄၃၃ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသော နည်းလမ်း အတိုင်း ဆောင်ရွက်ရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်၊ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ။

၄၃၄ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်။

၄၃၅ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၏ ၂၀ ရာခိုင်နှုန်းကတင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေနွေး ရမည်။

၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉ ၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော်ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

အခန်း (၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်

၄၃၇ (က) နိုင်ငံတော်အလံသည် အောက်ဖော်ပြထားသည့် အတိုင်းဖြစ်သည်၊
(ပုံ) (ခ) နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်။

၄၃၈ (က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် အောက်ပါအတိုင်း ဖြစ်သည်၊
(ပုံ) (ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်း ရမည်။

၄၃၉ (က) နိုင်ငံတော်သီချင်းအဖြစ် အော်ဖော်ပြပါအတိုင်း လက်ရှိ နိုင်ငံတော်သီးချင်းကို သတ်မှတ်သည်၊ (ခ) နိုင်ငံတော်သိချင်းနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်။

၄၄၀ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော် ဖြစ်သည်။

အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ

၄၄၁ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏မဲ အများဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေးစတင် ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည် သည်။

၄၄၂ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မိ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆက်လက်ကျင့်သုံးဆောင်ရွက်ရမည်။

၄၄၃ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည် နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။

၄၄၄ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေ သော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေး အပ်သည့် အစိုးရအဖွဲ့မပေါ်ပေါက်မီ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်။ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေ သော တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည် ထောင်သည့်တရားရုံးများ မပေါ်ပေါက်မီ ဆက်လက်၍ တရား စီရင်ပိုင်ခွင့်အာဏာများ သုံးစွဲဆောင်ရွက်ရမည်။ အဆိုပါ တရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမ မှုများ၊ ပြစ်မှုဆိုင်ရာ အမှုများနှင့် အခွန်တော်အမှုများကို အမှုစတင် စစ်ဆေးစဉ်က ကျင့်သုံးသည့် ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်။

၄၄၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက် ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံ သည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။

၄၄၆ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်း၊ မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

၄၄၇ တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့် ကျင်သမျှ အတည်ဖြစ်သည်။

၄၄၈ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာစတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော်အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများပ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက အခြားပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက်အမှု ထမ်း ရမည်။

အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ

၄၄၉ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအား လုံး၏ အခြေခံဥပဒေဖြစ်သည်။

၄၅၀ မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။

၄၅၁ နိုင်ငံတော်သည် ဥပဒေပြုရာတွင်လည်းကောင်း၊ အုပ်ချုပ်ရာ တွင်လည်းကောင်း၊ နိုင်ငံတော်အခြေခံမူများနှင်အညီ အလေး ဂရုပြု ဆောင်ရွက်ရမည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိစေရ။

၄၅၂ ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း၊ ပုဒ်များ၊ ပုဒ်မခွဲများ၊ စကားလုံးစုများ၊ စကားလုံးတစ်လုံးချင်း၏ အနက်အဓိပ္ပာယ်၊ သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာစာဖြင့်ရေးသားထား ချက်များအပေါ်တွင် သာ အခြေပြုရမည်။

၄၅၃ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင် တည်ဆဲစကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆို ရေးဥပဒေကို ကိုးကားရမည်။

၄၅၄ ဤဖွဲ့စည်းပုံအခြေခံဥပဒေ မြန်မာစာမူတစ်ခုကို အမျိုးသား မော်ကွန်းတိုက်တွင် မော်ကွန်းတင်ထားရှိရမည်။ ထိုစာမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအတွက် အပြီး အပြတ် သက်သေအရာတည်စေရမည်။

၄၅၅ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင် ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်ကို နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ -
(က) တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်စေ ခွင့်ပြုနိုင်သည်၊ (ခ) သမဝါယမအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဖက်စပ်လုပ် ကိုင်ဆောင်ရွက်ရန် ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်စေ ခွင့်ပြုနိုင်သည်။

၄၅၆ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရသော်လည်းကောင်း၊ သဘောတူညီချက်များအရသော်လည်းကောင်း ပေါ်ထွက်လာ သော တရားမျှတသည့်တာဝန်များကို အဆိုပါ အခြားနိုင်ငံက လည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကလည်း လေးစားသည်။

