Visual Rebellion
Visual Rebellion
Visual Rebellion သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမြန်မာသတင်းထောက်များ၊ ဓာတ်ပုံပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးပညာရှင်များနှင့်အနုပညာရှင်များအား ထောက်ပံ့ကူညီရန်နှင့် ယင်းတို့၏ လက်ရာများအား ထုတ်ဝေနိုင်ရန် ဖွဲ့စည်းထားသော စုပေါင်းပလက်ဖောင်းတစ်ခုဖြစ်သည်။
တီထွင်ဖန်တီးမှုနှင့်မီဒီယာအသိုင်းအဝိုင်းများသည် အထူးသဖြင့်ညှင်းပန်းနှိပ်စက်ခံနေရပြီး အတင်းအကြပ်လျှို့ဝှက်လုပ်ဆောင်ခံနေရသည်။ အာဏာသိမ်းစစ်တပ်၏ သတ်ဖြတ်မှုကြောင့် သတင်းထောက် သုံးဦးသေဆုံးပြီး သတင်းထောက် ၁၂၀ ကျော်ဖမ်းဆီးခံထားရသည်သာမက မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်အနေဖြင့် နိုင်ငံပေါင်း ၁၈၀ တွင် ၁၇၆ အဆင့်သို့ လျော့ချသွားသည်။ နိုင်ငံအတွင်း သတင်းအချက်အလက်ဆိုင်ရာတိုက်ပွဲအရှိန်အဟုန်ပြင်းထန်လာသည်နှင့်အညီ Visual Rebellion အနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသောအကြောင်းအရာများနှင့်ပတ်သက်၍ တန်ဖိုးကြီးပြီးယုံကြည်ရသော အကြောင်းအရာများကို ဆက်လက်ထုတ်လုပ်ပြီးဖြန့်ဝေနိုင်ရန်အတွက် မြန်မာဖန်တီးပညာရှင်များကို လိုအပ်သောအရင်းအမြစ်များထောက်ပံ့နိုင်ရန်ရည်ရွယ်ပါသည်။
၄င်းတို့၏ အချိန်မျဉ်း သည် အာဏာသိမ်းချိန်မှစတင်၍ မြေပြင်တွင်ဖြစ်ပေါ်နေသောအဖြစ်အပျက်များကို မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံနယ်စပ်တွင် အခြေစိုက်သော အဖွဲ့များ၏မူရင်းအစီရင်ခံစာနှင့်ဓာတ်ပုံများနှင့်အတူတကွ တစ်လနှစ်ကြိမ်တင်ပြလျှက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး နော်စူဇန္နာလှလှစိုး နှင့်တွေ့ဆုံမေးမြန်းခြင်း
နော်စူဇန္နာလှလှစိုးသည် NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးရေးရာဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် ဧပြီလ ၁၆ရက်၊ ၂၀၂၁ တွင်ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရပါသည်။ သူမသည်မြန်မာ နိုင်ငံတွင်တက်ကြွလှုပ်ရှားသူအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ရှေ့တန်းမှပါဝင်ခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံရေးတွင်ပါဝင်လာခြင်းဖြစ်ပါသည်။ သူမသည် ကရင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၂၀၀၃မှ စတင်ကာ ကရင်အမျိုးသမီးအရေးရာလှုပ်ရှာမှုများတွင်တက်ကြွပါဝင်လှုပ်ရှားခဲ့ပြီး၊ အထူးသဖြင့် လွတ်လပ်မှုနှင့် တန်းတူအခွင့်အရေးရရှိရေး၊ ကျား/မ ဆိုင်ရာအခွင့်အရေးများ အတွက်တက်ကြွပါ ဝင်လှုပ်ရှားခဲ့ပါသည်။ ၎င်းနောက် ၂၀၁၃-၂၀၁၉ အထိ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကွန် ယက်တွင် ဥက္ကဌအဖြစ်ပါဝင်ဦးဆောင်ခဲ့ပါသည်။
တချိန်တည်းတွင်သူမသည် ပါလီမန်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅-၂၀၂ဝပါဝင်ထမ်းဆောင်ခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၏ မဲဆန္ဒနယ် ၁၀ တွင်အနိုင်ရရှိကာ၊ NLD ပါတီ၏ရွေးချယ်ခံခဲ့ရသောလွှတ်တော်ကိုယ်စာလှယ် တစ်ဦးလဲ ဖြစ်ပါ သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်ဒေသကြီး၏ကရင်လူမျိုးများ၏ဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း၊ အာဏာရှင်မင်းအောင်လှိုင်၏ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် စစ်အာဏာ သိမ်းမှုကြောင့် အရာအားလုံးပျက်စီးခဲ့ရပါသည်။
စစ်အာဏာစတင်သိမ်းပြီဆိုကတည်းက တက်ကြွလှုပ်ရှားသူများနဲ့နိုင်ငံရေးသမားများကို ပစ်မှတ်ထားကာ စစ်ကောင်စီမှ ရက်စက်ကြမ်းကြုတ်စွာဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်လာ တဲ့အတွက် မိမိ၏ အသက်လုံခြုံရေးအတွက် သူမသည်လည်း ထောင်ပေါင်းများစွာသော တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့်အတူ ကရင်ပြည်နယ်သို့ထွက်ခွာလာခဲ့ရပြီး၊ လျှို့ဝှက်စွာနေ နေရသောအခြေအနေတွင်၊ တဖက်မှ လဲ နိုင်ငံရေးကို မြေအောက်လှုပ်ရှားမှုအဖြစ်ဖြင့်သာလုပ် ဆောင်ရသောအခြေအနေဖြစ်ပါသည်။ Visual Rebellion Myanmar နှင့် သူမတို့ တွေ့ဆုံမေးမြန်း မှု့တွင် လက်ရှိ တော်လှန်ရေးကာလာအတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများ တွေ့ကြုံခံ စား နေရ သောဘေးဒုက္ခများနှင့်စပ်လျင်း၍ NUG ၏ ပါဝင်အရေးယူမှု၊ ကူညီလုပ်ဆောင်မှုများ သည် အသိုင်း အဝိုင်းအတွက်သာထိရောက်မှု ရှိယုံမက တကမ႓ာလုံးကပါ မြန်မာ့အရေးနဲ့အခက် အခဲကိုသိရှိ၊ အာရုံစိုက်လာကြပါသည်။
မြန်မာနိုင်ငံမှာ အမျိုးသမီးများရဲ့ရင်ဆိုင်ရတဲ့အဓိကပြဿနာကဘာတွေလဲ? စစ်အားသိမ်းခြင်းနဲ့အ တူအဲ့ဒီပြဿနာတွေက အမျိုးသမီးများကိုဘယ်လိုထိခိုက်မှု စိန်ခေါ်မှုတွေဖြစ်စေခဲ့သလဲ?
မြန်မာပြည်မှာအမျိုးသမီးဖြစ်လာရတာကတော့အတော်ခက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အသိုင်းအဝိုင်းက မဟာဖိုဝါဒလွှမ်းမိုးတဲ့အသိုင်းအဝန်းဖြစ်ယုံမက၊ သမိုင်းအားဖြင့်ကြည့်ပြန်တော့ လည်း စစ်အာဏာရှင်အောက်မှာနှစ်ရ၀ နေလာရ၊ ယဉ်ကျေးမှုအရကြည့်ပြန်တော့ရှေးရိုးဆန်တဲ့ ယဉ်ကျေးမှုထဲမှာနေထိုင်ကြရပါတယ်။ လက်ရှိစစ်အာဏာသိမ်းပြီးနောက်မှာတော့၊ အခြေအနေ တွေဟာအဆိုးဆုံးကိုရောက်သွားသလိုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်အာဏာဟာ အဆိုး ဆုံးနဲ့ အရက်စစ်ဆုံးအဆင့်အနေအထားအထိသုံးထားပြီး၊ မုဒိန်း ကျင့်ခြင်းကိုပင် သူတို့ရဲ့ လက် နက်သဖွယ်အသုံးပြုလာကာ၊ သူတို့ကို ဆန့်ကျင်တော်လှန်သောမည်သည့်အဖွဲ့ကိုမဆို ထိုနည်း များဖြင့် အရေးယူ၊ ဒဏ်ခတ်ကြပါတယ်။ ထိုနည်းတွေနဲ့ ဖိအားပေးခြင်း၊ အကြောက်တရား ထည့် ခြင်းများပြုလုပ်ယုံမက၊ ရွာတရွာကိုစစ်ကြောင်းထိုးတာနဲ့ နေအိမ်တွေကိုမီးရှို့၊ အသိုင်းအဝိုင်းကို တိုက်ခိုက်ဖျက်ဆီး၊ အမျိုးသမီး၊ ကြီးငယ်ဟူသမျှ သူတို့နဲ့တွေ့လျင်တော့သူတို့ရဲ့ လိင်သားကောင် နဲ့ ဓါးစာခံတွေဖြစ်သွားတော့တာပါပဲ။
အာဏာရှင်စစ်တပ်ဟာမုဒိန်းကျင့်တဲ့ပုံစံနည်းအမျိုးမျိုးကိုအသုံးပြုကြသလို၊ ခင်ပွန်းသည်၊ ဖခင် နဲ့ အစ်ကိုမောင်တွေရဲ့အရှေ့မှာပါရက်စက်စွာပြုကျင့်ကြပါတယ်။ ဒီလိုမျိုးတွေကိုယခင်က တည်းက တိုင်းရင်းသားနယ်မြေတွေမှာ လုပ်ဆောင်လာခဲ့ကြတာဖြစ်လို၊ ယခုဆိုလျင် မြို့များ၌ပင် လျင်မုဒိန်းပြုကျင့်မှုများလုပ်ဆောင်လာခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသမီးများအား၊ ဖမ်းဆီးပြီးနောက် ရဲစခန်းများသို့ခေါ်ဆောင်သွားကာ၊ လူရှေ့သူရှေ့မရှောင် နှိမ့်ချ၊ ဆဲဆိုခြင်း၊ ထိကပါး၊ ရိကပါးပြု ခြင်းများပြုယုံမက၊ မမြင်ကွယ်ယာတွင် မုဒိန်းကျင့်ခြင်းများပင်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ယခုလက်ရှိအခြေအတွင် အရပ်ဘက်အဖွဲ့အစည်းများမှအမှန်တကယ်လိုအပ်သူများအထိရောက် အောင်ဘယ်လိုလုပ်ဆောင်ကြသလဲ?
