ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းနှင့် လူငယ်ဒီမိုကရေစီအကယ်ဒမီ
ဤအွန်လိုင်းသင်တန်းများကို ဤလင့်ခ် ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း မှတဆင့်ဝင်ရောက်ပြီး အခုပဲစတင်လေ့လာလိုက်ပါ။ |
![]() |
ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏ အခြေခံအချက်များအကြောင်း အင်တိုက်အားတိုက် ကိုယ်တိုင်လေ့လာသင်ယူသွားရမည့် အခမဲ့အွန်လိုင်းသင်တန်းဖြစ်ပါသည်။ ဤသင်တန်းသည် သင်ယူသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်၍ အဓိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့် နှိုင်းယှဉ်လေ့လာမှုများကို မိတ်ဆက်ပေးရန်ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် မြန်မာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်လေ့လာမှု၊ ပေါ်ပေါ်က်လာပုံ သမိုင်းကြောင်းနှင့် ပြုစုရေးဆွဲမှုဆိုင်ရာ ပညာရပ်နယ်ပယ်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ အထင်ကရ မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်များ၏ အသိပညာများကို ပေါင်းစပ်ထည့်သွင်းထားပါသည်။ | ![]() |
International IDEA မှ စီစဥ်ဆောင်ရွက်သော မြန်မာလူငယ်ဒီမိုကရေစီအကယ်ဒမီသည် ဒီမိုကရေစီနှင့်စပ်လျဥ်းသည့် အခြေခံဗဟုသုတများကို ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် အခမဲ့အွန်လိုင်းသင်တန်းဖြစ်ပါသည်။ ဤသင်တန်းသည် မြန်မာနိုင်ငံမှ ပြည်သူများ အထူးသဖြင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံအတွင်း ဒီမိုကရေစီခိုင်မာအားကောင်းစေရန် ထိရောက်စွာ ပံ့ပိုးကူညီမှုနှင့် ပါဝင်ဆောင်ရွက်မှုတွင် လိုအပ်သော ပြည်သူ့ရေးရာဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။ |
|
ဤသင်တန်းသည် ပဋိပက္ခနှင့်ပဋိပက္ခလွန်အခြေအနေ သို့မဟုတ် အသွင်ကူးပြောင်းရေးအခြေအနေနှင့် မတူကွဲပြားသော တိုင်းရင်းသားမျာစွာရှိသည့် နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး၏ အခန်း ကဏ္ဍကို အလေးပေးထားပြီး မြန်မာနိုင်ငံအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်သော ဖွဲ့အစည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စများကို ထည့်သွင်းထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းကို အခန်း (၆) ခန်းဖြစ်သော -
ကိုယ်တိုင်လေ့လာသင်ယူရမည့် အခန်းတစ်ခုချင်းစီတွင် ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏ ကြိုတင်ရိုက်ကူး ထားသော ဗီဒီယိုတင်ပြချက်များ၊ အဓိကအယူအဆများကို နားလည်မှုရှိ၊မရှိ စစ်ဆေးမည့် ဉာဏ်စမ်းမေးခွန်းများနှင့် ဆန္ဒအလျောက် လေ့လာနိုင်သည့် စာအုပ်စာတမ်းများ ပါဝင်ပါသည်။ တင်ပြချက်များ၊ စာအုပ်စာတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ရယူကြည့်ရှုနိုင်ပါသည်။ အခန်းတစ်ခုစီကို ပြီးဆုံးရန်အတွက် (ဆန္ဒအလျောက်ဖတ်ရှုလေ့လာနိုင်သည့် စာရွက်စာတမ်းများဖတ်ရှုချိန် မပါလျှင်) ခန့်မှန်းကြာချိန် ၅ နာရီခန့်ဖြစ်ပါသည်။ အခန်းအားလုံးကို ပြီးဆုံးပြီး ဉာဏ်စမ်းမေးခွန်းများအားလုံးကို ဖြေဆိုအောင်မြင်သော သင်ယူသူများသည် သင်တန်းပြီးဆုံး အောင်လက်မှတ်ကို ရရှိပါမည်။ |
လူငယ်ဒီမိုကရေစီအကယ်ဒမီတွင် သင်ရိုး ၇ ခု ပါဝင်ပါသည်။ · ဒီမိုကရေစီစနစ်မိတ်ဆက် · ရွေးကောက်ပွဲများ · နိုင်ငံရေးပါတီများ · လွှတ်တော်များ · ဒေသန္တရအုပ်ချုပ်မှုမိတ်ဆက် · အားလုံးပါဝင်မှုရှိရေးနှင့် လူ့အခွင့်အရေးများ · ဒီမိုကရေစီစနစ်တွင် ဆွေးနွေးညှိနှိုင်းခြင်း၏ အရေးပါပုံ
သင်ရိုးကို မြန်မာနိုင်ငံရှိ အာဏာသိမ်းမှုနောက်ပိုင်းအခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ရေးဆွဲထားကာ ဒီမိုကရေစီ၏ အဓိကသဘောတရားများ၊ အထူးသဖြင့် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများနှင့် အုပ်ချုပ်ရေးအခြေခံမူများအကြောင်း အဓိကသင်ကြားထားပါသည်။ သင်ရိုးများတွင် ပြည်တွင်းနှင့်ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏ ရှင်းလင်းတင်ဆက်မှုများ၊ နိုင်ငံတကာအတွေ့အကြုံများအား နှိုင်းယှဥ်ပြထားသည့် သင်ခန်းစာများ၊ စစ်ဆေးမှုမေးခွန်းများ၊ မိမိစိတ်ကြိုက် ထပ်မံလေ့လာဖတ်ရှုနိုင်ရန်အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိအမှတ်ပြု အဖွဲ့အစည်းများ၏ စာအုပ်စာတမ်းများ ပါဝင်ပါသည်။ |
ဒီမိုကရေစီစုံထောက်ဂိမ်း
မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားဖို့ သင့်ရဲ့ အကူအညီလိုအပ်နေပါတယ်။ ဒီမိုကရေစီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီစုံထောက်က သင့်အား စိန်ခေါ်လိုက်ပါတယ်။ ဒီမိုကရေစီစုံထောက် ဂိမ်းကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကြောင်း ပိုမိုသိရှိလိုသူများအတွက် ရည်ရွယ်၍ International IDEA Myanmar က Digital Public Square နှင့် ပူးပေါင်းကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။
ဂိမ်းဆော့ရန် - https://democracysonehtaut.com/#pd-idea
ဒီမိုကရေစီအကြောင်း ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ရဲ့ လူငယ်ဒီမိုကရေစီအကယ်ဒမီသို့ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ထိုသင်တန်းသည် မိမိကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် အခမဲ့အွန်လိုင်းသင်တန်းတစ်ခုဖြစ်ပြီး ဒီမိုကရေစီဆိုင်ရာ အခြေခံ ဗဟုသုတများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
လူငယ်ဒီမိုကရေစီအကယ်ဒမီ ဝဘ်ဆိုဒ် - https://apmyanmar.lms.idea.int/catalog