၄၅၇ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီက ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့်ချုပ်ဆိုထားရှိခဲ့သော ပဋိညာဉ်များ နှင့်စပ်လျဉ်း၍ဖြစ်စေ၊ တာဝန်များနှင့်စပ်လျဉ်း၍ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား တရားစွဲဆိုနိုင်သော အခွင့်အရေးအရ တရားစွဲဆိုရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စု အစိုးရအား တရားစွဲဆိုနိုင်သည်၊ (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမည်ဖြင့် တရားစွဲ ဆိုနိုင်သည်။ ထိုနည်းတူပင် တရားစွဲဆိုခြင်းကို ခံနိုင်သည်။

ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်)

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ (က) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်၏ နယ်မြေအစိတ်အပိုင်းများကာကွယ်ရေး၊ ယင်းသို့ ကာကွယ်ရေးအတွက် စီမံပြင်ဆင်ခြင်း၊ (ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများ၊ (ဂ) ဇီဝနှင့် ဓာတုစသည့်လက်နက်များအပါအဝင် လက်နက်ခဲယမ်း မီးကျောက်များနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်များ၊ (ဃ) အဏုမြူစွမ်းအင်၊ အဏုမြူလောင်စာ၊ အဏုမြူရောင်ခြည်နှင့် ယင်းတို့ကိုဖြစ်ထွန်းစေသော ဓါတ်သတ္တုပင်ရင်း အခြေအမြစ် များ၊ (င) စစ်ကြေညာခြင်းနှင့် စစ်ပြေငြိမ်းခြင်း (စ) နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး (ဆ) ရဲတပ်ဖွဲ့။

နိုင်ငံခြားရေးကဏ္ဍ (က) သံတမန်ရေးရာ၊ ကောင်စစ်ရေးရာနှင့် အခြားရေးရာဆိုင်ရာ ကိုယ်စားလှယ်များ၊ (ခ) ကုလသမဂ္ဂ၊ (ဂ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာစာချုပ်များ၊ သဘောတူညီ ချက်များ၊ ကွန်ဗင်းရှင်းများ၊ နှစ်ပြည်ထောင်ဆိုင်ရာ သဘောတူ ညီချက်များ၊ စာချုပ်များကို ချုပ်ဆိုင်ရေးနှင့် အထေမြောက်စေ ​ရေး၊ (ဃ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များ၊ ကွန်ဗင်းရှင်းများ၊ နှစ်ပြည် ​ထောင်ဆိုင်ရာ သဘောတူညီချက်များ၊ စာချုပ်များကို ချုပ်ဆိုရေးနှင့် အထမြောက်စေရေး၊ (င) နိုင်ငံကူးလက်မှတ်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ၊ (စ) ပြည်ဝင်ခွင့်ဗီဇာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုရေး၊ နေထိုင်ခွင့်ပြုရေး၊ နိုင်ငံမှ ထွက်ခွာခွင့် ပြုရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်နှင်ဒဏ်ပေးရေး၊ (ဆ) ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးရေးနှင့် သက်ဆိုင်ရာနိုင်ငံမှ တောင်းဆိုရေး၊

ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ (က) ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်း၊ (ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ (ဂ) ငွေစက္ကူထုတ်လုပ်ရေး၊ ဒင်္ဂါးသွန်းလုပ်ရေး၊ (ဃ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့ အစည်းများ၊ (င) နိုင်ငံခြားသုံးငွေ ထိန်းသိမ်းကြီးကြပ်ရေး၊ (စ) အရင်းအနှီးနှင့်ငွေကြေးစျေးကွက်၊ (ဆ) အာမခံလုပ်ငန်း၊ (ဇ) ဝင်ငွေခွန်၊ (စျ) ကုန်သွယ်လုပ်ငန်းခွန်၊ (ည) တံဆိပ်ခေါင်းခွန်၊ (ဋ) အကောက်ခွန်၊ (ဌ) အောင်ဘာလေထီ၊ (ဍ) အခွန်အယူခံခြင်း၊ (ဎ) ပြည်ထောင်စု ဝန်ဆောင်မှုလုပ်ငန်းများ၊ (ဏ) ပြည်ထောင်စုပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်း ခြင်းနှင့် အခြားနည်းဖြင့်ဆောင်ရွက်ခြင်း၊ (တ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ထုတ်ချေးခြင်း၊ (ထ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ရင်းနှီးမြှုပ်နှံခြင်း၊ (ဒ) ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်း၊ (ဓ) ပြည်ထောင်စုအတွက် ပစ္စည်းရယူခြင်း၊ (န) ပြည်ပမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့။