ဒါကတော့တကယ်ကိုခက်ခဲတဲ့အလုပ်ပါပဲ၊ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်တွေက CSO ခေါင်းဆောင်တွေနဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ အများစုကိုဖမ်းဆီးထောင်ချလိုက်တဲ့အတွက် လက်ရှိလှုပ်ရှားသူအများစုဟာ နိုင်ငံရဲ့နယ်နိမိတ် ဧရိယာ အနီးတဝိုက်တွေမှာပဲနေထိုင်ခိုလှုံနေကြ ရပါတယ်။ တချို့ကတော့ ထိုင်းနိုင်ငံထဲမှာ သူတို့ရဲ့ ရုံးကို လျို့ဝှက်ဖွင့်လှစ်ထားကြပါတယ်။ NUG ကလဲ သူတို့ကနေတဆင့် CSOs တွေနဲ့ချိတ်ဆက်ပြီး နားလည်မှု့နဲ့ပဲ ဒေသ အာဏာပိုင်များနဲ့ အမှန်တကယ်ဒုက္ခတွေ့နေတဲ့သူတွေဆီ ထောက်ပံ့ရေးနဲ့ ထောက်ပံ့ပစ္စည်းတွေရောက်အောင် ပို့ ဆောင်နိုင်ရေးလုပ်ဆောင်ကြရပါတယ်။
လက်ရှိမြေပြင်အခြေအနေမှာ NUG အနေနဲ့လုပ်ဆောင်နိုင်တာဘာတွေရှိနိုင်မလဲ?
ကျွန်မတို့မာ လက်ရှိလုပ်ဆောင်နေနိုင်တာအများကြီးရှိပါတယ်၊ ကျန်းမာရေး၊ ပညာရေး၊ လူငယ့်အရေး တို့အပြင် ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များ IDP အတွက်၊ ကိုယ်ဝန်ဆောင် များအတွက်၊ မိခင်များနဲ့ ကလေးများဖွံ့ဖြိုးမှုများအတွက် လုပ်ဆောင်နေတာတွေရှိပါတယ်။ ကျွန်မ တို့မှာ လက်ရှိ CDM မှာပါဝင်ထားတဲ့ ဝန်ထမ်းတွေကို ၅၈၀ ယောက်ရှိပြီး၊သူတို့က NUG ရဲ့ ကျွန်မ တို့ ဝန်ကြီးဌာနအောက်မှာပဲအလုပ်လုပ်နေကြပါတယ်။ အမျိုးသမီးကွန်ယက်တခုကိုဖွဲ့စည်းကာ၊ မြန်မာပြည်ဒေသအသီးသီးက ကိုယ်စား လှယ်တွေနဲ့လည်းချိတ်ဆက်လုပ်ကိုင်မှုများပြုလုပ် လျက် ရှိတဲ့အပြင်၊ လုပ်ငန်းအမှန်တကယ်ထိ ရောက်အောင်မြင်ဖို့၊ မြန်ဆန်ဖို့ အတွက်ကို အတူတကွချိတ် ဆက်လုပ်ဆောင်လျက်ရှိပါတယ်။ တချို့ဟာဆိုလျင် ဒုက္ခသည်စခန်းခေါင်းဆောင်တွေဖြစ်ပြီး၊ သူတို့ရဲ့ အဓိကလုပ်ဆောင်နေတဲ့ ပန်တိုင်တခုကလည်း ဒုက္ခသည်များအရေးနဲ့၊ ဒုက္ခသည်များကို ကူညီဖို့ဖြစ်ပါတယ်။ သူတို့ကနေပြီး သူတို့ရဲ့ လိုအပ်မှု့နဲ့၊ သတင်းအချက်လက်တွေကို အစီရင် ခံစာတင်ပို့ပါတယ်။ အဲဒီထဲမှာ အရေးတကြီးလိုအပ်ချက်၊ မွေးဖွားစာရင်း၊ ဒါဏ်ရာရ၊ စစ်တပ်စီးနင်း တိုင်ခိုက်မှုများ နဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုများ စသည်ဖြင့်တင်ပြကာ၊ ကျွန်မတို့ဘက်ကနေ၊ လိုအပ် တဲ့အရာတွေအတွက်၊ ငွေကြေးထောက်ပံ့မှု့နဲ့ အခြားသေားထောက်ပံ့မှုများလုပ်ဆောင်ပေးပါ တယ်။ ယနေ့နည်းပညာတွေတိုးတက်မှုတွေကလည်းအတော်ကိုကျေးဇူးတင်ရမှာပါပဲ။ ဒါတွေနဲ့ပဲ အစည်းဝေးတွေလုပ်နိုင်၊ တွေ့နိုင်ပြောနိုင်၊ သိနိုင်ကြတာကိုး။ အထူးသဖြင့်တော့ signal application နဲ့ အားလုံးအဆင်ပြေနေပါတယ်။ ယခုပြုလုပ်နေတဲ့ အမျိုးသမီးများကွန်ယက်အစည်း အဝေးများမှာဆိုလျင် လက်ရှိ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ပြည်နယ်နဲ့တိုင်းကိုယ်စားပြု အမျိုးမီး လွှတ်တော်ကိုယ်စားလှယ်များအပြင်၊ လက်ရှိအလုပ်လုပ်လျက်ရှိကြတဲ့ ပါတီအသီး သီး ကတာဝန်ရှိအမျိုးသမီးအပြင်၊ ကရင်ပြည်နယ် အမျိုးသမီးများအစည်းအရုံး နဲ့ ကယားပြည်နယ် ရှိကရင်နီအမျိုးသမီးများအစည်းရုံးတို့လည်းပါဝင်တက်ရောက်ကြပါသည်။
လူကြီးမင်းတို့ဝန်ကြီးဌာနအနေနဲ့ အခြားသောဝန်ကြီးဌာနများဖြင့်အပြန်အလှန်တွဲဖက်လုပ်ဆောင်ရာမှာ အပယ်ခံလူနည်းစုများ (သို့) နိုင်ငံရေးခိုလှုံလာသူများနဲ့သက်ဆိုင်သောအခြေအနေ၊ အရေးကိစ္စများကို ဘယ်လို တွဲဖက်လုပ်ဆောင်ကြပါသလဲ။
ကျွန်မတို့မှာ အပတ်စဉ် NUG လက်အောက်ရှိဝန်ကြီးဌာနများအကြား အစည်းအဝေးကို ပုံမှန် လုပ်ဆောင်လျက်ရှိကာ၊ ဝန်ကြီးဌာနအသီးသီးမှာလည်း တင်ပြဆွေးနွေး တိုင်ပင်ခြင်း၊ ဖလှယ်ခြင်းများအတူတကွပြုလုပ်ကြပါသည်။ သေချာတာပေါ့၊ အချို့သောပြဿနာတွေဖြေရှင်း ရာမှာကျွန်မတို့ဝန်ကြီးဌာနတခုတည်းနဲ့ဖြေရှင်းလို့မရတဲ့အပိုင်းတွေမှာ၊ အခြားဝန်ကြီးဌာနအဖွဲ့အ စည်းတွေနဲ့ တိုင်ပင်ခြင်းနဲ့ ဖလှယ်ပြီး အတူတကွဖြေရှင်းကြရတာပေါ့။ ဥပမာ၊ NUG အောက်က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့၊ ကျန်းမာရေးဝန်ကြီးဌာနတို့၊ ပညာရေးဝန်ကြီးဌာနတို့စသည် ဖြင့်ပေါ့၊ ကဏ္ဍအလိုက် အဲ့ဒီအဖွဲ့တွေနဲ့ခွဲပြီး၊ တွဲဖက်လုပ်ဆောင်ကြရပါတယ်၊ စသည်ဖြင့်- လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အမျိုးသမီးများ၊ ကလေး၊ လူငယ် များအတွက်အထူးလိုအပ်ချက်တွေ၊ ပြဿနာတွေရှိလာလျင်တော့အားလုံးကို ဥသုံလိုအပ်ချက်အ နေနဲ့ ခေါင်းစဉ်တပ်၊ လိပ်မူပြီး ဝိုင်းဝန်းဖြေရှင်းလုပ်ဆောင်ကြရပါတယ်။
လူကြီးမင်းအနေနဲ့ PDF မှာပါဝင်အမှု့ထမ်းနေတဲ့အမျိုးသမီးများအတွက်သီးခြားအစီစဉ်တွေကော ရှိပါသလား?
ကျွန်မတို့အနေနဲ့ပျှမ်းမျှအနေနဲ့ပြေရမယ်ဆိုလျင် PDF ထဲမှာ ၅-၁၀ ရာခိုင်နှုန်းလောက်က တော့ အမျိုးသမီးအင်အားဖြစ်မယ်လို့ယူဆရပါတယ်။ ဒါပေမဲ့ ရန်သူက ကျွန်မတို့ရဲ့ အင်အားနဲ့ အရေအတွက်အမှန်ကိုသိမှာစိုးရိမ်ရတဲ့အတွက်၊ ဒီလိုအရေးကြီးလျှို့ဝှက်ရမဲ့ စစ်ရေးနဲ့သက်ဆိုင် တဲ့ကိန်းဂဏာန်းတွေကို တော့မဖေါ်ပြပါဘူး။ ရှေ့တန်းလိုက်တဲ့အမျိူးသမီးတွေအတွက်ကတော့၊ မရှိမဖြစ် အမျိုးသမီးလစဉ်သုံးတွေ၊ လိင်ပညာပေးအစီအစဉ်တွေ၊ အတွေ့အကြုံဝေမျှခြင်းနဲ့၊ ဂရုပြုလမ်းညွှန်ဆွေးနွေးတိုင်ပင်ခြင်းကဏ္ဍတွေစီစဉ်ပေးပါတယ်။
ဒါ့အပြင် ကျွန်မတို့မှာ Online ဆွေးနွေးတိုင်ပင်ခြင်း ကနေလဲ ပြည်သူလူထုနဲ့၊ အမျိုးသမီး များအတွက်“ တိုင်ပင်ဖေါ်” ၊ “ Taing Pin Phaw” https://www.facebook.com/taingpinphaw/
ဆိုတဲ့ Facebook page မှာ ဆက်သွယ်စုံစမ်းနိုင်သလို၊ အဲ့ဒီ အစီစဉ်ကလည်း ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဦးဆောင်လုပ်ကိုင်နေတာဖြစ်တဲ့အပြင် ပြည်သူလူထုအနေနဲ့ စိတ်ကျန်းမာရေး ဆိုင်ရအကူညီသော်၎င်း၊ တခြားကျန်းမာရေးဆိုင်ရာကိစ္စအဝဝ ကိုလူတိုင်းဆွေးနွေးတိုင်ပင်လို့ရပါတယ်။
လူကြီးမင်းတို့ဝန်ကြီးဌာနအတွက်ငွေကြေးကိုဘယ်လိုလည်ပတ်နေပါသလဲ? လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ? နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကူညီထောက်ပံမှုကောရှိလား၊ ဒါမှမဟုတ် ပြည် သူတွေရဲ့လှူဒါန်းမှုတခုတည်းနဲ့ပဲ ရပ်တည်နေသလား?
ကျွန်မတို့ရဲ့ငွေကြေးလည်ပတ်မှုကတော့ နိုင်ငံတကာနဲ့ကျွန်မတို့ရဲ့ပြည်သူများနှစ်ရပ်လုံး ရဲ့ ထောက်ပံ့မှု့၊ ပေးလှူ မှုနဲ့ပဲရပ်တည်နေပါတယ်။ ဒါပေမဲ့နိုင်ငံရဲ့ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာနဲ့ လိုအပ်ချက်တွေက အရမ်းကြီးတော့ ရလာတဲ့ငွေကြေနဲ့ လည်ပတ်ဖြေရှင်းဖို့ကြတော့ ခက်တာပေါ့။ ပိုမိုထိရောက်တဲ့ လုပ်ဆောင်ချက်တွေဖေါ်ဆောင်ဖိုဆိုလျင်တော့ ကျွန်မတို့က လုံလောက်တဲ့ငွေကြေးအတိုင်းအတာလိုအပ်တာပေါ့။
ကျန်ခဲ့တဲ့ စက်တင်ဘာ၂၀၂၂ အရဆိုလျင်၊ စစ်ကောင်စီတပ်တွေက နိုင်ငံတဝှမ်းမီးရှို့ဖျက် ဆီးလိုက်တဲ့ အိမ်ပေါင်းဟာဆိုလျင် ၄၀၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီလူတွေအတွက် ပြန်လည် နေရာချထားရေး၊ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေး၊ စသည်ဖြင့် သူတို့တွေယာယီနေ ထိုင်ဖို့ နဲ့ စားရေးသောက်ရေးတွေ အတွက် ရုန်းကန်ရတာအတော်ကိုခက်ခဲပါတယ်။
အလင်းဝင်လာသူ၊CDM လုပ်လာသူစစ်သားဇနီးမယားများမှလည်း ပြည်သူ့စစ်သားဇနီးများ ဆိုတဲ့ လူမှု့ကွန်ယက်တစ်ခုကိုဖွဲ့စည်းထားရှိပါတယ် https://www.facebook.com/wifeofpeoplessoldier
ဒီနည်းအားဖြင့် ကျွန်မတို့ဟာသူတို့အဖွဲ့တွေနဲ့တွေ့ဆုံနိုင်ယုံမက၊ သူတို့အတွက် ရက်တိုအကျိုးပြု သင်တန်းများ၊ အချက်အပြုတ်၊ အချုပ်အလုပ်၊ ဇာထိုးပန်းထိုးလက်မှုပညာရပ်များ စသည်ဖြင့်စစ် တပ်ပြင်ပ၊ ပြည်သူကြားထဲမှာနေလျင်လုပ်ဆောင်ရှာဖွေစားသောက်နိုင်မည့် အတတ်ပညာ သင် တန်း လေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီကွန်ယက်ကနေဆက်သွယ်ပြီး ပြည်သူဘက် သို့ ပြောင်းရွှေ့လာတဲ့ ရဲဘော်အများစုဟာမိသားစုနဲ့ပြေးလာတာများပါတယ်။ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ အစည်း တွေဆီကိုလည်းဝင်ရောက်ခိုလှုံ လာကြသူတွေလည်းရှိကြပါတယ်။ အထူး သဖြင့် သူတို့နဲ့ပါလာတဲ့ သားသမီးတွေ၊ ကလေးတွေအဖို့ EAOs တွေရဲ့နယ်မြေတွေမှာပဲ NUG ကနေပြီး ကလေးများပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်သင်ကြား ပေးပါတယ်။
၂၀၂၂ စက်တင်ဘာလဝက်လောက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်း မှာဖြစ်သွားတဲ့စစ်ကောင် စီက ကျောင်းတကျောင်းကို လေယာဉ်နဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အပေါ် ဝန်ကြီးအနေနဲ့မှတ်ချက်တ စုံတရာပေးချင်တာများရှိမလား? ဒီကျူးလွန်မှု့တွေနဲ့ပတ်သက်ပြီးကော ဝန်ကြီးဌာနအနေနဲ့ သက် သေအချက်အလက်တွေရရှိစုဆောင်းထားတို့ နဲ့၊ အဲ့ဒီအချက်အလက်တွေနဲ့ဘာဆက်လုပ်ဖို့မျှော် လင့်ထားပါသလဲ? ကမ႓ာကဒီလိုကလေးငယ်တွေအပေါ်စစ်ရေးကျူးလွန်မှုပစ်မှု့တွေအပေါ်ရပ်တန့်ဖို့အတွက် ဘယ်လို ကူညီမှု့တွေပေးနိုင်မယ်ထင်ပါသလဲ?