စီးပွားရေးကဏ္ဍ (က) စီးပွားရေး၊ (ခ) ကူးသန်းရောင်းဝယ်ရေး၊ (ဂ) သမဝါယမ၊ (ဃ) ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့၊ လုပ်ငန်း၊ ကုမ္ပဏီ၊ အစုစပ် ၊ (င) သွင်းကုန်၊ ထုတ်ကုန်နှင့် ယင်းကုန်ပစ္စည်းများ၏ အရေအသွေးသတ်မှတ်ခြင်း၊ (စ) ဟိုတယ်နှင့် တည်းခိုးခန်း၊ (ဆ) ခရီးသွားလာရေးလုပ်ငန်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ (က) မြေယာစီမံခန့်ခွဲမှု၊ (ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်ခြင်း၊ (ဂ) ကြေးတိုင်နှင့်မြေစာရင်း၊ (ဃ) မြေတိုင်း (င) ပြည်ထောင်စုကစီမံခန့်ခွဲသည့် ဆည်မြောင်း၊ တာတမံ နှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ၊ (စ) မိုးလေဝသ၊ ဇလဗေဒနှင့် မြေငလျင်တိုင်းတာရေး၊ (ဆ) စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊ (ဇ) စက်မှုလယ်ယာ၊ (စျ) စိုက်ပျိုးရေးသုတေသန၊ (ည) ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ (ဋ) ပင်လယ်ငါးလုပ်ငန်း၊ (ဌ) တိရစ္ဆာန်မျိုးပွားရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် သုတေသနလုပ်ငန်းများ။

စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော်ကဏ္ဍ (က) ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြည်ထောင်စုဥပဒေအရ ဘေးအန္တရာယ်ဖြစ်လောက်အောင် လောင်ကျွမ်းစေ တတ်သည် ဟု သတ်မှတ်ထားသော အခြားအရည် အခဲ စသည်များ၊ (ခ) ပြည်ထောင်စုလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊ (ဂ) သတ္တုများ၊ သတ္တုတွင်းများ၊ သတ္တုတွင်း အလုပ်သမား ဘေးကင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး၊ (ဃ) ကျောက်မျက်ရတနာ၊ (င) ပုလဲ၊ (စ) သစ်တော၊ (ဆ) တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် သဘာဝ နယ်မြေများ အပါအဝင် ပတ်ဝန်းကျင်ကာကွယ်ရေး နှင့် ထိန်းသိမ်းရေး။

စက်မှုလက်မှုကဏ္ဍ (က) ပြည်ထောင်စုအဆင့်ကဆောင်ရွက်မည့် စက်မှုလုပ်ငန်း များ၊ (ခ) စက်မှုဇုန်များ၊ (ဂ) ထုတ်လုပ်သည့်ပစ္စည်းများအတွက် အခြေခံစံချိန်စံညွှန်း များ၊ (ဃ) သိပ္ပံနှင့်နည်းပညာ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသန၊ (င) အလေးတင်းတောင်း၊ အတိုင်းအတာ စသည်တို့ကို စံပြုခြင်း၊ (စ) မူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ စက်မှုဆိုင်ရာ ဒီဇိုင်းများစသည့် အသိဉာဏ်ဆိုင်ရာပစ္စည်းများ။

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ​ဆောက်လုပ်ရေးကဏ္ဍ (က) ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး၊ (ခ) ရေကြောင်းလမ်းများပြုပြင်ထိန်းသိမ်းရေး၊ (ဂ) ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ (ဃ) ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ (င) ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းကြီးများ၊ (စ) မီးပြတိုက်၊ မီးပြသင်္ဘောနှင့် မီးပြအစီအမံများ၊ (ဆ) သင်္ဘောတည်ဆောက်​ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး၊ (ဇ) လေကြောင်းသယ်ယူပို့ဆောင်ရေး၊ (စျ) လေကြောင်းပျံသန်းရေး၊ ထိန်းသိမ်းရေးနှင့် လေယာဉ်ကွင်းတည်ဆောက်ရေး၊ (ည) ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ (ဋ) မီးရထား၊ (ဌ) ပြည်ထောင်စုကစီမံခန့်ခွဲသည့် လမ်းမကြီးများ၊ တံတားကြီးများ၊ (ဍ) စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးများ၊ (ဎ) ရုပ်မြင်သံကြား၊ ဂြိုဟ်တုဆက်သွယ်ရေး၊အသံလွှင့် အသံဖမ်းလုပ်ငန်းနှင့် အလားတူ ဆက်သွယ်ရေးများ၊ အိမ်ရာနှင့် အဆောက်အအုံများ၊