ဒီအဖြစ်ပျက်က စက်တင်ဘာ ၁၆ မှာဖြစ်သွားပြီး နိုင်ငံအတွက် အမှောင်ကျခဲ့တဲ့ နေ့တနေ့ ပါပဲ။ ဘာလို့လဲဆိုတော့ ကျောင်းတက်နေတဲ့ ကလေး၁ဝယောက်သေဆုံးခဲ့ပြီး ၂ဝဦးခန့်ဒဏ်ရာရ ရှိခဲ့ကြတယ်။ ဆရာမတွေလည်းအဖမ်းခံရပြီး စစ်ကောင်စီစစ်ကြောရေးစခန်းတွေကိုဖမ်းဆီး သွား ကြတယ်။ စစ်တပ်ကတော့သူတို့တွေကိုဆေးရုံပို့ပေးမယ်ပြောပေမဲ့၊ သူတို့တကယ်ရောပြောတဲ့အ တိုင်းလုပ်ခဲ့သလားဆိုတာ သံသယရှိစရာပါပဲ။ ဘာလို့ဆိုတော့ကျွန်မတို့ကြားသလောက်က သူတို့ ဖမ်းသွားတဲ့ဆရာ/မတွေထဲက တစ်ယောက်ကိုသယ်သွားတဲ့လမ်းမှာပဲသတ်ပစ်လိုက်တယ်လို့သိရ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီတပ်တွေဟာဘယ်လောက်တောင်ရက်စက်ကြမ်း ကြုတ်ကြသလဲဆိုတာပြသလိုက်တာပါပဲ။
ဒီသတင်းကြားကြားချင်းပဲသတင်းနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို UN ကိုပေးပို့ခဲဲ့ပြီး၊ ဒါနဲ့ပတ်သက်လို့ ကမ႓ာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာဆွေးနွေးနိုင်ကြမှာပါ။ ကျွန်မတို့အနေနဲ့ လည်းဒီအဖြစ်ပျက်မှာပါခဲ့ကြသူ၊ သက်သေများ၊ ရွာသားများကိုလည်းတပ်လှန့်ထားပြီး၊ လေ ကြောင်း တိုက်ခိုက်မှု့ကြောင့်ထိခိုက်ဆုံးရှုံး နစ်နာခဲ့ရသူကလေးများနဲ့၊ မိသားစုများကိုလည်း ငွေ ကြေးထောက်ပံ မှုများလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ကျွန်မတို့အနေ့နဲ့လည်း ဒီလေကြောင်းတိုက်ခိုက်မှု့အပြီး စစ်ကောင်စီတပ်များမှဖမ်းဆီး ခေါ်ဆောင်သွားသော ကလေး၊ လူကြီး အားလုံးအတွက်ကို စိုးရိမ်ပူပန်နေရဆဲဖြစ်ပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းများဖြစ်ကြတဲ့ UNICEF နဲ့ Save the Children, World Vision စတဲ့ အဖွဲ့ အစည်းကြီးများမှလည်း ထုတ်ပြန်စာ၊ တောင်းဆိုစာများ နဲ့ဖမ်းဆီးထားသောဓါးစာခံများ ပြန်လည် လွှတ် ပေးနိုင်ဖို့အရေးတောင်းဆိုစာများထုတ် ပေးလျင်တော့ တကယ် သင့်တော်မှာပဲလို့မြင်မိ ပါတယ်။
ရွေးကောက်ခံနိုင်ငံရေးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အမျိုးသမီးများအရေး အရပ်ဖက် ပါဝင် လှုပ်ရှား မှုတွေမှာပါဝင်မှုကအစပေါ့၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အမျိုးသမီးများရဲ့ပါဝင်မှုကဏ္ဍ ကို ရှင်းလင်းတင်ပြနိုင်မလား?
ဒီတော်လှန်ရေးကာလမှာ ကျွန်မတို့အတွက် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေအများကြီးရှိ သလို၊ မျှော်လင့်ချက်အပြည့်နဲ့ ပုံပြင်၊ အဖြစ်ပျက်တွေလဲအများကြီးပါပဲ။ အဲဒီအထဲကတခုကတော့ ယခုဆိုလျင်လူတွေက အမျိုးသမီးများရဲ့ဦးဆောင်မှုကိုလက်ခံလာနိုင်ကြသလို၊ လက်ခံနေကြတဲ့ အကြောင်းပါပဲ။ အမျိုးသမီးတွေဟဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ဦးဆောင်ခဲ့ကြသလို၊ အမျိုးသ မီးများကွန်ယက်ဟာဆိုလျင် IDPs တွေကိုကူညီမှုမှာလည်းပါဝင်လျက်ရှိကာ၊ နေရာအတော်များ များမှာပါဝင်နေတာတွေ့ရပါတယ်။
မြန်မာ့သမိုင်းရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးအနေနဲ့လည်း ဒီဝန်ကြီးဌာန ပေါ့ (အမျိုးသမီး၊ လူငယ်နှင့် ကလေးရေးရာဝန်ကြီးဌာန) ဒီမှာအမျိုးသမီးဝန်ကြီးဖြစ်လာတာပါ။ ယခုလက်ရှိမှာလည်း NUG အစိုးရဲ့ အဖွဲ့ဝင် ဝန်ကြီးတွေထဲမှာကို အမျိုးသမီးဝန်ကြီးတွေဟာ ၇ ဦးအထိပါဝင်ထမ်း ဆောင်လျက်ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့်ဆိုလျင် ၆၅ရာခိ်ုင်နှုန်းရှိနေတာတွေ့ရပါတယ်။ ဒါဟာဆို လျင်တော့ဖြင့် တနိုင်ငံ လုံးရဲ့ အမြင်နဲ့ခံယူချက်တွေပြောင်းလဲလာတာလိုမြင်နိုင်ပါတယ်။ ဒီပြောင်းလဲမှုအရှိန်အဟုန်ဟာ ဆိုလျင် ကျားမခွဲခြားမှု စံနှုန်းတွေကိုချိုးဖျက်ပစ်လိုက်ယုံမကပဲ၊ ကျွန်မတို့တွေ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိသွားဖို့လိုတဲ့အဟုန်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဒီအခွင့်အရေး ကိုလည်းအမိအရယူပြီးသမိုင်းတလျှောက် နိုင်ငံရေး ခေါင်း ဆောင်မှု့ကဏ္ဍမှာ အမျိုးသမီးများအများ ဆုံးပါဝင်ဦးဆောင်မှုအဖြစ် အသိအမှတ်ပြုရမည့်အရာ လည်းဖြစ်ပါတယ်။
ဒီတော်လှန်ရေးက အမျိုးသမီးတွေကို ပြည်သူကိုဦးဆောင်မှုကဏ္ဍအတွက်ဘယ်လိုကနေဘယ်လို တညီတညွတ်တည်းနဲ့အခွင့်အရေးပေးဖြစ်သွားရတာလဲ?
ဒီတော်လှန်ရေးက အမျိုးသမီးနှစ်ဦး အက်စ်တာဇယ်နော(ကချင်အမျိုးသမီး) နဲ့ အိသင်္ဇာ မောင်(ရှမ်းနီအမျိုးသမီး) ယခုဒုဝန်ကြီးပေါ့။ သူတို့ကနေ ပြည်သူလူထုကိုဦးဆောင်မှု့တွေနဲ့ ပထမ ဆုံး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေဟာ အာဏာသိမ်းပြီး ၅ရက်အကြာမှာ ရန်ကုန်မြို့ မှာစတင်ခဲ့တာပါ။ ဒါကြောင့် ပြည်သူတွေကသိတာပေါ့ ဒီအမျိုးသမီးငယ်တွေဟာ သတ္တိရှိတယ်၊ လုပ်နိုင်တယ်။ အမျိုးသမီးတွေဟာ အမျိုးသားများနည်းတူ PDF ထဲမှာ ရှေ့တန်းမှာပါဝင်နေသလို CDM ထဲမှာလဲပဲ အမျိုးသမီးတွေအများကြီးပါပဲ။ အခြားကျော်ကြားတဲ့သပိတ်အဖွဲ့တဖွဲ့ကတော့ ဗမာအမျိုးသမီးများသဟာရ အဖွဲ့ပဲဖြစ်ပြီး၊ သူတို့အဖွဲ့ကလဲ လှုပ်ရှားမှု၊ ဦးဆောင်မှုတွေအများကြီး လုပ်ခဲ့ပါတယ်။ ဒါကြောင့်အဲ့ဒီအဖွဲ့ကိုလည်းကျွန်မတို့အနေနဲ့က အသိအမှတ်ပြုရမယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေက ပြောင်းလဲ မှုကို ပြုလုပ်တဲ့သူတွေဖြစ်နေပါတယ်။
နောက်တက်မည့်အစိုးရအတွက်ဒီထက်ပိုမြင့်တဲ့နိုင်ငံရေးရာထူးနေရာအတွက်အမျိုးသမီးများနေရာ ရရှိ ဦးဆောင်နိုင်ရေး သေချာမှု ဘယ်လိုရှိပါသလဲ?
ကျွန်မတို့အနေနဲ့ဖယ်ဒရယ်ဒီမိုကရေစီလမ်းပြမြေပုံနဲ့စည်မျဉ်းနဲပါတ်သက်ပြီးတိကျသေချာ မှုရှိတဲ့ ပေါ်လစီ လိုအပ်ပါတယ်။ လက်ရှိအနေနဲ့ကတော့ဦးဆောင်ကော်မတီအဖွဲ့မှာတော့ အမျိုး သမီးများအနေနဲ့နိုင်ငံရေးကဏ္ဍမှာ ၃ဝရာခိုင်နှုန်း ပါဝင်ခွင့်ရရှိထားပါတယ်။ ကျွန်မတို့ဝန်ကြီးဌာန နဲ့အတူ၊ NUG တခုလုံးအနေနဲ့လည်းပဲ ကျား၊မအရေး အသိအမြင်နဲ့ အာမာခံမှုတွေကို နှုတ်နဲ့ပဲ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ပဲ၊ အမှန်အကန်ဦးဆောင်ပြီး၊ နောက်ဆက်တွဲလိုအပ်ချက်များကိုပါ ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်လို့ယုံကြည်ပါတယ်။
ဒါကြောင့်ဒီအရှိန်အဟုန်ကိုတော့ နိုင်ငံသစ်ဆီကို မဖြစ်မနေပါအောင်သယ်သွားဖို့လိုပါ တယ်။ နောက်ပြီးနိုင်ငံတကာရဲ့ဖိအားလဲလိုအပ်ပါတယ်။ တချို့သောနိုင်ငံတကာအဖွဲ့အစည်း တွေ မှာဆိုဘာတွေရလဲဆိုတော့ ထောက်ပံငွေပေးတဲ့အခါမှာစည်းမျဉ်းတွေချမှတ်ထားပါတယ်။ အဲ ဒါက တော့ ကျား၊မ အချိုးအစားညီမျှမှုပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစည်းမျဉ်းလေးတွေလည်း အနာ ဂါတ် အဖွဲ့ အစည်းတွေမှာရှိသင့်တယ်လို့မြင်မိသလို၊ ဒါဟာ ကျား၊မ သဘောတရားကိုလေးစားမှု ပြရာလဲ ရောက်ပါတယ်။
လက်ရှိဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများနဲ့၊ နိုင်ငံရေးပညာရှင်တွေလုပ်နေတဲ့ဖွဲ့စည်းပုံမူ ကြမ်းဟာ အထက်ကဖေါ်ပြသွားတဲ့ အခွင့်အရေးတွေအတွက် အာမခံချက်ရဖို့ဆိုတာအရေးကြီးပါသလား? ဘယ်လိုပဲဖြစ်ဖြစ် လူကြီးမင်းတို့ ဝန်းကြီးဌာနအနေနဲ့ကောဒီအစီစဉ်တွေကိုတဆင့်ပြီး တဆင့်ပံ့ပိုးကူညီသွားဖို့အတွက်ကိုကော ဘယ်လိုပြင်ဆင်ထားပါသလဲ?
ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး ကော်မတီရဲ့ တစိတ်တပိုင်းဖြစ်သလို၊ NUCC နဲ့လည်းပဲ ချိတ်ဆက်လုပ်ကိုင်နေတဲ့ဌာနဖြစ်ပါတယ်။ ကျွန်မတို့မှာ ကော်မတီအဖွဲ့တွေ၊ တွက်ဖက်ကော်မတီတွေနဲ့ ပုံမှန်အစည်းအဝေးတွေလုပ် ဆောင် နေကြသလို၊ ကျား/မမျှတရေး ပေါ်လစီအတွက်ကိုပါဆွေးနွေးလျက်ရှိပါတယ်။ အဲ့ဒီအထဲမှာမှ လုံးဝ ဥသုံ ကျား/မ မျှတရေး မူဟာ ဒီအခြေခံဥပဒေစည်းမျဉ်းထဲမှာပြဌါန်းချက်ပါဝင်နေဖို့ကို ကျွန်မတို့အ သေချာ စီစဉ်ဖို့လို အပ်ပါတယ်။
ယခုနိုင်ငံရေးအခင်းအကျဉ်းမှာမတူညီတဲ့နောက်ခံများမှ လာတဲ့အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ဖို့ အရေး၊ ရှေ့ဆက်လုပ်ဆောင်သွားမည့်အစီအစဉ် (သို့) လမ်းကြောင်းကဘာဖြစ်မလဲ?
လက်ရှိကျွန်မတို့မှာအမျိုးသမီးများ၊ အမျိုးသမီးငယ်များအတွက် သင်တန်း စဉ်များဖြင့် အတွဲလိုက်သော်၎င်း၊ အမှတ်စဉ်လိုက်သော်၎င်း CSOs များနဲ့အတူ၊ ပြုလုပ်ပေးနေတဲ့သင်တန်း တွေရှိပါတယ်။ ကျွန်မတို့ မူဝါဒစာတမ်းများနဲ့လမ်းညွန်ချက် များကို ပိုမိုကောင်းမွန်အောင်ပြင်ဆင် ပြီး အဆုံးအဖြတ်ပြုလုပ်ခြင်းနဲ့သက်ဆိုင်သောအရေးကိစ္စများအတွက်ပါ ဆုံးဖြတ်ချက်စံနှုန်း အဖြစ် သုံးနိင်ရန်အတွက်ပြင်ဆင်ထားပါသည်။ ဥပမာ၊ နိုင်ငံရေးတွေရှုပ်ထွေးနေစဉ်အတွင်း IDPs တွေမှာ ရှိတဲ့အမျိုးသမီးများ၏အရေးကိစ္စများ။
လူကြီးမင်းရဲ့ဝန်းကြီးဌာနအောက်က လူငယ်ရေးရာဌာနရဲ့အဓိကလှုပ်ရှားမှုကဘာဖြစ်မလဲ?
လူငယ်ရေးရာဌာနရဲ့အဓိက လှုပ်ရှားမှုများကတော့ ဘဏ္ဍာရှာဖွေရေးလှုပ်ရှားမှု့၊ သပိတ် အဖွဲ့အစည်းများနဲ့ချိတ်ဆက်လုပ်ကိုင်မှု နဲ့ အသက်မွေးဝမ်းကြောင်းအတတ်ပညာသင်တန်းများ လုပ်ဆောင်ပေးမှု စသည်ဖြင့်ပေါ့၊ ဦးဆောင်သူဒါရိုက်တာကလည် အသက်၂၅ နှစ်ပဲရှိသေးတဲ့ လူငယ်ပါပဲ။
လူကြီးမင်းရဲ့ကိုယ်ပိုင်ပန်းတိုင်ကကောဘာများဖြစ်မလဲ?
ကျွန်မအနေနဲ့ကတော့ဒီလောက်အထူးအခြေအနေ၊ အရေးပေါ်အခြေအနေကြီးထဲမှာ၊ ကိုယ်ပြည်သူတွေအတွက်ကိုတာဝန်ထမ်းဆောင်ခွင့်ရတာကို ဝမ်းသာသလို၊ တဘက်မှာလဲ ဂုဏ် ယူလို့မဆုံးပါဘူး။ ဘာလို့လဲ့ဆိုတော့ပြည်သူတွေဟာစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၇၀ ကျော်ခံစားခဲ့ကြရသလိုသူတို့အတွက်လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေဟာ သူတို့အတွက် ရသင့်ရထိုက်တဲ့အရာဖြစ်ပါ တယ်။ ယခုမှာလဲ ပြည်သူ/သား အများစုဟာ အခြေခံအစားအစာ၊ ဆေးဝါးအတွက်ကို ခက်ခက်ခဲခဲရုန်းကန်နေရသလို၊ မိမိအသက်မသေရေးကို ပါ ပြေလွှားနေကြရတာပါ။
ဒါကြောင့်နိုင်ငံတကာနဲ့ သူတို့ရဲ့အဖွဲ့အစည်းတွေကိုပြောချင်တာက ခင်ဗျားတို့မျက်စိတွေ ကိုမှိတ်မထားကြပါနဲ့၊ မမြင်ချင်ယောင်ဆောင်မနေကြပါနဲ့၊ ခင်ဗျားတို့ရပါးစပ်တွေကို ပိတ်မထား ကြပါနဲ့။ အာဏာရှင်စစ်တပ်က ကျွန်မတို့ ပြည်သူတွေကို လူမျိုးသုန်းသတ်ဖြတ်နေကြတယ်၊ ကလေးတွေကိုသတ်ဖြတ်နေတယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်နေကြတယ်၊ ကျောင်း၊ ကန်၊ ဆေးရုံပါမကျန် တိုက်ခိုက်ဖျက်ဆီးနေကြတယ်။ ဒီရက်စက်ကြမ်းကြုတ်၊ လူမဆန်တဲ့စစ်အာဏာရှင် တွေအတွက်အရေးယူဆောင်ရွက်မှုလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါတွေလုပ်ဆောင်နိုင်ဖို့အတွက် ကို ကျွန်မတို့ NUG ကို အစိုးရတရပ်အဖြစ်နိုင်ငံတကာက လက်ခံပေးပါ၊ အသိအမှတ်ပြုပေးပါ လို့ ပဲတောင်းဆိုချင်ပါတယ်။
ကုလသမဂ္ဂနဲ့နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကမြေပြင်မှာဘယ်လိုအကူအညီဖြစ်စေမလဲ?