လူမှုရေးကဏ္ဍ (က) ပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်ပြနည်းစနစ်၊ သုတေသန၊ စီမံကိန်း၊ စီမံချက်နှင့်စံများ၊ (ခ) တက္ကသိုလ်၊ ဒီကရီကောလိပ်၊ သိပ္ပံစသည့် သင်တန်း များနှင့် အဆင့်မြင့်ပညာ အခြားအဖွဲ့အစည်းများ၊ (ဂ) ပြည်ထောင်စုကသတ်မှတ်သည့် စာမေးပွဲများ၊ (ဃ) ကိုယ်ပိုင်ကျောင်းများနှင့် သင်တန်းများ၊ (င) အမျိုးသားအားကစား၊ (စ) အမျိုးသားကျန်းမာရေး၊ (ဆ) တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါးဖွံ့ဖြိုးတိုးတက်ရေး၊ (ဇ) ကုသိုလ်ဖြစ်ဆေးရုံများနှင့် ​ဆေးခန်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ​ဆေးခန်းများ၊ (စျ) မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ (ည) ကြက်ခြေနီအသင်း၊ (ဋ) အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်စသည်တို့ တုပရောနှောထုတ်လုပ် ရောင်းချခြင်းမှ ကာကွယ်ရေး၊ (ဌ) ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအားစောင့်ရှောက်ရေး၊ (ဍ) ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ (ဎ) မီးသတ်တပ်ဖွဲ့၊ (ဏ) အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး၊ျ (တ) ဝါဏိဇ္ဇပဋိပက္ခ၊ (ထ) လူမှုဖူလုံရေး၊ (ဒ) အလုပ်သမားအဖွဲ့အစည်း၊ (ဓ) ပြည်ထောင်စုက စီမံခန့်ခွဲသည့်- ရှေးဟောင်းယဉ်ကျေးမှု သို့မဟုတ် သမိုင်းဝင်ဒေသများ၊ အဆောက်အအုံများ၊ အထိမ်းအမှတ်များ၊ ကျောက်စာများ၊ မင်စာများ၊ ပေပုရပိုက်များ၊ လက်ရေးစာများ၊ လက်ရာများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ရှေးဟောင်း သုတေသနလုပ်ငန်းများ၊ ပြတိုက်များ၊ စာကြည့်တိုက်များ၊ (န) စာပေ၊ သဘင်၊ ဂီတ၊ ရိုးရာပန်း၊ ရုပ်ရှင်၊ ဗီဒီယို၊ (ပ) မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုင်ရာမှတ်ပုံတင်ခြင်း၊

၁၀ စီမံခန့်ခွဲရေးကဏ္ဍ (က) အထွေထွေအုပ်ချုပ်ရေး၊ (ခ) ရွာမြေ၊ မြို့မြေ စီမံခန့်ခွဲရေး၊ (ဂ) အိမ်ဌား၊ မြေဌား၊ (ဃ) မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၊ (င) နိုင်ငံတော်လျှို့ဝှက်ချက်ထိန်းသိမ်းရေးဆိုင်ရာကိစ္စများ၊ (စ) အသင်းအဖွဲ့များ၊ (ဆ) အကျဉ်းထောင်၊ (ဇ) နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ (စျ) သန်းခေါင်စာရင်း၊ (ည) နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသား အဖြစ်မှရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊ နိုင်ငံသားစိစစ်ရေးနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်း၊ (ဋ) ဘွဲ့ထူး၊ ဂုဏ်ထူး။