အကယ်၍ကုလသမဂ္ဂက NUG ကို တရားဝင်အစိုးရတရပ်ဖြစ်အသိမှတ်ပြုလိုက်ပြီဆိုလျင်၊ ကျွန်မတို့အနေနဲ့နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုနဲ့အထောက်အပံ့တွေကိုလွယ်ကူစွာတရားဝင်လက်ခံ နိုင်မှာဖြစ်တယ်၊ ပြီးလျင်လက်ရှိ ကျွန်မတို့ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရားဝင်စစ်တပ် အဖြစ်ပြောင်းလဲပစ်နိုင်မှာဖြစ်တဲ့အပြင်၊ ကျွန်မတို့နိုင်ငံဟာအာစီယံနဲ့ ကုလသမဂ္ဂမှာငြိမ်းချမ်းပြီး၊ သိက္ခာရှိတဲ့နိုင်ငံ တခုအနေနဲ့ရပ်တည်နိုင်တော့မှာဖြစ်ပါတယ်။
ယခုကမ္ဘာမှာလည်းပြောင်းလဲမှုတွေအများကြီးဖြစ်နေတယ်။ ယူကရိန်းအရေး၊ အာဖဂန် အရေးမှာလည်းပြောင်းလည်းသွားမှုတွေ စသည်ဖြင့်ပေါ့ တွေ့နေရပါတယ်။ ဒါကြောင့် မြန်မာပြည် ကပြည်သူတွေ နှစ် ၇၀ ကျော်ကြာစစ်အာဏာရှင်အောက်ခံစားလာခဲ့ရတဲ့ဒုက္ခကနေလွတ်မြောက် အောင်ရုန်းကန်နေကြတာကိုလဲ့မေ့မထားကြပါနဲ့။ ကျွန်မတို့ဘယ်တော့မှလက်လျှော့မှာမဟုတ်သ လို အဆုံးထိအောင်တိုက်ပွဲဝင်သွားမှာဖြစ်လို့၊ အဆုံးတိုင်အောင်၊ အောင်မြင်တဲ့အထိကျွန်မတို့နဲ့ အတူရှိနေပေးကြပါ။ ကူညီထောက်ပံ့ပေးကြပါ။
ကျွန်မတို့ရဲ့NUG ကိုသာဦးဆောင်ခွင့်ရဖို့ အသိအမှတ်ပြုပေးလိုက်ပါ၊ လက်ရှိဖြစ်နေ တဲ့အ ခြေအ နေတွေကိုလုံးဝဥသုံ ထိန်းချုပ်လိုက်နိုင်မယ်ဆိုတာယုံကြည်ပါတယ်။ လက်ရှိမှာလည်း ပဲ နိုင်ငံဧရိယာ ရဲ့၅ဝရာခိုင်းနှုန်းကျော်ကို NUG နဲ့ EAOs အဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီးဖြစ်သလို (https://specialadvisorycouncil.org/wp-content/uploads/2022/09/SAC-M-Briefing-Paper-Effective-Control-in-Myanmar-ENGLISH-1.pdf) ၊ ကျွန်မတို့ဒီထက်မကနိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှု၊ ထောက်ပံ့မှု တွေရခဲ့မယ်ဆိုလျင် ဒီထက်မက တနိုင်ငံလုံးကိုထိန်းချုပ်နိုင်မှာဖြစ်သလို၊ ပြည်သူ တွေလိုချင်နေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကိုလည်းအမှန်ရရှိတော့မှာဖြစ်ပါတယ်။ ဒါအပြင် လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ ဘာသာရေးဖိနှိပ်မှု၊ ခွဲခြားမှုတွေနဲ့ ကိုးကွယ်ယုံကြည်မှုတွေပါ ခွဲခြားမှုမရှိတော့ပဲ၊ တိုင်းသူပြည်သာများလည်းပေါများကြွယ်ဝ၊ ချမ်းသာလာမှာဖြစ်ပါတယ်။
ယခုလဲ စစ်အာဏာရှင်က မြို့ကြီးတွေမှာပဲ ထိန်းချုပ်ထားနိုင်ပြီး၊ လေကြောင်းတခုပဲ အား ထားကာတိုက်ခိုက်ရေးကိုလုပ်ဆောင်နေရတဲ့အခြေအနေမှာပဲရှိတော့တယ်။ ဒါကြောင့်နိုင်ငံခြားမှ စစ် အာဏာရှင်အားလေယာဉ်ဆီနဲ့၊ အခြားသော စက်သုံးဆီများရောင်းချခြင်းကိုရပ်တန့်ပေး ထား ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပြည်သူကိုကယ်တင်ဖို့နဲ့နိုင်ငံ့အခက်အခဲအားလုံးကိုဖြေရှင်းပေးနိုင်ဖို့ဆိုလျင် NUG သာလျင် အသိအမှတ်ပြုအစိုးရဖြစ်သင့်ပါကြောင်း ယုံကြည်စွာနဲ့ဖေါ်ပြလိုပါတယ်။
မြစ်တစ်စင်းနှင့်နယ်စည်းတစ်ခုမှ ပိုင်းခြားထားသောဘဝနှစ်မျိုး
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းစမှ၊ စတင်ကာ ပြေလွှားပုန်းရှောင်၊ ထွက်ပြေးလွတ်မြောက်ခြင်း စသည့် အဆုံးမသတ် နိုင်သေးသည့် မြန်မာပြည်သူများ၏ဒုက္ခများသည် ဆိုးသည်ထက်ဆိုးလျက်၊ တိုး သည်ထက်တိုးလျက် ရှိနေပါသည်။ တကယ့်နိုင်ငံရေး နဲ့အမျိုးသာလုံခြုံရေးဆိုင်ရာ ပြဿနာများသည် လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဖြစ်ရပ်ဆိုးများကိုဖုံးအုပ်၊ လှဲသိပ်ပစ်ကာ၊ အလားတူ ဖြစ်ရပ်ဆိုးများကိုပင် ထိုင်-မြန်မာ နယ်နိမိတ်မျဉ်း ဖြစ်သည့်မြစ်ကြောင်း တလျှောက်တွင်ဆက်လက် ဖြစ်ပေါ်စေလျက် ရှိနေပါသည်။
မြန်မာနိုင်ငံအနေနှင့်မိမိကိုယ်တိုင်ကဖန်တီးလိုက်သောအန္တရယ်ပတ်ဝန်းကျင်ကြောင့် ပြည် သူ များမှာ အိမ်နီးချင်းနိုင်ငံများသိုထွက်ပြေးခိုလှုံရသည့် ရှည်လျားသောသမိုင်းကြောင်း ရှိထားပြီး ဖြစ်ပါ သည်။ ဤအချက်သည် ဗိုလ်ချုပ်နေဝင်း၏ ၁၉၆၂ စစ်အာဏာသိမ်းခြင်းကို ပြန်လည်အမှတ်ရစေပါ သည်။ ၎င်းသည် “ Burmese Way to Socialism”ဟုခေါ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဝါဒကို နိုင်ငံရေးမူဝါဒအနေဖြင့်ဖေါ်ဆောင်ကာ၊ ထိုဝါဒတွင် စိုက်ပျိုးရေးကိုအဓိကအားပြုသော၊ ကျယ် ပြန့်သောအမျိုးသားနိုင်ငံရေးသဘောပါဝင်သည့် ဆိုရှယ်လစ်လူ့ဘောင်ကို တည်ထောင်သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးအနေဖြင့်ဖေါ်ဆောင်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းနိုင်ငံရေးမူဝါဒမှာ အလုပ်မဖြစ်၊ အသုံးမဝင်မအောင်မြင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ဒီမိုကရေစီကိုဆန့်ကျင်နေယုံမက၊ ထိုကာလသည် မြန်မာနိုင်ငံ၏ စီးပွားရေးပျက်ကပ် ဆိုက်ရောက်နေသောအချိန်ကာလနှင့်ပါကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ ၎င်းဝါဒသည် ပြည်တွင်းရေးပြဿများကိုပါ ဖြစ်ပေါ်စေခဲ့ပြီး သန်းနှင့်ချီသောပြည်သူများ အခြားသောနိုင်ငံများသို့ ထွက်ပြေးကြရသည်အထိ ဖြစ်ပေါ်စေခဲ့ကာ၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ အများဆုံး ထွက်ပြေးကြကာ၊ ထွက်ပြေးသူများ၏ ထက်ဝက်ခန့်ရှိမည်ဟု သိရှိရပါသည်။ ၁၉၈၀ ခုနှစ်များ ကာလကတည်းက ဒုက္ခသည်စခန်း ၉ ခုခန့်ဆောက်လုပ် ထားခဲ့ရပြီး၊ ထိုင်းနိုင်ငံတွင်မြန်မာဒုက္ခသည် ၉၀၀၀၀ ခန့်လက်ခံထားရှိခဲ့ပါသည်။ထိုစခန်းများအထဲတွင် သောင်တင်နေရင်းနှင့်ပင် စခန်းအပြင်ထွက်မရ၊ အပြင်ထွက်အလုပ်လုပ်ခွင့်မရှိ၊ ပညာသင်ကြားခွင့်မရှိ ဖြစ်နေကြကာ၊ အများစုမှာ လည်း မြန်မာပြည်သို့ပြန်ရန်အကြောင်းလည်းတစုံတရာမျှမရှိ၊ စသည့်အခြေအနေများတွင်သာရှိ နေခဲ့ပါသည်။
မြန်မာဒုက္ခသည်များအနေနှင့်ရင်ဆိုင်တွေ့ကြုံရသောပြဿနာတခုမှာ ထိုင်းအစိုးရ၏ အငြိုး ထားဆက်ဆံမှုပြုခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ပြုခြင်းသည်လည်း ထိုင်းအစိုးရ၏ ဥပဒေ၌ပင် အခြေခံထားခြင်းဖြစ်ပေသည်။ ထိုင်းအစိုးရအနေဖြင့် ၁၉၅၁ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာဥပဒေကိုလက်ခံလျက် လိုက်ပါလုပ်ဆောင်သောနိုင်ငံအနေဖြင့် ပါဝင်ခြင်းမပြုခဲ့သလို၊ ၎င်း၏နောက်ဆက်တွဲ ၁၉၆၇ ယခင်လုပ်ငန်းစဉ်များအား ဆက်လက်သဘောတူလုပ်ဆောင်မှုပြုသော နိုင်ငံများတွင် မပါဝင်ခဲ့ပေ။ ၁၉၅၁ ဘုံသဘောတူညီချက်၏အရေးကြီးသောအပိုင်းမှာ၊ ပါဝင်လက်ခံသောနိုင်ငံများအနေဖြင့် မိမိနိုင်ငံသို့ခိုဝင်လာသူမည်သည့်ဒုက္ခသည်တဦးတယောက်ကိုမျှ နေရင်းနိုင်ငံသို့ ပြန်မလွှတ်ရေး ဥပဒေသဘောတူညီချက်ပါရှိကာ၊ ထိုအရာကိုချိုးဖေါက်ပါက အရေးယူခံရမည်ဖြစ်သည်။ ၎င်းထက် ဆိုးသည်မှာ ထိုင်းနိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၉၇၉ ၏ ပြဌါန်းချက်အရ၊ ထိုင်း နိုင်ငံသားမဟုတ်သောသူများအား တရားစီရင်ရာတွင် အာဏာကိုအမြင့်ဆုံးအဆင့်နီးပါး စီရင်ပိုင်ခွင့် တရားဝင်ပေးထားကြောင်း တွေ့ရှိရပါသည်။ ဒီအချက်သည်ပင်လျင် ပြေးလွှား၊ ပြောင်းရွှေ့ ခိုလှုံလာသော မြန်မာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ပြန်လည်အပ်နှံပေးပို့ခြင်းများ၊ အတင်းအဓမ္မ မြစ်ကူးပြန်စေခြင်းများပြုလုပ်ကြကာ၊ ၎င်းအချင်းအရာများကြောင့် မလိုလားအပ်သော သေဆုံးမှု့အန္တရယ်များနှင့်အများအပြား ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ၏သဘောတူညီချက်များကို လေးစားမှုပြသည့်သဘောဖြင့် ဒုက္ခသည်များအတွက် ယာယီတဲများကို ထိုင်း-မြန်မာနယ်စပ်များတွင်တည်ဆောက်ခြင်း၊ လူသားချင်းကိုယ်ချင်းစာ၊ စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံမှုများကို ခွင့်ပြုကာ ပြုလုပ်ခွင့်ပေးနေသော်လည်း၊ ဒုက္ခသည် များအားမြန်မာနိုင်ငံသို့ အတင်းအဓမ္မပြန်လွှတ်ခြင်းဆက်လက်ဖြစ်ပေါ်နေမှုများကြောင့် ထိုင်းအစိုးရအပေါ် ဝေဖန်ပြစ်တင်ရှုံ့ချပြောဆိုမှုများ အရှိန်မြင့်တက်လျက်ရှိပေသည်။
၂၀၂၂ခု အောက်တိုဘာ ၇ ရက်နေ့တွင် ဒေါ်သင်းကြည်စိုးသည် ထိုင်-မြန်မာနယ်ခြားမြစ်ဖြစ်သော သောင်းရင်း မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းခဲ့သည်။ သူမသည် ထိုင်းရဲ၏ဖမ်ဆီးခြင်းမှ လွတ်မြောက်ရန်ကြိုးစားခြင်းဖြစ်သည်။ သို့သော် သူမသည်မိခင်တစ်ဦးလည်းဖြစ်ကာ ကံဆိုးစွာ ရေနစ်သေဆုံးခဲ့ရပြီး၊ လေး နှစ်သားအရွယ်သားငယ်လေးကျန်ရစ်ခဲ့ပါသည်။ ၎င်းအပြင် သူမသည် သူနာပြုဆရာမဖြစ်ကာသူမကြည့်ရှု ကုသပေးလက်စ လူနာများစွာလည်းကျန်ခဲ့ကြောင်း CDM Medical Network အဖွဲ့၏ဖေါ်ပြချက်အရသိရပါသည်။ သူမသည် CDM ကျန်းမာရေးဝန်ထမ်းဖြစ်ကာ စစ်ကောင်စီ၏ သူမအားဖမ်းဆီးရန်ရှာဖွေမှုများကြောင့် သူမတာဝန်ထမ်းဆောင်နေသော ဆေးရုံမှနေ၍ ထွက်ပြေးလွတ်မြောက်လာသူလည်းဖြစ်ပါသည်။ ဒီအကြောင်းအရာများကြောင့် သူမသည်ထိုင်းနယ်စပ်တွင်ခိုလှုံနေခြင်းဖြစ်ပါသည်။ သို့သော်ကံဆိုးစွာပင် သစောင်ရန်အပိုင်း၊ တပ်ခရိုင်ရိုင်သို့ သူမဈေးဝယ်သွားစဉ်တွင်ထိုင်းရဲ့၏လိုက်လံဖမ်းဆီးခြင်းခံရကာ၊ လွတ်မြောက်ရန် အတွက်မြစ်ကိုကူးကာမြန်မာဘက်အခြမ်းပြန်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ထိုအနိဌာရုံ အဖြစ်အပျက်မတိုင်ခင်၊ တပတ်ကပင် ၎င်းနှင့်အလားတူကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ကျောင်းသား၊ ကလေး၊ လူငယ်ပေါင်း ၁၀၀ ကျော်အား မိုးရွာကာ၊ ရေကြီးနေသော သောင်းရင်းမြစ်ကို အတင်းအဓမ္မ ကူးပြန်စေခဲ့သည်။ အွန်လိုင်းစာမျက်နှာများအပေါ်တွင် ထိုအကြောင်း ဗီဒီယိုတခုပြန့်နှံ့ခဲ့ကာ၊ ထိုအထဲတွင်၊ ကျောင်းသားများတင်ဆောင်ထားသော စက်လှေတစ်စီးနှင့်တစ်စီး တိုက်မိကြကာ နစ်မြုတ် လုနီးပါးဖြစ်ခဲ့ကြောင်းတွေ့ကြရပါသည်။ KNU တပ်မဟာခြောက်နယ်မြေတွင် စစ်ကောင်စီတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း ကျောင်းသား လူငယ်များ ထွက်ပြေးတိမ်းရှောင်ကြစဉ်များစွာ သေဆုံးခဲ့ကြကြောင်းလည်းသိရှိရပါသည်။