၁၁ တရားစီရင်ရေးကဏ္ဍ (က) တရားစီရင်ရေး၊ (ခ) ရှေ့နေများ၊ (ဂ) ပြစ်မှုဆိုင်ရာဥပဒေများ၊ ကျင့်ထုံးများ၊ (ဃ) တရားမဥပဒေများ၊ ကျင့်ထုံးများအပါအဝင်၊ ပဋိညာဉ်၊ အနုညာတ စီရင်ဆုံးဖြတ်ရေး၊ တရားစွဲဆိုပိုင်ခွင့်ရှိ သောနစ်နာချက်များ၊ လူမွဲအဖြစ်ခံယူခြင်း၊ ယုံမှတ် အပ်နှံခြင်းနှင့် ယုံမှတ်အပ်နှံထားသဖြင့် စီမံပိုင်ခွင့် ရှိသူများ၊ အမွေထိန်းနှင့် ပစ္စည်းထိန်း၊ မိသားစုဆိုင်ရာ ဥပဒေများ၊ အုပ်ထိန်းသူများနှင့် အုပ်ထိန်းခံရသူများ၊ ပစ္စည်းလွှဲပြောင်းခြင်း၊ အမွေဆက်ခံရေး၊ (င) သက်သေခံဥပဒေ၊ (စ) ကာလစည်းကမ်းသတ်မှတ်ခြင်း၊ (ဆ) အမှုတန်ဖိုးသတ်မှတ်ခြင်း၊ (ဇ) သီးခြားသက်သာခွင့်၊ (စျ) နိုင်ငံခြားစီရင်ပိုင်ခွင့်အာဏာ၊ (ည) ပင်လယ်ရေကြောင်းစီရင်ပိုင်ခွင့်၊ (ဋ) ပင်လယ်ဓားပြမှုများ၊ နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သောပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သောပြစ်မှုများ။

ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း (ပုဒ်မ ၁၈၈ ကို ရည်ညွှန်းသည်)

ဘဏ္ဍာရေးနှင့် စီမံကိန်း ကဏ္ဍ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံး ခန့်မှန်း ခြေ ငွေစာရင်း၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ၊ (ဂ) မြေယာခွန် (ဃ) ယစ်မျိုးခွန်( မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သည့် ဆေးဝါးများမပါ)၊ (င) အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန် စသည့် စည်ပင်သာယာရေးဆိုင်ရာ အခွန်အခများ၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဝန်ဆောင် မှုလုပ်ငန်းများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့်ဆောင်ရွက်ခြင်း၊ (ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ ထုတ်ချေးခြင်း၊ (စျ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခြင်း၊ (ည) ဒေသန္တရစီမံကိန်း၊ (ဋ) အသေးစားငွေချေးလုပ်ငန်း၊

စီးပွားရေးကဏ္ဍ (က) ပြည်ထောင်စုကပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် စီးပွားရေးကိစ္စများ၊ (ခ) ပြည်ထောင်စုကပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ (ဂ) ပြည်ထောင်စုကပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် သမဝါယမကိစ္စများ။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ (က) လယ်ယာစိုက်ပျိုးရေး၊ (ခ) အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး၊ (ဂ) ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲရေးနှင့် သဘာဝ မြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေး၊ (ဃ) စိုက်ပျိုးရေး၊ ချေးငွေနှင့် စုငွေများ၊ (င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိ သော ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်း နှင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်းများ၊ (စ) ရေချိုငါးလုပ်ငန်း၊ (ဆ) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိရစ္ဆာန် မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်းရေး၊

စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော်ကဏ္ဍ (က) ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ် စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ် အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စား နှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရေး၊ (ခ) ဆားနှင့်ဆားထွက်ပစ္စည်း၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက် မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်း။ (ဃ) ကျေးရွာထင်းစိုက်ခင်း၊ (င) အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒ ဥယျာဉ်။

စက်မှုလက်မှုကဏ္ဍ (က) ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရန် သတ်မှတ်ထား သည့် စက်မှုလုပ်ငန်းများမှအပ အခြားစက်မှုလုပ်ငန်း များ၊ (ခ) အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ။

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိ သည့် ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကစီမံခန့်ခွဲခွင့်ရှိ သည့် လမ်းများ၊ တံတားများ၊ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းသာ သွားလာသည့် ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲ နိုင်ရေး။

လူမှုရေးကဏ္ဍ (က) ပြည်ထောင်စုက ချမှတ်ထားသည့် တိုင်းရင်းဆေးဆိုင် ရာ မူဝါဒများနှင့်မဆန့်ကျင်သော တိုင်းရင်းဆေး ဆိုင်ရာကိစ္စများ၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း လူမှုဝန်ထမ်း လုပ်ငန်းများ၊ (ဂ) မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး၊ (ဃ) ကုန်တင် ကုန်ချလုပ်ငန်း၊ (င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့် ရှိသည့် - ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ပြတိုက်နှင့် စာကြည့်တိုက်များ။ (စ) ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗီဒီယို ရုံ၊ (ဆ) ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့် ပြပွဲများ။