မြန်မာဒုက္ခသည်များ၏ယာယီခိုလှုံရာနေရာအတွက်အိမ်နီးချင်းတိုင်းပြည်များသို့ ထိုးဖေါက်ဝင် ရောက်လာမှုမှာ အတော်ကိုကြီးမားပါသည်။ အထူးသဖြင့် ၂၀၂၁ နိုင်ငံရေး လုံးဝပျက်စီးသွားပြီးနောက် ထိုင်းနိုင်ငံသို့အလုံးအရင်းဖြင့်ဝင်ရောက်လာကြပါသည်။ ဒုက္ခသည်များ မဟာမင်းကြီးရုံး၏ ခန့်မှန်းခြေတင်ပြချက်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှရောက်ရှိ လာသူ ဒုက္ခ သည်များမှာ ၇၀၀၀၀ ခန့်ရှိကြောင်းဖေါ်ပြထားပါသည်။ ခုံလှုံလာကြသူများတွင် နောက်ခံ အ ကြောင်းတရားအမျိုးမျိုး၊ လူတန်းစား၊ အမျိုးအစား ပေါင်းစုံပါဝင်ကာ အလုပ်သမား၊ ကျောင်းသား၊ မိသားစုများအပြင်၊ CDM နှင့် PDF များလည်းပါဝင်သည်။ နိုင်ငံရေးနှင့်စီးပွားရေး စိန်ခေါ်မှုများသည်လည်း လူအများကို စိတ်၊ ခန္ဓာဒဏ်ရာအမျိုးမျိုးရရှိစေသောအခြေအနေများကိုဖြစ် စေပါသည်။ ၎င်းအပြင် ထိုင်းသို့ရောက်ရှိလာသည်နှင့် သမားရိုးကျမဟုတ်သော အလုပ်ကိုလုပ်ကိုင်ကြရကာ၊ လူမှုရေးပိုင်း၊ ကာကွယ်ပေးမှု၊ လုပ်ဆောင်မှု မည်သည်အရာမျှမရှိသည့်အပြင်၊ အချိန်မရွေး ထိုင်းရဲ၊ လဝက၏ ဖမ်းဆီးခံရမည့် ဘေးကလည်းကြီးမားသော အခက်အခဲနှင့်စွန့်စားမှုဖြစ်ပေသည်။ ၄င်းအပြင် နယ်နိမိတ်မြစ်ရိုးတလျောက် ခေတ္တခိုလှုံနေထိုင်နေကြရသော ထောင်ချီဒုက္ခသည်များ၏ စစ်ကောင်စီလေယဉ်ဖြင့် ဗုံးကျဲသည့်ဘေးမှ လွတ်မြောက်ရန် ပြေးရှောင်ပုန်းခိုနေရသည့် ဒုက္ခမှာလည်း ကြီးမားလှပေသည်။
“ထိုင်းတော်ဝင်အစိုးရဘက်မှလည်း ဒုက္ခသည်များကို အန္တရာယ်တွင်းသို့ ပြန်လည်ပို့လွှတ်သည်ထက် ဒုက္ခသည်များအတွက်ကူညီနိုင်မည့် မိမိ၏ကိုယ်ပိုင်ရပ်တည်ချက်ရှိသင့်ပါသည်။” ဆိုသည့်အကြောင်းကို ဖေါ်ပြကာ ဥရောပကရင်ကွန်ယက်အဖွဲ့၏ ရပ်တည်ချက်တင်ပြမှုတွင် ဖေါ်ပြထားပါသည်။ ၂၀၂၂ ခု အောက်တိုဘာ ၂၅ ထိုင်းအစိုးရ၏တော်ဝင်ပြန်တမ်းရေးသား ထုတ်ပြန် မှုတွင် ညှင်းပမ်းနှိပ်စက်မှုဆိုင်ရာ ကာကွယ်ရေးနှင့်ပပျောက်ရေးအက်ဥပဒေ အမှတ် B.E. 2565 (2022) တွင်ထည့်သွင်းရေးသားထားပါသည်။ ထိုအချက်သည်ပင်လျင် ဒုက္ခသည်များအား ကာကွယ် စောင့်ရှောက်ရေးဥပဒေနှင့် ကွန်ဗင်းရှင်းပါအချက်ကိုကိုးကားထားခြင်းလည်းဖြစ်ပေသည်။ ထို့ကြောင့် ယခုဥပဒေအသစ်အရ မြန်မာနိုင်ငံသို့ အတင်းအဓမ္မပြန်ပို့ကာ၊ အပို့ခံရသူသည် ညှင်းပန်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများခံရနိုင်သောကြောင့် ဤဥပဒေသစ်မှ ကာကွယ်တားဆီးထားပြီးထား ဖြစ်ပါသည်။
“ဒီဥပဒေသစ်အရဆိုလျင် ထိုင်းအာဏာပိုင်များမှ ဒုက္ခသည်များအား၊ စစ်အာဏာရှင်မှစနစ်တကျနှိပ် စက်သတ်ဖြတ်နေသောနေရာဖြစ်သောမြန်မာပြည်သို့ အတင်းအဓမ္မ ပြန်လွတ်နေခြင်းအား လုပ်ဆောင်နေခြင်းသည် တရားမဝင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း” Fortify Rights ၏ အမှု ဆောင်ဒါရိုက်တာဖြစ်သော Amy Smith မှပြောကြထားပါသည်။ “ ထိုင်းအာဏာပိုင်များဘက်မှလည်း မြန်မာဒုက္ခသည်များအား အတင်းအဓမ္မဖမ်းဆီး ပြန်ပို့ခြင်းများအားတားဆီးရန် အရေးပေါ်ကြေငြာချက်များထုတ်ကာ၊ တရားဝင်အသိအမှတ်ပြုမှု သက်သေအဖြစ်ကြော်ငြာပေးသင့်ပါသည်။” ထိုင်းနိုင်ငံသည်လည်း လာမည့် ၂၀၂၅-၂၀၂၇ သက်တမ်းအတွက် ကုလသမဂ္ဂလူအခွင့် အရေးကောင်စီ(HRC) ၏ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နိုင်ခြေအရည်အချင်းနှင့်ပြည့်မှီကြောင်းကို မကြာသေးမှီကပင်ကြေငြာခဲ့သည်။ ၎င်းအပြင် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များမှလည်း ဒုက္ခသည်များအားတရားဝင်ဒုက္ခသည်များအဖြစ်သတ်မှတ်အတည်ပြုခြင်းအခြေအနေကိုရောက်ရှိနိုင်ရေးလုပ် ဆောင်လျက်ရှိနေကြပါသည်။
ကိုဗစ်ကာလနှင့်အာဏာသိမ်းစကတည်းက မဲဆောက်တွင်ရှိသောရွှေ့ပြောင်းလုပ်သားများ၏ အကြောင်းကို ကျွန်မတို့အဖွဲ့ရဲ့စုစည်းရေးသားထားမှုများကိုလည်း ဖတ်ရှု့နိုင်ပါသည်။ ထိုစုစည်းရေးသားဖေါ်ပြချက်များကို အိုးဝေမဂ္ဂဇင်းတွင်လည်းထည့်သွင်းဖေါ်ပြထားပြီး၊ အိုးဝေ သည် မြန်မာနိုင်ငံကျောင်းသားများသမိုင်းတွင် ကာလအစဉ်အဆက်ထုတ်ဝေလာသော ဂန္ဓဝင် အထင်ကရ စာစောင်တခုလည်းဖြစ်ကာ၊ စစ်အာဏာရှင်ကို ဆယ်စုနှစ်များစွာ ဆန့်ကျင်တော်လှန်လာခဲ့သောစာစောင်ဖြစ်ပါသည်။ (စာမျက်နှာ ၂၃-၃၁)
၎င်းအပြင် (Borderline Collective) page၊ စာမျက်နှာတွင်လည်း ဓါတ်ပုံပြပွဲ (Photo-exhibition) ထိုင်းနယ်စပ်- ဖေါ့ဖယာ့ ဝန်းကျင်ရှိရွှေ့ပြောင်းအလုပ်သမားများ၏နေ့စဉ်လှုပ်ရှား၊ အသက်ရှင်နေထိုင်မှုပုံစံများကို မှတ်တမ်းဓါတ်ပုံတင်ထားခြင်းများပါဝင်ကာ၊ ထိုအစီစဉ်ကိုလည်း ၁၂-၂၆ နိုဝင်ဘာ ၂၀၂၂ တွင် မဲစောက်၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။