စီမံခန့်ခွဲရေးကဏ္ဍ (က) စည်ပင်သာယာရေး၊ (ခ) မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆု ပစ္စည်းများ၊

ဇယား ၃

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြု စာရင်း (ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)

မြို့ပြနှင့် ကျေးရွာစီမံကိန်းများ၊

လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင် ထိန်းသိမ်းရေး၊

ပြည်သူ့ကျန်းမာရေး၊

စည်ပင်သာယာရေးလုပ်ငန်း၊

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊

စားကျက်မြေများထိန်းသိမ်းရေး၊

သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊

ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊

မြို့နှင့်ကျေးရွာများအတွင်း ရေနှင့်လျှပ်စစ်မီးဆိုင်ရာ ကိစ္စ၊

၁၀ မြို့များနှင့် ကျေးရွာများ၏ စျေးများဆိုင်ရာကိစ္စ။

ဇယား ၄ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ (ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည်)

ကျွန်ုပ်…………သည် ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သ ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကို လည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခု ကျွန်ုပ် ထမ်းဆောင်မည် ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိပြု သစ္စာပြုပါသည်/ ကျမ်းသစ္စာဆိုပါသည်။

ဇယား ၅ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံ ရမည့် အခွန်အခများ (ပုဒ်မ ၂၅၄ ကို ရည်ညွှန်းသည်)"

မြေယာခွန်၊

ယစ်မျိုးခွန်၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲရှိသည့် ဆည်များ၊ တာတမံများကို အရင်းခံသည့် ရေခွန်၊ တာတမံခွန်နှင့် ထိုဆည်များ၊ တာတမံများ၏ ရေအား ဖြင့် ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အား သုံးစွဲခ၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့် ရှိသည့် လမ်းများ၊ တံတားများဖြတ်သန်းခ၊

(က) ရေချိုငါးလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေး၊ (ခ) သတ်မှတ်ထားသော အကွာအဝေးအတွင်း ပင်လယ် ငါးဖမ်းလုပ်ငန်းအပေါ် တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေး။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်း၊ ရေ လမ်း သုံးယာဉ်များဆိုင်ရာ ဥပဒေအရ စည်းကြပ်သော အခွန်၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင် ပစ္စည်းများ ရောင်းရငွေနှင့် ငှားရမ်းခများ၊ ယင်းပစ္စည်းများမှ ရရှိသော အခြားအကျိုးအမြတ်များ၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဝန်ဆောင် မှုလုပ်ငန်းများအတွက် သတ်မှတ်ကောက်ခံသည့် အခ ကြေးငွေများ၊ အခွန်အခများနှင့် အခြားရငွေများ၊

တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တရားရုံးများက ချမှတ် သည့် ဒဏ်ငွေများ၊ ဝန်ဆောင်မှုအတွက် ကောက်ခံ သည့် အခွန်အခများနှင့် အခြားရငွေများ၊

၁၀ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများ ထုတ်ချေးသဖြင့် ရရှိသော အတိုးများ၊

၁၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ဖြင့် ရရှိသည့် အကျိုးအမြတ်များ၊

၁၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ သစ်တော်များမှ အောက်ပါပစ္စည်းများ ထုတ်ယူသည့် အတွက် ကောက်ခံသည့် အခွန်အခများ-
(က) ကျွန်းနှင့် သတ်မှတ်သော သစ်မာများမှအပ ကျန်သစ် များအပေါ်တွင် ကောက်ခံသည့် အခွန်၊ (ခ) ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများ စသည်တို့အပေါ် ကောက်ခံသည့်အခွန်။

၁၃ မှတ်ပုံတင်ကြေး၊

၁၄ ပွဲခွန်၊

၁၅ ဆားခွန်၊

၁၆ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ရရှိသည့် ဘဏ္ဍာငွေများ၊

၁၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ စည်ပင် သာယာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ထည့်ဝင်ငွေ များ၊

၁၈ ပိုင်ရှင်မပေါ်သော သွင်းထားငွေများနှင့် ပစ္စည်းများ၊

၁၉ ရတနာသိုက်။

Comparative Constitutions Project နှင့် Constitute တို့မှ အချက်အလက်များ

See a timeline of the world’s constitutions.